Armed Conflict Archives - ISP Myanmar China Desk

ပဋိပက္ခပွားစေသောမီးလျှံများ(ရခိုင့်ဘ၀များကိုတောက်လောင်နေသောရင်းနှီးမြုပ်နှံမှုများ)
စာတမ်းခေါင်းစဉ် – ပဋိပက္ခပွားစေသော မီးလျှံများ (ရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြုပ်နှံမှုများ)

ရေးသားသူ – ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)

ထုတ်ဝေသည့်အဖွဲ့ – ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ ဇူလိုင်လ

စာတမ်းအပြည့်အစုံရယူရန် – ပဋိပက္ခပွားစေသော မီးလျှံများ- ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့
FUELLING CONFLICT (INVESTMENT EXACERBATING TURMOIL IN WESTERN BURMA)

ပဋိပက္ခပွားစေသော မီးလျှံများ
ရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြှုပ်နှံမှုများ (အစီရင်ခံစာ မိတ်ဆက်)

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီးကြီးမားသော စီမံကိန်းများ ဖော်ဆောင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ကြီးမားသော အခန်းကဏ္ဍတွင် ရှိနေသည်။ နှစ်စဉ် နိုင်ငံ့ဘဏ္ဍာ လိုငွေပြနေသော မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမ္မတဦးသိန်းစိန်၏ အသွင်ကူး ပြောင်းမှုကာလမှ စတင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တွင်တွင်ကျယ်ကျယ်ဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ နိုင်ငံတကာ စံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေတို့ကို ပြဌာန်းခဲ့သည်။ သို့သော် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသော စီမံကိန်းကြီးများကြောင့် ဒေသခံများ၏ အဓိက လုပ်ကိုင်စားသောက်ရာ လယ်မြေယာမြေ ဆုံးရှုံးခြင်းများ၊ နေ့စဉ်လူမှုစီးပွားဘ၀များကို ထိခိုက်မှုခြင်းများ ဖြစ်လာရာ ထိုမှတဆင့် ပဋိပက္ခများဖြစ်ပေါ်လာစေရန် ဦးတည်နေသည့် အခြေအနေကို ဖြစ်ပေါ်စေသည်။ ထိုသို့ ကြီးမားသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတည်ရှိရာ ရခိုင်ဒေသတွင် ရင်ဆိုင်နေရသော သယံဇာတ ခွဲဝေမှုဆိုင်ရာ ပဋိပက္ခများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် တန်းတူညီမျှမှု နိုင်ငံရေး ပဋိပက္ခများအကြောင်းကို ရေးသားဖော်ပြထားသော အစီရင်ခံစာတစောင်နှင့် မိတ်ဆက်ပေးလိုပါသည်။

ပဋိပက္ခပွားစေသော မီးလျှံများ(ရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြှုပ်နှံမှုများ) အစီရင်ခံစာကို ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) က ပြုစုရေးသားကာ ၂၀၂၀ ဇူလိုင်လတွင် ထုတ်ဝေခဲ့သည်။ ယခု အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခ၏ အကြောင်းအရင်းများ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဥရောပ နိုင်ငံများမှ လုပ်ဆောင်နေသော ရင်းနှီးမြှုပ်နှံမှုများ၏ မြေယာနှင့် သဘာ၀သယံဇာတဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားစေသော အကြောင်းအရင်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတွင် ပြည်ထောင်စုအစိုးရထံ ဗဟိုချုပ်ကိုင်မှုအာဏာ လွန်ကဲစွာအသားပေးထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဒေသတွင်းပဋိပက္ခ မီးတောက်ကို ပိုမိုတောက်လောင်စေသော အကြောင်းအချက်များ၊ ရခိုင် နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမျာ၏ မြေယာနှင့် သဘာ၀သယံဇာတများအပေါ် ရခိုင်ပြည်သူလူထု၏ ရပ်တည်ချက် သဘောထားအမြင်ကို တင်ပြထားပြီး မြေယာနှင့် သဘာဝသယံဇာတ ပဋိပက္ခများတွင် ဆန္ဒထုတ်ဖော်ခဲ့သော တက်ကြွလှုပ်ရှားသူများအကြောင်းနှင့် အကြံပြုချက်များကဏ္ဍတို့ ပါဝင်သည်။

ယခု အစီရင်ခံစာကို မိတ်ဆက်ရာတွင် အပိုင်းသုံးပိုင်း ခွဲလိုပါသည်။ ပထမဦးစွာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော ပဋိပက္ခများ၏ နောက်ဆက်တွဲ အကျိုးရလဒ်များကို ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ ကျေးရွာ ၁၀ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး အနည်းဆုံး အရပ်သား ၂၅၇ ဦးကျော် သေဆုံးကာ ၅၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၂၀၀ ကျော်မှ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသော ရွာသားများမှာ ၂၅၀၀၀၀ ကျော်အထိရှိပြီး အနည်းဆုံး ၁၅၆၀၀၀ ဦးမှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက် ရှိသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကျရောက်စဉ် ကာလအတွင်း လူဦးရေ ပြွတ်သိပ်စွာ နေထိုင်ကြရသည့် IDPs စခန်းများနှင့် စစ်ဘေးရှောင် စခန်းများတွင် ရောဂါဖြစ်ပွားလာပါက လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်မှုများ ရှိသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများမှာ မြင့်တက်လာသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း အင်တာနက် ပိတ်ပင်ထားမှုများမှာ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ ကြိုးပမ်းရာ၌ ကြီးစွာသော အခက်အခဲကို ဖြစ်ပေါ်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။ ထို့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ တစိတ်တဒေသလည်းဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း ရေနံတင်သင်္ဘော ခြောက်စီးအထိ ဆိုက်ကပ်နေခြင်းနှင့် တရုတ်နိုင်ငံသား အလုပ်သမား ၄၀၀ ရှိသော ရေနက်ဆိပ်ကမ်းတွင် ဒေသခံအမျိုးသမီးများမှာ ကပ်ရောဂါကာလ၌လည်း အလုပ်ဆင်းကြရဆဲ ဖြစ်သည်။ ထိုသို့သော အကြောင်းအရာများအပြင် အဆိုပါဆိပ်ကမ်းတွင် မှောင်ခိုပြည့်တန်ဆာစျေးကွက် ရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ကူးစက်မည်ကို စိုးရိမ်ပူပန်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော ဦးဆောင်သူများကို ဒေသပိုင်အာဏာပိုင်များက တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။

ဒုတိယပိုင်းအနေဖြင့် သယံဇာတခွဲဝေမှုဆိုင်ရာ ပဋိပက္ခမီးများ၊ တန်းတူညီမျှမှုနှင့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခမီးတောက်များကို သတ္တုချကြည့်ပါက လက်ရှိ ကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုပဋိပက္ခမီးတောက်များကို ပိုမိုတောက်လောင်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။ ၂၁ ရာစုတွင် အရှိန်အဟုန်ဖြင့် အင်အားကြီးမားလာသော ခါးပတ်တကွင်းလမ်းတစင်း စီမံကိန်းထဲတွင် ပါဝင်နေသော ရခိုင်ပြည်နယ်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို တည်မှီ၍ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဗဟိုချက် ဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ၏ ထိုသို့သော လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် အိန္ဒိယနိုင်ငံမှ ဆောင်ရွက်နေသော ကုလားတန်မြစ်စီမံကိန်းကြောင့် ရခိုင်ဒေသသည် အိန္ဒိယ၏ ကုန်သွယ်ရေးဗဟိုချက်လည်း ဖြစ်လာမည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။ သဘာ၀သယံဇာတနှင့် ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့် ပင်လယ်ထွက်ပေါက်ရှိသော ရခိုင်ပြည်နယ်တွင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဥရောပ နိုင်ငံများမှ လုပ်ဆောင်နေသော ရင်းနှီးမြှုပ်နှံမှုအကြီးစား စီမံကိန်းများ၏ အချက်အလက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံး ရခိုင်ပြည်နယ်သည် နိုင်ငံတော်အခွန်ဘဏ္ဍာငွေ၏ အရင်းအမြစ်များဖြစ်သော ရေနံနှင့် သဘာ၀ဓာတ်ငွေ့ကဲ့သို့ စွမ်းအင်ပေါကြွယ်ဝသော်လည်း ပြည်နယ်အစိုးရတွင် သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ပြည်နယ်ဖွံ့ဖြိုးရေး အစီအမံများကို လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးအရ အာဏာခွဲဝေကာ လုပ်ပိုင်ခွင့် ပေးမထားသော ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးသည့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် မညီမျှမှုများကို ဖြစ်ပေါ်စေကာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခမီးတောက်ကို ပိုမိုတောက်လောင်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။

