BRI Archives - ISP Myanmar China Desk

ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ
စာတမ်းခေါင်းစဉ် – ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ

ရေးသားသူ – Lee Jones and Shahar Hameriri

ထုတ်ဝေသည့်အဖွဲ့ – CHATHAM HOUSE

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ သြဂုတ်

စာတမ်းအပြည့်အစုံရယူရန် – Debunking the Myth of ‘Debt-Trap Diplomacy: How Recipient Countries Shape China’s Belt and Road Initiative

Disclaimer:  အချက်အလက်များသည် August 2020 ၏  အစောပိုင်းကာလများကိုသာ ထင်ဟပ်မည်ဖြစ်ပါသည်။

၂ဝ၁၃ ခုနှစ်က စတင်လာခဲ့သော တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်း အစီအမံ (BRI) သည် ယခုအခါတွင် ခုနစ်နှစ်ခန့် ရှိလာပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆ဝ ကျော်တွင် အကောင်အထည်ဖော်နေသည့် ဧရာမစီမံကိန်းတခုဖြစ်ပါသည်။ အဆိုပါ ခုနစ်နှစ်ခန့် အတွင်းတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ပထဝီနိုင်ငံရေး၊ အင်အားနှင့် ပါဝါလွှမ်းမိုးမှု၊ အရင်းအမြစ်များအား ထိန်းချုပ်ထားနိုင်မှုတို့အပေါ် အခြေခံချဉ်းကပ်ကာ အဆိုပါစီမံကိန်းအား တရုတ်နိုင်ငံအား ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတခုအဖြစ် ဖော်ဆောင်ရေးဆိုသော ‘တရုတ်ပြည်အိပ်မက်’ ‘Chinese Dream’ အဖြစ် ရှုမြင်သည်များလည်း ရှိကြသည်။ အခြားတဖက်၌လည်း စီမံကိန်း၏ ကြီးမားလှသော အရွယ်အစားနှင့် တိကျသော အကောင်အထည် ဖော်ဆောင်မည့် မူဝါဒများ၊ မူဘောင်များ မရှိခြင်းနှင့် တတိယကမ္ဘာနိုင်ငံများတွင် ‘ကြွေးမြီထောင်ချောက်’ (Debt Trap Diplomacy) သဏ္ဌာန်မျိုး တွေ့မြင်လာရခြင်းတို့အပေါ် ဝေဖန်ချက် အများအပြား ရှိခဲ့ကြသည်။ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေးသော ဤစီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းကြီးများကို တရုတ်နိုင်ငံမှ အတိုးမြင့် ချေးငွေများဖြင့် ကနဦးထောက်ပံ့ကာ အကျိုးအမြတ်ကို ခွဲဝေယူသော ‘Loan Financing Model’ အဖြစ် အဓိကထား အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါစီမံကိန်းအား Host Country ဖြစ်သော တရုတ်နိုင်ငံဘက်သာမကဘဲ Recipient Country ဖြစ်သည့် ချေးငွေလက်ခံကာ စီမံကိန်း ဆောင်ရွက်ကြမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍကိုလည်း ဆန်းစစ်နားလည်ရန် လိုအပ်သည်။ အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာထားသော သုတေသနအစီအရင်ခံစာတစောင်ကို မိတ်ဆက်ပေးလိုပါသည်။

CHATHAM HOUSE က ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်တွင် ထုတ်ဝေခဲ့သော “Debunking the Myth of ‘Debt-Trap Diplomacy’: How Recipient Countries Shape China’s Belt and Road Initiative”(ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ) ဟူသော အစီအရင်ခံစာဖြစ်ပါသည်။ ဤစာတမ်းက အဓိကထောက်ပြထားသည်မှာ ပထမအချက်အနေဖြင့် BRI စီမံကိန်းသည် ပထဝီနိုင်ငံရေးကို အခြေပြုကာ ဘေဂျင်းအစိုးရ၏ ဗဟိုချုပ်ကိုင်မှုဖြင့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်များဖြင့် စနစ်တကျ လည်ပတ်နေသော စီမံကိန်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီးများ၏ အကျိုးစီးပွားကို အဓိကဦးစားပေးစဉ်းစားသော စီမံကိန်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုစနစ်သည် ကျယ်ပြန့်လွန်းကာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းမှုရှိနေသည်။ တတိယအနေဖြင့် အဆိုပါ ငွေကြေးထောက်ပံ့စနစ်သည် အိမ်ရှင်တရုတ်နိုင်ငံထက် လက်ခံနိုင်ငံများ (recipient country)ကသာ အဓိကအရေးပါနေသည်ဖြစ်ပြီး ၎င်းလက်ခံနိုင်ငံများ၏ အစိုးရများ၏ နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားများသည် သက်ဆိုင်ရာနိုင်ငံရှိ BRI စီမံကိန်းများအပေါ် အဓိက အဆုံးအဖြတ်ဖြစ်နေသည်။

ယခုအစီအရင်ခံစာသည် သီရိလင်္ကာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကို Case Study အနေဖြင့် လေ့လာထားပြီး စီးပွားရေးပိုင်းဆိုင်ရာ (Economic Drivers)နှင့် အုပ်ချုပ်မှုဆိုင်ရာ (Governance) အကြောင်းအရာများကို အဓိကဆွေးနွေးထားသည်။

စီးပွားရေးပိုင်းဆိုင်ရာ တွန်းအားများ

အခြေခံအားဖြင့်မူ တရုတ်နိုင်ငံသည် ချေးငွေကို အားပြုကာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ပြုလုပ်လာခဲ့ပြီး ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ပိုလျှံပို့ကုန်များဖြင့် ချေးငွေဆပ်ကာ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ အဆိုပါမော်ဒယ်သည်လည်း အခြေခံအဆောက်အအုံများ အားကောင်းလာသည်နှင့်အမျှ ပြည်တွင်းဝယ်လိုအားကျဆင်းပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိခိုက်မှုများရှိလာခဲ့သည်။  အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ရန် BRI စီမံကိန်းကို အကောင်အထည်ဖော်လာခြင်းဖြစ်သဖြင့် BRI စီမံကိန်းသည် တရုတ်ပြည်တွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမိုဒယ်၏ တွန်းအားဟု ဆိုသည်။ အဆိုပါစီမံကိန်းကို အဓိက ဦးဆောင်နေသော‌ ဘေဂျင်းအစိုးရ၏ ရုံးဌာနမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနတို့ မဟုတ်ကြဘဲ ‘အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲ‌ရေး ကော်မရှင်’ (National Development and Reform Commission) ဖြစ်နေခြင်းကို ကြည့်လျှင် စီးပွားရေးအရ စဉ်းစားချက်ကို ပိုမိုသိသာစေသည်ဖြစ်သည်။

အုပ်ချုပ်မှုပိုင်း

တရုတ်နိုင်ငံသည် စီးပွားရေးပရိယာယ် (Economic Statecraft)ကို အဓိက အသုံးပြုနေသည်ဟူ၍ လည်းကောင်း၊ ပိုးလမ်းမစီမံကိန်းသည် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို အဓိကအားပြုသည်ဟူ၍ လည်းကောင်း ဆိုသည်။ ထို့ကြောင့် မဟာဗျုဟာ၊ ရည်မှန်းချက်များအတွက် လျှောက်လှမ်းမည့် တိကျသော လုပ်ငန်းစဉ်များ မရှိသေးဘဲ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုပုံစံ (Development Financing Regime) သည်လည်း လျော့ရဲကာ စီမံကိန်းသည် မဟာဗျူဟာအဆင့်မျိုး မဆောင်ဘဲ နှစ်နိုင်ငံချင်း ညှိနိုင်းကာ စနစ်မကျသော ပုံသဏ္ဍာန်မျိုးဖြင့် တရုတ်နိုင်ငံထက် လက်ခံနိုင်ငံများကသာ အဓိကဦးဆောင်နေသော (Recipient-Driven) သဏ္ဌာန်မျိုး ရှိ‌နေသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ BRI စီမံကိန်းတွင် ပါဝင်သော နိုင်ငံများ၏ စီးပွားရေး နိုင်ငံရေးအခြေအနေအရ လိုအပ်ချက်များ၊ ကြီးမားလှသော စီးပွားရေး အကျိုးအမြတ်များအား မက်မောမှုနှင့် ချို့ယွင်းနေသောအုပ်ချုပ်မှုစနစ်တို့သည် အဆိုပါစီမံကိန်းများကို မလိုလားအပ်သော အကျိုးဆက်များ ပေါ်ထွက်စေသည်ဟုဆိုသည်။ ၎င်းအချက်သည်ပင် ကြွေးမြီထောင်ချောက်ကို ဖြစ်ပေါ်လာစေခြင်းဟု ဆိုပါသည်။ ဆိုလိုသည်မှာ New Eurasian Land Bridge ခေါ် တရုတ်-ဥရောပ ကုန်ရထားလမ်းသည် ယခုအခါတွင် တင်ဆောင်နိုင်သော ကုန်ပမာဏ၏ ၄၅ ရာခိုင်နှုန်းခန့်မှာ လစ်လပ်လျက်ရှိပြီး ကုန်သေတ္တာတလုံးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ မှ ၇၀၀၀ အထိ ဆုံးရှံးမှုရှိသည်ဟုဆိုသည်။ ချို့ယွင်းနေသော အုပ်ချုပ်မှုဟု ဆိုရာတွင် စီမံကိန်း တွက်ချက်မှုများ၌ လိုအပ်သည်ထက် များပြားမှုများ၊ အဂတိလိုက်စားမှုများ၊ အလွဲသုံးစားမှုများ စသည့် အကြောင်းအရာများသည်လည်း ပါဝင်မည်ဖြစ်မည်။

သီရိလင်္ကာနိုင်ငံ

ကြွေးမြီထောင်ချောက်နှင့် ပတ်သက်၍ နာမည်ကျော် သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘမ်တိုတာဆိပ်ကမ်းအကြောင်းအား အသေးစိတ်ဆန်းစစ်လေ့လာထားသည်ကို တွေ့ရသည်။ အဓိကအချက်မှာ အဆိုပါဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံဘက်မှ စတင်ခဲ့ခြင်းမဟုတ်ဘဲ သီရိလင်္ကာနိုင်ငံဘက်မှ ၎င်း၏ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အကြီးစား ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ရာမှ တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်သော CMPort က ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းကို အဓိကလုပ်ကိုင်နေသော CMPort သည် ၂၀၁၈ ခုနှစ်တွင် သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်(SLPA)ထံမှ ဆိပ်ကမ်းရှယ်ယာ ၈၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၉၇၃ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် စက်မှုဇုန်တခု တည်ထောင်ရန်အတွက် တိုးချဲ့ဧက ၁၅ဝဝဝ ထပ်မံတောင်းခံခဲ့သည်ဟုဆိုသည်။ CMPort အနေဖြင့် မြေကို ကာလရှည်သိမ်းဆည်းထားခြင်းသက်သက် မဟုတ်ဘဲ ၎င်းလုပ်ကိုင်နေသော ပြင်သစ်၊ ဘရာဇီး၊ သြစတေးလျနှင့် ဂျီဘူတီနိုင်ငံများရှိ ဆိပ်ကမ်းများနှင့် ကွန်ရက်ပြုလုပ်ကာ စက်မှုဆိပ်ကမ်းမြို့တော်များအဖြစ် ပုံဖော်မည့် မဟာဗျူဟာမျိုး ရှိနေသည်ဟု သုံးသပ်ထားသည်။ စင်စစ်မှာမူ ၂၀၁၆ ခုနှစ်အတွက် သီရိလင်္ကာအစိုးရ၏ ပြည်ပအစိုးရများသို့ ပေးဆပ်ရမည့် ကြွေးမြီအရပ်ရပ်၏ ၃ ရာခိုင်နှုန်းသာ တရုတ်နိုင်ငံသို့ ပေးဆပ်ရန်ရှိပြီး ၁၂ ရာခိုင်နှုန်းသည် ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါဆိပ်ကမ်းဖြစ်ရပ်မှာ တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့၏ အုပ်ချုပ်မှုဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အလွဲအမှားများကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။

မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံသည် ကြွေးမြီထောင်ချောက်၏ သားကောင်တခုအနေဖြင့် လည်းကောင်း၊ ပိုးလမ်းမစီမံကိန်းအား ပြန်လည်ဆန့်ကျင်ခဲ့သော နိုင်ငံတခုအနေဖြင့်လည်းကောင်း ပုံဖော်ခံရပြီး နှစ်မျိုးလုံးသည် မှန်ကန်မှုမရှိဟုဆိုသည်။ မလေးရှားစီးပွားရေးသည် ခရိုနီအရင်းရှင်စနစ်ကြီးစိုးသော သဘောမျိုးရှိပြီး အဆိုပါအချက်သည် စီမံကိန်းကြီးများတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ထင်ရှားသလို မလေးရှားနိုင်ငံရေးတွင်ပါ သက်ရောက်သည်ဖြစ်သည်။ ထို့အပြင် BRI စီမံကိန်းကြီးများ တည်ရှိရာနေရာများသည်  နိုင်ငံရေးအရ အ‌ရေးပါသော မဲဆန္ဒနယ်မြေများဖြစ်သဖြင့်  မဲဆန္ဒနယ်မြေ အပြောင်းအလဲပြုခြင်း (Gerrymandering) နှင့် အခြားသော နိုင်ငံရေးအကျိုးစီးပွားများရှိကြသည်။ ၂ဝ၂ဝ ဖေဖော်ဝါရီလတွင် ‌UMNO ပါတီမှ ဒေါက်တာမဟာသီယာ၏ ဂိုဏ်းသည် Pakatan Harapan ညွန့်ပေါင်းအစိုးရမှ ခွဲထွက်ခဲ့ကာ UMNO ညွန့်ပေါင်းအစိုးရဖြစ်လာသဖြင့် မလေးရှားနိုင်ငံတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုများသည် ယခင်အစိုးရထက် များစွာမြင့်တက်လာနိုင်မည်ဟု သုံးသပ်ထားသည်။

မူဝါဒအကြံပြုချက်များ

၁။ တရုတ်အစိုးရ၏ မူဝါဒချမှတ်သူများအနေနှင့် BRI စီမံကိန်း၏ အုပ်ချုပ်မှုပုံစံ (Project Governance)နှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများ၏ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို တိုးတက်ရန် လုပ်ဆောင်ဖို့လိုသည်။

၂။ လက်ခံနိုင်ငံများ၏ အစိုးရများ၊ မူဝါဒချမှတ်သူများသည်လည်း BRIစီမံကိန်းများအား သုံးသပ်ဆုံးဖြတ်ရန်၊ ညှိနှိုင်းနိုင်ရန်နှင့် ထိန်းညှိနိုင်ဖို့ရန်အတွက် ၎င်းတို့၏ စွမ်းရည်ကို မြှင့်တင်ရန်လိုအပ်သည်။

၃။ ထို့အပြင် ဤစီမံကိန်းအား ပထဝီနိုင်ငံရေးမဟာဗျူဟာအနေဖြင့် ရှုမြင်ကာ တုံ့ပြန်မှုများ မပြုလုပ်ရန်လိုသည်။ စီမံကိန်းတခုလုံးသည် ပြန့်ကျဲနေကာ ဗဟိုထိန်းချုပ်မှုဖြင့် လည်ပတ်နေခြင်းဖြစ်သဖြင့် ပထဝီနိုင်ငံရေးအမြင်ဖြင့် တုံ့ပြန်လျှင် ကုန်သွယ်ရေးစစ် ကဲ့သို့သော အားပြိုင်မှုများအကြား ရောက်ရှိနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကို ရပ်တန့်သွားစေနိုင်မည်ဖြစ်သည်။

၄။ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများ၏ အခန်းကဏ္ဍသည် အရေးပါသည်။ ပွင့်လင်းမြင်သာမှု အားကောင်းရန်နှင့်  ပါဝင်ဆောင်ရွက်မှု အားကောင်းသောပုံစံမျိုး (Participatory Approach) ဖော်ဆောင်ရန်အတွက် တွန်းအားပေးမှုများ လုပ်ဆောင်သင့်သည်။ သို့သော် အဆိုပါအင်အားစုအနေဖြင့်လည်း  စီမံကိန်းနှင့် သက်ဆိုင်သော ပဋိပက္ခများ၊ ပြဿနာများတွင် တရုတ်နိုင်ငံကိုသာ အပြစ်တင်၍ မရနိုင်ဘဲ လက်ခံနိုင်ငံများ၏ အစိုးရများကိုပါ စောကြောရန် လိုအပ်မည်ဖြစ်သည်။ အကြောင်းအရင်းမှာ BRI စီမံကိန်းသည် တရုတ်နိုင်ငံက မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် စနစ်တကျ လည်ပတ်နေခြင်းမဟုတ်ဘဲ လက်ခံနိုင်ငံတခုချင်းအပေါ် မူတည်ကာ ချေးငွေရရှိမှု၊ လုပ်ငန်းအောင်မြင်မှုတို့သည် ကွာခြားနေကြခြင်းကြောင့် ဖြစ်သည်။

လင်းထက်အောင်

The post ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ appeared first on ISP Myanmar China Desk.

ပဋိပက္ခပွားစေသောမီးလျှံများ(ရခိုင့်ဘ၀များကိုတောက်လောင်နေသောရင်းနှီးမြုပ်နှံမှုများ)
စာတမ်းခေါင်းစဉ် – ပဋိပက္ခပွားစေသော မီးလျှံများ (ရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြုပ်နှံမှုများ)

ရေးသားသူ – ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)

ထုတ်ဝေသည့်အဖွဲ့ – ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ ဇူလိုင်လ

စာတမ်းအပြည့်အစုံရယူရန် – ပဋိပက္ခပွားစေသော မီးလျှံများ- ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့
FUELLING CONFLICT (INVESTMENT EXACERBATING TURMOIL IN WESTERN BURMA)

ပဋိပက္ခပွားစေသော မီးလျှံများ
ရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြှုပ်နှံမှုများ (အစီရင်ခံစာ မိတ်ဆက်)

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီးကြီးမားသော စီမံကိန်းများ ဖော်ဆောင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ကြီးမားသော အခန်းကဏ္ဍတွင် ရှိနေသည်။ နှစ်စဉ် နိုင်ငံ့ဘဏ္ဍာ လိုငွေပြနေသော မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမ္မတဦးသိန်းစိန်၏ အသွင်ကူး ပြောင်းမှုကာလမှ စတင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တွင်တွင်ကျယ်ကျယ်ဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ နိုင်ငံတကာ စံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေတို့ကို ပြဌာန်းခဲ့သည်။ သို့သော် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသော စီမံကိန်းကြီးများကြောင့် ဒေသခံများ၏ အဓိက လုပ်ကိုင်စားသောက်ရာ လယ်မြေယာမြေ ဆုံးရှုံးခြင်းများ၊ နေ့စဉ်လူမှုစီးပွားဘ၀များကို ထိခိုက်မှုခြင်းများ ဖြစ်လာရာ ထိုမှတဆင့် ပဋိပက္ခများဖြစ်ပေါ်လာစေရန် ဦးတည်နေသည့် အခြေအနေကို ဖြစ်ပေါ်စေသည်။ ထိုသို့ ကြီးမားသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတည်ရှိရာ ရခိုင်ဒေသတွင် ရင်ဆိုင်နေရသော သယံဇာတ ခွဲဝေမှုဆိုင်ရာ ပဋိပက္ခများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် တန်းတူညီမျှမှု နိုင်ငံရေး ပဋိပက္ခများအကြောင်းကို ရေးသားဖော်ပြထားသော အစီရင်ခံစာတစောင်နှင့် မိတ်ဆက်ပေးလိုပါသည်။

ပဋိပက္ခပွားစေသော မီးလျှံများ(ရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြှုပ်နှံမှုများ) အစီရင်ခံစာကို ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) က ပြုစုရေးသားကာ ၂၀၂၀ ဇူလိုင်လတွင် ထုတ်ဝေခဲ့သည်။ ယခု အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခ၏ အကြောင်းအရင်းများ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဥရောပ နိုင်ငံများမှ လုပ်ဆောင်နေသော ရင်းနှီးမြှုပ်နှံမှုများ၏ မြေယာနှင့် သဘာ၀သယံဇာတဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားစေသော အကြောင်းအရင်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတွင် ပြည်ထောင်စုအစိုးရထံ ဗဟိုချုပ်ကိုင်မှုအာဏာ လွန်ကဲစွာအသားပေးထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဒေသတွင်းပဋိပက္ခ မီးတောက်ကို ပိုမိုတောက်လောင်စေသော အကြောင်းအချက်များ၊ ရခိုင် နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမျာ၏ မြေယာနှင့် သဘာ၀သယံဇာတများအပေါ် ရခိုင်ပြည်သူလူထု၏ ရပ်တည်ချက် သဘောထားအမြင်ကို တင်ပြထားပြီး မြေယာနှင့် သဘာဝသယံဇာတ ပဋိပက္ခများတွင် ဆန္ဒထုတ်ဖော်ခဲ့သော တက်ကြွလှုပ်ရှားသူများအကြောင်းနှင့် အကြံပြုချက်များကဏ္ဍတို့ ပါဝင်သည်။

ယခု အစီရင်ခံစာကို မိတ်ဆက်ရာတွင် အပိုင်းသုံးပိုင်း ခွဲလိုပါသည်။ ပထမဦးစွာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော ပဋိပက္ခများ၏ နောက်ဆက်တွဲ အကျိုးရလဒ်များကို ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ ကျေးရွာ ၁၀ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး အနည်းဆုံး အရပ်သား ၂၅၇ ဦးကျော် သေဆုံးကာ ၅၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၂၀၀ ကျော်မှ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသော ရွာသားများမှာ ၂၅၀၀၀၀ ကျော်အထိရှိပြီး အနည်းဆုံး ၁၅၆၀၀၀ ဦးမှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက် ရှိသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကျရောက်စဉ် ကာလအတွင်း လူဦးရေ ပြွတ်သိပ်စွာ နေထိုင်ကြရသည့် IDPs စခန်းများနှင့် စစ်ဘေးရှောင် စခန်းများတွင် ရောဂါဖြစ်ပွားလာပါက လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်မှုများ ရှိသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများမှာ မြင့်တက်လာသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း အင်တာနက် ပိတ်ပင်ထားမှုများမှာ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ ကြိုးပမ်းရာ၌ ကြီးစွာသော အခက်အခဲကို ဖြစ်ပေါ်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။ ထို့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ တစိတ်တဒေသလည်းဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း ရေနံတင်သင်္ဘော ခြောက်စီးအထိ ဆိုက်ကပ်နေခြင်းနှင့် တရုတ်နိုင်ငံသား အလုပ်သမား ၄၀၀ ရှိသော ရေနက်ဆိပ်ကမ်းတွင် ဒေသခံအမျိုးသမီးများမှာ ကပ်ရောဂါကာလ၌လည်း အလုပ်ဆင်းကြရဆဲ ဖြစ်သည်။ ထိုသို့သော အကြောင်းအရာများအပြင် အဆိုပါဆိပ်ကမ်းတွင် မှောင်ခိုပြည့်တန်ဆာစျေးကွက် ရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ကူးစက်မည်ကို စိုးရိမ်ပူပန်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော ဦးဆောင်သူများကို ဒေသပိုင်အာဏာပိုင်များက တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။

