Politics Archives - ISP Myanmar China Desk

မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ
စာတမ်းခေါင်းစဉ် – မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့် အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ

ရေးသားသူ – ဒေါက်တာရန်မျိုးသိမ်း

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace (USIP)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ အောက်တိုဘာ

စာတမ်းအပြည့်အစုံရယူရန် – Myanmar’s 2020 Election: The Competing Interests of China and India

ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်ကောင်းနေဆဲ ယခုလ ၈ ရက်မှာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်တော့ အရှိန်မလျော့ကျနိုင်သေးတဲ့ ပြည်တွင်းစစ်တွေ၊ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများကြားက မကျေလည်မှုတွေ၊ ရွေးကောက်ပွဲ ကော်မရှင်အပေါ် အင်အားစုအမျိုးမျိုးရဲ့ ဝေဖန်မှုတွေနဲ့အတူ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ ဒါ့အပြင် ကိုယ်ကျိုးစီးပွားဆိုင်ရာ ရည်မှန်းချက်အသီးသီးရှိနေတဲ့ အိမ်နီးချင်း အင်းအားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ်မှာ ထားရှိတဲ့သဘောထားတွေဟာလည်း ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲလွန် ပထဝီနိုင်ငံရေးအခင်းအကျင်းအပေါ်မှာ သက်ရောက်မှုတွေရှိမှာဖြစ်ပါတယ်။ ဒါကြောင့် USIP က ၂၀၂၀ ခုနှစ် အောက်တိုဘာမှာ ထုတ်ဝေခဲ့တဲ့ “၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ၊ တရုတ်နဲ့အိန္ဒိယ ကိုယ်ကျိုးစီးပွား ယှဉ်ပြိုင်မှု”ဆိုတဲ့ သုတေသနစာတမ်းတစောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယခုစာတမ်းကို အပိုင်း လေးပိုင်း ခွဲပြီး မိတ်ဆက်လိုပါတယ်။ အဆိုပါ အပိုင်း လေးပိုင်းကတော့

မြန်မာ့ရွေးကောက်ပွဲများနဲ့ တရုတ်

မြန်မာ့ရွေးကောက်ပွဲများနဲ့ အိန္ဒိယ

တရုတ်-အိန္ဒိယ အားပြိုင်မှုနဲ့ ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ

လေ့လာတွေ့ရှိချက်များနဲ့ အကြံပြုချက်များ ဖြစ်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲများနဲ့ တရုတ်

ဒီအပိုင်းမှာတော့ စာတမ်းရှင်ဟာ မြန်မာ့သမိုင်းတလျှောက် ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲတွေအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ အဆိုပါရွေးကောက်ပွဲများမှတဆင့် အာဏာရလာတဲ့ အစိုးရများအပေါ် တရုတ်ရဲ့ သံတမန်ဆက်ဆံရေး မူဝါဒများအကြောင်းကို အသေးစိတ် ဖော်ပြရေးသားထားပါတယ်။ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ၁၉၅၄ ခုနှစ်မှာ စတင်ပြောင်းလဲလာပြီး ကွန်မြူနစ်မဟုတ်တဲ့နိုင်ငံတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ကြိုးစားလာခဲ့ပါတယ်။ အဲဒီကာလတဝိုက်မှာပဲ တရုတ်ဟာ ဗမာပြည်ရဲ့ ပါလီမန်ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပါတယ်။ ဗမာပြည်မှာ ကျင်းပတဲ့ ၁၉၅၆    ရွေးကောက်ပွဲမှာတော့ လက်ဝဲယိမ်းပါတီတွေဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)၊ ဗမာပြည်အလုပ်သမားနှင့် လယ်သမားပါတီတို့ဟာ ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရအတွက် အဓိက အတိုက်အခံအင်အားစုတွေဖြစ်လာကြပါတယ်။ အဆိုပါ လက်ဝဲယိမ်းပါတီတွေကို တရုတ်သံရုံးက ထောက်ပံ့မှုတွေ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ အဆိုပါ ရွေးကောက်ပွဲမတိုင်မီက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပေမဲ့ နိုင်ငံခြားရေး မူဝါဒတွေ အပြောင်းအလဲ ဖြစ်လာတဲ့ ၁၉၅၆ရွေးကောက်ပွဲမှာတော့ မြေပေါ်လက်ဝဲယိမ်းပါတီတွေအတွက် အထောက်အပံ့တွေ ပေးခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲအပြီး ဩဂုတ်မှာ တရုတ်နိုင်ငံဆိုင်ရာ ဗမာသံအမတ် ဦးလှမောင်နဲ့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ၁၉၆၀ ရွေးကောက်ပွဲမှာလည်း တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တယ်လို့ စာတမ်းရှင်က ရေးသားထားပါတယ်။ အဲဒီကာလမှာ ဖဆပလဟာ သန့်ရှင်းနဲ့ တည်မြဲ နှစ်ခြမ်းကွဲနေချိန် ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့ ဦးနုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်အစိုးရက ဦးနု ဦးဆောင်တဲ့ သန့်ရှင်းဖဆပလကို အထောက်အပံ့ပေးခဲ့ပါတယ်။အပြန်အလှန်အနေနဲ့ ဦးနုကလည်း ဗမာပြည်အတွင်းမှာ ရှိတဲ့ တရုတ်နိုင်ငံသားဖြစ်စေ မြန်မာနိုင်ငံသားဖြစ်စေ တရုတ်လူမျိုး လုပ်ငန်းရှင်များကို အကာအကွယ် အထောက်အပံ့များပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ရန်ကုန်မှာ ရှိနေတဲ့ တရုတ်ဘဏ်ဟာလည်း ဦးနုရဲ့ မဲဆွယ်စရိတ်တွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်းဖဆပလ အနိုင်ရခဲ့ပါတယ်။

၁၉၉၀ ခုနှစ် အရောက်မှာတော့ ဗမာပြည် ရွေးကောက်ပွဲအပေါ် တရုတ်ရဲ့ချဉ်းကပ်ပုံဟာ ပုံစံတမျိုး ပြောင်းလာပြန်ကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်အနိုင်ရပြီးနောက် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ရိတ်ရှန်ဟာ NLD ရုံးချုပ်ဆီ သွားရောက်ပြီး ဂုဏ်ပြုစကားဆိုခဲ့တဲ့ ပထမဆုံး သံအမတ်ဖြစ်တာကို ထောက်ပြထားပါတယ်။  ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချိန်မှာလည်း တရုတ်သံအမတ် လီကျန်းဟွာဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်များနဲ့ တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီကလည်း တရုတ်သံအမတ် ဟုန်းလျန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့  NLD အကြား ပါတီချင်းဆက်ဆံရေး ထူထောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။  ရွေးကောက်ပွဲအပြီး NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့  အာဏာရလာပြီးနောက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဆက်လက်တည်မြဲရေး ဆွေးနွေးခဲ့ကြကြောင်း စာတမ်းရှင်က ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကို တရုတ်နိုင်ငံဆီ အလည်အပတ်ဖိတ်ခေါ်ပြီး တရုတ်ရဲ့ ရွေးကောက်ပွဲစနစ်နဲ့ ဥပဒေပြုရေးစနစ်တွေကို လေ့လာစေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း (CMEC) အကြောင်း၊ နှစ်နိုင်ငံလူထုချင်း ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အကြောင်းတွေ ဆွေးနွေးခဲ့တဲ့ ဒီခရီးစဉ်ဟာ တရုတ်ရဲ့ NLD အစိုးရအပေါ် ဆက်လက်ထောက်ခံဆဲ ဆိုတဲ့ သဘောတရားနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာစင်မြင့်မှာ တရုတ်က မြန်မာအပေါ် ကာကွယ်ပေးထားတယ် ဆိုတဲ့ အခြေအနေတွေကို ထင်ဟပ်စေတယ်လို့ ယခုစာတမ်းမှာ ရေးသားထားပါတယ်။

