ISP China Desk

မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ ဘက်မလိုက်ဝါဒလို့ ဆိုပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင်တာကြောင့်သာမက ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် နိုင်ငံရေးအရမှီခိုလာရသလို  နိုင်ငံတကာ ပစ်ပယ်မှုတကျော့ပြန် ပြန်တက်လတဲ့  အနေအထားမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပိုင်းမှာလည်း မှီခိုနေရတဲ့အနေအထားပါပဲ။ ရင်းနှီးမြုပ်နှံမှုဆိုရာမှာ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ၊ သံယံဇာတတူးဖော်ထုတ်လုပ်မှုတွေ ၊ ဆည်တည်ဆောက်ရေးနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေ၊စိုက်ပျိုးရေးကဏ္ဍတွေမှာ တစ်ခုမဟုတ်တစ်ခုသော်လည်းကောင်း၊ တစ်ခုထက်ပိုလို့သော်လည်းကောင်း ပါဝင်ပါတယ်။