ISP China Desk

သယံဇာတတူးဖော်ရေးကဏ္ဍအောက်မှ (ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ပို့ဆောင်ရေး၊ သတ္တုတူးဖော်ရေး၊ ပုလဲထုတ်လုပ်ရေး၊ ကျောက်စိမ်းနှင့်ကျောက်မျက်) ကုမ္ပဏီများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ ထုတ်ဖော်တင်ပြရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ၂၀၁၉ အောက်တိုဘာ ၂ ရက်နေ့ရက်စွဲဖြင့် အမိန့်ကြေညာစာထုတ်ပြန်ခဲ့သည်။ သို့သော် ပိုင်ဆိုင်မှုဆိုင်ရာအချက်အလက်များ မထုတ်ပြန်ပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည် ဆိုသည့် အချက်မျိုး မပါဝင်သည့်အတွက် လိုက်နာဆောင်ရွက်မှု အားနည်းစေနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။