ISP China Desk

မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် မတ် ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ ဆန်၊ ဆန်ကွဲနှင့် သကြားများ ပြန်လည်၍ အရောင်းအဝယ် ပြန်လိုက်လာကြောင်း သိရသည်။ “တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ ကုန်သည်တွေ ပြန်အဝယ်လိုက်လာတာပါ။ စျေးတွေလည်းတက်လာပါတယ်။ ဆန်ကွဲ ၅၀ ကီလို တစ်အိတ်ဆို၊ ၁၀၅ ယွမ်ကနေ ၁၂၅ ယွမ်ထိစျေးရပါတယ်။ ဆန် ၅၀ ကီလိုတစ် အိတ်ကို ၁၁၈ ယွမ်ကနေ ၁၃၅ ယွမ်ထိရပါတယ်။ ဆန်က တစ်ရက်ကို ၁၂၀၀ တန်လောက်  အရောင်းအဝယ်ပြန်ဖြစ်နေပါတယ်။ သကြားကတော့ ယခင် ၅၀ ကီလို တစ်အိတ်ကို ၁၁၅ ယွမ်ရှိတဲသကြားက ယခုအချိန်မှာ ၁၄၀ ယွမ်အထိ ရောင်းရပါတယ်” ဟု ဆန်၊ စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောကြားသည်။