ISP China Desk

အာရှနိုင်ငံတွေတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးပေးရာမှာ တရုတ်နိုင်ငံထုတ်ဆေးတွေဟာ အဓိက အခန်းကဏ္ဍမှာ ပါ၀င်ပါတယ်။ အာရှမှာ တရုတ်နိုင်ငံထုတ် ဆီနိုဗက် ဒါမှမဟုတ် ဆီနိုဖမ်း ကာကွယ်ဆေးတွေကို လူသန်းနဲ့ချီက ထိုးပြီး ဖြစ်ပါတယ်။