ISP China Desk

ဇန်နဝါရီ ၃၁ အထိ အကျုံးဝင်သော ထိုကာလအတွင်း ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ ပါဝင်သည့် Greater China ဒေသတွင် ပြီးခဲ့သောနှစ်၌ ဘီလျံနာသစ် ၁၈၂ ဦး ထွက်ပေါ်ခဲ့ပြီး စုစုပေါင်း ဘီလျံနာ အရေအတွက် ၇၉၉ ဦးအထိ ရှိလာခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ တွင် ထုတ်ပြန်ခဲ့သော ယင်းစာရင်း၌ ဖော်ပြခဲ့သည်။ ယင်းကာလအတွင်း အမေရိကန်တွင်မူ ဘီလျံနာသစ် ၅၉ ဦးသာ ထွက်ပေါ်ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အားအကြီးဆုံး တရုတ်အား အထိနာစေ ခဲ့သော်လည်း အွန်လိုင်းပညာရေး၊ အွန်လိုင်းဂိမ်းနှင့် ကာကွယ်ဆေး စသည့် ကုမ္ပဏီများ၏ စတော့တန်ဖိုးများကိုလည်း မြင့်တက်စေခဲ့ကြောင်း Hurun ၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။