ISP China Desk

COVID-19 ကြောင့် ပြည်ပတင်ပို့မှု ရပ်နားထားရာမှ ဧပြီ ၂၈ ရက်မှစ၍ တရုတ်ဘက်မှ ပြည်တွင်းမှ ထွက်ရှိ သော ငရုတ်သီးအစိုများကို စတင်ဝယ်ယူနေသဖြင့် ဈေးကောင်းရရှိနေကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောသည်။ ငရုတ်သီးအစိုကို ပုံမှန်အချိန်တွင် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ တင်ပို့နေသော်လည်း ယခုလက်ရှိတွင် တရုတ်ဈေးကွက်သို့ တစ်ရက်လျှင် ၁၂ ဘီးတွဲကားအစီး၂၀ ကျော်တင်ပို့နေသည်ဟုဆိုသည်။