တတိယအပိုင်းအနေဖြင့် အစီရင်ခံစာပါ အကြံပြုချက်များကို အကျဉ်းချုံး ဖော်ပြပါမည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရထံသို့ အကြံပြုချက် ခြောက်ချက်၊ နိုင်ငံတကာအစိုးရများထံသို့ အကြံပြုချက် သုံးချက်နှင့် နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်းကြီးများနှင့် ရှယ်ယာပါဝင်သူ ကုမ္ပဏီများထံသို့ အကြံပြုချက် တချက်တို့ကို တိုက်တွန်းထားသည်။ မြန်မာနိုင်ငံ အစိုးရအား ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် အပစ်အခတ်ရပ်စဲရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရန်နှင့် ကပ်ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းသို့ တရုတ်ရေနံတင်သင်္ဘောများ၊ အလုပ်သမားများ ဝင်ရောက်ခြင်းကို ရပ်ဆိုင်းထားရန်၊ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပဋိပက္ခဖြစ်ပွားရသော အခြေခံရင်းမြစ်ကို ဦးတည်သည့် နိုင်ငံရေး ဆွေးနွေးပွဲစတင်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိနှင့် အသစ်ဖော်ဆောင်မည့် စီမံကိန်းများအား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြုလွှတ်တော်များ အတည်ပြု အသက်ဝင်သည်အထိ ဆိုင်းငံ့ထားရန်၊ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်တဝှမ်းလုံးမှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့် စွဲဆိုထားသောအမှုများကို ချက်ခြင်းရုတ်သိမ်းပေးရန်၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက် ဖြတ်တောက်ထားမှုကို ရပ်တန့်ပေးရန် တိုက်တွန်းထားသည်။

နိုင်ငံတကာအစိုးရများအား တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာစေရန်နှင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်မြောက်ရေးတွင် ဝိုင်းဝန်းပံ့ပိုးလုပ်ဆောင်ရန်၊ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ကာ ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားနယ်မြေများအတွက် ပမာဏများပြားသော ဖွံ့ဖြိုးတိုးတက်ရေးအကူညီနှင့် ထောက်ပံ့ငွေ၊ ချေးငွေများအား ဗဟိုအစိုးရထံသို့ ပေးအပ်ခြင်းကို ဆိုင်းငံ့ထားရန်။ ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိနှင့် အသစ်ဖော်ဆောင်မည့် စီမံကိန်းများအား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြု လွှတ်တော်မပေါ် ပေါက်မချင်း ရပ်ဆိုင်းထားရန် တိုက်တွန်းထားသည်။

နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်းကြီးများနှင့် ရှယ်ယာပါဝင်သူ ကုမ္ပဏီများအား တိုင်းရင်းသားပြည်နယ်များတွင် လက်ရှိနှင့် လုပ်ဆောင်ရန်စီစဉ်ထားသော ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် စီမံကိန်းများအား အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် လွှတ်တော် မပေါ်ပေါက်မချင်း ရပ်ဆိုင်းထားခြင်းအားဖြင့် ဒေသအာဏာပိုင်များ၊ ပြည်သူများနှင့် ရေရှည်လက်တွဲနိုင်မည့် ဆက်ဆံရေးကို ထူထောင်ရန် ဟူ၍ အကြံပြုထားသည်။

နိဂုံးချုပ်အနေဖြင့် ယခုအစီရင်ခံစာကို အနှစ်ချုပ်ကြည့်ပါက ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းများအားလုံးကို အနာဂတ် တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်များ အတည်ပြုပြဌာန်း အသက်ဝင်သည်အထိ ဆိုင်းငံ့ထားပါက ပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု နိုင်ငံခြား အစိုးရများနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအား အကြံပြုတိုက်တွန်းထားသည်။

အစီရင်ခံစာအနှစ်ချုပ်မူရင်း

COVID-19 ကပ်ရောဂါဆိုး၏ အကျပ်အတည်းကို တွေ့ကြုံခံစားနေကြရသည့် ကာလအတွင်း မြန်မာပြည် အနောက်ဘက်ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် မကြုံစဖူးအနေအထားသို့ အရှိန်မြှင့်တင်လျက် ရှိနေသည်ဖြစ်ရာ မြန်မာအစိုးအရနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်မှ ကြွယ်ဝ လှသည့် သဘာဝသယံဇာတများအား အတင်းအဓမ္မ တူးဖော်ထုတ်ယူနေမှုများကို အဆောတလျင် ချက်ချင်းရပ်တန့် ပစ်ရန် လိုအပ်နေသည်။

ဌာနေတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဘဲ ယင်းကဲ့သို့ တူးဖော်ထုတ်ယူမှုများသည် ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို မီးထိုးပေးရာ ရောက်သည်သာမက ဒေသတွင်းပြည်သူလူထုကို ခိုကိုးရာမဲ့ဘဝသို့ ထပ်မံတွန်းပို့ပေး နေသည်။

ဌာနေပြည်သူများ၏ သဘောတူလက်ခံမှုကို မရရှိသည့် ရွှေသဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှု၊ စစ်တွေနှင့် ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်နေသော ကုန်သွယ်ရေးစင်္ကြံများ အပါအဝင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် စီမံကိန်းများအား ပြီးမြောက်အောင် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသော လက်သည်များမှာ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများဖြစ်သည်။

ဒေသတွင်းပြည်သူများသည် ယင်းစီမံကိန်းများမှ မည်သည့်အကျိုးအမြတ်ကိုမှ မရရှိသည့်အပြင် ၎င်းတို့၏ မြေယာများ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို ဆုံးရှုံးကြရပြီး သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေခဲ့သည်။ ထို့ပြင် လက်ရှိ ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ Covid-19 အား ကြံ့ကြံ့ခံ ဖြတ်သန်းကျော်လွှား နိုင်စွမ်းကို ဆိုးဆိုးဝါးဝါး ကျဆင်းစေသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့်အပြင် Covid-19 ကြောင့် မြန်မာပြည်၏ အခြားသော နယ်စပ်အဝင်ဂိတ်များအား ပိတ်ဆို့မှုများ ပြုလုပ်ထားသော်လည်း ကျောက်ဖြူမှ မဒေးကျွန်း ရေနက်ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောကြီးများ အဆက်မပြတ် ဆိုက်ရောက်ကာ တရုတ်ပြည်သို့ ပို့ဆောင်မည့်ရေနံများအား ကုန်ချ နေခဲ့သည်။ ယင်းတွင် Covid-19 ဆိုင်ရာ ကျန်းမာရေး ကာကွယ်စောက်ရှောက်မှု လုပ်ငန်းစဉ်များအား သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ဆောင်ခြင်း ရှိ၊ မရှိကို မသိရသည့်အတွက် အနီးဝန်းကျင်မှ ပြည်သူလူထုမှာ ရောဂါကူးစက်ခံရမည်ကို အထူးပင် စိုးရိမ်ကြောက်ရွံ့လျက် ရှိနေကြသည်။

ရခိုင်ပြည်နယ်မှ သဘာဝသယံဇာတများအား ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ တူးဖော်ထုတ်ယူနေကြခြင်းတွင် အနောက်နိုင်ငံများမှ ရေနံကော်ပိုရေးရှင်းများသည် ပူးပေါင်းပါဝင်လျက်ရှိသည်။ ရခိုင်ကမ်းရိုးတန်းမှ သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်ကြခြင်း၌ ၂၀၁၄ ခုနှစ်ကပင် နိုင်ငံခြားကုမ္ပဏီ ၁၃ ခု ပါဝင် ရင်းနှီးမြှုပ်နှံ ခဲ့ကြသည်။ Australia Wood- side Energy နှင့် French Total ရေနံကုမ္ပဏီများသည် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး အသစ်တွေ့ရှိသော သဘာဝဓာတ်ငွေ့သိုက်များမှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရန် အမေရိကန်ဒေါ်လာ ဘီလီယံချီသော သဘောတူညီချက်များကို ဆွေးနွေးလုပ်ဆောင်လျက်ရှိသည်။ မကြာသေးမီ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၎င်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော ဝင်ငွေများနှင့် အများပြည်သူ သိရှိအောင် ထုတ်ပြန်ထားခြင်းမရှိသည့် ပြည်ပအကူအညီ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတို့သည် နေပြည်တော်အစိုးရ၏ တပြည်ထောင် ဗဟိုချုပ်ကိုင်စိုးမိုးမှုဥပဒေ စည်းမျဉ်းများကို အမှီသဟဲပြုကာ မိမိနိုင်ငံသားများအား တိုက်နေသည့် စစ်ပွဲကို ထောက်ပံ့နေလျက်ရှိသည်။

ရခိုင့်တပ်တော်(AA)အား အပြုတ်တိုက်ရေးဟူသည့် မြန်မာအစိုးရ၏ မဟာဗျူဟာသည် မရှုမလှ ကျရှုံး လျက်ရှိကြောင်း သိသိသာသာ ထင်ရှားလာခဲ့သည်။ သို့ဖြစ်ရာ ယခုကာလသည် နိုင်ငံခြားအစိုးရများ၊ စီးပွားရေး ကော်ပိုရေးရှင်းများနှင့် အဖွဲ့အစည်းများသည် ၎င်းတို့၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒများကို ပြန်လည်သုံးသပ်ပြီး ရခိုင်ပြည်သူပြည်သားများ၏ ဆုံးရှုံးနစ်နာရမှုများကို အလေးဂရုပြု စဉ်းစားကြသင့်သည့် အချိန်အခါပင်ဖြစ်သည်။

