ISP China Desk

မြန်မာနိုင်ငံအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု နံပါတ် ၂ နေရာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဟာ လှိုင်သာယာ စက်မှု ဇုန်မှာ အများအပြားရှိနေသလို တခြားသော လုပ်ငန်းတွေဖြစ်တဲ့ အင်တာနက် ဆက်ကြောင်း ပြုပြင်ထိန်းသိမ်း တည် ဆောက်ရေး၊ သဘာဝ သယံဇာတ စတဲ့ လုပ်ငန်းတွေ အများအပြားနဲ့အတူ တရုတ်လူမျိုးတွေဟာ မြန်မာ့ အလုပ် အကိုင် အခွင့်အလမ်း တွေမှာပါ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။

FMI City နဲ့ လှိုင်သာယာ တခွင်မှာလည်း မြန်မာပြည်ဖွား မဟုတ်တဲ့ တရုတ် နိုင်ငံသားတွေဟာ တနှစ်ထက် တနှစ် ပိုလို့ များပြားလာသလို မူရင်းနေ ဒေသခံတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ညက ပဋိပက္ခ ဖြစ်ပွား ခဲ့ပါတယ်။