ISP China Desk

မကြာသေးခင်က ရုရှနိုင်ငံပိုင် ရုပ်သံ Zvezda ဌာန၏ အင်တာဗျူးတွင် မြန်မာ့ တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေကြသော အကြမ်းဖက်အဖွဲ့များသည် အားကောင်းသော အင်အားစု နောက်ခံရှိထားကြောင်း ပြောပြီး ယင်း သူပုန်အဖွဲ့များကို နှိမ်နင်းရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ကြိုးစားလာခြင်း ဖြစ်သည်။ အဆိုပါ ‘အားကောင်းသော အင်အားစု’ဆိုသည့် အသုံးအနှုန်းသည် မြန်မာနှင့် မြောက်ပိုင်း အိမ်နီးချင်း တရုတ်နိုင်ငံအား ရည်ညွှန်းသည်ဟု ထင်သာမြင်သာ ရှိနေသည်။