ISP China Desk

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းဒီဂျစ်တယ်ငွေချေမှုစနစ် Fincy ကိုစတင်အသုံးပြုလျက်ရှိပြီး မြန်မာ့အချုပ်အခြာအာဏာကို ခြိမ်းခြောက်လျက်ရှိကြောင်း United State Institute of Peace ( USIP) က ရေးသားဖော်ပြလိုက်သည်။ ကရင်ပြည်နယ်တွင် ကာစီနိုမြို့သစ် စီမံကိန်း ၃ ခုဆောင်ရွက်ခွင့်ရရှိထားသော တရုတ်နိုင်ငံသားများ ဦးဆောင်သည့် Yatai IHG နှင့် BCB ကုမ္ပဏီတို့ ပူးပေါင်း၍ Fincy ငွေပေးချေမှုစနစ် အကောင်အထည်ဖော်ခဲ့ပြီး ဧပြီလတွင် Yatai မြို့သစ်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း၊ အွန်လိုင်းဒီဂျစ်တယ် ငွေပေးချေမှုစနစ် Fincy သည် နယ်စပ်ဖြတ်ကျော်ခ ပေးခြင်း၊ ငွေကြေးလဲလှယ်ခြင်း၊ ဒီဂျစ်တယ်ငွေကြေး ဝယ်ယူခြင်း တို့တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။