ISP China Desk

မြန်မာနိုင်ငံမှာ နိုင်ငံခြားချေးငွေ ၁ဝ ဘီလီယံရှိတဲ့အနက် ၄ ဘီလီယံခန့်က တရုတ်ချေးငွေဖြစ်ပါတယ်။ အဲဒီ တရုတ်ချေးငွေအများစုဟာ ယခင်အစိုးရလက်ထက်က ချေးယူခဲ့တဲ့ငွေတွေဖြစ်ပြီး အဲဒီကာလမှာ အနောက်နိုင်ငံတွေက မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူထားတဲ့အတွက် မလွဲမရှောင်သာ တရုတ်နိုင်ငံက ချေးယူရခဲ့တယ်လို့လည်း ဆိုပါတယ်။  ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါ်ခင်စန်းလှိုင်က လက်ရှိအစိုးရလက်ထက်ချေးငွေတွေက ၁ ရာခိုင်နှုန်းထက်နည်းပြီး တရုတ်နိုင်ငံက ချေးယူခဲ့တဲ့ငွေတွေထဲမှာ ၄.၅ ရာခိုင်နှုန်း အထိ ရှိတယ်လို့ ဆိုပါတယ်။