ISP China Desk

မကြာသေးမီက အင်အားကြီးနိုင်ငံ ၂ ခု ဖြစ်သော အမေရိကန်နှင့် တရုတ်တို့၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ ဆိုရှယ် မီဒီယာပေါ်တွင် လက်ဝှေ့ရေး ပြခဲ့ကြသည်။ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဧရာဝတီသတင်းဌာနက မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးမှ သံရုံး ယာယီတာဝန်ခံ George N. Sibley ၏ ဆောင်းပါး တပုဒ်ကို ဖော်ပြခဲ့သည်။ “အခြားနေရာမှ အချုပ်အခြာ အာဏာတိုက်စားခြင်းက မြန်မာနိုင်ငံအပေါ် မည်သို့ သက်ရောက်မည်နည်း” ဟု ခေါင်းစဉ်တပ်ထားသော ထိုဆောင်းပါးကို သံရုံး၏ ဝက်ဘ်ဆိုက်တွင်လည်း တင်ထားသည်။