တရုတ်ဟာ လက်ရှိအာဏာရပါတီနဲ့သာမက အခြားအတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများနဲ့လည်း ဆက်ဆံရေး မပျက်ကွက်ခဲ့ကြောင်း စာတမ်းမှာဖော်ပြထားပါတယ်။ ဟိုယခင် ၁၉၆၂ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကာလတွေ  ကတည်းက တရုတ်ဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတည်ဆောက်ထားသလို တဖက်မှာလည်း လက်နက်ကိုင် အတိုက်အခံ အင်အားစုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့လည်း ပါတီချင်းဆက်ဆံရေး မပျက်ခဲ့ပါဘူး။ ၂၀၁၁ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကြား နားလည်မှုစာချွန်လွှာရေးထိုးထားပြီး ၂၀၁၉ အောက်တိုဘာမှာလည်း တရုတ်ရဲ့ နိုင်ငံတကာဌာနဥက္ကဋ္ဌ မစ္စစွန်းဟိုင်ယန်နဲ့  NLD၊ USDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့သလဲဆိုတာတော့ တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

အစိုးရ၊ နိုင်ငံရေးပါတီများနဲ့သာမက တရုတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကြားမှာလည်း နီးစပ်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းထားတဲ့ FPNCC အဖွဲ့ရဲ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်က တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ တရုတ်ရဲ့ အာရှရေးရာဝန်ကြီး စွန်းကော်ရှန်းက FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်-မြန်မာ နယ်စပ်တလျောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းဖို့၊ ၂၀၂၀ မှာ မျှတတဲ့ ရွေးကောက်ပွဲပေါ်ပေါက်ရေး အားပေးကြဖို့ အကြံပြုခဲ့ပါတယ်။  အဲဒီလထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို အာရုံစိုက်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ။

၁၉၄၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေအပေါ် တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ့ ရှိခဲ့သလို အခုအချိန်မှာလည်း တရုတ်ဟာ မြန်မာပြည်တွင်းက အစိုးရ၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အင်အားစု စသဖြင့် အလွှာစုံနယ်ပယ်စုံ ဆက်ဆံရေးကို ထူထောင်ထားပါတယ်။ ဒီလို အလွှာစုံဆက်ဆံရေးရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာလူထုကြား စိမ့်ဝင်အားကောင်းနေတဲ့ တရုတ်မလိုလားမှုစိတ်ထားများကို အတတ်နိုင်ဆုံး လျော့ချပြီး တိုင်းရင်းသားပြည်နယ်တွေရဲ့ ဒေသတကြောမှာ အခြေစိုက်ထားတဲ့ တရုတ်စီမံကိန်းတွေ ချော့မွေအဆင်ပြေစေဖို့ဖြစ်ကြောင်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။

အစိုးရအချင်းချင်း၊ ပါတီအချင်းချင်း၊ တပ်မတော်အချင်းချင်း စသည်ဖြင့် အလွှာစုံဆက်ဆံရေးကို ထူထောင်ထားပေမဲ့ တရုတ်ဟာ လူထုချင်း ဆက်ဆံရေးထူထောင်ဖို့ အားနည်းနေသေးကြောင်းကို ဒေသခံလူထုတွေရဲ့ အသံတွေ ထည့်သွင်းစဉ်းစားထားခြင်းမရှိတဲ့ မြန်မာပြည်တွင်း တရုတ်စီမံကိန်းတွေက သက်သေဖြစ်ကြောင်း စာတမ်းက ဆိုထားပါတယ်။ ဒီစီမံကိန်းတွေအပေါ် NLD အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းအချို့ ရှိခဲ့ပြီး စီမံကိန်းအချို့လည်း ကြန့်ကြာနေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာလူထုကြားက တရုတ်မလိုလားစိတ်ကို ဖြေလျော့နိုင်ဖို့ တရုတ်အတွက် လူထုထောက်ခံအား ပိုများတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ဇော်မှုနဲ့ ဩဇာတိက္ကမကို လိုအပ်နေတာကြောင့် NLD ပါတီနဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင် တည်ဆောက်ထားကြောင်းလည်း ဒီစာတမ်းမှာ ရေးသားထားပါတယ်။ သမိုင်းကြောင်းအရ တရုတ်ဟာ မြန်မာအပေါ် နိုင်ငံရေးအရ လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ယခုအချိန်မှာတော့ စီးပွားရေးဗဟိုပြု သံတမန်ဆက်ဆံရေးကိုသာ အာရုံစိုက်နေတယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။

မြန်မာ့ရွေးကောက်ပွဲများနဲ့ အိန္ဒိယ

အိန္ဒိယနဲ့ မြန်မာဟာ အင်္ဂလိပ်ကိုလိုနီကို တော်လှန်ခဲ့တာချင်း တူညီတာကိုအကြောင်းပြုလို့ ရင်းနှီးကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက် အစိုးရထိပ်သီးခေါင်းဆောင်များရဲ့ အပြန်အလှန် သံတမန်ခရီးစဉ်များအကြောင်းကိုလည်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။ ၁၉၈၈ လူထုအရေးအခင်း ဖြစ်ပေါ်ချိန်မှာ အိန္ဒိယဟာ ဒီမိုကရေစီလိုလားသူ အတိုက်အခံများဘက်က ရပ်တည်ခဲ့ပါတယ်။ ထိုစဉ်က ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးဟာ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနုတို့နဲ့ အဆက်အသွယ်မပျက်ရှိခဲ့ပြီး စစ်အာဏာသိမ်းချိန်မှာတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အိန္ဒိယ-မြန်မာနယ်စပ်ကို ရှောင်တိမ်းဖို့ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေနဲ့ ကူညီခဲ့သလို နယ်စပ်တလျောက်မှာလည်း ခိုလုံဖို့အတွက် စခန်းအချို့ ဖွင့်ပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဒီမူဝါဒဟာ ပြောင်းလဲလာပါတယ်။