ဤအစီရင်ခံစာတွင် – ရခိုင်ပြည်နယ်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နောက်ဆုံးအခြေအနေများ၊ ဒေသတွင်း ပြည်သူများ၏ မြေယာနှင့် ရပိုင်ခွင့်များကို ကာကွယ်နိုင်ရန် ကြိုးပမ်းအားထုတ် တိုက်ပွဲဝင်ရမှုများ၊ ပြည်တွင်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် အဓိကသော့ချက်တခုဖြစ်သည့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် သဘာဝသယံဇာတများအား မည်သို့ကိုင်တွယ် စီမံခန့်ခွဲကြမည်နည်း ဟူသော အဖြေထုတ်မှုများအတွက် နိုင်ငံရေးတွင် ဦးဆောင်ပါဝင်ကြသူများ၏ အဆိုပြုချက်များကို ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်ဆင်နွှဲနေမှုများအား ချက်ချင်းရပ်တန့်ပြီး တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးမှုများကို စတင်အကောင်အထည်ဖော်ရန် မြန်မာအစိုးရအား တိုက်တွန်းသည်။

လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်နိုင်စေရန်အတွက် ရခိုင်ပြည်နယ်နှင့် တိုင်းရင်းသားနယ်မြေများတွင် ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းများအားလုံးကို အနာဂတ် တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်များ အတည်ပြု ပြဌာန်း အသက်ဝင်သည်အထိ ဆိုင်းငံ့ထားရန် နိုင်ငံခြားအစိုးရများနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအား တိုက်တွန်းသည်။

အဖွဲ့အစည်း နောက်ခံသမိုင်းကြောင်း
ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) သည် ၂၀၀၆ ခုနှစ်ကတည်းက ရခိုင်ပြည်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို စောင့်ကြည့်လာနေသော အဖွဲ့ဖြစ်သည်။ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့သည် ဗမာသဘာဝပတ်ဝန်းကျင်အလုပ်ဖွဲ့ (Burma Environmental Working Group) နှင့် Oil Watch South East Asia (Oil Watch SEA) တို့၏ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် မြန်မာ တနိုင်ငံလုံးတွင် ရေရှည်တည်တံ့ခိုင်မြဲသော တရားမျှတမှုနှင့် ငြိမ်းချမ်းရေး ဖြစ်ထွန်းလာစေရေးအတွက် ဖက်ဒရယ်ဆိုင်ရာ သဘာဝသယံဇာတစီမံကိန်း စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေသော အဖွဲ့လည်း ဖြစ်သည်။ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ဝေခဲ့ပြီးသော အစီရင်ခံစာများကို www.oilwatcharakan.org တွင် ရယူနိုင်ပါသည်။

အင်္ဂလိပ်ဘာသာ
https://www.oilwatcharakan.org/fuelling-conflict-investment-exacerbating-turmoil-in-western-burma/

မြန်မာဘာသာ
https://www.docdroid.net/ti9iD5h/arakan-oil-watch-fuelling-conflict-briefer-report-in-burmese-pdf#page=3

ဇေရှိုင်းဗိုလ်

The post ပဋိပက္ခပွားစေသောမီးလျှံများ(ရခိုင့်ဘ၀များကိုတောက်လောင်နေသောရင်းနှီးမြုပ်နှံမှုများ) appeared first on ISP Myanmar China Desk.

ကုန်သွယ်မှုနှင့် ပဋိပက္ခများ ” မြန်မာ-တရုတ် ဆက်ဆံရေးကို ပုံဖော်ခြင်း”
စာတမ်းခေါင်းစဉ်  – ကုန်သွယ်မှုနှင့် ပဋိပက္ခများ ” မြန်မာ-တရုတ် ဆက်ဆံရေးကို ပုံဖော်ခြင်း”

ရေးသားသူ – International Crisis Group

ထုတ်ဝေသည့်အဖွဲ့အစည်း – International Crisis Group

ထုတ်ဝေသည့်ကာလ – ၂၀၂၀ မတ်

စာတမ်းအပြည့်အစုံရယူရန် – Commerce and Conflict: Navigating Myanmar’s China Relationship

သုတေသနစာတမ်းမိတ်ဆက်

ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု စတာတွေဟာ နိုင်ငံတခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသလို အပြန်အလှန်ကူးလူဆက်ဆံမှုတွေကလည်း နိုင်ငံနှစ်နိုင်ငံအကြား ဆက်ဆံရေးကို လွှမ်းမိုးပုံဖော်နေတဲ့ ညွှန်းကိန်းတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတိုင်းကတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မဖော်ဆောင်နိုင်ပါဘူး။ အထူးသဖြင့် ပဋိပက္ခဒေသတွေမှာ ဆောင်ရွက်နေတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါပဲ။ ဒေသခံတွေရဲ့ ဘ၀ကို တိုးတက်ကောင်းမွန်ဖို့အတွက် စီးပွားရေးအခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးဖို့လိုပေမဲ့ လုပ်ပုံလုပ်နည်း မမှန်ခဲ့ရင် ပြည်သူလူထုရဲ့အကျိုးစီးပွားထက် လက်နက်ကိုင်တွေနဲ့ ၎င်းတို့နဲ့ အကျိုးစီးပွားချင်းထိစပ်နေတဲ့ သူတွေရဲ့ အကျိုးစီးပွားကိုပဲ ဖော်ဆောင်သလိုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ပိုမိုကြီးထွားလာစေနိုင်ပါတယ်။ အလားတူပဲ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့ဆိုရင်လည်း မျှတတဲ့ ကုန်သွယ်ရေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဖော်ဆောင်ပေးတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိဖို့လိုပါတယ်။

International Crisis Group(ICG)က ထုတ်ဝေတဲ့ Commerce and Conflict: Navigating Myanmar’s China Relationship (ကုန်သွယ်မှုနှင့် ပဋိပက္ခများ – မြန်မာ-တရုတ် ဆက်ဆံရေးကိုပုံဖော်ခြင်း) သုတေသနစာတမ်းဟာ နှစ်နိုင်ငံကူးလူးဆက်ဆံမှုများလာခြင်းကြောင့် တိုးပွားလာတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတဆင့် ပဋိပက္ခအပေါ်သက်ရောက်မှုတွေကို လေ့လာဆန်းစစ်ထားတာပါ။ ဒါအပြင် ဆက်ဆံရာမှာ မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တရုတ်ရဲ့  ရှုမြင်ချက်တွေကိုလည်း သုံးသပ်ထားတာ တွေ့ရပါတယ်။ ဒီသုတေသနစာတမ်းမှာ လွတ်လပ်ရေးရပြီးစ ကာလကနေ မျက်မှောက်ခေတ်အထိ တရုတ်-မြန်မာဆက်ဆံရေးကို သုံးသပ်ထားပြီး နောက်ပိုင်းမှာတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း(China-Myanmar Economic Corridor – CMEC)၊ တစ်ရှူးငှက်ပျော၊ ဖရဲ၊ သခွား စတဲ့ မြန်မာ့လယ်ယာကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ ကရင်ပြည်နယ်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း စတာတွေကို ပဋိပက္ခ ရှုထောင့်အမြင်ကနေ လေ့လာထားပါတယ်။

သုတေသနစာတမ်းအဖွင့်ကိုတော့ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး အခြေအနေကို သုံးသပ်တာနဲ့ စဖွင့်ထားပါတယ်။ စာတမ်းက မြန်မာ-တရုတ် ဆက်ဆံရေးဟာ အချင်းချင်း အပြန်အလှန် မယုံကြည်မှုအပေါ် အခြေတည်ထားတယ်လို့ ဆိုပါတယ်။ ၁၉၄၈ – ၁၉၈၈ ခုနှစ်၊ အနှစ်လေးဆယ် ကာလအတွင်းမှာ ကူမင်တန်ကျူးကျော်မှု၊ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အကျိုးဆက်ဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာ အဓိကရုဏ်း၊ ဗမာပြည်ကွန်မြူနစ်ပါတီအရေး စတာတွေကြောင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေများစွာ ရှိခဲ့ပါတယ်။

၁၉၈၈ -၂၀၁၀ ခုနှစ်တွေအတွင်း တပ်မတော်အစိုးရလက်ထက်မှာတော့ အနောက်နိုင်ငံတွေရဲ့ ဖယ်ကြဉ်မှုနဲ့ စီးပွားရေး ပိတ်ဆို့မှုတို့ကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် များစွာ မှီခိုအားထားခဲ့ရတယ်လို့ စာတမ်းကဆိုပါတယ်။ အထူးသဖြင့် ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တပ်မတော်အစိုးရကို အရေးယူဖို့ အဆိုတင်တဲ့အခါ တရုတ်နိုင်ငံက(ရုရှားနိုင်ငံနဲ့အတူ) ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ဒါဟာ ၁၉၇၃ ခုနှစ်ကစလို့ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ခြင်းမရှိဘဲ ကောင်စီရဲ့အဆိုတခုကို ပထမဆုံးအကြိမ် ဗီတိုအာဏာသုံးပြီး ပယ်ချခြင်းလည်း ဖြစ်တယ်လို့ စာတမ်းက ထောက်ပြပါတယ်။ တရုတ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဗီတိုမသုံးခင်မှာ မွန်ဂိုလီးယားအရေး(၁၉၅၅)၊ ဘင်္ဂလားဒေ့ရှ်အရေး(၁၉၇၂)၊ ဂွာတီမာလာအရေး(၁၉၉၇)၊ ကိုဆိုဗိုအရေး(၁၉၉၉) တွေမှာ ဗီတိုသုံးစွဲခဲ့တယ်လို့ လုံခြုံရေးကောင်စီ ဗီတိုအာဏာသုံးတဲ့နိုင်ငံတွေစာရင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ တပ်မတော်အစိုးရကို စစ်ရေး၊ စီးပွားရေးအပြင် နိုင်ငံတကာမျက်နှာစာမှာပါ အထောက်အပံ့ပေးခဲ့လို့ မြန်မာနိုင်ငံ ပြည်သူလူထုအတွင်းမှာ တရုတ်ဆန့်ကျင်ရေး သဘောထားတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့တယ်လို့ စာတမ်းက ဆွေးနွေးထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် တပ်မတော်အစိုးရလက်ထက်မှာ တရုတ်နယ်စပ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ မရှိသလောက်နည်းပါးခဲ့ပါတယ်။ အစိုးရအကူးအပြောင်းကာလ၊ ၂၀၁၁ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရာမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ သဘောထားကွဲလွဲခဲ့တဲ့အတွက် ကေအိုင်အေနဲ့ တပ်မတော်ကြား အနှစ် ၂၀ နီးပါး ကြာမြင့်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ကျိုးပေါက်ခဲ့ပါတယ်။

ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံအတွင်းက တရုတ်နိုင်ငံသားတွေ သေဆုံးမှုရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုဆိုးစေတဲ့အချက်ကတော့ သမ္မတ ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်မှာ မြစ်ဆုံစီမံကိန်းကို ရပ်တန့်စေခဲ့တာတွေဖြစ်ပါတယ်။ ဒီလိုရပ်တန့်စေခဲ့တဲ့အတွက် တရုတ်တို့အနေနဲ့ တုန်လှုပ်အံ့ဩခဲ့ရပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာ-တရုတ်ဆက်ဆံရေးဟာ သိသိသာသာ ကျဆင်းခဲ့ရတယ်လို့ စာတမ်းက သုံးသပ်ထားပါတယ်။

၂၀၁၆ ခုနှစ်မှာ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနောက်ကမ္ဘာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပိုမိုဆိုးရွားလာနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဘင်္ဂါလီ(မူရင်း – ရိုဟင်ဂျာ)အကျပ်အတည်းနဲ့ တရုတ်နယ်စပ်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံအပေါ် ပြန်လည်မှီခိုလာရပါတယ်။ ဒီအချက်တွေအပြင် အစိုးရမဖြစ်ခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်နိုင်ခဲ့တဲ့အကြောင်းတွေ ရေးသားထားတာကိုလည်း ဝေဝေဆာဆာနဲ့ ဖတ်ရှုရမှာပါ။

စာတမ်းက ဆက်လက်သုံးသပ်ရာမှာ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် လွှမ်းမိုးမှုဟာ အတိုင်းအတာ တခုအထိသာရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဖော်ဆောင်ဖို့ကို ဦးတည်စေတယ်။ တရုတ်အနေနဲ့ မြန်မာ့ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံရေးအရ ပြေလည်တာ၊ စစ်ရေးအရ အောင်နိုင်ပြီး လုံးဝငြိမ်းချမ်းရေးရရှိတာမျိုးတွေထက် စီးပွားရေးအရပေါင်းစပ်ပြီး အပစ်ရပ် တည်ငြိမ်နေတာမျိုးကို ပိုလိုလားတယ်။ နောက်တချက်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေက ရှမ်းနဲ့ ရခိုင်ပြည်နယ်ထဲက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေနဲ့ နီးကပ်စွာတည်ရှိနေတယ်။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေမှာရှိတဲ့ စီမံကိန်းတွေဟာ ဒေသခံတွေရဲ့ သမိုင်းနောက်ခံနဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို လျစ်လျူရှုခဲ့မယ်ဆိုရင် ပြည်သူလူထုအတွက် မျှော်မှန်းသလောက် အကျိုးဖြစ်ထွန်းမှု မရှိနိုင်ဘူးလို့ လေ့လာသုံးသပ်ထားပါတယ်။

တရားမဝင် ကုန်သွယ်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍကို ချိတ်ဆက်သုံးသပ်ပြရာမှာ တရားမဝင်ကုန်သွယ်ရုံသာမကတော့ဘဲ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံ စိုက်ပျိုးထုတ်လုပ်လာကြတယ်လို့ စာတမ်းက ရေးသားထားပါတယ်။ တစ်ရှူးငှက်ပျောစိုက်ပျိုးတာနဲ့ ဖရဲစိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား အမည်ခံ ငှားရမ်းလုပ်ကိုင်ကြလေ့ရှိပါတယ်။ နိုင်ငံတော်နဲ့ ဒေသခံမြေပိုင်ရှင်များ အနေနဲ့ အခွန်အခ၊ မြေငှားခနဲ့ အခြေခံအလုပ်သမားတွေအတွက် ပိုမိုများပြားတဲ့ လုပ်ခငွေတွေကို ရေတိုအကျိုးအမြတ်အနေနဲ့ ရရှိကြပါတယ်။ ရေရှည်မှာတော့ လူဝင်မှုကြီးကြပ်ရေး ပြဿနာနဲ့ ဓာတုမြေဩဇာနဲ့ ပိုးသတ်ဆေးတွေကြောင့် မြေပြင်မှာလုပ်ကိုင်နေသူတွေရဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ အခြားသီးနှံစိုက်ပျိုးမှုတွေကို ထိခိုက်စေပါတယ်။ သတိပြုစရာအချက်ကတော့ အစိုးရသာမက လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူတို့ထိန်းချုပ်ရာ နယ်မြေအသီးသီးမှာ အခွန်အခတွေ ရရှိတတ်ကြလို့ လက်နက်ကိုင်ပဋိပက္ခတွေကို ပိုမို ဖြစ်ပွားစေနိုင်ပါတယ်။ အားနည်းချက်တွေကို ထောက်ပြခဲ့ပေမဲ့ သေချာစွာထိန်းချုပ်ကိုင်တွယ်ပြီး ရေရှည်စဉ်ဆက်မပြတ်တိုးတက်ရေးကိုပါ ထည့်သွင်းစဉ်းစားနိုင်မယ်ဆိုရင် မြန်မာ့လယ်ယာကဏ္ဍမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေနိုင်တယ်လို့ စာတမ်းက ဆိုပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်းမှာ ထင်ရှားလာတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ရွှေကုက္ကိုလ်စီမံကိန်းကို တရုတ်ရဲ့ နာမည်ကျော် မဟာဗျူဟာ စီမံကိန်းဖြစ်တဲ့ ခါးပတ်တကွင်းလမ်းတစင်းစီမံကိန်း(Belt and Road Initiative – BRI) နဲ့ချိတ်ဆက်ပြသလေ့ရှိပါတယ်။ လက်နက်ကိုင်ထိန်းချုပ်နယ်မြေမှာရှိတဲ့ ရွှေကုက္ကိုလ်စီမံကိန်းဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(Myanmar Investment Commission – MIC) ကခွင့်ပြုတဲ့ ပမာဏထက် ကျော်လွန်နေမှု၊ လျှပ်စစ်မီးကို တရားမဝင် နိုင်ငံဖြတ်ကျော် သုံးစွဲမှုတွေအပြင် လောင်းကစားလုပ်ငန်းတွေကဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးပြဿနာတွေကြောင့် နယ်ခြားစောင့်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့အကြား နိုင်ငံရေးအရ ပဋိပက္ခဖြစ်လာနိုင်မှုတွေကိုလည်း စာတမ်းက သုံးသပ်ထားပါတယ်။

အချုပ်မှာတော့ တရုတ်စီမံကိန်းတွေဟာ မြန်မာနိုင်ငံအတွက် ပဋိပက္ခတွေကို တိုးမြင့်လာစေနိုင်တဲ့ အလားအလာတွေရှိနေသလို တရုတ်နိုင်ငံအတွက်တော့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေနဲ့ စီမံကိန်းတွေအကောင်အထည်ရာမှာ စိန်ခေါ်မှုတွေ မြင့်မားလာနိုင်ပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီစီမံကိန်းတွေကို ဆွေးနွေးညှိနှိုင်းရာမှာနဲ့ အကောင်အထည်ဖော်ရာမှာ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့နဲ့ ပိုပြီးပွင့်လင်းမြင်သာဖို့လိုပါတယ်။  ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီအချက်အလက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့က စွမ်းဆောင်ရည်ပိုင်းမှာ အကန့်အသတ်တွေရှိနေပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့လည်း စီမံကိန်းတွေကို ထိန်းကျောင်းနိုင်ဖို့နဲ့ ဒီစီမံကိန်းတွေကနေ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေနိုင်ဖို့ စဉ်းစားဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။

သန့်အောင်ပိုင်

The post ကုန်သွယ်မှုနှင့် ပဋိပက္ခများ ” မြန်မာ-တရုတ် ဆက်ဆံရေးကို ပုံဖော်ခြင်း” appeared first on ISP Myanmar China Desk.

