ISP China Desk

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝန်ယိနဲ့  ဒီဇင်ဘာ ၈ ရက်နေ့က မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်ကြီးအောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ တရုတ်နိုင်ငံ ခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာကာကွယ်ရေးဦးစီးချုပ်က “မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စစ်ဒေသ အေးချမ်းတည်ငြိမ်ရေးအတွက်  အစွမ်းကုန်လုပ်ဆောင်သွားမယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေ တက်တက်ကြွကြွ ဆက်လုပ်သွားမယ်၊ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။