ISP China Desk

ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်တွင် လွှင့်ထူထားသော မြန် မာအလံတိုင်ကို တရုတ်နယ်ခြားစောင့်တပ်က လက်နက်အပြည့်အစုံဖြင့် လာရောက်၍ ဖြုတ်ချခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ ညှိနှိုင်းမှုဖြင့် ယခုအခါ နယ်နမိတ်မြေ ပြန်တိုင်းရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းရရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ဖြစ်ပွားခဲ့သည့် ယင်းပြဿနာကြောင့် ၂ နိုင်ငံ ဆက်ဆက်ရေးကို ထိခိုက်စေခဲ့သဖြင့် ယင်း ဒေသတွင် နယ်နိမိတ် ပြန်လည် သတ်မှတ်ရန် မြန်မာ အစိုးရက ကြိုးစားခဲ့ခြင်း ဖြစ်သည်။