ISP China Desk

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံတွင်းသို့ တရုတ်ခရီးသွား ဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ် ကာလတူ ဝင်ရောက်မှုထက် သုံးသိန်းကျော် တိုးတက်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ယခုနှစ်ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်ခရီးသွား ဝင်ရောက်မှုသည် ၅၂၃၄၄၉ ဦးရေ ရှိပြီး ၂၀၁၈ ခုနှစ် ကာလတူတွင် ၁၉၈၂၅၆ ဦးသာ ဝင်ရောက်ခဲ့ရာ နှိုင်းယှဉ်ချက်များအရ ၃၂၅၁၉၃ ဦးရေ တိုးတက် ဝင်ရောက်လာပြီး ယခင်နှစ်ထက် နှစ်ဆနီးပါး ၁၆၄ ရာခိုင်းနှုန်း တိုးတက်ကြောင်း သိရသည်။