ISP China Desk

တရုတ်သမ္မတတဦးအနေနဲ့ မြန်မာနိုင်ငံကို နှစ် ၂၀အတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတ Xi Jinping မြန်မာနိုင်ငံကို မကြာခင်လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ သမ္မတ Xi Jinping ဟာ ၂၀၀၉ ခုနှစ်တုန်းကတော့ ဒုသမ္မတအဖြစ်နဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသလို၊ ကချင် မြစ်ဆုံစီမံကိန်းမှာ အဓိက လက်မှတ်ထိုးခဲ့တဲ့ တရုတ်ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဒီ တခေါက် သူ့ခရီးစဉ်အတွင်း အဓိက ဘယ်လို ရည်မှန်းထားနိုင်သလဲ၊ မြန်မာနိုင်ငံအပေါ် ဘယ်လို သက်ရောက်လာနိုင်သလဲ ဆိုတာတွေကို တရုတ် မြန်မာဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို ကိုဝင်မင်း ဆက်သွယ်မေးမြန်းထားပါတယ်။