ISP China Desk

တရုတ်နိုင်ငံအကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့်  မြန်မာ ၃၁၄ ဦးကို သက်ဆိုင်ရာဒေသအသီးသီးသို့ ယနေ့ပို့ဆောင်နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကပြောသည်။ ထိုသူများသည် ဝူဟန်မြို့အဝါအဝင် ယူနန်ပြည်နယ်နှင့်အခြားပြည်နယ်များတွင် တရားမဝင် ဝင်ရောက်နေထိုင်မှု၊ စာရွက်စာတမ်း လိမ်လည်မှုများဖြင့် အကျဉ်းကျခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာသူများဖြစ်သည်။