ISP China Desk

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို စောင့်ကြည့်နေရသည်မှာ အမြဲ စိတ်ဝင်စားစရာကောင်းလှသည်။ အတွေးအခေါ်က နှစ်ဂိုဏ်းကွဲနေသည်။ တခုက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိတ်ကပ်အတွင်းတွင် ရှိနေဆဲဟု ယူဆသည်။ အခြားတခုကမူ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ပတ်လမ်းမှ လွတ်မြောက်ရန် ရုန်းကန်နေသည်ဟု ယူဆသည်။