ဒုတိယပိုင်းအနေဖြင့် သယံဇာတခွဲဝေမှုဆိုင်ရာ ပဋိပက္ခမီးများ၊ တန်းတူညီမျှမှုနှင့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခမီးတောက်များကို သတ္တုချကြည့်ပါက လက်ရှိ ကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုပဋိပက္ခမီးတောက်များကို ပိုမိုတောက်လောင်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။ ၂၁ ရာစုတွင် အရှိန်အဟုန်ဖြင့် အင်အားကြီးမားလာသော ခါးပတ်တကွင်းလမ်းတစင်း စီမံကိန်းထဲတွင် ပါဝင်နေသော ရခိုင်ပြည်နယ်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို တည်မှီ၍ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဗဟိုချက် ဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ၏ ထိုသို့သော လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် အိန္ဒိယနိုင်ငံမှ ဆောင်ရွက်နေသော ကုလားတန်မြစ်စီမံကိန်းကြောင့် ရခိုင်ဒေသသည် အိန္ဒိယ၏ ကုန်သွယ်ရေးဗဟိုချက်လည်း ဖြစ်လာမည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။ သဘာ၀သယံဇာတနှင့် ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့် ပင်လယ်ထွက်ပေါက်ရှိသော ရခိုင်ပြည်နယ်တွင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဥရောပ နိုင်ငံများမှ လုပ်ဆောင်နေသော ရင်းနှီးမြှုပ်နှံမှုအကြီးစား စီမံကိန်းများ၏ အချက်အလက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံး ရခိုင်ပြည်နယ်သည် နိုင်ငံတော်အခွန်ဘဏ္ဍာငွေ၏ အရင်းအမြစ်များဖြစ်သော ရေနံနှင့် သဘာ၀ဓာတ်ငွေ့ကဲ့သို့ စွမ်းအင်ပေါကြွယ်ဝသော်လည်း ပြည်နယ်အစိုးရတွင် သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ပြည်နယ်ဖွံ့ဖြိုးရေး အစီအမံများကို လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးအရ အာဏာခွဲဝေကာ လုပ်ပိုင်ခွင့် ပေးမထားသော ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးသည့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် မညီမျှမှုများကို ဖြစ်ပေါ်စေကာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခမီးတောက်ကို ပိုမိုတောက်လောင်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။

တတိယအပိုင်းအနေဖြင့် အစီရင်ခံစာပါ အကြံပြုချက်များကို အကျဉ်းချုံး ဖော်ပြပါမည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရထံသို့ အကြံပြုချက် ခြောက်ချက်၊ နိုင်ငံတကာအစိုးရများထံသို့ အကြံပြုချက် သုံးချက်နှင့် နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်းကြီးများနှင့် ရှယ်ယာပါဝင်သူ ကုမ္ပဏီများထံသို့ အကြံပြုချက် တချက်တို့ကို တိုက်တွန်းထားသည်။ မြန်မာနိုင်ငံ အစိုးရအား ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် အပစ်အခတ်ရပ်စဲရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရန်နှင့် ကပ်ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းသို့ တရုတ်ရေနံတင်သင်္ဘောများ၊ အလုပ်သမားများ ဝင်ရောက်ခြင်းကို ရပ်ဆိုင်းထားရန်၊ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပဋိပက္ခဖြစ်ပွားရသော အခြေခံရင်းမြစ်ကို ဦးတည်သည့် နိုင်ငံရေး ဆွေးနွေးပွဲစတင်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိနှင့် အသစ်ဖော်ဆောင်မည့် စီမံကိန်းများအား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြုလွှတ်တော်များ အတည်ပြု အသက်ဝင်သည်အထိ ဆိုင်းငံ့ထားရန်၊ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်တဝှမ်းလုံးမှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့် စွဲဆိုထားသောအမှုများကို ချက်ခြင်းရုတ်သိမ်းပေးရန်၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက် ဖြတ်တောက်ထားမှုကို ရပ်တန့်ပေးရန် တိုက်တွန်းထားသည်။

နိုင်ငံတကာအစိုးရများအား တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာစေရန်နှင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်မြောက်ရေးတွင် ဝိုင်းဝန်းပံ့ပိုးလုပ်ဆောင်ရန်၊ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ကာ ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားနယ်မြေများအတွက် ပမာဏများပြားသော ဖွံ့ဖြိုးတိုးတက်ရေးအကူညီနှင့် ထောက်ပံ့ငွေ၊ ချေးငွေများအား ဗဟိုအစိုးရထံသို့ ပေးအပ်ခြင်းကို ဆိုင်းငံ့ထားရန်။ ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိနှင့် အသစ်ဖော်ဆောင်မည့် စီမံကိန်းများအား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြု လွှတ်တော်မပေါ် ပေါက်မချင်း ရပ်ဆိုင်းထားရန် တိုက်တွန်းထားသည်။

နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်းကြီးများနှင့် ရှယ်ယာပါဝင်သူ ကုမ္ပဏီများအား တိုင်းရင်းသားပြည်နယ်များတွင် လက်ရှိနှင့် လုပ်ဆောင်ရန်စီစဉ်ထားသော ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် စီမံကိန်းများအား အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် လွှတ်တော် မပေါ်ပေါက်မချင်း ရပ်ဆိုင်းထားခြင်းအားဖြင့် ဒေသအာဏာပိုင်များ၊ ပြည်သူများနှင့် ရေရှည်လက်တွဲနိုင်မည့် ဆက်ဆံရေးကို ထူထောင်ရန် ဟူ၍ အကြံပြုထားသည်။

နိဂုံးချုပ်အနေဖြင့် ယခုအစီရင်ခံစာကို အနှစ်ချုပ်ကြည့်ပါက ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းများအားလုံးကို အနာဂတ် တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်များ အတည်ပြုပြဌာန်း အသက်ဝင်သည်အထိ ဆိုင်းငံ့ထားပါက ပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု နိုင်ငံခြား အစိုးရများနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအား အကြံပြုတိုက်တွန်းထားသည်။

အစီရင်ခံစာအနှစ်ချုပ်မူရင်း

COVID-19 ကပ်ရောဂါဆိုး၏ အကျပ်အတည်းကို တွေ့ကြုံခံစားနေကြရသည့် ကာလအတွင်း မြန်မာပြည် အနောက်ဘက်ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် မကြုံစဖူးအနေအထားသို့ အရှိန်မြှင့်တင်လျက် ရှိနေသည်ဖြစ်ရာ မြန်မာအစိုးအရနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်မှ ကြွယ်ဝ လှသည့် သဘာဝသယံဇာတများအား အတင်းအဓမ္မ တူးဖော်ထုတ်ယူနေမှုများကို အဆောတလျင် ချက်ချင်းရပ်တန့် ပစ်ရန် လိုအပ်နေသည်။

ဌာနေတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဘဲ ယင်းကဲ့သို့ တူးဖော်ထုတ်ယူမှုများသည် ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို မီးထိုးပေးရာ ရောက်သည်သာမက ဒေသတွင်းပြည်သူလူထုကို ခိုကိုးရာမဲ့ဘဝသို့ ထပ်မံတွန်းပို့ပေး နေသည်။

ဌာနေပြည်သူများ၏ သဘောတူလက်ခံမှုကို မရရှိသည့် ရွှေသဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှု၊ စစ်တွေနှင့် ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်နေသော ကုန်သွယ်ရေးစင်္ကြံများ အပါအဝင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် စီမံကိန်းများအား ပြီးမြောက်အောင် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသော လက်သည်များမှာ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများဖြစ်သည်။

ဒေသတွင်းပြည်သူများသည် ယင်းစီမံကိန်းများမှ မည်သည့်အကျိုးအမြတ်ကိုမှ မရရှိသည့်အပြင် ၎င်းတို့၏ မြေယာများ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို ဆုံးရှုံးကြရပြီး သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေခဲ့သည်။ ထို့ပြင် လက်ရှိ ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ Covid-19 အား ကြံ့ကြံ့ခံ ဖြတ်သန်းကျော်လွှား နိုင်စွမ်းကို ဆိုးဆိုးဝါးဝါး ကျဆင်းစေသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့်အပြင် Covid-19 ကြောင့် မြန်မာပြည်၏ အခြားသော နယ်စပ်အဝင်ဂိတ်များအား ပိတ်ဆို့မှုများ ပြုလုပ်ထားသော်လည်း ကျောက်ဖြူမှ မဒေးကျွန်း ရေနက်ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောကြီးများ အဆက်မပြတ် ဆိုက်ရောက်ကာ တရုတ်ပြည်သို့ ပို့ဆောင်မည့်ရေနံများအား ကုန်ချ နေခဲ့သည်။ ယင်းတွင် Covid-19 ဆိုင်ရာ ကျန်းမာရေး ကာကွယ်စောက်ရှောက်မှု လုပ်ငန်းစဉ်များအား သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ဆောင်ခြင်း ရှိ၊ မရှိကို မသိရသည့်အတွက် အနီးဝန်းကျင်မှ ပြည်သူလူထုမှာ ရောဂါကူးစက်ခံရမည်ကို အထူးပင် စိုးရိမ်ကြောက်ရွံ့လျက် ရှိနေကြသည်။

ရခိုင်ပြည်နယ်မှ သဘာဝသယံဇာတများအား ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ တူးဖော်ထုတ်ယူနေကြခြင်းတွင် အနောက်နိုင်ငံများမှ ရေနံကော်ပိုရေးရှင်းများသည် ပူးပေါင်းပါဝင်လျက်ရှိသည်။ ရခိုင်ကမ်းရိုးတန်းမှ သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်ကြခြင်း၌ ၂၀၁၄ ခုနှစ်ကပင် နိုင်ငံခြားကုမ္ပဏီ ၁၃ ခု ပါဝင် ရင်းနှီးမြှုပ်နှံ ခဲ့ကြသည်။ Australia Wood- side Energy နှင့် French Total ရေနံကုမ္ပဏီများသည် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး အသစ်တွေ့ရှိသော သဘာဝဓာတ်ငွေ့သိုက်များမှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရန် အမေရိကန်ဒေါ်လာ ဘီလီယံချီသော သဘောတူညီချက်များကို ဆွေးနွေးလုပ်ဆောင်လျက်ရှိသည်။ မကြာသေးမီ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၎င်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော ဝင်ငွေများနှင့် အများပြည်သူ သိရှိအောင် ထုတ်ပြန်ထားခြင်းမရှိသည့် ပြည်ပအကူအညီ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတို့သည် နေပြည်တော်အစိုးရ၏ တပြည်ထောင် ဗဟိုချုပ်ကိုင်စိုးမိုးမှုဥပဒေ စည်းမျဉ်းများကို အမှီသဟဲပြုကာ မိမိနိုင်ငံသားများအား တိုက်နေသည့် စစ်ပွဲကို ထောက်ပံ့နေလျက်ရှိသည်။

ရခိုင့်တပ်တော်(AA)အား အပြုတ်တိုက်ရေးဟူသည့် မြန်မာအစိုးရ၏ မဟာဗျူဟာသည် မရှုမလှ ကျရှုံး လျက်ရှိကြောင်း သိသိသာသာ ထင်ရှားလာခဲ့သည်။ သို့ဖြစ်ရာ ယခုကာလသည် နိုင်ငံခြားအစိုးရများ၊ စီးပွားရေး ကော်ပိုရေးရှင်းများနှင့် အဖွဲ့အစည်းများသည် ၎င်းတို့၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒများကို ပြန်လည်သုံးသပ်ပြီး ရခိုင်ပြည်သူပြည်သားများ၏ ဆုံးရှုံးနစ်နာရမှုများကို အလေးဂရုပြု စဉ်းစားကြသင့်သည့် အချိန်အခါပင်ဖြစ်သည်။

