ISP China Desk

မကြာသေးမီလများအတွင်း မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အာရုံစိုက်နေခဲ့ရပြီး အမေရိကန်အပါအဝင် ၎င်း၏မိတ်ဆွေနိုင်ငံများစွာက အကူအညီများပေးရန် ကမ်းလှမ်းခဲ့ကြသည်။ ကမ္ဘာတစ်လွှား အားလုံးအတူတူ ရုန်းကန်နေရချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်စရာအနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒီမိုကရေစီစနစ်ကို နှိမ်နှင်းမှုနှင့် အခြားနိုင်ငံများ၏အချုပ်အခြာအာဏာအပေါ် မလေးစားမှုများကို ဆက်လက်ပြသနေခဲ့သည်။ အစိုးရများက ကပ်ရောဂါနှင့် ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများကိုပါ နှစ်ထပ်ကွမ်းဘေးဒုက္ခအနေနှင့် တုံ့ပြန်နေခဲ့ရပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကမူ သူပေးခဲ့သည်မှာ နှစ် ၂၀ သာရှိသေးသည့် ကတိတခုကို ချိုးဖောက်၍ ဟောင်ကောင်၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီစိတ်ဓာတ်ကို ရန်လိုစွာ နှိမ်နှင်းနေခဲ့သည်။