ISP China Desk

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ် ဝူဟန်မြို့ ကစပြီးဖြစ်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံက မြို့ကြီးတော်တော်များများမှာ အဝင်အထွက်အသွားအလာတွေ ပိတ်လိုက်သလို မြို့ကြီးတွေက စက်ရုံတွေလည်း ပိတ်ခဲ့ပါတယ်။ ဒီလို စက်ရုံတွေပိတ်လိုက်တာကြောင့် အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံကို မပြန်နိုင်တဲ့အပြင် စားဝတ်နေရေးပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ ကွမ်တုံ ပြည်နယ်ထဲက မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ ကိုစိုင်းက ဘီဘီစီကို ပြောပါတယ်။