ISP China Desk

တရုတ်နိုင်ငံတွင် ကပ်ရောဂါဘေး ဖြစ်လာနိုင်ခြေရှိသော တုပ်ကွေးပိုးသစ်တစ်မျိုးကို သိပ္ပံပညာရှင်များက တွေ့ရှိသည်။ ယင်း ပိုးသည် မကြာသေးမီက ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဝက်များ၌ ပိုးသယ်ဆောင်ထားခြင်းဖြစ်သော်လည်း လူတို့ ကူးစက်နိုင်ကြောင်း ၎င်းတို့က ပြောသည်။ ၎င်းပိုးသည် သန္ဓေပြောင်းနိုင်ရာ ယင်းကြောင့် လူမှ လူတို့ အလွယ်တကူ ကူးစက်နိုင်ပြီး ကမ္ဘာ့လုံးဆိုင်ရာ ကူးစက်ဖြစ်ပွားမှု ဖြစ်လာမည်ကို သုတေသနပညာရှင်များက စိုးရိမ်လျက် ရှိသည်။