ISP China Desk

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြန်မာဘာသာနဲ့ထုတ်ဝေပြီး မြန်မာနိုင်ငံထဲမှာ ဖြန့်ချိနေတဲ့ “ပေါက်ဖော်” သတင်းစာဟာ အခုခါမှာ ရန်ကုန်၊ နေပြည်တော်နဲ့ တခြားမြို့ကြီးတချို့မှာ စာကြည့်တိုက်တွေ ဖွင့်လှစ်ထားပါပြီ။ ပေါက်ဖော်စာကြည့်တိုက်မှာ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းတွေကို မြန်မာလိုရော တရုတ်လိုပါ ဖတ်နိုင်အောင် စီစဉ်ထားပါတယ်။ မြန်မာသတင်းမီဒီယာတွေမှာလည်း တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ၊ တရုတ်ရဲ့တိုးတက်မှုတွေကို ကြော်ငြာခယူပြီး ဖော်ပြလာနေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေအကြား တရုတ်ရဲ့လွှမ်းမိုးမှု ပိုပြီးပျံ့နှံ့အောင် လုပ်လာနေတာဆိုပြီး စိုးရိမ်နေသူတွေလည်း ရှိနေပါတယ်။