CMEC Archives - ISP Myanmar China Desk
ရွှေကုက္ကိုစီမံကိန်း
၁။ စီမံကိန်းအကျဉ်းချုပ်
ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ (၁၅ ကီလိုမီတာခန့်) အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ China Town ဟု လူသိများသည်။
အဆိုပါစီမံကိန်းကို ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) မှခွဲထွက်ခဲ့ပြီး တပ်မတော်လက်အောက်ရှိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သော ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ဖွဲ့နှင့်အတူ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) တို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။
ထိုမြို့သစ်စီမံကိန်းသည် ဧက သုံးသောင်းနီးပါး အကျယ်အဝန်းအထိ ဖြန့်ကျက်ရန်ရည်ရွယ်ထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ကုန်ကျနိုင်မည်ဟု တွက်ချက်ထားသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါသော စီမံကိန်းတခုဖြစ်သည်ဟု အကောင်အထည်ဖော်နေသော ကုမ္ပဏီက အခိုင်အမာပြောဆိုထားသည်။ တရုတ်နိုင်ငံ၌ ၂၀၁၉ ခုနှစ်က ဘေဂျင်းတွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ခါးပတ်တကွင်း လမ်းတစင်းစီမံကိန်း (BRI) ဖိုရမ်တွင် YIHG ကဖော်ပြသော အဆိုပါ စီးပွားရေးစင်္ကြံဖော်ဆောင်ရန် ထုတ်ပြန်ကြေညာခြင်း၊ ဆွေးနွေးခြင်းများ မရှိခဲ့ပါ။ ၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင် YIHG ၏ ဥက္ကဋ္ဌ မစ္စတာစယ်လွင်ခိုက်သည် တရုတ်- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Li Fuquan နှင့် မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံခဲ့ပြီး တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးနှင့် “One Belt One Road” ၏ အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ ဘလော့ချိန်းနည်းပညာကိုအသုံးပြုသည့် အဆင့်မြင့်မြို့ပြအိမ်ရာစီမံကိန်းအနေနှင့် ခရီးသွားများကို ဆွဲဆောင်ရန် အပန်းဖြေနေရာများ၊ လောင်းကစားရုံများ၊ ဈေးဝယ်စင်တာများ၊ သယ်ယူပို့ဆောင်ရေးနေရာများ၊ နိုင်ငံတကာအဆင့်မီလေဆိပ်၊ စက်မှုဇုန်တည်ဆောက်ရေး၊ နိုင်ငံတကာ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးစင်တာအထိ ပါဝင်ပြီး တရုတ်လုပ်ငန်းရှင်များ၊ ခရီးသွားများကို အဓိကဆွဲဆောင်မည့် မကာအိုစတိုင် ကာစီနိုလောင်းကစားမြို့တော်တခုအဖြစ် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်နှင့် မြန်မာနိုင်ငံနယ်စပ်မြို့ မြဝတီတို့ကို ဆက်သွယ်ထားသော အဓိကကျသည့် နယ်စပ်ဖြတ်ကျော်ဂိတ်နှင့် အဆိုပါစီမံကိန်းသည် ကီလိုမီတာ ၂၀ ခန့်သာ ကွာဝေးသည်။ စီမံကိန်းသည် အာရှအရှေ့ပိုင်း၊ အရှေ့တောင်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့ကို ဆက်သွယ်မည့် ဒေသတွင်းရှိ မဟာဗျုဟာကျ လမ်းမကြီးဖြစ်လာရန် အလားအလာရှိသည့် ထိုင်းနှင့် မြန်မာကို ချိတ်ဆက်ထားသော အာရှအဝေးပြေးလမ်းမကြီး အမှတ် (၁) နှင့်လည်း ချိတ်ဆက်ရန် လွယ်ကူသည့် အနီးဆုံးနေရာတွင် တည်ရှိနေသည်။
၂။ စီမံကိန်းနောက်ခံ
“မြန်မာ-ရထိုက် ရွှေကုက္ကိုအထူးစီးပွားရေးဇုန်” ကို အထူးပြဋ္ဌာန်းချက်များဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းအဖြစ် ရွှေကုက္ကိုစီမံကိန်းကို ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ စီမံကိန်းသည် ကရင်ပြည်နယ်ခြားစောင့်တပ်၏ ထိန်းချုပ်ရာရှိ မြဝတီမြို့ မြောက်ဘက် သောင်ရင်းမြစ်ကမ်းပါးတွင် တည်ထားသည်။ ထိုစီမံကိန်းကို ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု (Yatai International Holding Group) နှင့် ဗိုလ်မှုးကြီး စောချစ်သူဦးဆောင်သော နယ်ခြားစောင့်တပ် (ယခင် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်-DKBA) ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သော DKBA သည် နယ်စပ်တွင် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခွင့်ရနေသည်။ ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုသည် ဘန်ကောက်တွင် အခြေစိုက်ကာ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းဖြစ်သည်။ သို့သော် လုပ်ငန်းစုကို ဦးဆောင်နေသူများမှာ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားများအဖြစ် ခံယူထားသော တရုတ်လူမျိုးများဖြစ်သည်။
