ISP China Desk

ဒလတံတားစီမံကိန်းမှာ တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ တံတားစီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောပါတယ်။ သေဆုံးသူဟာ စီမံကိန်းရဲ့ တစ်ဆင့်ခံ ကန်ထရိုက်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပြီး တံတားအတွက် ဘိုးပိုင်တူးဖို့ ဖောက်ထားတဲ့ အပေါက်ထဲကို ဇွန်လ ၂၈ ရက် ညက ခြေချော် ပြုတ်ကျသေဆုံးခဲ့တာလို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ဒလမြို့နယ်ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ တံတားတာဝန်ခံ  ဦးကျော်ကောင်းချိုက ပြောပါတယ်။