ISP China Desk

တရုတ်ရဲ့ ကုန်ကြမ်းအပေါ်မှာ မှီခိုနေရတဲ့ မြန်မာနိုင်ငံတွင်းက စက်ရုံတွေလည်း လုပ်ငန်းပိတ်သိမ်းရတဲ့ အနေအထား ဖြစ်လာကြောင်း အလုပ်သမားအရေး ဆောင်ရွက်တဲ့ Action Labor Rights က ကိုသူရိန်အောင်က ပြောပါတယ်။ “စက်ရုံပိတ်သိမ်းတာကတော့ အခုလတ်တလောမှာ ဒီစက်ရုံတွေဘက်က အကြောင်းပြတာကတော့ ဝူဟန်ဗိုင်းရပ်စ်ကြောင့်ပေါ့၊ ကုန်ကြမ်းတွေ မရလို့ လုပ်ငန်းတွေ ရပ်တယ်ပေါ့။ ဒီလိုမျိုးပြောကြတယ်။ အစိုးရဘက်ကိုလည်း အဲဒီလိုအကြောင်းကြားပြီး ပိတ်ကြတယ်။”