ဒီလိုပြောင်းလဲလာတာဟာ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေအပေါ် တရုတ်ရဲ့လွှမ်းမိုးမှု ကြီးထွားလာခြင်း၊ အိန္ဒိယအရှေ့မြောက် နယ်စပ်ဒေသနဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရခြင်းအပြင် အိန္ဒိယရဲ့ အရှေ့အရပ်သို့မျှော်(look east)မူဝါဒတို့ကြောင့် ဖြစ်တယ်လို့ စာတမ်းရေးသူက ဖော်ပြထားပါတယ်။ ၂၀၀၆ ခုနှစ်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေဆီကို ဒီမိုကရေစီ တင်သွင်းလို့မရနိုင်လို့ သူတို့ရဲ့ဖြစ်တည်မှုအတိုင်းပဲ လက်ခံပြီး ဆက်ဆံသွားရမယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဧပြီမှာ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး အိန္ဒိယကို သွားရောက်ပြီး ၂၀၀၈ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲများအရေး ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယရဲ့ အရှေ့အရပ်သို့မျှော်ခြင်းမူဝါဒနဲ့ အိမ်နီးချင်းတို့ဦးစားပေးရေးမူဝါဒတွေမှာ မြန်မာဟာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတာကြောင့် ကာကွယ်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့ အပါအဝင် ကဏ္ဍစုံမှာ သံတမန်ဆက်ဆံရေးကို မြှင့်တင်ခဲ့တယ်လို့ ယခုစာတမ်းမှာ ရေးသားထားပါတယ်။  ဒါ့အပြင် လက်ရှိအာဏာပါတီဖြစ်တဲ့ NLD နဲ့လည်း နီးစပ်တဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ကြိုးစားခဲ့တာတွေကို ရေးသားဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ် NLDပါတီ အာဏာရအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ဒီမိုကရေအပြောင်းအလဲနဲ့အတူ ပိုကြီးမားတဲ့ စီးပွားရေး၊ ဖွံဖြိုးရေးတွေအတွက် မျှတတဲ့ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားအစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် အပြန်အလှန် အထောက်အကူပေးဖို့  အိန္ဒိယရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ကြား နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်မှာ ရေးထိုးခဲ့ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ စီမံခန့်ခွဲရေး နိုင်ငံတကာ အင်စတီကျုကလည်း မဲဆန္ဒရှင်ပညာပေးသင်ရိုးများ အပြင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သင်ရိုးများ ပြုစုပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က အရာရှိများစွာကို လေ့ကျင်ဝေမျှခဲ့တဲ့ အကြောင်းလည်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။

တရုတ်နည်းတူပဲ အိန္ဒိယဟာလည်း ၎င်းရဲ့ နယ်စပ်ဒေသတလျောက်က မြန်မာပြည်နယ်တွေမှာရှိတဲ့ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့လည်း ဆက်ဆံရေးထူထောင်ထားပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှာ USDP ပါတီရဲ့ ဥက္ကဋ္ဌအပါအဝင် ပါတီဝင်များဟာ အိန္ဒိယကို သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် သံတမန်ရေးရာအကြောင်း ဆွေးနွေးခဲ့ပါတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌကလည်း အဆိုပါလထဲမှာပဲ အိန္ဒိယနိုင်ငံ မစ်ဇိုရမ်ပြည်နယ်မှာ ချင်းအမျိုးသားနေ့ကို ဆင်နွဲခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဖယ်ဒရယ်ဒီမိုကရေစနစ်ကိုကျင့်သုံးတဲ့ အိန္ဒိယဟာ မြန်မာနိုင်ငံကိုလည်း ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် တရုတ်ရဲ့လွှမ်းမိုးမှုအောက်က ကင်းလွတ်ဖို့ ရည်မှန်းပြီး အိန္ဒိယရဲ့အကူအညီတွေဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်အတွက် အရေးပါလာနိုင်တယ်လို့ ယခုစာတမ်းမှာ သုံးသပ်ထားပါတယ်။

တရုတ်-အိန္ဒိယ အားပြိုင်မှုနဲ့  ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ

မြန်မာနိုင်ငံဟာ အကျိုးစီးပွားခြင်းပြိုင်ဆိုင်နေကြတဲ့ အင်အားကြီး နိုင်ငံနှစ်နိုင်ငံရဲ့ အကြားမှာရှိတာကြောင့် ဒီနှစ်နိုင်ငံအကြား သံတမန်ရေးရာမျှချေကို ထိန်းနိုင်ရေးဟာ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် အရေးကြီးတယ်လို့ထောက်ပြထားပါတယ်။

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဟာ ၎င်းတို့ရဲ့ စီးပွားရေး၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားအသီးသီးအတွက် မြန်မာ့ရွေးကောက်ပွဲဖြစ်စဉ်ကို နည်းလမ်းအဖုံဖုံနဲ့ ပါဝင်ပတ်သက်တာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ ဆက်ဆံရေးတည်ဆောက်တာတွေရှိပေမယ့် ရွေးကောက်ပွဲမှာ သိသိသာသာဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲမခံရအောင် ကြိုးစားနေပုံရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တယ်ဆိုတာ ကို နှစ်နိုင်ငံလုံးက များစွာ စိုးရိမ်မှုရှိကြပုံမပေါ်ပါဘူး။ နှစ်နိုင်ငံလုံးကလည်း အကြောင်းပြချက်ကိုယ်စီကြောင့် ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုမြင့်မားနေဖို့ အလိုရှိကြပေမယ့် အိန္ဒိယကာ ဒီမိုကရေစီနည်းကျ တိုက်တွန်းနိုင်တယ် တယ်လို့ စာတမ်းရေးသူ သုံးသပ်ထားပါတယ်။ အိန္ဒိယဟာ NLD ပါတီဦးဆောင်ပြီး တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတွေလည်းပါဝင်တဲ့ အစိုးရတရပ်ကို လိုလားမှာဖြစ်ပြီး တရုတ်ကတော့ NLD ပါတီ ဦးဆောင်ပြီး တိုင်းရင်းသားပါတီတွေ အများအပြားနဲ့ တပ်မတော်တို့ ပေါင်းစပ်ဖွဲ့စည်းထားမယ့်ညွန့်ပေါင်းအစိုးရကို လိုလားလိမ့်မယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။ အိန္ဒိယကတော့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပိုမိုအထောက်အကူပြုလျက်ရှိပြီး တရုတ်နိုင်ငံဟာ ကုလသမဂ္ဂမှာရှိတဲ့ သူ့ရဲ့ ဗီတိုအာဏာကို သုံးပြီး မြန်မာနိုင်ငံကို နိုင်ငံတကာဖိအားတွေက ကာကွယ်ပေးရင်း အလွှာစုံဆက်ဆံရေးကို ထူထောင်ထားပါတယ်။

လေ့လာတွေ့ရှိချက်များနဲ့ အကြံပြုချက်များ

စာတမ်းရဲ့ နောက်ဆုံးအပိုင်းမှာတော့ လေ့လာတွေ့ရှိချက် လေးချက်နဲ့အတူ မြန်မာအစိုးအရအတွက် အကြံပြုချက် ခုနစ်ချက်၊ တရုတ်အတွက် အကြံပြုချက် လေးချက်၊ အိန္ဒိယအတွက် အကြံပြုချက် နှစ်ချက်နဲ့ နိုင်ငံတကာအသိုင်းအဝန်းအတွက် အကြံပြုချက် တချက်တို့ ပါဝင်ပါတယ်။ ဒီအချက်တွေထဲ စိတ်ဝင်စားဖွယ်ရာ၊ သတိပြုဖွယ်ရာ အချက်အချို့ကို ထုတ်နုတ်မိတ်ဆက်ပေးချင်ပါတယ်။

