ISP China Desk

သေဆုံးသူဟာ အသက် ၄၆ နှစ်အရွယ်ရှိ  မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ဝရိန်လုပ်သား  တရုတ်နိုင်ငံသား Hu Ben Hua ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီကျော်ခန့်အချိန်က ကုမ္ပဏီကျောက်ထုတ်လုပ်ရေးကွင်း ကျင်းနှုတ်ခမ်း ၁၀ ပေ၊ ကျင်းဝ ၅ ၊ အမြင့် ၁၈ ပေရှိတဲ့ ကျောက်ကျင်းဟောင်းတခုထဲကို မတော်တဆ ပြုတ်ကျရာက မျက်ခုံး၊ ပါးတို့မှာ ပေါက်ပြဲပွန်းပဲ့ဒဏ်ရာနဲ့ နှာခေါင်း၊ နားတို့က သွေးထွက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်ရာမှာ သေဆုံးခဲ့တာလို့ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ သတင်းတွေအရ သိရပါတယ်။