ISP China Desk

မြန်မာနိုင်ငံက အလယ်မှာ ရောက်နေတဲ့အတွက် မကြာသေးမီက အာရှရဲ့ အင်အားကြီး နိုင်ငံ ၂ ခု ကြားက ထိပ်တိုက်တွေ့မှု တွေကနေ ဘာမျှော်လင့်နိုင်မလဲ။ မြန်မာ့တပ်မတော်က အိန္ဒိယနိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ စစ်ရေးအရ ဆက်ဆံမှုကို တည်ဆောက်လာနေတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ တွေအပေါ် တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် နေပြည်တော်က ထိပ်တန်း စစ်ခေါင်းဆောင်တွေက စိတ်အနှောင့်အယှက် ဖြစ်နေကြတယ်။