ISP China Desk

သေနင်္ဂဗျူဟာကျသော ကုန်းတွင်းနှင့် ရေလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် ကူမင်းမှစတင်ပြီး ယူနန်ပြည်နယ်မှ လုံချွန်းခရိုင်ကို ဖြတ်ကာ ကချင်ပြည်နယ် ဗန်းမော်သို့ဆက်သွယ်ပြီး ရန်ကုန်နှင့် အိန္ဒိယသမုဒ္ဒရာအထိရောက်မည်ဖြစ်သည်။ ကူမင်းမှ ရန်ကုန်သို့ ၂၁၆၁ ကီလိုမီတာရှည်သော ထိုးလမ်းကြောင်းသည် တရုတ် ယွမ်ငွေ ၃.၃ ဘီလျံ (ကျပ် ၇၀၀ ဘီလျံ ) အထိကုန်ကျနိုင်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အရေးအပါဆုံး ရေကြောင်းလမ်းဖြစ်ပြီး မြစ်ဝကျွန်းပေါ်ကို ဖြတ်ကာ အန်ဒမန်ပင်လယ်အတွင်းသို့ စီးဝင်သည်။ ထို စီမံကိန်းတွင် တရုတ်နယ်စပ် လုံချွန်းခရိုင် ကျန်းဖုန်း/လွယ်ဂျယ် အကောက်ခွန်ဂိတ်ကို ဖြတ်သန်းကာ မြောက်ပိုင်းမှ စီးပွားရေးအချက်အခြာဖြစ်သော ဗန်းမော် ရထားလမ်း၊ ကားလမ်းမှတဆင့် ကုန်စည်သယ်ဆောင်ခြင်းပါဝင်သည်။