လေ့လာတွေ့ရှိချက် အချို့အနေနဲ့ တရုတ်နဲ့မြန်မာဟာ နယ်နိမိတ်ရှည်လျားစွာ ထိဆက်နေတဲ့အပြင် အကြောင်းကြောင်းတွေကြောင့် မြန်မာကလည်း တရုတ်နဲ့ ဆက်ဆံရေးအဆင်ပြေဖို့လိုသလို တရုတ်အနေနဲ့လည်း မြန်မာကို လိုအပ်တယ်လို့ ရေးသားထားပါတယ်။ တရုတ်ရဲ့ အလွှာစုံဆက်ဆံရေး တည်ဆောက်ခြင်းဟာ သူ့ရဲ့ စီးပွားရေးအကျိုးလိုလားမှုကြောင့် အဓိကဖြစ်ပြီး မြန်မာပြည်အပေါ်သာမက ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကြီးမားလာတာကို ထောက်ရှုရင် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ရွေးကောက်ပွဲအလွန်အခြေအနေတွေအပေါ် တရုတ်ရဲ့ အရိပ်ထိုးမှုဟာ သွယ်ဝိုက်သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ရှိလိမ့်မယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အကြံပြုချက်တွေထဲမှာတော့ တရုတ်ဟာ မြစ်ဆုံစီမံကိန်းမှာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောပေးပြီး လူထုချင်းဆက်ဆံရေးကို အခိုင်အမာတည်ဆောက်နိုင်တယ်လို့ အကြံပြုထားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း အိန္ဒိယနဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး တရုတ်လွှမ်းမိုးမှုကို မျှချေမှာရှိအောင် ထိန်းထားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပနဲ့ အမေရိကတကြောက နိုင်ငံတွေရဲ့ ရွေးကောက်ပွဲစနစ်တွေကို ကျေလည်အောင် လေ့လာဖို့ မြန်မာအစိုးရက ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။ မြန်မာပြည်တွင်းက ပွင့်လင်းမြင်သာမှု အားနည်းတဲ့ တရုတ်စီမံကိန်းများနဲ့ ပတ်သက်လို့လည်း ရွေးကောက်ခံလွှတ်တော်ထဲမှာ ကောင်းကျိုးဆိုးပြစ်တွေ အကျေအလည်ဆွေးနွေးငြင်းခုံတဲ့ အလေ့အထ အားကောင်းလာအောင် ကြိုးပမ်းသင့်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးတွေမှာ အလွှာစုံဆက်ဆံရေးကို အခိုင်အမာတည်ထောင်ပြီး ပိုမိုမဟာဗျူဟာကျတဲ့ သံတမန်ဆက်ဆံရေးတွေ တည်ဆောက်သင့်တယ်လို့ အကြံပြုထားပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့နဲ့ ဒီမိုကရေစီဖြစ်စဉ် ရှေ့ဆက်နိုင်ဖို့ နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို စွမ်းရည်မြှင့်တင်ရေးမှာ အထောက်အကူပေးသင့်တယ်လို့ ယခုစာတမ်းမှာ အကြံပြုဖော်ပြထားပါတယ်။

ထက်ရှိန်လင်း

The post မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ appeared first on ISP Myanmar China Desk.

တို့မြေများကို လောင်းကစားပစ်ခြင်း
စာတမ်းခေါင်းစဉ် – တို့မြေများကို  လောင်းကစားပစ်ခြင်း

ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်များအဖြစ်မှကာစီနိုများအဖြစ်သို့ပြောင်းလဲရေး”နေပြည်တော်၏မဟာဗျူဟာ

ရေးသားသူ – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)

ထုတ်ဝေသည့်အဖွဲ့အစည်း – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀ မတ်

ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန် – တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ

အစီရင်ခံစာမိတ်ဆက်

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများထဲမှ တိုင်းရင်းသားလက်နက်ကိုင်အချို့သည် တပ်မတော်ထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ကြပြီး နယ်ခြားစောင့်တပ်အဖြစ် သက်ဆိုင်ရာနယ်မြေများကို ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့်အတူ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည်လည်း အရေးပါလျက်ရှိသည်။ ထိုရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို မလွဲမသွေလိုက်နာရန်နှင့် ဒေသခံများ၏ အကျိုးကို ထည့်သွင်းစဉ်းစားအကောင်အထည်ဖော်ရန် လိုအပ်ပေသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ရေးသားပြုစုထုတ်ဝေသည့် Gambling Away Our Lands – Naypyidaw’s “Battlefields to Casinos” Strategy in Shwe Kokko(တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ  ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ) အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့အနီးတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်နေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအကြောင်းကို လေ့လာထားခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းကို တရုတ်လုပ်ငန်းစု ရာထိုက်(Myanmar Yatai)နှင့် ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ပိုင် ချစ်လင်းမြိုင် ကုမ္ပဏီ တို့ပူးပေါင်းထားသည့် မြန်မာရာထိုက်ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်သည် ယခုအစီရင်ခံစာတွင် မြန်မာအစိုးရထံသို့ တောင်းဆိုချက် ၂ ခု၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုထံသို့ ၁ ခုနှင့် တရုတ်အစိုးရထံသို့  ၂ ခုကို တောင်းဆိုထားသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ ရွှေကုက္ကိုလ်စီမံကိန်းနှင့်သက်ဆိုင်သော သဘောတူစာချုပ်အားလုံးကို ဖျက်သိမ်းပေးရေး၊ ရာထိုက် IHG နှင့် မိတ်ဖက်ကုမ္ပဏီများ ထွက်ခွာသွားရေးအတွက် ပြည်ထောင်စုအစိုးရအနေနှင့် အမိန့်ထုတ်ပေးရန်၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် စီမံချက်အပြည့်အစုံကို ထုတ်ပြန်ပေးရန်နှင့် တရုတ်အစိုးရအနေနှင့် ရွှေကုက္ကိုလ်စီမံကိန်းကို အရေးပေါ်လေ့လာသုံးသပ်ကာ ရာထိုက်နှင့် လက်အောက်ခံကုမ္ပဏီများကို ဥပဒေနှင့်အညီ ချက်ချင်းစစ်ဆေးပေးရန်၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း(BRI)တွင် ရွှေကုက္ကိုလ်စီမံကိန်း၏ ပတ်သက်ဆက်နွယ်မှုအနေအထားကို တရားဝင်ထုတ်ပြန်ပေးရန် စသည့် တောင်းဆိုချက် ၅ ခု ဖြစ်သည်။

