ISP China Desk

ဒေသတွင်း အင်အားအကြီးမားဆုံး နိုင်ငံများဖြစ်သော တရုတ်နှင့် ဂျပန်တို့သည် မြန်မာနိုင်ငံတွင် တောင်တရုတ်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာအထိ တောင်ပိုင်းနှင့်အရှေ့တောင် အာရှ စီးပွားရေးစင်္ကြံများ တည်ထောင်ရန် အပြန်အလှန် ပြိုင်ဆိုင်နေကြပြီး အိန္ဒိယသည် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စနစ်နှင့် ပင်လယ်လမ်းကြောင်း စီမံကိန်း အကောင်အထည် ဖော်ရန် ကြိုးစားနေသည်မှာ အံ့သြဖွယ်ရာ မဟုတ်တော့ပေ။ မြန်မာနိုင်ငံ၏ ပထဝီအရ အရေးပါမှုကြောင့် မြန်မာနိုင်ငံမပါဘဲ ထိုမည်သည့် စင်္ကြံမျှ ပြီးပြည့်စုံမည် မဟုတ်ပေ။