ISP China Desk

ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ပျံ့နှံ့နေရာ တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူ ၁၀၀ ထပ်မံ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ အရေအတွက် ၁,၇၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဟူးဘေပြည်နယ်မှာပဲ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁,၉၃၃ ဦး ထပ်မံတွေ့ရှိရကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်ရဲ့ မကြာခင်ကထုတ်တဲ့ နေ့စဉ်စာရင်းမှာ ဖော်ပြထားပါတယ်။