ISP China Desk

နိုင်ငံတချို့ကို ဗိုင်းရပ်စ်ပိုး ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက်မှာ တရုတ်လူမျိုးတွေ ဒါမှမဟုတ် အရှေ့အာရှသားပုံ ပေါက်သူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါဟာ အာရှနဲ့ တရုတ်တွေ အများစုပါတဲ့ အသိုင်းအဝိုင်းတွင်းမှာတောင် ဖြစ်ခဲ့တာပါ။ ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးခဲ့ရသူတွေ အထူးသဖြင့် ဒီဗိုင်းရပ်စ်ပိုးအကြောင်း သတိပေးခဲ့သူ ဒေါက်တာ လီဝမ်လျန်း သေဆုံးခဲ့မှုအတွက် စာနာသနားမှုတွေ တိုးပွားလာခဲ့ချိန်မှာတောင် ဒီလို ခွဲခြား ဆက်ဆံမှုတွေ ဖြစ်နေတာပါ။