ယခုအစီရင်ခံစာတွင် ရွှေကုက္ကိုလ်ဒေသ၏ နောက်ခံသမိုင်းကြောင်းများ၊ စီမံကိန်းဖော်ဆောင်မှုများ၊ ဗမာ့တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ကျောထောက်နောက်ခံပြုသည့် စီမံကိန်းနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ ရာထိုက်၏ ဝေဝါးထွေပြားစေသော ကုမ္ပဏီသမိုင်းကြောင်းနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့်ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများကို ဖော်ပြထားသည်။ ယင်းအပြင် စီမံကိန်းလုပ်ငန်းခွင်သို့ တရုတ်အလုပ်သမား အများအပြားရောက်ရှိလာခြင်း၏ အကြောင်းအရင်းများကို ရေးသားထားသည်။ ၂၀၁၉ ခုနှစ်အတွင်း မြ၀တီမြို့တွင် ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံသားများ၏ လိုင်စင်မဲ့မော်တော်ယာဉ်များမောင်းနှင်ခြင်းနှင့် ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ စသည့် ဥပဒေမဲ့ကျူးလွန်မှူများကြောင့် ဒေသခံများက တရုတ်နိုင်ငံသားများအပေါ် အရေးယူပေးရန် လှုံဆော်မှု ဖြစ်ရပ်များကိုလည်း ဖော်ပြထားသည်။ တရုတ်အလုပ်သမားများသည် အစပိုင်း၌ မြ၀တီမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ယင်းအချက်များကြောင့် နောက်ပိုင်းတွင် BGF ၏စောင့်ရှောက်မှုအောက်တွင် တည်ရှိသော ရွှေကုက္ကိုလ်ဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာတပ်မတော်နှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့ရန် Burma Campaign Uk မှ ထုတ်ပြန်ထားသော အမည်ပျက်စာရင်းတွင် ရာထိုက် IHG ပါဝင်နေသည်။ ရာထိုက် IHG သည် တပ်မတော်လက်အောက်ရှိ BGF အကာအကွယ်ဖြင့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား Casino SEZs အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ တင်ပြခဲ့သော ခွင့်ပြုမိန့်တွင် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ တည်းခိုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အဆင့်မြင့်အိမ်ရာ(Villa) ၅၉ လုံးသာ တည်ဆောက်ခွင့်ပြုခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုချက်ထက်ပို၍ အင်ပြည့်အားပြည့် ဆက်လက် ဖော်ဆောင်နေခြင်းကြောင့် ကရင်ပြည်နယ်အစိုးရက သွားရောက်စစ်ဆေးခဲ့ရာ ယင်းနောက်တွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် စီမံကိန်းအား ယာယီဆိုင်းငံ့ထားခဲ့သည်။ သို့သော် စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာထားသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို တရုတ်လုပ်သားများဖြင့် ဆက်လက်လုပ်ကိုင်နေသည်ဟု ဒေသခံများက ဆိုသည်။

ရာထိုက်၏ Master Plan တွင် အထူးစီးပွားရေးဇုန်ဟု ဖော်ပြထားသည်ဟု အစီရင်ခံစာက ဆိုသည်။ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် ဥပဒေများနှင့် ကွဲလွဲနေသော အဆိုပါစီမံကိန်းသည် “နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် ဗမာ့တပ်မတော်မှ ဦးဆောင်သော နယ်စပ်ရေးရာဝန်ကြီးဌာန အောက်တွင်ရှိပြီး ဝန်ကြီးဌာန၏အဓိကလုပ်ငန်းစဉ်တခုမှာ “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ဆောင်ရွက်ရန်” ဖြစ်သည်ကို ထည့်သွင်းစဉ်းစား သုံးသပ်လျှင် ရွှေကုက္ကိုလ်စီမံကိန်းကို အဆိုပါဝန်ကြီးဌာနက တရားဝင်ခွင့်ပြုချက်ပေးခဲ့သည်ဟု မှတ်ထင်ယူဆနိုင် ပေသည်” ဟု အစီရင်ခံစာကဆိုသည်။

ရွှေကုက္ကိုလ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုသည် တရုတ်အစိုးရက အားပေးထောက်ခံသော တရားဝင်မှုရှိသည့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်မြှင့်တင်နေသလို၊ စီမံကိန်းအား တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းတခု အဖြစ်ပုံဖော်နေသည်။ သို့သော် လက်တွေ့တွင်မူ ရာထိုက်ကုမ္ပဏီ၏ နောက်ခံအချက်အလက်များမှာ ဝေဝါးနေသလို အဆိုပါစီမံကိန်းအား တရုတ်အစိုးရ၏ အောက်းပေးထောက်ခံမှုရှိသည်ဟူသည့် ခိုင်မာသော သက်သေအထောက်အထားမရှိဘဲ ဒီဂျစ်တယ်လောင်းကစားလုပ်ငန်းများနှင့်သာ များစွာဆက်စပ်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

အစီရင်ခံစာပါ အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့် ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ လာအို-တရုတ် နယ်စပ်တွင် ကာစီနိုရုံများ ပေါ်ပေါက်လာကာ ၂၀၀၇ ခုနှစ် အစပိုင်းတွင် အလျင်အမြန်တိုးတက်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ရာဇဝတ်မှုများ ထူပြောလာခြင်းကြောင့် တရုတ်အာဏာ ပိုင်များက ကန့်သတ်ပိတ်ပင်ခဲ့ရာ ၂၀၁၁ တွင် အဆိုပါအထူးစီးပွားရေးဇုန်မှာ ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။

အချုပ်အားဖြင့် ဆိုရသော် ဒေသခံများအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော အကျိုးအပြစ်များကို မသိရှိရခြင်း၊ လယ်ယာမြေသိမ်းဆည်ခံရခြင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း မရရှိဘဲ  တရုတ်အလုပ်သမားများသာ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း၊ ဒေသခံများနှင့် တရုတ်လူမျိုးများအကြား ပြဿနာများအား BGF မှ အာဏာလွှမ်းမိုးခြင်းများ၊ ရာထိုက် IHG ၏ မလည်ရှုပ်စီမံကိန်းနှင့် ဒွိဟဖြစ်ဖွယ်ရာ ကုမ္ပဏီအချက်အလက်များကို ဖတ်ရှုရမည်ဖြစ်သည်။ ယခု အစီရင်ခံစာကို ဗမာ နှင့် အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးဖြင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ထုတ်ဝေထားသည်။

အစီရင်ခံစာ မိတ်ဆက်မူရင်း

ဤအစီရင်ခံစာတွင် အငြင်းပွားဖွယ် ရွှေကုက္ကိုလ် “မြို့သစ်” စီမံကိန်းနှင့်ပတ်သက်၍ ရရှိနိုင်သမျှ သတင်းချက်အလက်များကို အသေးစိတ်လေ့လာဆန်းစစ်ကာ သုံးသပ်ဆွေးနွေးတင်ပြထားသည်။ စီမံကိန်းသည် မြ၀တီမြို့၏ မြောက်ဘက်ဆယ်မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတို့၏ နယ်မြေပေါ်တွင် မကာအိုစတိုင် ဧရာမကာစီနိုလောင်းကစားမြို့တော်တခု တည်ဆောက်လျက်ရှိသော စီမံကိန်းဖြစ်၏။ စီမံကိန်းရင်းနှီးမြုပ်နှံသူများမှာ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holding Group) အမည်ရ ကုမ္ပဏီတခုဖြစ်ပြီး ဗိုလ်မှူးကြီး ချစ်သူ ဦးဆောင်သည့် နယ်မြေခံကရင်နယ်ခြားစောင့်တပ် (BGF)နှင့် မိတ်ဖက်လက်တွဲပူးပေါင်းကာ “မြန်မာရာထိုက် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်(Myanmar Yatai Shwe Kokko Special Economic Zone) စီမံကိန်းဟူသောအမည်ဖြင့် တရား၀င် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းအရောက်တွင် ထောင်ချီသော တရုတ်အလုပ်သမားများ ရောက်ရှိနေခဲ့ခြင်းနှင့်အတူ ရွှေကုက္ကိုလ်ရွာ အရှေ့ဘက်အရပ်ရှိ လယ်ကွင်းများသည် ကြီးမားကျယ်ပြန့်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး လူနေတိုက်ခန်းများ၊ လုံးချင်းအပန်းဖြေအိမ်ရာများ၊ ဟိုတယ်များနှင့် ကာစီနိုလောင်းကစားရုံများအဖြစ် အလျင်အမြန် စတင်ပေါ်ထွက်လာခဲ့သည်။ မြေဧက သုံးသောင်းကျော် လွှမ်းခြုံပါ၀င်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ စီမံချက်များတွင် လေ့လာတွေ့မြင်ခဲ့ရသည်။

