ISP China Desk

နယ်စပ်မျဉ်းရှိ မြစ်ချောင်းနှစ်ခုတွင် တရုတ်တို့တည်ဆောက်သည့် မြေထိန်းနံရံကြောင့် မြန်မာဘက်ခြမ်းကမ်းပါးတွင် ရေတိုက်စား မြေပြိုမှု ဖြစ်မည် ကိုမြန်မာဘက်က စိုးရိမ်သည်။ ထိုချောင်းများသည် သံလွင်မြစ်အတွင်းသို့ စီးဝင်သော မြစ်လက်တက် ချောင်းလက်တက်များလည်း ဖြစ်သည်။ ထို မြစ်ကမ်းပါးတိုက်စားမှုရှိမရှိ လေ့လာရန်နှင့် အဖြေရှာရန် နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) လက်အောက်ရှိ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံ ဦးဆောင်သော အရာရှိများ သွားရောက် လေ့လာခဲ့သည်ဟု MOFA က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။