ISP China Desk

လက်ရှိ အသီးရာသီချိန်တွင် တရုတ်ပြည်သို့ တင်ပို့လျက်ရှိသော ကုန်တင် ကားခများသည် ယမန်နှစ်ထက် နှစ်ဆ တက်လာခဲ့ကြောင်း မူဆယ်သို့ တင်ပို့ လျက်ရှိသည့် အသီးကုန်သည်က ဆိုသည်။ ယမန်နှစ် အလားတူကာလတွင် ကုန်တင်ကားခ ဈေးသည် ၁၂ ဘီးကားသည် ၁၂ သိန်းခွဲနှင့် ၁၃ သိန်းခွဲ၊ ခြောက်ဘီးကားသည် ၈ သိန်းဈေးဖြစ်နေရာမှ ယခုမတ်လ ၂၆ရက် နေ့ တွင် ၁၂ ဘီးကားသည် ၂၃ သိန်းခွဲထိ ဈေးရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။