၂.၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် စီမံကိန်းအခြေအနေ
၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုလုပ်ငန်းစုသည် ခရီးသွားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသော ကုမ္ပဏီတခုဖြစ်ကြောင်း ၎င်း၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရထိုက်လုပ်ငန်းစုသည် စီမံကိန်းအကောင်အထည်ဖော်ရန်၂၀၁၆ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး ကုမ္ပဏီနှင့် နယ်ခြားစောင့်တပ်တို့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံကာ အစီအမံကို ကနဦးဆွေးနွေးခဲ့သည်။ သို့သော် စီမံကိန်းအစီအမံသည် ပြည်နယ်က အတည်ပြုပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုပမာဏထက် များပြားနေသောကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ တင်ပြရန် လွှဲပြောင်းပေးခဲ့သည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရထိုက်လုပ်ငန်းစုနှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းကာ မြန်မာ- ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစု (Myanmar Yatai International Holding Group) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမျာမှတ်ပုံတင်ဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။ ထို့အပြင် စီမံကိန်း အကောင်အထည်ဖော်ရန် ဘေဂျင်းအခြေစိုက် ပြည်ပရောက် တရုတ်လူမျိုးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ချုပ် (China Federation of Overseas Chinese Entrepreneurs) ၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင် ကျင်းပနေသော ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ်စွန့်ဦးတီထွင်ပညာရှင်များညီလာခံအတွင်း၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှုးကြီး စောချစ်သူနှင့်လည်း သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာန၏ မှတ်တမ်းအရ ကုမ္ပဏီရှယ်ယာကို ကမ္ဘောဒီးယားနိုင်ငံသားက ၆၇ ဒသမ ၆၈ ရာခိုင်နူန်း၊ မလေးရှားလုပ်ငန်းရှင်နှစ်ဦးက ၁၂ ဒသမ ၃၂ ရာခိုင်နူန်း၊ နယ်ခြားစောင့်တပ်မှ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
စီမံကိန်းသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကုန်ကျမည့် နိုင်ငံတကာ အဆင့်မီမြို့တော်တခုကို မြေဧက ၂၉၆၅၂ ဒသမ ၆ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရထိုက်က တရားဝင်ထုတ်ပြန်ထားသော စီမံကိန်း အသေးစိတ်အချက် ဗီဒီယိုတွင် ဖော်ပြထားသည်။ ကနဦး ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ကျော် ကုန်ကျမည်ဟုလည်း ခန့်မှန်းထားသည်။ စီမံကိန်းတခုလုံး၏ ရည်မှန်းချက်မှာ အဆင့်မြင့်နည်းပညာသုံး မြို့တမြို့တည်ဆောက်ရန်၊ ဒေသတွင်းတွင် နည်းပညာအခြေပြု ဗဟိုချက်တခု ဖြစ်လာစေရန် ဖြစ်သည်ဟုဆိုသည်။ နိုင်ငံတကာ လေဆိပ်၊ ဇိမ်ခံအိမ်ရာများ၊ အခန်း ၁၂၀၀ ပါဝင်သော ဟိုတယ်၊ လောင်းကစားရုံများ၊ အပန်းဖြေအဆောက်အဦး အမျိုးမျိုး၊ ဈေးဝယ်စင်တာများ၊ စက်မှုဇုန်များ၊ ကုန်တင်သိုလှောင်ရုံ၊ ဆိပ်ကမ်း၊ နိုင်ငံတကာအဆင့်မီတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဇုန်၊ ခရီးသွားများအတွက် အပန်းဖြေဇုန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေးဇုန်၊ ရုပ်ရှင်ရုံများနှင့် ရေပူစမ်းများ တည်ဆောက်ရန် ရည်ရွယ်ထားသည်။ စီမံကိန်းကြီးတခုလုံးကို ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။ ရွှေကုက္ကိုစီမံကိန်းမှာ ရထိုက်လုပ်ငန်းစု၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် ငွေကြေးပမာဏအများဆုံးရင်းနှီးမြှုပ်နှံခြင်းလည်း ဖြစ်သည်။
