ISP China Desk

တိုင်းပြည်တပြည်ရဲ့ နိုင်ငံခြားရေးလမ်းစဉ်ဟာ အဲဒီတိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကို ရောင်ပြန်ဟပ်နေတယ်ဆိုတဲ့စကား ရှိပါတယ်။ နည်းဗျူဟာ၊ မဟာဗျူဟာအမျိုးမျိုးနဲ့ တရုတ်အမျိုးသား အကျိုးစီးပွားကို မြှင့်တင်ရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ချစ်ခင်တဲ့အိမ်နီချင်း (မုလင်)၊ ငြိမ်းချမ်းတဲ့အိမ်နီးချင်း (အန်းလင်)၊ ကြွယ်ဝတဲ့အိမ်နီးချင်း (ဝူးလင်) ရရှိရေးဟာ တရုတ်အတွက် အရေးကြီးတယ်လို့ သမ္မတရှီကျင့်ဖိန်က ဆိုပါတယ်။ ဒီအယူအဆကို တရုတ်-မြန်မာ ဆက်ဆံရေးမှာ အထင်အရှားပြသဖို့ ကြိုးစားနေပုံ ရပါတယ်။