KPSN အကြောင်း

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)သည် မြန်မာနိုင်ငံအတွင်း ကရင်လူထုအခြေပြု အဖွဲ့အစည်းများပါဝင်သည့် အကြီးမားဆုံးကွန်ရက်တခု ဖြစ်သည်။ KPSN အဖွဲ့ဝင်များသည် လုံခြုံမှုကင်းမဲ့ပြီး ပဋိပက္ခသက်ရောက်မှုခံရသော ကရင်လူမှုအသိုက်အဝန်းများ၊ နိုင်ငံတွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအတွက် ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာခြင်းဆိုင်ရာ အထောက်အပံ့များကူညီများကို ပံ့ပိုးပေး လာခဲ့သည်။ KPSN သည် ဒေသခံကရင်တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းများကို လုပ်ပိုင်ခွင့်များ မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း အသိပညာပေးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား  မှတ်တမ်းတင်ခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားဒေသများအတွင်း ရေရှည်တည်တံ့မည့် တန်းတူညီမျှသော ငြိမ်းချမ်းရေး ရရှိရေး စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်သည်။

ဇေရှိုင်းဗိုလ်

The post တို့မြေများကို လောင်းကစားပစ်ခြင်း appeared first on ISP Myanmar China Desk.

တရုတ်၏ ဗဟို-ဒေသန္တရဆက်ဆံရေးမူဘောင်
စာတမ်းခေါင်းစဉ် – တရုတ်၏ ဗဟို-ဒေသန္တရဆက်ဆံရေးမူဘောင်/တရုတ်-မြန်မာနယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၉ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် ဒုတိယမြောက်စာတမ်းဖြစ်သည်။

၂၀၀၉ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်-မြန်မာဆက်ဆံရေးအခန်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဗဟိုအစိုးရက ပို၍ ထဲထဲဝင်ဝင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမှုကို ဤစာတမ်း၌ လေ့လာထားသည်။ ထို့အတူ ဘေဂျင်း၏ မူဝါဒဆုံးဖြတ်ချက်များအပေါ်တွင် ယူနန်ပြည်နယ်အစိုးရ၏ အကျိုးစီးပွားစဉ်းစားချက်တို့က မည်သို့သက်ရောက်လွှမ်းမိုးမှုများ ရှိနေသနည်းဆိုသည်ကိုလည်း သုံးသပ်ဆွေးနွေးထားသည်။

မြန်မာနိုင်ငံနှင့်သက်ဆိုင်သော မူဝါဒများချမှတ်ရာတွင် ဘေဂျင်းနှင့် ယူနန်သည် အပြိုင်သဘောဆောင်နေခြင်းမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကြကြောင်း စာရေးသူ ခင်ခင်ကျော်ကြီးက လက်တွေ့အထောက်အထားများနှင့် တင်ပြထားပါသည်။

မြန်မာ့တပ်မတော့်နှင့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(MNDAA) တို့အကြား တိုက်ပွဲများဖြစ်ပွားပြီး ယူနန်ဒေသသို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်‌ရောက်စေခဲ့သည့် ၂၀၀၉ ခုနှစ် ကိုးကန့်ဖြစ်စဉ်နှောင်းပိုင်းမှ စတင်ကာ ဘေဂျင်းသည် တရုတ်-မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များကို ပိုမိုအလေးထားလာခဲ့သည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ ဘေဂျင်း(ဗဟိုအစိုးရ)မှ အထူးသံတမန်ခန့်အပ်ပြီး မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများ ဆောင်ရွက်လာခဲ့ရာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ယူနန်အခြေစိုက်အာဏာပိုင်များ၏ လွှမ်းမိုးသက်ရောက်နိုင်မှုများကို လျော့နည်းသွားစေခဲ့သည်။

ဘေဂျင်းသည် နယ်စပ်ရေးရာလုံခြုံရေးကိစ္စရပ်များနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကဏ္ဍအတော်များများတွင် ပါဝင်ခဲ့သော်လည်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကိုင်တွယ်ဖြေရှင်းခြင်း စသည့် အရေးပါသော အခြားနယ်စပ်ရေးရာကိစ္စရပ်များတွင်  ဒေသန္တရအစိုးရများဖြစ်သော ပြည်နယ်၊ ပြည်နယ်ခွဲများ၊ ကောင်တီအစိုးရတို့မှ အဓိကကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

ဘေဂျင်းသည် နယ်စပ်ရေးရာကိစ္စများတွင် ပိုမိုလွှမ်းမိုးချုပ်ကိုင်လာခဲ့သော်လည်း ယူနန်အခြေစိုက် ဒေသန္တရအာဏာပိုင်များသည်လည်း ထိုယန္တရားတွင် ပါဝင်လျက်ရှိရာ ဗဟိုအစိုးရသည် မူဝါဒများချမှတ်ရာတွင် ဒေသန္တရအစိုးရများ၏ အကျိုးစီးပွားများကို လျစ်လျူရှုမထားကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံ၏ ဗဟိုအစိုးရအနေဖြင့် နယ်စပ်ရေးရာကိစ္စရပ်များသည် ဒေသန္တရအကျိုးစီးပွားများနှင့် သက်ဆိုင်နေကြောင်း နားလည်လက်ခံထားပုံရသည်ဖြစ်ရာ တရုတ်နိုင်ငံ၏ နယ်စပ်ရေးရာမူဝါဒများသည် ဗဟိုနှင့် ဒေသန္တရအစိုးရများ၏ အကျိုးစီးပွားမျှခြေကို ထင်ဟပ်လျက်ရှိသည်။

The post တရုတ်၏ ဗဟို-ဒေသန္တရဆက်ဆံရေးမူဘောင် appeared first on ISP Myanmar China Desk.

တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ
စာတမ်းခေါင်းစဉ် – တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၈၊ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)က ထုတ်ဝေသည့် ဆေးနွေးချက်စာတမ်းများ၏ ပထမဆုံး ခြေလှမ်းဖြစ်သည်။ တရုတ်နိုင်ငံအရေး သုတေသနစီမံချက်အတွက် ထုတ်ဝေသည့် စာတမ်းများအနက်လည်း ပထမဆုံးဖြစ်သည်။

တရုတ်သည် မြန်မာ့လူ့အဖွဲ့အသီးသီးနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းဖြင့် တရုတ်၏ စီးပွားရေး၊ မဟာဗျူဟာအကျိုးစီးပွားနှင့်ဆိုင်သော စီမံကိန်းများ၌ မြန်မာလူထု၏ထောက်ခံမှုကို ရယူလိုခြင်း၊ တရုတ်၏အုပ်ချုပ်မှုနှင့် စီးပွားရေးစနစ်ပေါ် မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများ၊ အများပြည်သူအပေါ် လွှမ်းမိုးနိုင်သူများနှင့် မြန်မာပြည်သူလူထု အားကျနှစ်သက်လာစေရန် ဖြန့်ဝေလိုခြင်း၊ တရုတ်၏အလွှာစုံဆက်ဆံရေးသည် မြန်မာနိုင်ငံမှ တရုတ်အကျိုးစီးပွားကိစ္စများအပြင် တရုတ်နိုင်ငံတွင်းနှင့် နိုင်ငံတကာတွင် ဖော်ဆောင်နေသော တရုတ်မူဝါဒများကို အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်ခြင်း စသည့် အချက်များကို စာတမ်းတွင် ထောက်ပြထားသည်။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းပြီးနောက်ပိုင်း တရုတ်သည် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ လူနည်းစုတိုင်းရင်းသားများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ အစရှိသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအသီးသီးနှင့် ဆက်ဆံရေးများ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ထောင်နှင့်ချီသောသူများကို တရုတ်နိုင်ငံသို့ အလည်အပတ်လေ့လာရေးခရီးစဉ်များ ဖိတ်ခေါ်ခဲ့သည်။

