ISP China Desk

ပြည်မအပါအဝင် အေးချမ်းတဲ့ တိုင်းနဲ့ပြည်နယ်က မြို့တွေမှာတော့ လူထုက အစိုးရရဲ့ လမ်းညွှန်ချက်တွေ အတိုင်း အိမ်ထဲ မှာပဲ နေကြရင်း ရောဂါကူးစက် မခံရအောင် ကူညီတာတွေ လုပ်ဆောင်နေကြရပြီး၊ ဧပြီ ၂၇ရက်ကတော့ အစိုးရအနေနဲ့ နိုင်ငံတော် ပိုင်နက်အတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်မထားရ မူဝါဒ(No One Left Behind Policy) အရ  COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ အစည်း များနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ” အမည်ဖြင့် ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။