ISP China Desk

ကချင်ပြည်နယ် လွယ်ဂျယ်ဘက်ခြမ်း နယ်စပ်မျဥ်းအနီးမှာ တရုတ်ဘက်က ခြံစည်းရိုးခတ်လာလို့ မြန်မာဘက်က ကန့်ကွက်စာ ပို့ထားပါတယ်။ နှစ်နိုင်ငံသဘောတူညီမှုမရှိဘဲ ခြံစည်းရိုးခတ်တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ကျန်းဖုန်းမြို့အစိုးရအဖွဲ့ဆီကို လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူးက ကန့်ကွက်စာ ပေးပို့ထားတာပါ။