ISP China Desk

တရုတ်အစိုးရသည် နိုင်ငံ့စီးပွား အထိနာနေပြီးသားဖြစ်သည်ကို ကောင်းကောင်း သိနှင့်ပြီးဖြစ်သည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ခံနေရသော်လည်း ၂၀၂၀ ၌ ၎င်းတို့၏ စီးပွားရေးနှင့်လူမှုဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုများ ပြည့်မီနိုင်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။ Covid-19 ကြောင့်ဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးထိခိုက်မှုအတိုင်းအတာသည် ကမ္ဘာ့နိုင်ငံများကိုပါ သက်ရောက်သည်။ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် အကြီးအကျယ်အဟန့်အတားဖြစ်မှုက တရုတ်စီးပွားရေးအခြေအနေကို အကျဘက်သို့ ဦးတည်စေမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေးပုံရိပ်ကိုပါ ထိခိုက်ပေလိမ့်မည်။