ဤအစီရင်ခံစာတွင် – ရခိုင်ပြည်နယ်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နောက်ဆုံးအခြေအနေများ၊ ဒေသတွင်း ပြည်သူများ၏ မြေယာနှင့် ရပိုင်ခွင့်များကို ကာကွယ်နိုင်ရန် ကြိုးပမ်းအားထုတ် တိုက်ပွဲဝင်ရမှုများ၊ ပြည်တွင်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် အဓိကသော့ချက်တခုဖြစ်သည့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် သဘာဝသယံဇာတများအား မည်သို့ကိုင်တွယ် စီမံခန့်ခွဲကြမည်နည်း ဟူသော အဖြေထုတ်မှုများအတွက် နိုင်ငံရေးတွင် ဦးဆောင်ပါဝင်ကြသူများ၏ အဆိုပြုချက်များကို ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်ဆင်နွှဲနေမှုများအား ချက်ချင်းရပ်တန့်ပြီး တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးမှုများကို စတင်အကောင်အထည်ဖော်ရန် မြန်မာအစိုးရအား တိုက်တွန်းသည်။

လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်နိုင်စေရန်အတွက် ရခိုင်ပြည်နယ်နှင့် တိုင်းရင်းသားနယ်မြေများတွင် ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းများအားလုံးကို အနာဂတ် တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်များ အတည်ပြု ပြဌာန်း အသက်ဝင်သည်အထိ ဆိုင်းငံ့ထားရန် နိုင်ငံခြားအစိုးရများနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအား တိုက်တွန်းသည်။

အဖွဲ့အစည်း နောက်ခံသမိုင်းကြောင်း
ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) သည် ၂၀၀၆ ခုနှစ်ကတည်းက ရခိုင်ပြည်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို စောင့်ကြည့်လာနေသော အဖွဲ့ဖြစ်သည်။ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့သည် ဗမာသဘာဝပတ်ဝန်းကျင်အလုပ်ဖွဲ့ (Burma Environmental Working Group) နှင့် Oil Watch South East Asia (Oil Watch SEA) တို့၏ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် မြန်မာ တနိုင်ငံလုံးတွင် ရေရှည်တည်တံ့ခိုင်မြဲသော တရားမျှတမှုနှင့် ငြိမ်းချမ်းရေး ဖြစ်ထွန်းလာစေရေးအတွက် ဖက်ဒရယ်ဆိုင်ရာ သဘာဝသယံဇာတစီမံကိန်း စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေသော အဖွဲ့လည်း ဖြစ်သည်။ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ဝေခဲ့ပြီးသော အစီရင်ခံစာများကို www.oilwatcharakan.org တွင် ရယူနိုင်ပါသည်။

အင်္ဂလိပ်ဘာသာ
https://www.oilwatcharakan.org/fuelling-conflict-investment-exacerbating-turmoil-in-western-burma/

မြန်မာဘာသာ
https://www.docdroid.net/ti9iD5h/arakan-oil-watch-fuelling-conflict-briefer-report-in-burmese-pdf#page=3

ဇေရှိုင်းဗိုလ်

The post ပဋိပက္ခပွားစေသောမီးလျှံများ(ရခိုင့်ဘ၀များကိုတောက်လောင်နေသောရင်းနှီးမြုပ်နှံမှုများ) appeared first on ISP Myanmar China Desk.

တရုတ်၏ BRI စီမံကိန်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွက် အကန့်အသတ်များ
စာတမ်းခေါင်းစဉ် – တရုတ်၏ BRI စီမံကိန်းနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွက် အကန့်အသတ်များ

ရေးသားသူ – Stephen Crowther

ထုတ်ဝေသည့်အဖွဲ့ – Institute for Security & Development Policy

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ ဧပြီ

စာတမ်းအပြည့်အစုံရယူရန် – Legal Constraints of China’s BRI : The Case of Myanmar

တရုတ်ရဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း(BRI) စီမံကိန်းကြီးဟာ နိုင်ငံပေါင်း ၇၀ ကျော်ပါဝင်ပြီး ကမ္ဘာ့လူဦး‌ရေ ၆၅ ရာခိုင်နှုန်းကို ခြုံငုံမိကာ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီရဲ့ သုံးပုံ တပုံခန့်ကို ကိုယ်စားပြုပါတယ်။ စီမံကိန်း တခုလုံးရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ(ဘီလီယံ ၁၀၀၀) ခန့် ရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနဲ့တွဲစပ်ပြီး ဒီစီမံကိန်းကြီးအတွက်  ရင်းနှီးမြှုပ်နှံမှု အများအပြား တည်ရှိနေပါတယ်။ စီမံကိန်းကြီးတွေဟာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားတဲ့အပြင် မြေယာ သိမ်းဆည်းမှု၊ လူမှုဝန်းကျင်နဲ့ သဘာ၀ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု များပြားတာကြောင့် အငြင်းပွားစရာတွေလည်း ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံနှစ်နိုင်ငံ အငြင်းပွားတဲ့အခါ ခိုင်မာတဲ့ ဥပဒေကြောင်းအရ ရပ်တည်ဖြေရှင်းဖို့ လိုပါတယ်။ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းနဲ့ပတ်သက်လို့ ပထဝီနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သမားရိုးကျ နိုင်ငံရေး ရှုထောင့်တွေကနေ သုတေသနစာတမ်းတွေ၊ သုံးသပ်ချက်တွေနဲ့ အကြံပြုချက်များစွာ ရှိပြီး ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ ရှုထောင့်သုံးသပ်ချက်တွေကနေ ကွဲထွက်ပြီး စီမံကိန်းအတွက် အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့ ဖြစ်စဉ်တွေကို ဥပဒေကြောင်းအရ သုံးသပ်ထားတဲ့ စိတ်ဝင်စားဖွယ် သုတေသန စာတမ်းတစောင်ကို မိတ်ဆက်ပေးလိုပါတယ်။

Stephen Crowther ရေးသားပြီး Institute for Security & Development Policy ကထုတ်ဝေတဲ့ Legal Constraints of China’s BRI : The Case of Myanmar (တရုတ်၏ BRI စီမံကိန်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွက် အကန့်အသတ်များ) သုတေသနစာတမ်းဟာ ဒေသန္တရအဆင့်မှာ ဖြစ်ပွားနေတဲ့ (မြေဟာ အငြင်းပွားမှုတွေ၊ ပွင့်လင်းမြင်သာမှုမရှိမှုတွေနဲ့  ပြည်သူလူထုနဲ့ ဆက်ဆံရေးအားနည်းချက်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့) ဥပဒေကြောင်းဆိုင်ရာ ပြဿနာတွေကို ထောက်ပြပြီး အဲဒါကို ဖြေရှင်းဖို့ မူဘောင်တခု လိုအပ်နေကြောင်း ဆွေးနွေးထားတာ ဖြစ်ပါတယ်။

စာတမ်းမှာ တရုတ်နိုင်ငံအတွက် မလက္ကာရေလက်ကြားကို ​ရှောင်ရှားဖို့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုအပေါ်မှာ အခြေခံပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း အဆိုပြုချက် ပေါ်ပေါက်လာမှုနဲ့ စတင်ဖော်ပြထားပါတယ်။ ဆက်လက်ပြီး ဒုတိယပိုင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေးကို စာတမ်းရှင်က အကြမ်းဖျင်း သုံးသပ်ပြထားပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်ကစလို့ အနှစ် ၄၀ ကာလအတွင်းမှာ ပြည်တွင်း တည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ နှစ်နိုင်ငံလုံးမှာ တူညီတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ် ဆင်နွှဲနေရတဲ့ မြန်မာပြည်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေပြီး ဆင်းရဲတဲ့ ယူနန်ပြည်နယ် တခုတည်းရဲ့ ဂျီဒီပီနဲ့ ပျမ်းမျှဝင်ငွေဟာ မြန်မာတနိုင်ငံလုံးထက် သာလွန်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက်ပိုင်း တရုတ်နဲ့ ဝေးကွာပြီး အနောက်ကမ္ဘာနဲ့ နီးစပ်လာမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ ဘင်္ဂါလီ(မူရင်း-ရိုဟင်ဂျာ) အရေးအခင်းကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်မျှော်ရတဲ့ အခြေအနေကို ရောက်သွားတယ်လို့ စာတမ်းရှင်ကဆိုပါတယ်။

မြန်မာပြည်တွင်း ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းမှာ ဥပဒေကြောင်းအရ  ဖြေရှင်းရနိုင်တဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းခံတွေကို စာတမ်းရှင်က တတိယပိုင်းမှာ ဆန်းစစ်ထားပါတယ်။ ပထမတခုကတော့ စီမံကိန်းတွေရဲ့ ပွင့်လင်းမြင်သာမှုအားနည်းမှုဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ သဘောတူလက်မှတ်ထိုးထားတဲ့ နားလည်မှုစာချွန်လွှာတွေကို ပြည်သူလူထုထံ ချပြခြင်း မရှိတာကြောင့် ဥပဒေကြောင်းအရ စိုးရိမ်စရာ၊ အငြင်းပွားစရာတွေ ရှိ၊ မရှိဆိုတာကို သုံးသပ်နိုင်မှု အားနည်းပါတယ်။ စီမံကိန်းအရေအတွက်မှာ အကြမ်းဖျင်းအားဖြင့် ၄၀ ခန့်ရှိမယ်လို့ ခန့်မှန်းကြပေမဲ့ သုံးခုကိုသာ မြန်မာအစိုးရက လူသိရှင်ကြား ထုတ်ဖော်အတည်ပြုထားတယ်လို့ ဆိုပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မြန်မာဘာသာနဲ့ ရရှိနိုင်တဲ့ အခွင့်အလမ်းနည်းပါးတာကြောင့် ဒေသခံတွေအနေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကျိုးဆက်ကို နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။ နောက်တချက်ကတော့ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာနဲ့ လူထုဆက်ဆံဆက်သွယ်ရေး အားနည်းတာကြောင့် ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေကိုလည်း ဥပမာတွေနဲ့ ထောက်ပြထားပါတယ်။ မြစ်ဆုံဆည် စီမံကိန်းမှာ ပြည်သူလူထုနဲ့ ညှိနှိုင်းဆွေးနွေးတာ၊ ဒေသခံတွေရဲ့ အသံတွေကို ထည့်သွင်းစဉ်းစားမှု အားနည်းခဲ့တာတွေကြောင့် စီမံကိန်း ရပ်နားခဲ့ရတာ၊ စီမံကိန်းအတွက် မြေယာသိမ်းဆည်းမှုတွေ ပြုလုပ်ရာမှာ ဥပဒေအရ အထောက်အထားမရှိပေမဲ့ မိရိုးဖလာမြေယာပိုင်ဆိုင်မှုတွေ ရှိနေတာတွေကြောင့်လည်း စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ဥပဒေကြောင်းအရ ရှုပ်ထွေးမှုတွေ ဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာဆိုရင်လည်း ဒေသခံ နှစ်သောင်းခန့်ဟာ မိရိုးဖလာ လုပ်ကိုင်စားသောက်ခဲ့ကြပေမဲ့ မြေယာပိုင်ဆိုင်ကြောင်း အထောက်အထားမပြသနိုင်တဲ့အတွက် မြေယာလျော်ကြေးငွေရရှိဖို့ မဖြစ်နိုင်ဘူးလို့ စာတမ်းရှင်က ထောက်ပြထားပါတယ်။

