ISP China Desk

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်းက ကျေးရွာ ၁ ရွာမှာ နေထိုင်တဲ့ မဝါဝါဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော် လောက်က တရုတ်ပြည်ဘက်ကို လူကုန်ကူးခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ မကြာသေးခင် ရက်ပိုင်းကမှ မြန်မာနိုင်ငံကို တရုတ်-မြန်မာ နယ်စပ်ဂိတ် မူဆယ်မြို့ကနေ တဆင့် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ အခုဆိုရင် တိုက်ကြီးမြို့နယ်အတွင်းက သတ်မှတ်နေရာမှာ ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူရင်း Quarantine ဝင်နေတာ ၁၅ ရက်ရှိပါပြီ။ ကိုဗစ် ရှိ၊ မရှိ ဆေးစစ်ချက် အဖြေအရ Negative ဖြစ်တယ်လို့လည်း သိရပါတယ်။ လူကုန်ကူး ပွဲစားတွေက မဝါဝါကို တရုတ်ပြည်၊ မိန်းတိန်ဘက် ရွာ ၁ ရွာက တရုတ်အမျိုးသားတဦးနဲ့ လက်ထပ်ဖို့ ရောင်း စားခဲ့တာဖြစ်ပြီး အခုလို သူ ထွက်ပြေးလာချိန်မှာတော့ တရုတ်အမျိုးသားနဲ့ရတဲ့ လသားအရွယ် သမီးလေး ၁ ယောက် ကျန်နေခဲ့ပါတယ်။