နိုင်ငံအဆင့်ဆက်ဆံရေးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သောအစိုးရနှင့် ဆက်ဆံရေးတိုးမြှင့်တည်ဆောက်ခဲ့သည့်နည်းတူ မြန်မာ့နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးနိုင်မှုများစွာရှိနေသေးသည့် တပ်မတော်နှင့်လည်း ဗျူဟာမြောက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးနှင့် စီးပွားရေးနယ်၌ရှိနေသော တရုတ်၏အခန်းကဏ္ဍအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ၊ ဒုက္ခသည်များနှင့် လူ့အခွင့်အရေးကိစ္စရပ်များ၌ ပေါ်ပေါက်ခဲ့သော နိုင်ငံတကာဖိအားများကြောင့် မြန်မာ့နိုင်ငံခြားဆက်ဆံရေးတွင် တရုတ်၏အခန်းကဏ္ဍကို ပိုမိုမြင့်မားလာစေသည်။

NLD ဦးဆောင်သော အစိုးရအပေါ် မြန်မာပြည်သူများ၏ ထောက်ခံအားပေးမှုသည်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြည်လည်တည်ဆောက်ရာတွင် တရုတ်အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်ခဲ့သည်။ ထို့အပြင် ပုံစံပြောင်းလဲလာသော တရုတ်၏ဆက်ဆံရေးဗျူဟာများနှင့် မြန်မာ၏ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေး စသည့် ပကတိအခြေအနေများကြောင့် မြန်မာအပေါ် တရုတ်၏ဩဇာလွှမ်းမိုးနိုင်မှု တဖန်များပြားလာရာ မြန်မာနိုင်ငံ၌ တရုတ်၏ စီးပွားရေးနှင့် မဟာဗျူဟာမြောက်စီမံကိန်းများအကောင်အထည်ဖော်ရာ၌ အသာစီးယူနိုင်သည့်အခြေအနေတရပ် ဖြစ်လာသည်။

အထက်ပါအခြေအနေများနှင့်ပတ်သက်၍လည်း စာတမ်းက သုံးသပ်ထားပါသည်။

ယခုစာတမ်းသည် တရုတ်၏ အလွှာစုံဆက်ဆံရေးမူဝါဒကို လေ့လာခြင်းဖြင့် ယင်း၏ မူဝါဒလိုလားချက်များကို ပုံဖော်ကာ မြန်မာအပေါ်သက်ရောက်နိုင်မှုများကို သုံးသပ်ထားခြင်း ဖြစ်သည်။

The post တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ appeared first on ISP Myanmar China Desk.

The Logic of Myanmar’s China Policy
စာတမ်းအမည် – The Logic of Myanmar’s China Policy

ရေးသားသူ – Maung Aung Myoe

ထုတ်ဝေသည့်အဖွဲ့ – Asian Journal of Comparative Politics

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၆

စာတမ်းအပြည့်အစုံ – The Logic of Myanmar’s China Policy

စားတမ်အကျဉ်းချုပ်

မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် အချိုးမညီဖြစ်နေသော တရုတ်-မြန်မာဆက်ဆံရေး၏ ပကတိအနေအထားတွင်  မိမိနိုင်ငံ၏ လွတ်လပ်ရေး၊
နိုင်ငံရေးအခွင့်အာဏာ၊ အချုပ်ခြာအာဏာနှင့် နယ်မြေပေါင်းစည်းမှုကို ထိန်းသိမ်းရန်
တရုတ်-မြန်မာဆက်ဆံရေးကို မည်သို့ကိုင်တွယ်မည်ကို စဉ်းစားကြသည်။ ၁၉၅၀ ခုနှစ်များတွင်
မြန်မာအစိုးရသည် တရုတ်-မြန်မာဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော်ဟု စတင်အသုံးပြုခဲ့သည်။
မြန်မာအစိုးရသည် ပေါက်ဖော်ဟူသော အသုံးအနှုန်းအောက်တွင်  နှစ်နိုင်ငံအကြား ပေါ်ပေါက်ခဲ့သော ပြသနာများကို
ကိုင်တွယ်ဖြေရှင်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပြေလည်တည်ငြိမ်အောင်
ထိန်းသိမ်းနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်အပေါ် မည်သည့်ပုံစံဖြင့် ချဉ်းကပ်သည်ကို နားလည်ရန်
ယခုစာတမ်းတွင် အောက်ပါမေးခွန်းတချို့ကို အဖြေရှာကြည့်ပါမည်။

မြန်မာနိုင်ငံသည် မိမိ၏တရုတ်မူဝါဒကို မည်သို့ ချဉ်းကပ်စဉ်းစားသနည်း။ တနည်းဆိုသော်
ဤစာတမ်းတွင် ပေါက်ဖော်ဟူသော အယူအဆ၏ အနှစ်သာရကို မီးမောင်းထိုးလေ့လာနိုင်ရန် ကြိုးပမ်းထားပါသည်။
နှစ်နိုင်ငံ တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ပြီးချိန်မှစ၍ တရုတ်နိုင်ငံအပေါ်
ထားရှိသည့် မြန်မာနိုင်ငံ၏  မူဝါဒစဉ်းစားချက်သည်  မြန်မာနိုင်ငံ၏ သမိုင်း၊ ပြည်တွင်းလုံခြုံရေး
စိန်ခေါ်ချက်များ၊ ပထဝီနိုင်ငံရေးနှင့် ဒေသတွင်းလုံခြုံရေးအခြေအနေများအပေါ် အခြေခံထားသည်။

တရုတ်အပေါ် မြန်မာနိုင်ငံ၏
မူဝါဒသည် အခါအားလျှော်စွာ မည်သို့ပင် ပြောင်းလဲစေကာမူ အထက်တွင် ဖော်ပြထားသော
အခြေခံအချက်များမှာ မပြောင်းလဲပေ။

The post The Logic of Myanmar’s China Policy appeared first on ISP Myanmar China Desk.