တို့မြေများကို လောင်းကစားပစ်ခြင်း
စာတမ်းခေါင်းစဉ် – တို့မြေများကို  လောင်းကစားပစ်ခြင်း

ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်များအဖြစ်မှကာစီနိုများအဖြစ်သို့ပြောင်းလဲရေး”နေပြည်တော်၏မဟာဗျူဟာ

ရေးသားသူ – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)

ထုတ်ဝေသည့်အဖွဲ့အစည်း – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀ မတ်

ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန် – တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ

အစီရင်ခံစာမိတ်ဆက်

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများထဲမှ တိုင်းရင်းသားလက်နက်ကိုင်အချို့သည် တပ်မတော်ထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ကြပြီး နယ်ခြားစောင့်တပ်အဖြစ် သက်ဆိုင်ရာနယ်မြေများကို ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့်အတူ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည်လည်း အရေးပါလျက်ရှိသည်။ ထိုရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို မလွဲမသွေလိုက်နာရန်နှင့် ဒေသခံများ၏ အကျိုးကို ထည့်သွင်းစဉ်းစားအကောင်အထည်ဖော်ရန် လိုအပ်ပေသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ရေးသားပြုစုထုတ်ဝေသည့် Gambling Away Our Lands – Naypyidaw’s “Battlefields to Casinos” Strategy in Shwe Kokko(တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ  ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ) အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့အနီးတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်နေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအကြောင်းကို လေ့လာထားခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းကို တရုတ်လုပ်ငန်းစု ရာထိုက်(Myanmar Yatai)နှင့် ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ပိုင် ချစ်လင်းမြိုင် ကုမ္ပဏီ တို့ပူးပေါင်းထားသည့် မြန်မာရာထိုက်ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်သည် ယခုအစီရင်ခံစာတွင် မြန်မာအစိုးရထံသို့ တောင်းဆိုချက် ၂ ခု၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုထံသို့ ၁ ခုနှင့် တရုတ်အစိုးရထံသို့  ၂ ခုကို တောင်းဆိုထားသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ ရွှေကုက္ကိုလ်စီမံကိန်းနှင့်သက်ဆိုင်သော သဘောတူစာချုပ်အားလုံးကို ဖျက်သိမ်းပေးရေး၊ ရာထိုက် IHG နှင့် မိတ်ဖက်ကုမ္ပဏီများ ထွက်ခွာသွားရေးအတွက် ပြည်ထောင်စုအစိုးရအနေနှင့် အမိန့်ထုတ်ပေးရန်၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် စီမံချက်အပြည့်အစုံကို ထုတ်ပြန်ပေးရန်နှင့် တရုတ်အစိုးရအနေနှင့် ရွှေကုက္ကိုလ်စီမံကိန်းကို အရေးပေါ်လေ့လာသုံးသပ်ကာ ရာထိုက်နှင့် လက်အောက်ခံကုမ္ပဏီများကို ဥပဒေနှင့်အညီ ချက်ချင်းစစ်ဆေးပေးရန်၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း(BRI)တွင် ရွှေကုက္ကိုလ်စီမံကိန်း၏ ပတ်သက်ဆက်နွယ်မှုအနေအထားကို တရားဝင်ထုတ်ပြန်ပေးရန် စသည့် တောင်းဆိုချက် ၅ ခု ဖြစ်သည်။

ယခုအစီရင်ခံစာတွင် ရွှေကုက္ကိုလ်ဒေသ၏ နောက်ခံသမိုင်းကြောင်းများ၊ စီမံကိန်းဖော်ဆောင်မှုများ၊ ဗမာ့တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ကျောထောက်နောက်ခံပြုသည့် စီမံကိန်းနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ ရာထိုက်၏ ဝေဝါးထွေပြားစေသော ကုမ္ပဏီသမိုင်းကြောင်းနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့်ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများကို ဖော်ပြထားသည်။ ယင်းအပြင် စီမံကိန်းလုပ်ငန်းခွင်သို့ တရုတ်အလုပ်သမား အများအပြားရောက်ရှိလာခြင်း၏ အကြောင်းအရင်းများကို ရေးသားထားသည်။ ၂၀၁၉ ခုနှစ်အတွင်း မြ၀တီမြို့တွင် ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံသားများ၏ လိုင်စင်မဲ့မော်တော်ယာဉ်များမောင်းနှင်ခြင်းနှင့် ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ စသည့် ဥပဒေမဲ့ကျူးလွန်မှူများကြောင့် ဒေသခံများက တရုတ်နိုင်ငံသားများအပေါ် အရေးယူပေးရန် လှုံဆော်မှု ဖြစ်ရပ်များကိုလည်း ဖော်ပြထားသည်။ တရုတ်အလုပ်သမားများသည် အစပိုင်း၌ မြ၀တီမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ယင်းအချက်များကြောင့် နောက်ပိုင်းတွင် BGF ၏စောင့်ရှောက်မှုအောက်တွင် တည်ရှိသော ရွှေကုက္ကိုလ်ဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာတပ်မတော်နှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့ရန် Burma Campaign Uk မှ ထုတ်ပြန်ထားသော အမည်ပျက်စာရင်းတွင် ရာထိုက် IHG ပါဝင်နေသည်။ ရာထိုက် IHG သည် တပ်မတော်လက်အောက်ရှိ BGF အကာအကွယ်ဖြင့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား Casino SEZs အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ တင်ပြခဲ့သော ခွင့်ပြုမိန့်တွင် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ တည်းခိုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အဆင့်မြင့်အိမ်ရာ(Villa) ၅၉ လုံးသာ တည်ဆောက်ခွင့်ပြုခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုချက်ထက်ပို၍ အင်ပြည့်အားပြည့် ဆက်လက် ဖော်ဆောင်နေခြင်းကြောင့် ကရင်ပြည်နယ်အစိုးရက သွားရောက်စစ်ဆေးခဲ့ရာ ယင်းနောက်တွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် စီမံကိန်းအား ယာယီဆိုင်းငံ့ထားခဲ့သည်။ သို့သော် စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာထားသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို တရုတ်လုပ်သားများဖြင့် ဆက်လက်လုပ်ကိုင်နေသည်ဟု ဒေသခံများက ဆိုသည်။

ရာထိုက်၏ Master Plan တွင် အထူးစီးပွားရေးဇုန်ဟု ဖော်ပြထားသည်ဟု အစီရင်ခံစာက ဆိုသည်။ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် ဥပဒေများနှင့် ကွဲလွဲနေသော အဆိုပါစီမံကိန်းသည် “နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် ဗမာ့တပ်မတော်မှ ဦးဆောင်သော နယ်စပ်ရေးရာဝန်ကြီးဌာန အောက်တွင်ရှိပြီး ဝန်ကြီးဌာန၏အဓိကလုပ်ငန်းစဉ်တခုမှာ “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ဆောင်ရွက်ရန်” ဖြစ်သည်ကို ထည့်သွင်းစဉ်းစား သုံးသပ်လျှင် ရွှေကုက္ကိုလ်စီမံကိန်းကို အဆိုပါဝန်ကြီးဌာနက တရားဝင်ခွင့်ပြုချက်ပေးခဲ့သည်ဟု မှတ်ထင်ယူဆနိုင် ပေသည်” ဟု အစီရင်ခံစာကဆိုသည်။

ရွှေကုက္ကိုလ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုသည် တရုတ်အစိုးရက အားပေးထောက်ခံသော တရားဝင်မှုရှိသည့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်မြှင့်တင်နေသလို၊ စီမံကိန်းအား တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းတခု အဖြစ်ပုံဖော်နေသည်။ သို့သော် လက်တွေ့တွင်မူ ရာထိုက်ကုမ္ပဏီ၏ နောက်ခံအချက်အလက်များမှာ ဝေဝါးနေသလို အဆိုပါစီမံကိန်းအား တရုတ်အစိုးရ၏ အောက်းပေးထောက်ခံမှုရှိသည်ဟူသည့် ခိုင်မာသော သက်သေအထောက်အထားမရှိဘဲ ဒီဂျစ်တယ်လောင်းကစားလုပ်ငန်းများနှင့်သာ များစွာဆက်စပ်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

အစီရင်ခံစာပါ အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့် ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ လာအို-တရုတ် နယ်စပ်တွင် ကာစီနိုရုံများ ပေါ်ပေါက်လာကာ ၂၀၀၇ ခုနှစ် အစပိုင်းတွင် အလျင်အမြန်တိုးတက်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ရာဇဝတ်မှုများ ထူပြောလာခြင်းကြောင့် တရုတ်အာဏာ ပိုင်များက ကန့်သတ်ပိတ်ပင်ခဲ့ရာ ၂၀၁၁ တွင် အဆိုပါအထူးစီးပွားရေးဇုန်မှာ ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။

အချုပ်အားဖြင့် ဆိုရသော် ဒေသခံများအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော အကျိုးအပြစ်များကို မသိရှိရခြင်း၊ လယ်ယာမြေသိမ်းဆည်ခံရခြင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း မရရှိဘဲ  တရုတ်အလုပ်သမားများသာ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း၊ ဒေသခံများနှင့် တရုတ်လူမျိုးများအကြား ပြဿနာများအား BGF မှ အာဏာလွှမ်းမိုးခြင်းများ၊ ရာထိုက် IHG ၏ မလည်ရှုပ်စီမံကိန်းနှင့် ဒွိဟဖြစ်ဖွယ်ရာ ကုမ္ပဏီအချက်အလက်များကို ဖတ်ရှုရမည်ဖြစ်သည်။ ယခု အစီရင်ခံစာကို ဗမာ နှင့် အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးဖြင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ထုတ်ဝေထားသည်။

