ISP China Desk

အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ဓာတ်ခွဲကျွမ်းကျင် ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံမှာ လာရောက်သင်ကြားပေးဖို့ ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှုတွေကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ မြန်မာနိုင်ငံတွင်းမှာပဲ စတင်ဆောင်ရွက်နိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက တနင်္ဂနွေနေ့ ရန်ကုန်မှာလုပ်တဲ့ အစည်းအဝေးတွင်းမှာ ပြောဆိုခဲ့ပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံတွင်းက ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာတွေကို ဗိုင်းရပ်စ် ရှိ မရှိ စမ်းသပ်ဖို့ ပြည်ပဓာတ်ခွဲခန်းတွေကို ပို့ဆောင် စစ်ဆေးနေရတာ ဖြစ်ပါတယ်။