ISP China Desk

မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို ၂ လကြာ ယာယီပိတ်ထားဖို့ ဧပြီလ ၂ ရက်နေ့မှာ တရုတ်ဘက်က ကြေညာထားပေမဲ့၊ ကပ်ရောဂါ အန္တရာယ် စိတ်မချရသေးချိန်မှာ ပြန်ဖွင့်ဖို့လည်း မရေမရာ ဖြစ်နေတာပါ။ နယ်စပ်ဂိတ်တွေ ပြန်မဖွင့်နိုင်တဲ့အတွက် ကုန်သွယ်မှုတွေမှာ အဟန့်အတားတွေ ကြုံနေရတယ်လို့လည်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။