စတုတ္ထပိုင်းမှာတော့ မြန်မာပြည်တွင်း ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သုံးသပ်ထားပါတယ်။ ပထမတချက်က ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ ပြည်ထောင်စုအစိုးရ၊ ဒေသန္တရအစိုးရ၊ နိုင်ငံတော်ပိုင် ကုမ္ပဏီတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ စတဲ့ တရုတ်နိုင်ငံသားတွေရော မြန်မာနိုင်ငံသားတွေပါ  ပါဝင်ပတ်သက်နေတာကြောင့်  ဘယ်ဥပဒေအောက်မှာ အကျုံးဝင်မလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိမနေဘူးလို့ သုံးသပ်ပါတယ်။ ဒါကြောင့် အငြင်းပွားမှုတွေ ပေါ်ပေါက်တဲ့အခါမှာ တရားရုံးမှာ ဖြေရှင်းမှာလား၊ အနုညာတ စီရင်ဆုံးဖြတ်မှာလား ဒါမှမဟုတ် ကြားဝင်စေ့စပ် ညှိနှိုင်းမှာလား စတဲ့ တိကျတဲ့ ယန္တရားတွေကို သဘောတူညီထားဖို့လိုတယ်လို့ဆိုပါတယ်။ ခိုင်မာတဲ့ ဥပဒေတရပ် မရှိခြင်းကြောင့် ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်မှာတော့ နိုင်ငံအချင်းချင်းကြားမှာ အငြင်းပွားမှုတွေပေါ်ပေါက်လာရင် အနုညာတ အထူးခုံရုံး ဖွဲ့စည်းပြီး ဖြေရှင်းမယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူနဲ့ အစိုးရကြားမှာဖြစ်တဲ့ အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ ဥပဒေတွေနဲ့ နိုင်ငံတကာ ဥပဒေတချို့ ရှိနေတာကိုလည်း ထောက်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနဲ့ တရုတ်ကြား ဖြစ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုတခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ရတဲ့  မြစ်ဆုံဆည်စီမံကိန်းမှာ တရုတ်ကုမ္ပဏီက မြန်မာနိုင်ငံကို တရားစွဲဆိုနိုင်သော်လည်း တရုတ်အစိုးရရဲ့ နိုင်ငံရေးအရ စဉ်းစားချက်တွေကြောင့် တရားမစွဲခဲ့တာကိုကြည့်ရင် နိုင်ံငံရေးစဉ်းစားချက်တွေဟာ ဥပဒေရဲ့ အသက်ဝင်မှုကို လျော့ပါးစေနိုင်တယ်လို့ စာတမ်းရှင်က ထောက်ပြပါတယ်။

နောက်ဆုံးပိုင်းမှာတော့ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဘယ်မှာဖြေရှင်းမလဲဆိုတာ စာတမ်းရှင်က အဖြေရှာထားတာပါ။ ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်း အငြင်းပွားမှုတွေ ဖြေရှင်းဖို့အတွက် ဘေဂျင်းအစိုးရက တရုတ်အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး တရားရုံးများ(Chinese International Commercial Courts – CICC)ကို ၂၀၁၈ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအထဲမှာ ရပ်ဝန်း(Belt)နဲ့ ပတ်သက်တဲ့ ကုန်းလမ်းစီမံကိန်းတွေအတွက် ရှီအန်း ပြည်နယ်နဲ့ လမ်းကြောင်း(Road)နဲ့ ပတ်သက်တဲ့ ရေလမ်းကြောင်းစီမံကိန်းတွေအတွက် ကွမ်ကျိုး ပြည်နယ်တွေက တရားရုံး နှစ်ခု ပါဝင်ပါတယ်။ အရေးအကြီးဆုံးအချက်နဲ့ အခြားသော အပြည်ပြည်ဆိုင်ရာ တရားရုံးတွေနဲ့ မတူညီတဲ့အချက်က CICC မှာ တရုတ်တရားသူကြီးတွေသာ ပါဝင်ပြီး တရုတ်ဘာသာစကားကိုသာ အသုံးပြုတာကြောင့် ဒီတရားရုံးတွေရဲ့ တရားမျှတစွာ ရပ်တည်ဆုံးဖြတ်နိုင်မှုမှာ မေးခွန်းထုတ်စရာရှိပါတယ်။  ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်း အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ တရုတ်လွှမ်းမိုးတဲ့ တရားရုံးတွေ၊ တရားသူကြီးတွေနဲ့ ဖော်ဆောင်ထားတဲ့ မူဘောင်ဟာ မြန်မာနိုင်ငံအတွက် သိသိသာသာ အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီခုံရုံးတွေဟာ ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေမှာ ရွေးချယ်စရာတခု ဖြစ်လာမလားဆိုတာကတော့ ဘေဂျင်းဟာ မြန်မာနိုင်ငံအပါအဝင် အခြားသောနိုင်ငံတွေပါ ဒီတရားရုံးတွေကို အသုံးပြုဖို့ ဘယ်လောက်တိုက်တွန်းနိုင်မလဲ ဆိုတာအပေါ်မှာ မူတည်ပါတယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။ ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်း အငြင်းပွားမှုတွေအတွက် တရုတ်နိုင်ငံက ဖွဲ့စည်းထားတဲ့ ခုံရုံးတွေအပြင် အခြားရွေးချယ်စရာဖြစ်တဲ့ စင်ကာပူ၊ ဟောင်ကောင် စတဲ့ Third Party တွေလည်းရှိသေးတယ်လို့ ထောက်ပြထားပါတယ်။

မိတ်ဆက်ကို နိဂုံးချုပ် ခြုံငုံဖော်ပြရရင်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းဖို့နဲ့ မြန်မာ့အကျိုးစီးပွားအသာရစေဖို့ မြန်မာနိုင်ငံအနေနဲ့ ဥပဒေရေးရာအရ ခိုင်မာအားကောင်းနေဖို့ လိုအပ်ပါတယ်။ နိုင်ငံတခုတည်းက ရင်းနှီးမြှုပ်နှံမှုတွေကို မှီခိုအားထားနေခြင်းဟာ ရေရှည်မှာ အချုပ်အခြာအာဏာနဲ့ ပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမယ့် အန္တရာယ်ကလည်း ကြီးမားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ တင်ဒါတွေ ခေါ်ယူရာမှာလည်း တနိုင်ငံထဲကို ဦးစားပေးတာထက် နိုင်ငံစုံ ညီမျှတဲ့ ကစားကွင်းမျိုး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ တင်ဒါခေါ်ယူခြင်းမျိုး ဖြစ်သင့်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းတွေလုပ်ဆောင်တာ ဖြစ်လို့ ဒေသခံမြန်မာတိုင်းရင်းသားတွေလည်း ထိခိုက်နစ်နာခြင်းမရှိရအောင် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်ဆောင်မယ်ဆိုရင် တရုတ်ရဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမှာ တစိတ်တပိုင်း အထောက်အကူဖြစ်စေပါလိမ့်မယ်လို့ အကြံပြုသုံးသပ်ထားတာတွေ့ရပါတယ်။

သုတေသနစာတမ်း မူရင်းအနှစ်ချုပ်

တရုတ်၏ ကမ္ဘာလွှမ်းခြုံ ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းကြီးကြောင့် များစွာသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။

၎င်းစီမံကိန်းကြီး၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ပေါ်ပေါက်လာသော ဥပဒေကြောင်း ဂယက်များမှာ အာရုံစိုက်ခံရမှု အနည်းဆုံးဖြစ်သည်။

ဘေဂျင်း၏ ပံ့ပိုးမှု အရရှိဆုံး နိုင်ငံများထဲတွင် ပါဝင်သော မြန်မာပြည်၌ ဥပဒေကြောင်းဆိုင်ရာ ပြဿနာများမှာ ဒေသန္တရအဆင့်တွင် မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ အကြောင်းရင်းမှာ မြေယာ အငြင်းပွားခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် လူထု ဆက်ဆံဆက်သွယ်ရေး အားနည်းသောကြောင့် ဖြစ်သည်။

အကယ်၍ စီမံကိန်းနှင့် သက်ဆိုင်သော ကိစ္စများကို အလွယ်တကူ မဖြေရှင်းနိုင်လျှင် အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် ပုံစံအချို့ လိုအပ်ပါလိမ့်မည်။ အဆိုပါ ပုံစံတို့တွင် မြောက်မြားစွာသော  တိုင်းနှင့် ပြည်နယ်များ၊ ကုမ္ပဏီများနှင့် သက်ဆိုင်သူ တယောက်ချင်းစီတို့ ပါဝင်ရပါမည်။

မြောက်မြားစွာသော နည်းလမ်းများတွင် အနုညာတခုံရုံးဖြင့် ဆုံးဖြတ်ခြင်း၊ ဖျန်ဖြေခြင်း၊ ရင်ကြားစေ့ပေးခြင်းတို့ ပါဝင်ပါသည်။ သို့သော်လည်း အငြင်းပွားမှုများကို ဆုံးဖြတ်ရန် မူဘောင်ကို အပြည့်အဝအကောင်အထည်ဖော်ထားခြင်း မရှိသေးပါ။

အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အထက်ပါ လေဟာနယ်က တရုတ်၏ နိုင်ငံရပ်ခြား ပါဝင်ပတ်သက်မှုများအပေါ် မသေချာ မရေရာမှုများကိုသာ တိုးပွားစေပါသည်။

သန့်အောင်ပိုင်

The post တရုတ်၏ BRI စီမံကိန်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွက် အကန့်အသတ်များ appeared first on ISP Myanmar China Desk.

တို့မြေများကို လောင်းကစားပစ်ခြင်း
စာတမ်းခေါင်းစဉ် – တို့မြေများကို  လောင်းကစားပစ်ခြင်း

ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်များအဖြစ်မှကာစီနိုများအဖြစ်သို့ပြောင်းလဲရေး”နေပြည်တော်၏မဟာဗျူဟာ

ရေးသားသူ – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)

ထုတ်ဝေသည့်အဖွဲ့အစည်း – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀ မတ်

ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန် – တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ

အစီရင်ခံစာမိတ်ဆက်

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများထဲမှ တိုင်းရင်းသားလက်နက်ကိုင်အချို့သည် တပ်မတော်ထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ကြပြီး နယ်ခြားစောင့်တပ်အဖြစ် သက်ဆိုင်ရာနယ်မြေများကို ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့်အတူ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည်လည်း အရေးပါလျက်ရှိသည်။ ထိုရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို မလွဲမသွေလိုက်နာရန်နှင့် ဒေသခံများ၏ အကျိုးကို ထည့်သွင်းစဉ်းစားအကောင်အထည်ဖော်ရန် လိုအပ်ပေသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ရေးသားပြုစုထုတ်ဝေသည့် Gambling Away Our Lands – Naypyidaw’s “Battlefields to Casinos” Strategy in Shwe Kokko(တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ  ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ) အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့အနီးတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်နေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအကြောင်းကို လေ့လာထားခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းကို တရုတ်လုပ်ငန်းစု ရာထိုက်(Myanmar Yatai)နှင့် ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ပိုင် ချစ်လင်းမြိုင် ကုမ္ပဏီ တို့ပူးပေါင်းထားသည့် မြန်မာရာထိုက်ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်သည် ယခုအစီရင်ခံစာတွင် မြန်မာအစိုးရထံသို့ တောင်းဆိုချက် ၂ ခု၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုထံသို့ ၁ ခုနှင့် တရုတ်အစိုးရထံသို့  ၂ ခုကို တောင်းဆိုထားသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ ရွှေကုက္ကိုလ်စီမံကိန်းနှင့်သက်ဆိုင်သော သဘောတူစာချုပ်အားလုံးကို ဖျက်သိမ်းပေးရေး၊ ရာထိုက် IHG နှင့် မိတ်ဖက်ကုမ္ပဏီများ ထွက်ခွာသွားရေးအတွက် ပြည်ထောင်စုအစိုးရအနေနှင့် အမိန့်ထုတ်ပေးရန်၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် စီမံချက်အပြည့်အစုံကို ထုတ်ပြန်ပေးရန်နှင့် တရုတ်အစိုးရအနေနှင့် ရွှေကုက္ကိုလ်စီမံကိန်းကို အရေးပေါ်လေ့လာသုံးသပ်ကာ ရာထိုက်နှင့် လက်အောက်ခံကုမ္ပဏီများကို ဥပဒေနှင့်အညီ ချက်ချင်းစစ်ဆေးပေးရန်၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း(BRI)တွင် ရွှေကုက္ကိုလ်စီမံကိန်း၏ ပတ်သက်ဆက်နွယ်မှုအနေအထားကို တရားဝင်ထုတ်ပြန်ပေးရန် စသည့် တောင်းဆိုချက် ၅ ခု ဖြစ်သည်။