အစီရင်ခံစာ မိတ်ဆက်မူရင်း

ဤအစီရင်ခံစာတွင် အငြင်းပွားဖွယ် ရွှေကုက္ကိုလ် “မြို့သစ်” စီမံကိန်းနှင့်ပတ်သက်၍ ရရှိနိုင်သမျှ သတင်းချက်အလက်များကို အသေးစိတ်လေ့လာဆန်းစစ်ကာ သုံးသပ်ဆွေးနွေးတင်ပြထားသည်။ စီမံကိန်းသည် မြ၀တီမြို့၏ မြောက်ဘက်ဆယ်မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတို့၏ နယ်မြေပေါ်တွင် မကာအိုစတိုင် ဧရာမကာစီနိုလောင်းကစားမြို့တော်တခု တည်ဆောက်လျက်ရှိသော စီမံကိန်းဖြစ်၏။ စီမံကိန်းရင်းနှီးမြုပ်နှံသူများမှာ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holding Group) အမည်ရ ကုမ္ပဏီတခုဖြစ်ပြီး ဗိုလ်မှူးကြီး ချစ်သူ ဦးဆောင်သည့် နယ်မြေခံကရင်နယ်ခြားစောင့်တပ် (BGF)နှင့် မိတ်ဖက်လက်တွဲပူးပေါင်းကာ “မြန်မာရာထိုက် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်(Myanmar Yatai Shwe Kokko Special Economic Zone) စီမံကိန်းဟူသောအမည်ဖြင့် တရား၀င် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းအရောက်တွင် ထောင်ချီသော တရုတ်အလုပ်သမားများ ရောက်ရှိနေခဲ့ခြင်းနှင့်အတူ ရွှေကုက္ကိုလ်ရွာ အရှေ့ဘက်အရပ်ရှိ လယ်ကွင်းများသည် ကြီးမားကျယ်ပြန့်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး လူနေတိုက်ခန်းများ၊ လုံးချင်းအပန်းဖြေအိမ်ရာများ၊ ဟိုတယ်များနှင့် ကာစီနိုလောင်းကစားရုံများအဖြစ် အလျင်အမြန် စတင်ပေါ်ထွက်လာခဲ့သည်။ မြေဧက သုံးသောင်းကျော် လွှမ်းခြုံပါ၀င်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ စီမံချက်များတွင် လေ့လာတွေ့မြင်ခဲ့ရသည်။

KPSN အကြောင်း

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)သည် မြန်မာနိုင်ငံအတွင်း ကရင်လူထုအခြေပြု အဖွဲ့အစည်းများပါဝင်သည့် အကြီးမားဆုံးကွန်ရက်တခု ဖြစ်သည်။ KPSN အဖွဲ့ဝင်များသည် လုံခြုံမှုကင်းမဲ့ပြီး ပဋိပက္ခသက်ရောက်မှုခံရသော ကရင်လူမှုအသိုက်အဝန်းများ၊ နိုင်ငံတွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအတွက် ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာခြင်းဆိုင်ရာ အထောက်အပံ့များကူညီများကို ပံ့ပိုးပေး လာခဲ့သည်။ KPSN သည် ဒေသခံကရင်တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းများကို လုပ်ပိုင်ခွင့်များ မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း အသိပညာပေးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား  မှတ်တမ်းတင်ခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားဒေသများအတွင်း ရေရှည်တည်တံ့မည့် တန်းတူညီမျှသော ငြိမ်းချမ်းရေး ရရှိရေး စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်သည်။

ဇေရှိုင်းဗိုလ်

The post တို့မြေများကို လောင်းကစားပစ်ခြင်း appeared first on ISP Myanmar China Desk.

မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ်
စာတမ်းခေါင်းစဉ် – The Intersection of Investment and Conflict in Myanmar

ရေးသားသူ – Priscilla Clapp

ထုတ်ဝေသည့်အဖွဲ့အစည်း – United States Institute of Peace

ထုတ်ဝေသည့်ကာလ – ၂၀၂၀ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံရယူရန် – The Intersection of Investment and Conflict in Myanmar

သုတေသနစာတမ်းမိတ်ဆက်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ဖော်ဆောင်ရာမှာ မြေပေါ်မြေအောက် သယံဇာတတွေ ထုတ်ယူတာပဲဖြစ်ဖြစ်၊ စက်မှုဇုန်တွေ၊ အခြေခံအဆောက်အအုံတွေကို တည်ဆောက်တာပဲဖြစ်ဖြစ်၊ ဒေသခံပြည်သူလူထုတွေရဲ့ နေ့စဉ်ဘဝတွေအပေါ်မှာ အနည်းနဲ့အများဆိုသလို သက်ရောက်မှုတွေ ရှိပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ပွင့်လင်းမြင်သာမှု အားနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ကြုံတွေ့ရရင် ပိုမိုဆိုးရွားတဲ့ အကျိုးဆက်ကို ဖြစ်ပေါ်စေပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ဆောင်ရာမှာ ရေတိုစီးပွားရေးအကျိုးအမြတ်ကို ရှေးရှုရန်လိုအပ်သလို ရေရှည်မှာလည်း ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေကိုမြှင့်တင်ရန် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက်နိုင်ရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့ အသံတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးပါတဲ့အကြောင်းကို ယခုသုတေသနစာတမ်းက ထောက်ပြထားပါတယ်။ ယခုဒီ မိတ်ဆက်ဆောင်းပါးမှာ အထက်ပါ သုတေသနစာတမ်းကို အကျဉ်းချုံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

Priscilla Clapp ရေးသားပြုစုပြီး အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace, USIP) ကထုတ်ဝေတဲ့ The Intersection of Investment and Conflict in Myanmar (မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ်) သုတေသနစာတမ်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပဋိပက္ခပေါ်မှာ သက်ရောက်မှုတွေနဲ့ ဒီရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာကို လေ့လာထားတာပါ။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့  ပါဝင်မှုအခန်းကဏ္ဍကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ဖော်ဆောင်နိုင်မယ်လို့ စာတမ်းရှင်က ဆိုထားပါတယ်။ တနည်းအားဖြင့် စည်းစနစ်ကျတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေဖြစ်လာဖို့ အစိုးရရဲ့ မူဝါဒကောင်းတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်တယ်ဆိုတာကို ထောက်ပြထားတာ ဖြစ်ပါတယ်။

သုတေသနစာတမ်းအဖွင့်ကို တရုတ်ရဲ့ မဟာဗျူဟာအစီအမံဖြစ်တဲ့ ခါးပတ်တကွင်း လမ်းတစင်း (The Belt and Road in Myanmar) နဲ့ စထားပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံမှာ တရုတ်က ကနဦး အဆိုပြုထားတဲ့ စီမံကိန်း ၂၀၊ ၃၀ ခန့်ရှိပြီး ဒီထဲမှာမှ မြန်မာအစိုးရ ခွင့်ပြုထားတဲ့ စီမံကိန်းတွေထဲမှာ ကချင်နဲ့ ရှမ်းနယ်စပ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွေ၊ မူဆယ်-မန္တလေး ရထားလမ်း ဖြစ်တန်ချေလေ့လာဆန်းစစ်မှုနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့ ပါဝင်ပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပမာဏလျှော့ချဖို့ ညှိနှိုင်းခဲ့တာတွေ၊ တရုတ်နဲ့ BRI ကို ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက် နားလည်မှုစာချွန်လွှာ မရေးထိုးခင်မှာ မြန်မာအစိုးရကသူတို့ လိုလားတဲ့ အကြိုသဘောတူညီမှုတွေ ဆွေးနွေးခဲ့တာတွေကို ထောက်ပြပြီး BRI စီမံကိန်းတွေနဲ့ပတ်သက်ရင် မြန်မာအစိုးရအနေနဲ့ သတိထားပြီး ကိုင်တွယ်နေတယ်လို့ သုံးသပ်ထားပါတယ်။ အလားတူပဲ မြန်မာနိုင်ငံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan – MSDP) နဲ့ Project Bank အစီအစဉ်တွေဟာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေတဲ့ မူဘောင်တွေ ဖြစ်တယ်။

ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြည့်တဲ့အခါ တပ်မတော်က နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အဓိကကဏ္ဍတွေမှာ ထိန်းချုပ်ထားခြင်း၊ ကြိုးနီစနစ်ကြီးထွားခဲ့ခြင်း၊ အစိုးရဝန်ကြီးဌာနတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေခြင်း၊ သယံဇာတကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် MSDP ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရာမှာ အဟန့်အတားတွေဖြစ်နေတယ်လို့ စာတမ်းရှင်က ထောက်ပြထားပါတယ်။

ဒါအပြင် မြောက်မြားစွာသော ယူနန်အခြေစိုက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရှိနေပြီး အဲဒါတွေဟာ ဗဟိုအစိုးရ ကွပ်ကဲထိန်းချုပ်နိုင်မှု အပြင်ဘက်မှာ ရှိနေတယ်ဆိုတာကို ထောက်ပြထားပါတယ်။

