ISP China Desk

လွန်ခဲ့တဲ့နှစ်အထိ မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြုပ်နံှသူဟာ တရုတ်တွေ ဖြစ်ပါတယ်။ စင်္ကာပူမှာ အခြေစိုက်ပြီး မြန်မာပြည်ကို ဝင်ရောက်တဲ့ တရုတ်ကုမ္ပဏီတွေကြောင့် ဒီနှစ်ထဲအများဆုံး ရင်းနှီးမြုပ်နံှသူဟာ စင်္ကာပူ ဖြစ်နေပါတယ်။ မြန်မာပြည်တပြည်လုံးရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုမှာ (၆၀) ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းမှာ ရှိပါတယ်။ ရန်ကုန်တိုင်းမှာ ဒီနှစ်ထဲ ရင်းနှီးမြုပ်နံှခွင့်ပေးလိုက်တဲ့ နိုင်ငံခြားကုမ္ပဏီ တရာကျော်မှာ (၁၁၃)၊ တရုတ်ကုမ္ပဏီ (၆၅) ခု ပါဝင်ပါတယ်။ အထည်ချုပ်လုပ်ငန်းမှာလည်း တဝက်ကျော်ဟာ တရုတ်ကုမ္ပဏီတွေ ဖြစ်နေတာ တွေ့ရပါတယ်။