ISP China Desk

လူအသေအပျောက်များသော ထိုရောဂါ ကူးစက်မှုကို ပူပန်ပြီး တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ခြင်းကို ရပ်ထားသောကြောင့် လွန်ခဲ့သော နှစ်ပတ်အတွင်း မြန်မာကုန်သွယ်ရေးကဏ္ဍသည် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးရပြီး ထိုသက်ရောက်မှုကို ကုန်သည်များ၊ စိုက်ပျိုးရေးသမားများ၊ ကုန်ထုတ်လုပ်သူများနှင့် အလုပ်သမားများ အဓိက ခံစားနေရသည်။“ဒီက လုပ်ငန်းတွေရဲ့ ၉၅ ရာခိုင်နှုန်းကတော့ ရပ်နေတယ်။ ဒါပထမဆုံးအကြိမ်ပဲ။ ဒီလိုမျိုးတခါမှ မကြုံဖူးဘူး” ဟု မူဆယ် ဆန်လက်ကားအရောင်းဌာန ဒုတိယ ဥက္ကဌ ဦးမင်းသိန်းက ဧရာဝတီသတင်းဌာန သို့ပြောသည်။