ISP China Desk

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရွှေဆိုင်ဓားပြတိုက်ပြီး လူသတ်မှုကျုးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ၀ ဥပဒေအတိုင်း သေဒဏ်စီရင်ခဲ့တယ်လို့ ၀ တပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူဦးညီရန်းက ဘီဘီစီကိုပြောပါတယ်။ သေဒဏ်စီရင်ခံရတဲ့ တရားခံ ၃ ဦးဟာ မေလ ၃ ရက်နေ့က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ နမ့်တစ် မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ရွှေဆိုင်ကို ဝင်ရောက်လုယက်ခဲ့ပြီး ဆိုင်ရှင်ကို သတ်ဖြတ် သွားခဲ့တာဖြစ်ပါတယ်။