ယခုအစီရင်ခံစာတွင် ရွှေကုက္ကိုလ်ဒေသ၏ နောက်ခံသမိုင်းကြောင်းများ၊ စီမံကိန်းဖော်ဆောင်မှုများ၊ ဗမာ့တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ကျောထောက်နောက်ခံပြုသည့် စီမံကိန်းနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ ရာထိုက်၏ ဝေဝါးထွေပြားစေသော ကုမ္ပဏီသမိုင်းကြောင်းနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့်ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများကို ဖော်ပြထားသည်။ ယင်းအပြင် စီမံကိန်းလုပ်ငန်းခွင်သို့ တရုတ်အလုပ်သမား အများအပြားရောက်ရှိလာခြင်း၏ အကြောင်းအရင်းများကို ရေးသားထားသည်။ ၂၀၁၉ ခုနှစ်အတွင်း မြ၀တီမြို့တွင် ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံသားများ၏ လိုင်စင်မဲ့မော်တော်ယာဉ်များမောင်းနှင်ခြင်းနှင့် ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ စသည့် ဥပဒေမဲ့ကျူးလွန်မှူများကြောင့် ဒေသခံများက တရုတ်နိုင်ငံသားများအပေါ် အရေးယူပေးရန် လှုံဆော်မှု ဖြစ်ရပ်များကိုလည်း ဖော်ပြထားသည်။ တရုတ်အလုပ်သမားများသည် အစပိုင်း၌ မြ၀တီမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ယင်းအချက်များကြောင့် နောက်ပိုင်းတွင် BGF ၏စောင့်ရှောက်မှုအောက်တွင် တည်ရှိသော ရွှေကုက္ကိုလ်ဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာတပ်မတော်နှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့ရန် Burma Campaign Uk မှ ထုတ်ပြန်ထားသော အမည်ပျက်စာရင်းတွင် ရာထိုက် IHG ပါဝင်နေသည်။ ရာထိုက် IHG သည် တပ်မတော်လက်အောက်ရှိ BGF အကာအကွယ်ဖြင့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား Casino SEZs အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ တင်ပြခဲ့သော ခွင့်ပြုမိန့်တွင် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ တည်းခိုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အဆင့်မြင့်အိမ်ရာ(Villa) ၅၉ လုံးသာ တည်ဆောက်ခွင့်ပြုခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုချက်ထက်ပို၍ အင်ပြည့်အားပြည့် ဆက်လက် ဖော်ဆောင်နေခြင်းကြောင့် ကရင်ပြည်နယ်အစိုးရက သွားရောက်စစ်ဆေးခဲ့ရာ ယင်းနောက်တွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် စီမံကိန်းအား ယာယီဆိုင်းငံ့ထားခဲ့သည်။ သို့သော် စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာထားသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို တရုတ်လုပ်သားများဖြင့် ဆက်လက်လုပ်ကိုင်နေသည်ဟု ဒေသခံများက ဆိုသည်။

ရာထိုက်၏ Master Plan တွင် အထူးစီးပွားရေးဇုန်ဟု ဖော်ပြထားသည်ဟု အစီရင်ခံစာက ဆိုသည်။ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် ဥပဒေများနှင့် ကွဲလွဲနေသော အဆိုပါစီမံကိန်းသည် “နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် ဗမာ့တပ်မတော်မှ ဦးဆောင်သော နယ်စပ်ရေးရာဝန်ကြီးဌာန အောက်တွင်ရှိပြီး ဝန်ကြီးဌာန၏အဓိကလုပ်ငန်းစဉ်တခုမှာ “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ဆောင်ရွက်ရန်” ဖြစ်သည်ကို ထည့်သွင်းစဉ်းစား သုံးသပ်လျှင် ရွှေကုက္ကိုလ်စီမံကိန်းကို အဆိုပါဝန်ကြီးဌာနက တရားဝင်ခွင့်ပြုချက်ပေးခဲ့သည်ဟု မှတ်ထင်ယူဆနိုင် ပေသည်” ဟု အစီရင်ခံစာကဆိုသည်။

ရွှေကုက္ကိုလ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုသည် တရုတ်အစိုးရက အားပေးထောက်ခံသော တရားဝင်မှုရှိသည့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်မြှင့်တင်နေသလို၊ စီမံကိန်းအား တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းတခု အဖြစ်ပုံဖော်နေသည်။ သို့သော် လက်တွေ့တွင်မူ ရာထိုက်ကုမ္ပဏီ၏ နောက်ခံအချက်အလက်များမှာ ဝေဝါးနေသလို အဆိုပါစီမံကိန်းအား တရုတ်အစိုးရ၏ အောက်းပေးထောက်ခံမှုရှိသည်ဟူသည့် ခိုင်မာသော သက်သေအထောက်အထားမရှိဘဲ ဒီဂျစ်တယ်လောင်းကစားလုပ်ငန်းများနှင့်သာ များစွာဆက်စပ်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

အစီရင်ခံစာပါ အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့် ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ လာအို-တရုတ် နယ်စပ်တွင် ကာစီနိုရုံများ ပေါ်ပေါက်လာကာ ၂၀၀၇ ခုနှစ် အစပိုင်းတွင် အလျင်အမြန်တိုးတက်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ရာဇဝတ်မှုများ ထူပြောလာခြင်းကြောင့် တရုတ်အာဏာ ပိုင်များက ကန့်သတ်ပိတ်ပင်ခဲ့ရာ ၂၀၁၁ တွင် အဆိုပါအထူးစီးပွားရေးဇုန်မှာ ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။

အချုပ်အားဖြင့် ဆိုရသော် ဒေသခံများအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော အကျိုးအပြစ်များကို မသိရှိရခြင်း၊ လယ်ယာမြေသိမ်းဆည်ခံရခြင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း မရရှိဘဲ  တရုတ်အလုပ်သမားများသာ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း၊ ဒေသခံများနှင့် တရုတ်လူမျိုးများအကြား ပြဿနာများအား BGF မှ အာဏာလွှမ်းမိုးခြင်းများ၊ ရာထိုက် IHG ၏ မလည်ရှုပ်စီမံကိန်းနှင့် ဒွိဟဖြစ်ဖွယ်ရာ ကုမ္ပဏီအချက်အလက်များကို ဖတ်ရှုရမည်ဖြစ်သည်။ ယခု အစီရင်ခံစာကို ဗမာ နှင့် အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးဖြင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ထုတ်ဝေထားသည်။

အစီရင်ခံစာ မိတ်ဆက်မူရင်း

ဤအစီရင်ခံစာတွင် အငြင်းပွားဖွယ် ရွှေကုက္ကိုလ် “မြို့သစ်” စီမံကိန်းနှင့်ပတ်သက်၍ ရရှိနိုင်သမျှ သတင်းချက်အလက်များကို အသေးစိတ်လေ့လာဆန်းစစ်ကာ သုံးသပ်ဆွေးနွေးတင်ပြထားသည်။ စီမံကိန်းသည် မြ၀တီမြို့၏ မြောက်ဘက်ဆယ်မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတို့၏ နယ်မြေပေါ်တွင် မကာအိုစတိုင် ဧရာမကာစီနိုလောင်းကစားမြို့တော်တခု တည်ဆောက်လျက်ရှိသော စီမံကိန်းဖြစ်၏။ စီမံကိန်းရင်းနှီးမြုပ်နှံသူများမှာ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holding Group) အမည်ရ ကုမ္ပဏီတခုဖြစ်ပြီး ဗိုလ်မှူးကြီး ချစ်သူ ဦးဆောင်သည့် နယ်မြေခံကရင်နယ်ခြားစောင့်တပ် (BGF)နှင့် မိတ်ဖက်လက်တွဲပူးပေါင်းကာ “မြန်မာရာထိုက် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်(Myanmar Yatai Shwe Kokko Special Economic Zone) စီမံကိန်းဟူသောအမည်ဖြင့် တရား၀င် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းအရောက်တွင် ထောင်ချီသော တရုတ်အလုပ်သမားများ ရောက်ရှိနေခဲ့ခြင်းနှင့်အတူ ရွှေကုက္ကိုလ်ရွာ အရှေ့ဘက်အရပ်ရှိ လယ်ကွင်းများသည် ကြီးမားကျယ်ပြန့်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး လူနေတိုက်ခန်းများ၊ လုံးချင်းအပန်းဖြေအိမ်ရာများ၊ ဟိုတယ်များနှင့် ကာစီနိုလောင်းကစားရုံများအဖြစ် အလျင်အမြန် စတင်ပေါ်ထွက်လာခဲ့သည်။ မြေဧက သုံးသောင်းကျော် လွှမ်းခြုံပါ၀င်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ စီမံချက်များတွင် လေ့လာတွေ့မြင်ခဲ့ရသည်။

KPSN အကြောင်း

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)သည် မြန်မာနိုင်ငံအတွင်း ကရင်လူထုအခြေပြု အဖွဲ့အစည်းများပါဝင်သည့် အကြီးမားဆုံးကွန်ရက်တခု ဖြစ်သည်။ KPSN အဖွဲ့ဝင်များသည် လုံခြုံမှုကင်းမဲ့ပြီး ပဋိပက္ခသက်ရောက်မှုခံရသော ကရင်လူမှုအသိုက်အဝန်းများ၊ နိုင်ငံတွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအတွက် ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာခြင်းဆိုင်ရာ အထောက်အပံ့များကူညီများကို ပံ့ပိုးပေး လာခဲ့သည်။ KPSN သည် ဒေသခံကရင်တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းများကို လုပ်ပိုင်ခွင့်များ မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း အသိပညာပေးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား  မှတ်တမ်းတင်ခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားဒေသများအတွင်း ရေရှည်တည်တံ့မည့် တန်းတူညီမျှသော ငြိမ်းချမ်းရေး ရရှိရေး စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်သည်။

ဇေရှိုင်းဗိုလ်

The post တို့မြေများကို လောင်းကစားပစ်ခြင်း appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
စာတမ်းခေါင်းစဉ် – တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း /လတ်တလောအကျိုးစီးပွားနှင့် ရေရှည်အားထုတ်ရမည့် ငြိမ်းချမ်းရေးအလားအလာ

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၉ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် တတိယမြောက်စာတမ်းဖြစ်သည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းအဆိုပြုချက်ခေါင်းစဉ်အောက်မှ စီမံကိန်းများကို မြန်မာနိုင်ငံ၌ ဖော်ဆောင်လျက်ရှိသည်။ ယခုစာတမ်းတွင် ထိုစီမံကိန်းများအနက်မှ အဓိကစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစိမံကိန်းကို လေ့လာထားပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စင်္ကြံလမ်း၏ သက်ရောက်နိုင်မှုအား ဆန်းစစ်ထားသည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို ‘ငြိမ်းချမ်းရေးသို့ သွားရာလမ်း’ အဖြစ် ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးကာ ငြိမ်းချမ်းရေးတည်ဆောက်မှုအား အထောက်အပံ့ဖြစ်စေမည်ဟု ဆိုပါသည်။ ယင်းကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးအခြေပြုသည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုသည် လက်တွေ့တွင် မည်သည့်အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းမှုရှိသနည်းဆိုသည်ကို သုတေသီ ခင်ခင်ကျော်ကြီးက စာတမ်း၌ ပိုင်းခြားဆန်းစစ်ထားသည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှ တရုတ်၏အခန်းကဏ္ဍနှင့်ဆက်စပ်ပြီး မူဝါဒအသိုင်းအဝိုင်းအတွင်းတွင် ပြောလေ့ပြောထရှိသော ယေဘုယျယူဆချက် အမြင်နှစ်ခုရှိသည်။ ပထမယူဆချက်မှာ တရုတ်သည် မိမိ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အောင်မြင်စေရန်အတွက် မြန်မာ့ငြိမ်းချမ်းရေးကို လိုလားသည်ဖြစ်ရာ ထိုစီမံကိန်းသည် မြန်မာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုလိမ့်မည်။ ဒုတိယတချက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းသည် ပဋိပက္ခ၏ အဓိကအရင်းခံတခု ဖြစ်သောကြောင့် ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှပေးမည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်လိမ့်မည်။