ဒါကိုထောက်ပြရာမှာ ကရင်ပြည်နယ်မှာအကောင်အထည်ဖော်နေတဲ့ ရွှေကုက္ကိုလ်မြို့ပြစီမံကိန်းကို ဥပမာပြုခဲ့ပါတယ်။ ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ အခြားဖျော်ဖြေရေး လုပ်ငန်းတွေပါဝင်ပြီး တရုတ်နိုင်ငံကခရီးသွားတွေကို ဦးတည်ပုံရတဲ့ ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းနဲ့ မြေ ၂၅ ဧကပေါ်မှာ ဆောက်လုပ်ဖို့ကို  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ စီမံကိန်းရဲ့ပမာဏဟာ လက်တွေ့မှာ အဆပေါင်းများစွာ ပိုမိုကြီးမားနိုင်ပါတယ်။ ဒါအပြင် တရုတ်အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေ အလုံးအရင်းနဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းကနေ ရရှိမယ့်အကျိုးအမြတ်တွေဟာ တရုတ်နိုင်ငံထဲကိုသာ ပြန်လည်စီးဝင်မှာဖြစ်တယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်တဲ့ဒေသတွေမှာ ရှိနေပြီး တရားမဝင်နယ်စပ်ကုန်သွယ်မှုတွေလည်း ရှိနေတာကြောင့် MSDP မူဘောင်အောက်မှာ ဒီရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပါဝင်လာနိုင်မှုက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ စာတမ်းရှင်က ဆွေးနွေးထားပါတယ်။

အတိတ်က ဥပမာတွေကို ပြန်ကြည့်ရင် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ အခွင့်ထူးခံ စီးပွားရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လေ့ရှိတာကြောင့် လက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍ ပိုမိုကြီးမားလာစေပါတယ်။ ငြိမ်းချမ်းရေးမရသေးဘဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် စင်္ကြံလမ်းတစ်လျှောက် စစ်အင်အားချဲ့ထွင်မှုတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုကျယ်ပြန့်လာစေတာကို တွေ့ရပါတယ်။ ဒါအပြင် မြန်မာအစိုးရအနေနဲ့ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဒေသခံပြည်သူလူထုနဲ့ ဆွေးနွေးဖို့၊ လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေအပေါ် (ဒါကို စနစ်တကျလေ့လာဖို့အတွက် စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်တွေ ရှိပေမဲ့) လုံလောက်တဲ့ ထည့်သွင်းစဉ်းစားမှုတွေ မရှိခဲ့ခြင်းကို စာရေးသူက ထောက်ပြထားပါတယ်။

ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်နိုင်ဖို့ အစိုးရအနေနဲ့ မူဘောင်တွေ ချထားပေမဲ့ ဒါတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့ ပါဝင်နိုင်မှု အခန်းကဏ္ဍကို ချဲ့ထွင်နိုင်ဖို့ လိုအပ်ပါတယ်။

ပွင့်လင်းမြင်သာမှု အားနည်းနေဆဲဖြစ်တဲ့ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံလမ်းတလျှောက် စီမံကိန်းတွေ ပိုမို ပွင့်လင်းမြင်သာလာဖို့ အတွက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒေသခံပြည်သူလူထု၊ အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တွေဟာ ပဋိပက္ခနယ်ပယ်များစွာမှာ ဆောင်ရွက်နေတဲ့အတွက် ရင်းနှီး မြှုပ်နှံမှု အဟန့်အတားတွေကို တခြားဒေသတွေက အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဒေသခံတွေအပေါ် ထိခိုက်မှု အနည်းဆုံးနဲ့ အကျိုးရှိအောင် ကူညီဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အချုပ်ဆိုရရင်တော့ MSDP ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်သာမက ဒီမိုကရေစီအလေ့အထတွေ ထွန်းကားလာဖို့အတွက်ပါအသုံးဝင်တဲ့ မူဘောင်တခုဖြစ်ရုံသာမက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုတွေအတွက် ထိရောက်တဲ့ ချိတ်ဆက်မှုတွေလုပ်ဆောင်ဖို့အတွက် ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ MSDP ကို အကောင်အထည်ဖော်တဲ့နေရာမှာ ဒေသခံပြည်သူလူထုရဲ့အသံတွေ ပါဝင်လာမှုမရှိရင်တော့ အနှစ်သာရမရှိတဲ့ စီမံချက်တစ်ခုသာ ဖြစ်နေပါလိမ့်မယ်လို့ စာတမ်းရှင်က ရေးသားထားပါတယ်။

စာတမ်းအကျဉ်းချုပ်

မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို လမ်းညွှန်မှုပေးနိုင်ရန်အတွက် အစိုးရသည် မူဝါဒမူဘောင်အသစ်တစ်ခု(MSDP)ကို ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့သည်။ ပုဂ္ဂလိက၊ ပြည်တွင်းပြည်ပ နိုင်ငံပိုင်လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများသည် အကြီးစားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို မြန်မာပြည်တွင်း၌ ဆောင်ရွက်လျက်ရှိသည်။ အကယ်၍သာ မူဝါဒကို အပြည့်အဝအကောင်အထည် ဖော်နိုင်ခဲ့မည်ဆိုလျှင် ထိုလုပ်ငန်းများအား နိုင်ငံတကာ စံချိန်၊ စံနှုန်းများနှင့် ကိုက်ညီလိုက်နာလာစေအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

နိုင်ငံရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာအဓိကအဟန့်အတားများကို ကျော်လွှားနိုင်ခြင်းမရှိပါက အစိုးရ၏မူဝါဒမှာ စိတ်ကူးယဉ်ဆန္ဒသက်သက်သာ ဖြစ်နေပါလိမ့်မည်။ ယင်းအဟန့်အတားများတွင် အချို့သော နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် တပ်မတော်၏ထိန်းချုပ်ထားမှု၊ သယံဇာတကြွယ်ဝသော နိုင်ငံ၏ အစွန်အဖျားပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေမှုနှင့် အကျင့်ပျက်ခြစားမှု တို့ပါဝင်သည်။

မြန်မာအစိုးရသည် အခြေခံအဆောက်အဦခေတ်မီဖွံ့ဖြိုးစေလိုသောကြောင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံ(CMEC)ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံအကြား မူအားဖြင့် သဘောတူညီပြီး ဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသည်။ အကျိုးဆက်အဖြစ် အထက်ပါစီမံကိန်းများမှာ နှစ်နိုင်ငံစီးပွားရေးကို ယခင်ကထက် ပိုမိုနီးစပ်လာစေမည် ဖြစ်သည်။

မူဝါဒအသစ်ကို အကောင်အထည်ဖော်ရန် လိုအပ်သောစွမ်းဆောင်ရည်ကို ထိန်းထေဖို့ရာ နေပြည်တော်(အစိုးရ)အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ(CSOs)၏ စွမ်းရည်ကို အသုံးချရန် အကြံပြုလိုပါသည်။ CSO အများစုမှာ ပဋိပက္ခနယ်ပယ်များတွင် တက်ကြွစွာလှုပ်ရှားနေပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များက ဒေသခံလူထုအကျိုးစီးပွားဖြစ်ထွန်းစေအောင် ကူညီဆောင်ရွက်ပေးနိုင်ပါလိမ့်မည်။

သန့်အောင်ပိုင်

The post မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ် appeared first on ISP Myanmar China Desk.

မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန် စီမံကိန်း
စာတမ်းခေါင်းစဉ် – မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန် စီမံကိန်း(အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေးအစီရင်ခံစာ)

ရေးသားသူ – သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့

ထုတ်ဝေသည့်အဖွဲ့ – သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၉၊ နိုဝင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်း-သန္ဓိစွမ်းရည်မြှင့်တင်မှုအဖွဲ့

အစီရင်ခံစာအနှစ်ချုပ်

အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို စောင့်ကြည့်လေ့လာ‌ရေး ဒုတိယအကြိမ်အစီရင်ခံစာအဖြစ် သန္ဓိစွမ်းရည်မြှင့်တင်မှုအဖွဲ့က ပြုစုထုတ်ဝေလိုက်ခြင်းဖြစ်ပြီး မြစ်ကြီးနား စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်စီမံကိန်း(Myitkyina Econmomic Development Zone-MEDZ)၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် လေ့လာဆန်းစစ် သုံးသပ်ထားသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် လုပ်ဆောင်မည့် MEDZ  စီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနား၏ မြေဧရိယာ ၂၀၀၀ ဟက်တာခန့်ကို အသုံးပြုမည်ဟု ခန့်မှန်းထားသောကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို အတိုင်းအတာတခုအထိ သက်ရောက်နိုင်မည်ဖြစ်ရာ သတိထားရမည့်ကိစ္စတခု ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ယူနန်ထိန်ချုံးဟန်ရင်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(Yunnan Tengchong Heng Young Investment Company-YTHIC) နှင့် ကချင်ပြည်နယ်အစိုးရတို့ကြား အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။  စီမံကိန်း၏ မြေနေရာသည် တိုင်းရင်းသားပဋိပက္ခများ ဖြစ်ပွားရာဒေသနှင့် အခြားသော တရားမဝင်လှုပ်ရှားမှုများ ဖြစ်ပွားလေ့ရှိရာ ဒေသများနှင့် နီးစပ်နေသောကြောင့် ယင်းစီမံကိန်းသည် တရုတ်ရင်းနှီးမြှုပ်မှုများအပေါ်ထားရှိသည့် မကောင်းသောအမြင်များကို ပိုမိုဆိုးရွားလာစေနိုင်ပါသည်။

ယခုအစီရင်ခံစာသည် MEDZ စီမံကိန်းအပေါ် လေ့လာခြုံငုံ သုံးသပ်ထားခြင်းဖြစ်ပြီး MEDZ ကဲ့သို့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း၏ ကြုံတွေ့နိုင်ရမည့် အန္တရာယ်များကို ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေး၊ ဥပဒေရေးရာ၊ စည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံရေး အစရှိသဖြင့် အခန်းကဏ္ဍ ငါးခုခွဲ၍ လေ့လာဆန်းစစ်ထားသည်။

