ISP China Desk

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်၊ ညနေပိုင်းက ၁၂ ဘီးယာဉ်တစ်စီးပေါ်မှ မြန်မာနိုင်ငံသားများနှင့်အတူ တရားမဝင် တရုတ်နိုင်ငံသား ၂၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူဆယ်မြို့မှ လားရှိုးမြို့ဘက်အထွက် ပြည်ထောင်စုလမ်းမကြီး၊ နမ့်ပေါ်တံတားတွင် ဇူလိုင်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသော ၁၂ ဘီးယာဉ်အား ပူးပေါင်းအဖွဲ့က သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်း နိုင်ထူး၊ အောင်ကိုဝင်း၊ ဇော်နိုင်၊ ဆလိုင်းဇေရ တို့နှင့်အတူ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။