ISP China Desk

မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့်သည့် ၂၀၂၀ နှစ်ဆန်းတွင်  တရုတ် သမ္မတ လာရောက်မည်ဟု သ တင်းထွက်ပေါ်နေခြင်းဖြစ်ပြီး နိုင် ငံခြားရေးဝန်ကြီးဌာနက  အတည် ပြုခြင်းမရှိဘဲ  မှတ်ချက်မပေးလို ဟု တုံ့ပြန်သည်။ သို့သော် အစိုးရ အဖွဲ့နှင့်နီးစပ်သူအချို့က သမ္မတ စီကျင်းပင်သည် ဇန်နဝါရီ ဒုတိယ ပတ် သို့မဟုတ်  တတိယပတ်အ တွင်းလာရောက်မည်ဟု ပြော သည်။

‘‘ဒီလိုအခြေအနေမျိုးမှာ မြန် မာကိုလာတယ်။ လက်ရှိအခင်းအ ကျင်း၊ စိန်ခေါ်မှုတွေကြားမှာ တ ရုတ်နိုင်ငံရဲ့ ခေါင်းဆောင်က  နွေးနွေးထွေးထွေး လာရောက် တယ်ဆိုတော့ ကောင်းတာပေါ့’’ ဟု နေပြည်တော်သတင်းရင်း မြစ်တစ်ဦးက ပြောသည်။