ဆန်းစစ်တွေ့ရှိမှုများအပေါ် ခြုံငုံသုံးသပ်မှုအရ MEDZ စိမံကိန်းသည် ဆုံးရှုံးနိုင်မှု အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေ မြင့်မားနေပါသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YTHIC ၏ ရှင်းလင်းပြတ်သားသော နောက်ကြောင်းရာဇဝင်၊ မှတ်တမ်းမှတ်ရာများ မရှိမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသောအစိုးရ၏ အုပ်ချုပ်မှုတို့ကြောင့် MEDZ စီမံကိန်းသည် ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဆုံးရှုံးမှု အန္တရာယ်များ မြင့်မားနိုင်သည်။

ထို့အပြင် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YTHIC ၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက်ရှိ တရားမဝင် မှောင်ခိုလုပ်ငန်းများကြောင့် လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဆုံးရှုံးနိုင်မှု အန္တရာယ်မှာလည်း အထူးအရေးကြီးပါသည်။ MEDZ စီမံကိန်းသည် စီမံကိန်းအတွက် ကျသင့်ငွေများကို အများပြည်သူသိရှိစေရန် ဖော်ပြထားသော်လည်း စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာမည့် အကျိုးအမြတ်များနှင့် စီးပွားရေးအခွင့်လအမ်း၊ အလားအလာများအပေါ် ခန့်မှန်းထားမှုများ မရှိသောကြောင့် ကချင်ပြည်နယ်အစိုးရနှင့် ဒေသခံများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှု အန္တရာယ်များ ကြုံတွေ့ရနိုင်မှု မြင့်မားပါသည်။

မြန်မာနိုင်ငံ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ(Myanmar’s Vacant, Fallow and Virgin Land Management Law-VFV Law) သည် ဌာနေ လူမှုအသိုင်းအဝိုင်း၏ မြေယာများအား သိမ်းယူမှုအပေါ် လုံလောက်သော ကာကွယ်မှုများကို မပေးနိုင်သောကြောင့် ဥပဒေရေးရာ၊ စည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုအန္တရာယ်မျးသည် အထူးရေးပြုရမည့် ကိစ္စရပ်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် စီမံကိန်း၏ တည်နေရာမှာ ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားရာဒေသအတွင်း ရှိသောကြောင့် နိုင်ငံရေးအရ ဆုံးရှုံးမှုအန္တရာယ်များ ကြုံတွေ့ရနိုင်ပါသည်ဟု သုံးသပ်ရပါသည်။

ယင်းစီမံကိန်းမှ ကြုံတွေ့နိုင်သော ဆုံးရှုံးမှုအန္တရာယ်များကို လျှော့ချရန်အတွက် မြန်မာနိုင်ငံအစိုးရအနေနှင့် CMEC နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ(BRI) မဟာစီမံကိန်းများနှင့်ပတ်သက်သော လုပ်ငန်းဆောင်ရွက်ချက်များကို ပွင့်လင်းမြင်သာမှု အားကောင်းရေးအတွက် အလေးထားဆောင်ရွက်သင့်ပါသည်ဟု  သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့က အကြံပြုအပ်ပါသည်။ အစိုးရက ချမှတ်ထားသော စီမံကိန်းဘဏ်၏ မူဘောင်များသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရေးအတွက် လုံလောက်မှုမရှိသေးပါ။ အစိုးရအနေနှင့် ဌာနေလူမှုအဖွဲ့အစည်းကို ကာကွယ်ရန်နှင့် ပွင့်လင်းမြင်သာမှုအားကောင်းလာစေရေးအတွက် သက်ဆိုင်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်ရန် လိုအပ်ပါသည်။

The post မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်  စီမံကိန်း appeared first on ISP Myanmar China Desk.

China and Myanmar: Beijing’s Conflicting Role in the Kachin Peace Process
စာတမ်းခေါင်းစဉ် – China and Myanmar: Beijing’s Conflicting Role in the Kachin Peace Process

ရေးသားသူ – Loreen Tsin(Qin Liwen)

ထုတ်ဝေသည့်အဖွဲ့ – Mercator Institute for China Studies

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၄ ဇွန်

စာတမ်းအပြည့်အစုံ – China and Myanmar: Beijing’s Conflicting Role in the Kachin Peace Process

စာတမ်းအကျဉ်းချုပ်

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအောင်မြင်ရေးကို အဆုံးအဖြတ်ပေးနိုင်ပြီး ပြဿနာများစွာရှိသည့် မြန်မာအစိုးရနှင့် ကချင်ပြည်နယ်တို့အကြား ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍသည် အငြင်းပွားစရာတရပ် ဖြစ်နေသည်။

၂၀၁၂ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၃ အစောပိုင်းကာလများအတွင်း တရုတ်-မြန်မာ နယ်စပ်တွင်ဖြစ်ပွားသည့် တင်းမာမှုများသည် တရုတ်နိုင်ငံ၏ နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသည် နှစ်များစွာကြာအောင် ကျင့်သုံးလာခဲ့သော ဝင်ရောက်မစွက်ဖက်ရေးမူဝါဒမှသွေဖယ်ကာ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရားဝင်လက်ခံကျင်းပကာ စေ့စပ်ညှိနှိုင်းပေးခဲ့သည်။

ဘေဂျင်းရှိ မဟာဗျူဟာမြောက်စဉ်းစားသောဗဟိုအစိုးရမှသည် အကျိုးအမြတ်ရှာဖွေမှုကို ဦးစားပေးသည့် ယူနန်ပြည်နယ်အစိုးရများအထိပါဝင်သည့် မြောက်မြားစွာသော တရုတ်နိုင်ငံမ်ပါဝင်ပတ်သတ်သူများသည် မြန်မာပြည်နှင့်ပတ်သက်၍ ကွဲပြားသောအကျိုးစီးပွားများကို မျှော်မှန်းလျက်ရှိသည်။

ယင်းအကျိုးစီးပွားများ၏အချို့မှာ တခုနှင့် တခု ပဋိပက္ခဖြစ်လျက်ရှိရာ အကျိုးဆက်သည် ကချင်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်၏ တသမတ်တည်းမဟုတ်သောမူဝါဒပင် ဖြစ်သည်။

The post China and Myanmar: Beijing’s Conflicting Role in the Kachin Peace Process appeared first on ISP Myanmar China Desk.

China, the United States and the Kachin Conflict
စာတမ်းခေါင်းစဉ် – China, the United States and the Kachin Conflict

ရေးသားသူ – Yun Sun

ထုတ်ဝေသည့်အဖွဲ့ – The Stimson Center

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၄ ဇန်နဝါရီ

စာတမ်းအပြည့်အစုံရယူရန် – China, the United States and the Kachin Conflict

စာတမ်းအကျဉ်းချုပ်

ကာလရှည်ကြာဖြစ်ပွားခဲ့သော ကချင်ပဋိပက္ခသည် မြန်မာ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိက အတားအဆီးတခုဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်အတွက် စိန်ခေါ်စမ်းသပ်ချက်တရပ်လည်း ဖြစ်သည်။

ကေအိုင်အိုနှင့် မြန်မာအစိုးရအကြားတွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဦးစားပေးချက်များ ကွဲလွဲလျက်ရှိသည်။ ဤကွဲလွဲချက်များကို ဖြေရှင်းခြင်းမပြုလျှင် အစိုးရကအဆိုပြုသော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ကေအိုင်အိုပါဝင်ရန်မှာ မလွယ်ကူပါ။

အပစ်အခတ်ရပ်စဲရေးအခြေအနေများနှင့်ပတ်သက်၍ သဘောတူညီချက်မရရှိခြင်းက တရားဝင်အပစ်အခတ်ရပ်စဲရေးကို နှောင့်နှေးစေသည်။ ထို့အပြင် အဖွဲ့အစည်းအချို့သည် လက်နက်ကိုင်ပဋိပက္ခမှ စီးပွားရေးအကျိုးအမြတ်ရရှိနေခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်၏ အလားအလာများကို ပိုမိုနှောင့်နှေးစေခဲ့သည်။

၂၀၁၃ ခုနှစ်၊ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံကကြားဝင်ဖျန်ဖြေခဲ့ခြင်းမှာ ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့ပါဝင်လာရန်အတွက် အရေးပါသော လှုံ့ဆော်ချက်မှာ ကချင်အရေးကိစ္စသည် နိုင်ငံတကာအရေးဖြစ်လာမည်ကို စိုးရိမ်းခြင်းများနှင့် တရုတ်နယ်စပ်တလျှောက်တွင်ဖြစ်ပေါ်လာမည့် အမေရိကန်၏အခန်းကဏ္ဍအနေအထားတို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို မြှင့်တင်ရန်မှာ မြန်မာနိုင်ငံအပေါ်ထားသော အမေရိကန်၏ မူဝါဒတခုဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအစိုးရသည် မိမိ၏ပြည်တွင်းရေးဖြစ်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နိုင်ငံတကာပါဝင်ပတ်သက်မှုကို သတိကြီးစွာထားသည်ဖြစ်ရာ အမေရိကန်နိုင်ငံသည် ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း လွန်လွန်ကျူးကျူးပါဝင်မှုမရှိစေရန် ဂရုစိုက်လျက်ရှိသည်။

The post China, the United States and the Kachin Conflict appeared first on ISP Myanmar China Desk.