တရုတ်၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အမှတ်လက္ခဏာစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးမထားသော တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ အခြေစိုက်သည့် တည်ငြိမ်မှုမရှိသော မြန်မာနိုင်ငံမြောက်ပိုင်းဒေသအား ဖြတ်သန်းသွားမည်ဖြစ်သည်။ တရုတ်သည် ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်လာကာ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ထိုးလာစေရန် တိုက်တွန်းအားပေးလာခဲ့သည်။

တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်များကို အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးရန် တွန်းအားပေးလာခဲ့သော်လည်း ထိုတွန်းအားပေးမှုသည် နယ်စပ်တွင် တိုက်ပွဲများရပ်ရေးအတွက် တရားဝင်စေသော အပစ်ရပ်စာချုပ်တခုရရှိရေးအပေါ်တွင်သာ အခြေခံသော စဉ်းစားချက်မျိုးဖြစ်ပြီး ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ရေး အလားအလာများအား ထည့်သွင်းစဉ်းစားရန် အားနည်းနေသေးသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်တွင် များစွာသက်ရောက်မှု ရှိမည်ဖြစ်သည်။ လက်ရှိ လက်နက်ကိုင်ပဋိပက္ခများကို ကြီးမားလာစေနိုင်သလို ပဋိပက္ခအသစ်များကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။ အဓိကတွေ့ရနိုင်သော စိန်ခေါ်မှုတချို့မှာ ပဋိပက္ခနယ်မြေများတွင် စစ်ရေးအရချဲ့ထွင်မှုများ ဖြစ်လာနိုင်ခြင်း၊ စီမံကိန်း၏ သက်ရောက်မှုများက ဒေသခံပြည်သူတို့အား နစ်နာစေခြင်းဖြင့် မကျေနပ်မှုများ ကြီးမားလာစေခြင်းများနှင့် စီမံကိန်းနှင့်ပတ်သက်လျက်ရှိသော အကျိုးစီးပွားအသစ်များကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်အား ပိုမိုရှုပ်ထွေးသွားစေနိုင်ခြင်းတို့ပါဝင်သည်။ သို့ဖြစ်ရာ ရေတိုအကျိုးစီးပွားအတွက် ရေရည်အကျိုးဆက်များကို စဉ်းစားရန် ပျက်ကွက်ခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည်။

The post တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း appeared first on ISP Myanmar China Desk.

Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmar
အစီရင်ခံစာအမည် – Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmar

ရေးသားသူ
– TNI

ထုတ်ဝေသည့်အဖွဲ့
– TNI

ထုတ်ဝေသည့်ခုနှစ်
– ၂၀၁၉၊ နိုဝင်ဘာ

အစီရင်ခံစာအပြည့်အစုံရယူရန် – Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmar

အစီရင်ခံစာအကျဉ်းချုပ်

ခါးပတ်နှင့်လမ်းကြောင်းစီမံကိန်း(BRI)သည် ခမ်းနားကြီးကျယ်သည့်မဟာဗျူဟာတစ်ခုဟုထင်ရသော်လည်း
တရုတ်နိုင်ငံ၏အရင်းရှင်စနစ်အကျပ်အတည်းကို ဖြေရှင်းရန်ရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
တပြိုင်နက်တည်းမှာပင် လုပ်ငန်းစဉ်တို့သည် ကျယ်ပြန့်ပြီး စီမံခန့်ခွဲမှုတို့က လျော့လျဲနေသည်။

မည်သည့်လုပ်ငန်းကို မည်သူက မည်သည့်နေရာတွင်လုပ်ဆောင်သည်ဖြစ်စေ
BRI မူဘောင်အောက်သို့ ထည့်သွင်းနိုင်ကာ ယင်း၏စီမံကိန်းခွဲအဖြစ် သတ်မှတ်နိုင်သည်။ ထိုအခါ
တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြည်နယ်အစိုးရတို့သည် စီးပွားရေးဖွံ့ဖြိုးရေးနှင့်
အကျိုးအမြတ်ပိုမိုရရှိရန်အတွက် ၎င်းတို့၏စီမံကိန်းများကို BRI ခေါင်းစဉ်အောက်သို့ ထိုးသွင်းကာ
အရောင်းမြှင့်တင်ရန် ကြိုးပမ်းလာသည်။

သို့သော် ထိုကဲ့သို့ ကျယ်ပြန့်သောမူဘောင်နှင့် များပြားလှသောဇာတ်ကောင်များပါဝင်နေခြင်းကြောင့်
တရုတ်အစိုးရအနေဖြင့် BRI လုပ်ငန်းစဉ်များအပေါ် ထိရောက်စွာအုပ်ချုပ်စီမံနိုင်ရန် စိန်ခေါ်မှုများ
ရှိနေသည်။

၂၀၁၁ ခုနှစ်တွင် မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းလိုက်ရာ
တရုတ်အစိုးရကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ တချိန်တည်းမှာပင် တရုတ်ကုမ္ပဏီများအနေနှင့်
မြန်မာနိုင်ငံတွင် စီမံကိန်းများဆောင်ရွက်ခွင့်ရရှိရန် အခက်အခဲများရှိလာပြီး ယှဉ်ပြိုင်ရမှုသည်လည်း
ပြင်းထန်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ပေါ်ပေါက်ခဲ့သည့်ပြဿနာတို့က
မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေးအက်ကြောင်းဖြစ်ပေါ်ခဲ့စေပြီး
တရုတ်နှင့် ပိုမိုနီးကပ်သွားစေခဲ့သည်။ ထိုအခါ တရုတ်နိုင်ငံအနေနှင့် မြန်မာ့ပဋိပက္ခကို
စီးပွားရေးလမ်းကြောင်းဖြင့် ဖြေရှင်းရန် BRI ခေါင်းစဉ်အောက်မှတဆင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)ကို
တင်သွင်းလာသည်။ တရုတ်၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ယူနန်ပြည်နယ်ရှိလုပ်ငန်းရှင်များသည်
၎င်းတို့ဆန္ဒရှိသည့် စီမံကိန်းများကို CMEC ခေါင်းစဉ်အောက်မှတဆင့် ပြန်လည်လုပ်ဆောင်နိုင်သည့်
အခွင့်အရေးများ ရှိလာသည်။

CMEC စီမံကိန်းတွင် မည်ကဲ့သို့သော လုပ်ငန်းများပါဝင်မည်ကို
ရှင်းလင်းမှုမရှိသော်လည်း BRI တံဆိပ်ကပ်ထားသည့် မြောက်မြားလှသောလုပ်ငန်းများသည် မြန်မာနိုင်ငံတွင်
ဆောင်ရွက်နေပြီဖြစ်သည်။

တရုတ်သတင်းအရင်းအမြစ်များကိုအသုံးပြု၍ စီမံကိန်း လေးခုကို
သေချာလေ့လာဆန်းစစ်ကြည့်သည့်အခါတွင် တရုတ်၏လုပ်ငန်းရှင်များသည် စီမံကိန်းများလုပ်ခွင့်ရရှိရန်
ချဉ်းကပ်စည်းရုံးမှုများစွာ လုပ်ဆောင်ခဲ့သည့်ကို တွေ့ရသည်။ အထူးသဖြင့် ၁။ မြန်မာ-တရုတ်
နှစ်နိုင်ငံလျှပ်စစ်ဓာတ်အားသွယ်တန်းခြင်းစီမံကိန်း၊ ၂။ တရုတ်-မြန်မာ မြန်နှုန်းမြင့်မီးရထားလမ်းစီမံကိန်း၊
၃။ တရုတ်-မြန်မာ ကုန်းလမ်းနှင့် ရေလမ်းဆက်သွယ်ရေးလမ်းကြောင်းစီမံကိန်း၊ ၄။ အထူးစီးပွားရေးဇုန်စီမံကိန်းများတွင်
ဖြစ်သည်။ ယင်းစည်းရုံးခြင်းများအတွက် ဗဟိုအစိုးရကလည်း ပံ့ပိုးသည့်နေရာမှ ပါဝင်ခဲ့သည်။

ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးတိုင်ပင်မှု
မရှိခြင်း၊ စီးပွားရေးတွက်ချေကိုက်မှု မသေချာခြင်း၊ လူမှုရေး၊ စီးပွားရေးပတ်ဝန်းကျင်အပေါ်
ဆိုးကျိုးများရှိနိုင်ခြင်း စသည့်အချက်များကို ယင်းစီမံကိန်းများက မီးမောင်းထိုးပြလျက်လည်း
ရှိနေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိန်းကျောင်းနေသည့်
မြန်မာနိုင်ငံ၏ ဉပဒေနှင့် မူဝါဒများသည် အားနည်းနေသေးပြီး ဒေသခံများထက် စီးပွားရေးလုပ်ငန်းရှင်များကို
ပို၍ အကျိုးပြုနေသည်။ ဉပမာအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်နေသည့်
သဘာဝသယံဇာတများသည် တိုင်းရင်းသားဒေသများတွင် ရှိသော်လည်း မြေယာနှင့်သက်ဆိုင်သည့် လက်ရှိဉပဒေများသည်
တိုင်းရင်းသားများ၏ မြေယာသုံးစွဲမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို အသိအမှတ်ပြုထားခြင်း
မရှိပေ။ ဒေသခံများနှင့် စနစ်တကျတိုင်ပင်ဆွေးနွေးမည့် အစိုးရ၏လမ်းညွှန်ချက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများ၊
လျော်ကြေးပေးခြင်းဆိုင်ရာ ဖြစ်စဉ်များ စသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်သက်ဆိုင်သော
စီမံအုပ်ချုပ်မှုများတွင် အစိုးရ၌ လုံးလောက်ပြည့်စုံမှု မရှိပေ။ ယင်းကြောင့်ပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို
ဒေသခံတို့က စိုးရိမ်ပူပန်လေ့ရှိကြပြီး ဆန့်ကျင်ကန့်ကွက်မှုတို့ကို မကြာခဏလုပ်ဆောင်လျက်ရှိကြသည်။

BRI စီမံကိန်းအများစုသည် ပဋိပက္ခများဖြစ်ပွားရာဒေသများတွင်
ဆောင်ရွက်မည် ဖြစ်သည်။ ထိုဒေသများတွင် လက်နက်ကိုင်ပဋိပက္ခနှင့် လူမှုပဋိပက္ခများ ဖြစ်ပွားနေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် အဆိုပါပဋိပက္ခများအပေါ် ဆိုးကျိုးများမသက်ရောက်စေရန်မှာ
အင်မတန်အရေးကြီးသည့်အချက်ဖြစ်သည်။ သို့ဖြစ်ရာ စီမံကိန်းအားကာကွယ်ရန်အတွက် စစ်အင်အားတိုးချဲ့ခြင်း
မပြုလုပ်သင့်သကဲ့သို့  လက်ရှိပဋိပက္ခကို ပိုမိုဆိုးရွားစေခြင်း
သို့မဟုတ် ပဋိပက္ခအသစ်များ ဖန်တီးခြင်း စသည်တို့ကိုလည်း မပြုလုပ်သင့်ပေ။

The post Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmar appeared first on ISP Myanmar China Desk.

Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)
စာတမ်းအမည် – Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)

ရေးသားသူ – U Myint

ထုတ်ဝေသည့်အဖွဲ့ – REPUBLIC OF THE UNION OF MYANMAR FEDERATION OF CHAMBERS OF COMMERCE AND INDUSTRY (UMFCCI)

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၉၊ ဇူလိုင်

စာတမ်းအပြည့်အစုံ – Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)

စာတမ်းအကျဉ်းချုပ်

ဤစာတမ်းတွင်
တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း
စီမံကိန်းများဖြင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများကို
အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင်
ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာများကို သုံးသပ်အကြံပြုထားသည်။

တရုတ်နိုင်ငံသည်
တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းစီမံကိန်းများကို အကောင်အထည်ဖော်ရန် ဆန္ဒရှိနေပြီး
တဖက်တွင်လည်း မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊
အမျိုးသားညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ငွေကြေးအပါအဝင် တရုတ်နိုင်ငံ၏ပံ့ပိုးကူညီမှုများ
လိုအပ်နေသည်ဖြစ်ရာ အထက်ပါစီမံကိန်းများမှ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းနိုင်မည့်
အလားအလာများရှိသည်။

သို့ဖြစ်ရာ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်
အောက်ပါအချက်များကို အကြံပြု ထားသည်။

တရုတ်-မြန်မာဆက်ဆံရေးတွင်
အဖုအထစ်တစ်ခုဖြစ်နေသာ မြစ်ဆုံဆည်စီမံကိန်းအား အပြီးတိုင်ရပ်စဲပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းစီမံကိန်းနှင့်
အစားထိုးကြောင်းကြေငြာရန် ပထမဆုံး အကြံပြုထားသည်။ ဒုတိအနေဖြင့်
စီမံကိန်းကြီးများအကောင်အထည်ဖော်ရာတွင် ကြံတွေ့လာရနိုင်သည့် သဘာဝပတ်ဝန်းကျင်
ပြဿနာများ၊ လူမှုရေး၊ စီးပွားရေး ပြဿနာများ၊ အကျင့်ပျက်ခြစားမှုပြဿနာများကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းကြသည့်အခါ
ထည့်သွင်းစဉ်းစားရန် ဆွေးနွေးထားသည်။ ထို့အပြင် စီမံကိန်းနှင့် စပ်လျဉ်းသော
သတင်းအချက်အလက်များကို ပြည်သူလူထုလက်လှမ်းမီသိရှိစေရန် ထုတ်ပြန်ပေးရေး၊ စီမံကိန်း
လမ်းကြောင်းတလျှောက်ရှိ လူနည်းစုတိုင်းရင်းသားများ၏အခွင့်အရေးများကို
ဥပဒေများဖြင့် ကာကွယ်ပေးရေး၊ မျှတသောကုန်သွယ်မှုရှိစေရန် မြန်မာနိုင်ငံမှ ဆောင်ရွက်သင့်သည့်
အကြံပြုချက်များနှင့်အတူ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းအကောင်အထည်ဖော်ရာတွင်
သတိချပ်ရမည့် အခြားအကြံပြုချက်များကိုလည်း ဖော်ပြထားသည်။

The post Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI) appeared first on ISP Myanmar China Desk.

On the Road to Kyauk Phyu
စာတမ်းအမည် – On the Road to Kyauk Phyu

ရေးသားသူ – Felix Sternagel

ထုတ်ဝေသည့်အဖွဲ့ – Heinrich Boll Stiftung

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ အောက်တိုဘာ

စာတမ်းအပြည့်အစုံ – On the Road to Kyauk Phyu

စာတမ်းအကျဉ်းချုပ်

ရပ်ဝန်းနှင့်
လမ်းကြောင်းအဆိုပြုချက်၏ တစိတ်တဒေသအဖြစ် တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကို
တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော ကျောက်ဖြူမြို့မှတဆင့်
အိန္ဒိယသုမုဒ္ဒရာအား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြီး တချိန်တည်းမှာပင် မလက္ကာရေလက်ကြားအား
မှီခိုမှုလျော့နည်းသွားစေရန် ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို
ချိတ်ဆက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်ထားပြီးလည်း ဖြစ်သည်။
ထိုပိုက်လိုင်းလမ်းကြောင်းအတိုင်း မီးရထားလမ်းဖောက်လုပ်ရန်ကိုလည်း စီစဉ်ထားသည်။

ကျောက်ဖြူတွင်
စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ပါဝင်သော အထူးစီးပွားရေးဇုန်ဆောက်လုပ်ရန် နှစ်နိုင်ငံအကြား
သဘောတူညီမှုရထားပြီးဖြစ်သည်။ ဤအစီရင်ခံစာသည် ထိုစီမံကိန်းများနှင့် စပ်လျဉ်းသော
အောက်ပါမေးခွန်းများကို အဖြေရှာနိုင်ရန်ဖြစ်သည်။

၁။
ဒေသအဆင့်တွင် ဒေသခံပြည်သူများက စီမံကိန်းများကို မည်သို့မြင်သနည်းနှင့် မည်သို့သော
လိုလားတောင်းဆိုချက်များရှိကြသနည်း။

၂။
နိုင်ငံအဆင့်တွင်  မြန်မာနိုင်ငံအတွက်
အကျိုးဖြစ်ထွန်းစေရန်နှင့် ကြွေးမြီ၀န်မပိစေရန် စီမံကိန်းများကို
မည်သို့အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသနည်း။

၃။
ပထဝီနိုင်ငံရေးအဆင့်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မည်သည့်အကျိုးစီးပွားများ
ရှိသနည်းနှင့် ထိုအကျိုးစီးပွားများသည် စီမံကိန်းကို မည်သို့ ပုံပေါ်လာစေသနည်း။

၁။
ဒေသအဆင့်

ကျောက်ဖြူသည်
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။ ယင်းဒေသရှိ လူငယ်များသည်
အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ရေကြည်ရာမြက်နုရာရှာဖွေရန်
မိမိတို့နေရပ်ကိုစွန့်ခွာလာကြသည်။ ဒေသခံပြည်သူများနှင့် ဆွေးနွေးရာတွင်
ကျောက်ဖြူမြို့နေလူတန်းစားများသည် ပိုမိုသော အလုပ်အကိုင်အခွင့်အလမ်းများကို
မျှော်လင့်ကာ အထူးစီးပွားရေးဇုန်စီမံကိန်းကို ကြိုဆိုကြသည်။

သို့သော်
ကျေးလက်နေလူတန်းစားများကမှု မိမိတို့၏မြေယာများသိမ်းဆည်းခံရမည့်အရေးနှင့်
အထူးစီပွားရေးဇုန်ကြောင့် ပေါ်ထွက်လာမည့် အလုပ်အကိုင်များတွင် ဝင်ရောက်ဆောင်ရွက်ရန်
မိမိတို့၌ လိုအပ်သောအရည်အချင်းများ ပြည့်မီခြင်းမရှိ ဖြစ်နေမည်ကို စိုးရိမ်ကြသည်။
သို့ဖြစ်ရာ မိမိတို့၏ မြေယာများအတွက် သင့်တင့်သော လျော်ကြေးငွေနှင့်
အလုပ်အကိုင်အခွင့်အလမ်းသစ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ပြင်ဆင်ပေးသည့်
သင်တန်းများကို လိုလားကြသည်။

ထိုတောင်းဆိုလိုလားချက်များသည်
ရန်ကုန်တွင်အကောင်အထည်ဖော်လျက်ရှိသော သီလဝါ အထူးစီးပွားရေးဇုန်မှရရှိသည့်
အတွေ့အကြုံများနှင့်လည်း ကိုက်ညီသည်။ မြေယာများအတွက် လျော်ကြေးငွေများထုတ်ပေးခဲ့သော်လည်း
ရွေ့ပြောင်းခံရသူများသည် အထူးစီးပွားရေးဇုန်အတွင်းသော်လည်းကောင်း၊
အခြားနေရာများတွင်သော်လည်းကောင်း ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိခြင်းကြောင့်
လူမှုဘဝပျက်စီးဆုံးရှုံးမှုများနှင့် ကြွေးမြီနွံနစ်ခြင်းများဖြစ်ခဲ့ရသည့် သာဓကများလည်းရှိသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများ စီစဉ်အကောင်အထည်ဖော်ရာတွင်
ပွင့်လင်းမြင်သာမှုနှင့် ဒေသခံများ၏ပါဝင်မှုများ ပိုမိုရှိလာစေရန် လိုအပ်သည်။

၂။
နိုင်ငံအဆင့်

ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန်များ ဆောက်လုပ်ရာတွင် မြန်မာအစိုးရသည် ငွေကြေးပမာဏအမြောက်အမြား ထည့်ဝင်ရန်လိုအပ်သည်ဖြစ်ရာ
ချေးငွေများကို ပြန်မဆပ်နိုင်ပါက သီရိလင်္ကာနိုင်ငံ၏ ဟန်ဘန်တိုတာဆိပ်ကမ်းကဲ့သို့ပင်
တရုတ်နိုင်ငံအား ၀ကွက်အပ်လိုက်ရမည်ကို စိုးရိမ်မှုများရှိကြသည်။

လက်ရှိအခြေအနေတွင်
မြန်မာနိုင်ငံမှထည့်၀င်ရမည့် ရင်းနှီးမြုပ်နှံမှုကုန်ကျစရိတ်ကို တစုံတရာ
လျော့ချနိုင်ခဲ့သော်လည်း ကမ္ဘာတဝန်းရှိ အထူးစီးပွားရေးဇုန်များအား လေ့လာဆန်းစစ်ချက်များအရ
အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်မှုစေရန် ထိုဇုန်များကို
နိုင်ငံ၏စီးပွားရေးနှင့် ချိတ်ဆက်ပေါင်းစည်းနိုင်ရန်လိုအပ်သည် ဟုထောက်ပြခဲ့ကြသည်။

ထိုသို့ပြုလုပ်နိုင်ရန်  မြန်မာနိုင်ငံအနေဖြင့် ပထမဦးစွာ သယ်ယူပို့ဆောင်ရေး
အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်နိုင်ရန်လိုအပ်သည်။ ထို့အပြင်
အထူးစီးပွားရေးဇုန်သည် အထည်ချုပ်စက်ရုံကဲ့သို့သော လုပ်ငန်းများကို ဆွဲဆောင်နိုင်မည်ဖြစ်သော်လည်း
ထိုလုပ်ငန်းများသည် လူမှုနှင့် သဘာ၀၀န်းကျင် ထိခိုက်မှုများရှိနေသလို
ထိုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အချိန်တခုလိုအပ်မည်ဖြစ်သည်။

၃။
ပထဝီဗျူဟာအဆင့်

ရခိုင်ပြည်နယ်အရေးခင်းကြောင့်
မြန်မာနှင့် အနောက်နိုင်ငံတို့အကြား ဆက်ဆံရေး ခွာပြဲနေချိန်တွင်  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနည်းစုသော
နိုင်ငံရေးမဟာမိတ်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

တရုတ်သည်
ယခုဆက်ဆံရေးအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရန်
ကြိုးပမ်းလာနိုင်သည်။ လက်ရှိအခြေအနေအရ တရုတ်နိုင်ငံသည် ကျောက်ဖြူစက်မှုဇုန်ကို အဆောတလျင်
တည်ဆောက်ရန် စီးပွားရေးစေ့ဆော်မှုများစွာ ရှိဟန်မတူသော်လည်း ရေနက်ဆိပ်ကမ်းနှင့်
ရထားလမ်းများဆောက်လုပ်ရန် တွန်းအားတခုဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း
ကျောက်ဖြူဒေသအား အာရုံစိုက်လာမှုများကိုအသုံးချပြီး
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ သို့သော် အားလုံးအကျုံးဝင်သော
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများဖြစ်စေရန် စီမံကိန်းများအား စီစဉ်ရေးဆွဲအကောင်အထည်ဖော်ရာတွင်
ဒေသခံပြည်သူလူထု၏ပါဝင်မှုသည် အရေးကြီးသည်။

The post On the Road to Kyauk Phyu appeared first on ISP Myanmar China Desk.