ISP China Desk

မြန်မာ-တရုတ် နယ်စပ်တွင် အကောင်အထည် ဖော်မည့် စီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ အစိုးရ၏ သတင်း အချက်အလက် ထုတ်ပြန်ပြောဆိုမှုမှာ လွန်စွာအားနည်းကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၏ အစိတ်အပိုင်းတခု ဖြစ်ကာ၂၀၁၇ ခုနှစ်က နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက် မှတ် ရေးထိုးခဲ့သည့် မူဆယ်-ရွှေလီ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်နှင့် ပတ်သက်၍ ဒေသခံ လုပ်ငန်းရှင် အများ စုက ယနေ့အထိ တိကျ ရှင်းလင်းစွာ သိရှိခြင်း မရှိသလို တာဝန်ရှိ ဌာနများကလည်း လာရောက်ချပြခြင်း၊ ညှိနှိုင်းဆွေး နွေးခြင်းများ မရှိသေး ဟု မူဆယ်-နမ့်ခမ်းရှိ ကုန်သည်များက ဧရာဝတီကို ပြောပြသည်။