ISP China Desk

သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး တလကျော်အကြာတွင် စတင်ခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာ့ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ ဖြစ်ရာ ယင်းမူဝါဒအရ အိန္ဒိယခရီးစဉ်ကို အကောင်အထည်အဖော်ခြင်းအားဖြင့် တရုတ်နှင့် လွန်ကဲစွာ နီးစပ်မှုရှိသည်ဟူသော ယူဆချက်များကို လျော့သွားစေမည်ဖြစ်ကြောင်း နိုင်ငံတကာဆက်ဆံရေး ပညာလေ့လာသူများက အကဲခတ်ကြသည်။