The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015
စာတမ်းအမည် – The March 2015 Bombings of Yunnan and the Decline in Sino-

Myanmar Relations 2015

ရေးသားသူ – Alvin Cheng-Hin Lim

ထုတ်ဝေသည့်အဖွဲ့ – The Asia Pacific Journal

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ ဧပြီ

စာတမ်းအပြည့်အစုံ – The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015

စာတမ်းအကျဉ်းချုပ်

၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နှင့် ၁၃ ရက်နေ့တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံဘက်မှ မတော်တဆဗုံးကြဲချခဲ့ခြင်းသည် လက်ရှိတရုတ်-မြန်မာဆက်ဆံရေးကို လျော့ကျသွားစေသည့် ရှေ့ပြေးလက္ခဏာ ဖြစ်သည်။

ယခုစာတမ်းတွင် ပထမဦးစွာ ယူနန်ပြည်နယ်ဘက်သို့ ဗုံးကြဲချမှုကို ဦးတည်စေသော မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသဘက်က လက်ရှိမငြိမ်မသက်မှုကို လေ့လာထားသည်။ ကိုးကန့်ဒေသတွင်ဖြစ်ပေါ်ခဲ့သည့် မငြိမ်မသက်မှုများကို တရုတ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ကြား ဆက်ဆံရေးများကြောင့် တရုတ်နိုင်ငံအပေါ်တွင် ကာလရှည်ကြာရှိနေခဲ့သော မြန်မာအစိုးရ၏ သံသယတို့နှင့် ချိတ်ဆက်ထားသည်။ ထို့နောက်တွင် ၁၉၈၈ မှ စတင်ကာ ၂၀၁၁ မတိုင်မီအထိ နိုင်ငံတကာမှ ပိတ်ဆို့ထားခဲ့သောကြောင့် တရုတ်နိုင်ငံနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ရန်မှာ မြန်မာနိုင်ငံအတွက် လိုအပ်ချက်တစ်ခုဖြစ်လာခဲ့သည်။

သို့သော် ထိုရင်းနှီသောဆက်ဆံရေးသည်  ၂၀၁၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်နှင့် ဆက်ဆံရေးတို့  ပြန်လည်နီးကပ်မလာခင်အချိန်အထိသာ ဖြစ်သည်။

နောက်ဆုံးပိုင်း၌ ၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရက တရုတ်၏ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများပြိုလဲခြင်းကို ထောက်ပြထားပြီး အိန္ဒိယသမုဒ္ဒရာမှ ယူနန်ပြည်နယ်သို့ ချိတ်ဆက်ထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် မရှိမဖြစ် အရေးပါခြင်းကိုလည်း ပြောဆိုထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းမှာ တရုတ်နိုင်ငံခြားရေးမူဝါဒ အသိုင်းအဝိုင်းအတွက် အရေးပါသည်ကို တွေ့ရသည်။

The post The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015 appeared first on ISP Myanmar China Desk.

China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values
စာတမ်းခေါင်းစဉ် – China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values

ရေးသားသူ – Chenyang Li နှင့် James Char

ထုတ်ဝေသည့်အဖွဲ့ – Nanyang Technological University

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ မတ်

စာတမ်းအပြည့်အစုံ – China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values

စာတမ်းအကျဉ်းချုပ်

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရပ်သားပုံပြောင်းတပ်မတော်အစိုးရကို တည်ထောင်ခဲ့သည်။ ယင်းနှင့်ပတ်သက်သည့် နိုင်ငံရေးပြုပြင်ဆောင်ရွက်မှုများအကြောင်း ဆွေးနွေးရာတွင် လေ့လာသုံးသပ်သူအများစုသည် ဘေဂျင်းနှင့် နေပြည်တော်ကြား ဆက်ဆံရေးကျဆင်းလာမှုကို အလေးစိုက်ကြသည်။

မြန်မာ့နိုင်ငံရေးတံခါး ဖွင့်လိုက်ခြင်းနှင့်အတူ တရုတ်က အစိုးရမဟုတ်သောပါဝင်ပတ်သက်သူများ၏ အသံများကို ပိုမိုနားထောင်လာခဲ့သည်။ နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့နိုင်ငံခေါင်းဆောင်ပိုင်းများနှင့် ဆက်ဆံရေးထူထောင်ကြရန် အပြိုင်အဆိုင်ကြိုးပမ်းလာချိန်တွင် တရုတ်နိုင်ငံသည်လည်း  ၎င်း၏ မဟာဗျူဟာတို့ကို ပြန်လည်ချိန်ဆလာခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမူဝါဒကို ပြုပြင်မှုများဆောင်ရွက်ခဲ့သည်ဖြစ်ရာ ယခုစာတမ်းတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်ကို ကူညီခြင်းဖြင့် ၎င်း၏ အကျိုးစီးပွားကိုလည်း တိုးမြှင့်နိုင်ကြောင်းထောက်ပြထားသည်။

တချိန်တည်းမှာပင် မဝေးလှသည့်အနာဂတ်ကာလ၌ ယခင်ကကဲ့သို့ ခိုင်ခံ့သော နှစ်နိုင်ငံဆက်ဆံရေးအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မလွယ်ကူသော်လည်း နေပြည်တော်၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်ချက်များကို ဘေကျင်းအနေဖြင့် ရေရှည်တွင် အမီလိုက်နိုင်မည်ဆိုလျှင် ကျော်လွှားရန်မျှော်လင့်ချက်ရှိသေးကြောင်း စာတမ်းတွင် နိဂုံးချုပ်ဖော်ပြထားသည်။

The post China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values appeared first on ISP Myanmar China Desk.

A Multi-level Analysis of Sino-Myanmar Relations amidst Political Changes in Myanmar
စာတမ်း‌ခေါင်းစဉ် – A Multi-level Analysis of Sino-Myanmar Relations amidst Political Changes in Myanmar

ရေးသားသူ – Bill Chou

ထုတ်ဝေသည့်အဖွဲ့ – Department of Government and Public Administration, University of Macau

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅

စာတမ်းအပြည့်အစုံ – Cannot find the link

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းတွင် တရုတ်နှင့် မြန်မာအကြား ဆက်ဆံရေးကို အလွှာစုံ အုပ်ချုပ်ရေးဆန်းစစ်ယူဆနည်းအား အသုံးပြုထားသည်။

နှစ်နိုင်ငံဆက်ဆံရေး အရွေ့အား ဒေသန္တရအဆင့်၊ နိုင်ငံတော်အဆင့်နှင့် ဒေသတွင်းနိုင်ငံများအဆင့်တို့ဖြင့် လေ့လာထားသည်။ မြန်မာနိုင်ငံ၏ အားနည်းချက်မှာ နယ်စပ်ဖြတ်ကျော်ကိစ္စရပ်များအား ကိုင်တွယ်ရာတွင် သေချာဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ထိုအယူအဆနှင့် ဆန့်ကျင်စွာပင် မြန်မာသည် ဒေသတွင်းနိုင်ငံများအဆင့်၌ တရုတ်နှင့်ဆက်ဆံရာတွင် ထိပ်တန်းအရည်အသွေးများပြသနိုင်သည်။ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများနှင့် အင်အားကြီးနိုင်ငံများ၏ လှုပ်ရှားမှုတို့သည် များပြားလာသည့် အခြေအနေမျိုးရှိသော်လည်း မြန်မာနိုင်ငံသည် တရုတ်ပြုသမျှနုရမည့် သားကောင်နိုင်ငံမျိုးမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြိုင်ဆိုင်လျက်ရှိကြပြီး မတူညီသောနိုင်ငံများ၏ စံနှုန်းများနှင့် အကျိုးစီးပွားများကို ကိုင်တွယ်အသုံးချပြီး  မိမိ၏လွတ်လပ်သော အချုပ်အခြာအာဏာနှင့် အစိုးရတည်တံ့ရေးကို အောင်မြင်စွာထိန်းသိမ်းနိုင်သည်ကိုတွေ့ရသည်ဟု ဆိုထားသည်။

The post A Multi-level Analysis of Sino-Myanmar Relations amidst Political Changes in Myanmar appeared first on ISP Myanmar China Desk.