၂၀၁၇၊ ဧပြီတွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတွင် စီမံကိန်းအကောင်အထည်ဖော်ရန် တင်ပြခဲ့သည်။ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်မပြုသေးခင်မှာပင် စီမံကိန်းအတွက် မြေယာရှင်းလင်းခြင်းများကို ပြုလုပ်နေကြောင်း မှတ်တမ်းများက ဆိုသည်။ ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက်တွင်၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းကို စတင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားပြီးပြီဖြစ်ကြောင်း ဖော်ပြထားသည်။ စီမံကိန်းပထမအဆင့်အဖြစ် ဇိမ်ခံအိမ်ရာ ၅၉ လုံးကို မြေ ၂၅ ဒသမ ၅ ဧကပေါ်တွင် တည်ဆောက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ပေးသည်။
ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းသတ်မှတ်ထားသည်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အဆိုအရ ကုမ္ပဏီက တင်ပြထားသည့် စီမံကိန်းပထမဆင့်တွင် လောင်းကစားရုံများ၊ လေဆိပ်နှင့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ တည်ဆောက်မည့် အစီအစဉ်များ မပါဝင်ချေ။ စာချုပ်အရ မြေပိုင်ဆိုင်ခွင့် သက်တမ်းမှာ နှစ်ပေါင်း ၇၀ ဖြစ်ပြီး ၉၉ နှစ်သက်တမ်း အထိ တိုးနိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားသော အဆောက်အဦးများထက် ပိုမိုကျော်လွန်ကာ ဆောက်လုပ်နေကြောင်း တွေ့ရှိရသဖြင့် ပြည်သူအများက ပြည်နယ်အစိုးရထံတွင် တိုင်ကြားခဲ့သည်။ ထိုတည်ဆောက်ရေးလုပ်ငန်းများကို ရပ်နားရန် ပြည်နယ်အစိုးရက ကုမ္ပဏီသို့ သတိပေးခဲ့သည်။
၂၀၁၉၊ မေတွင် ကရင်ပြည်နယ်အစိုးရက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့အပြင် ဇွန် ၂၁ ရက်တွင်လည်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကလည်း သွားရောက်စစ်ဆေးခဲ့ကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ စီမံကိန်းအတွင်းတွင် ဆောက်လက်စဖြစ်နေပြီး ကြီးမားသော အဆောက်အဦး ၈ လုံးဝန်းကျင်ကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသောကြောင့် ခေတ္တရပ်ဆိုင်းထားလိုက်ရသည်။ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကလည်း စီမံကိန်းနှင့်ပတ်သတ်ပြီး တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကြောင့် ခွင့်ပြုချက်ထက်ကျော်လွန်ကာ ဆောက်လုပ်ထားသော စီမံကိန်းများကို ယာယီရပ်ဆိုင်းထားကြောင်း ၂၀၁၉၊ သြဂုတ် ၂၀ ရက်၊ နယ်ခြားစောင့်တပ်၏ ၉ နှစ်မြောက် အခမ်းအနားတွင် ပြောဆိုခဲ့သည်။ မတ်လကထုတ်ပြန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာတွင် ရွှေကုက္ကိုစီမံကိန်းသည် တားမြစ်ချက်များကိုကျော်လွန်ကာ ရပ်နားထားသည်ဟုကြေညာထားသော စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ဧပြီ ၈ ရက်တွင်မူ မြန်မာရထိုက်လုပ်ငန်းစုသည် စီမံကိန်းနှင့်ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုအားနည်းကြောင်းဝန်ခံထားသည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင်COVID-19 ကပ်ရောဂါကြောင့် စီမံကိန်း တည်ဆောက်ရေးမှာကို ခေတ္တဆိုင်းငံ့ထားကြောင်း၊ ဒေသခံပြည်သူထု၏ ဓလေ့ထုံးစံများကို လိုက်နာကာ ရထိုက်မြို့ကို ရေရှည်ဖွံ့ဖြိုးတိုးတတ်သောနည်းပညာရပ်ဝန်းတခု၊ ခရီးသွားကဏ္ဍတခုအဖြစ် ရပ်တည်မည့် ဒေသတခုဖြစ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။ ထို့အပြင် အဆိုပါစီမံကိန်းမှ တရုတ်အစိုးရနှင့် မြန်မာအစိုးရအကြား ပူးပေါင်းဆောင်ရွက်သော စတုတ္တစက်မှုတော်လှန်ရေးအတွက် မြန်မာ့စီးပွားရေးကို ဖွံ့ဖြိုးစေမည့် စီမံကိန်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန် ၁၅ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာများကို စုံစမ်းရန် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ထားကြောင်း ပြောဆိုခဲ့သည်။ ထိုခုံရုံးတွင် ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ရွှေကုက္ကိုလ်စီမံကိန်းနှင့်ပတ်သတ်ပြီး ဥပဒေအတိုင်းလိုက်နာရန်ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ်အစိုးရကို ညွှန်ကြားထားသည်။ ပြည်ထောင်စုအစိုးရအနေနှင့် ရွှေကုက္ကိုလ်တွင် လောင်းကစားဝိုင်း (အွန်လိုင်းလောင်းကစားအပါအဝင်) များကို တရားဝင်ခွင့်ပြုထားခြင်း မရှိသေးကြောင်း၊ အခွန်ငွေကြေးများလည်းရယူထားခြင်း မရှိသေးကြောင်း ဦးတင်မြင့်ကပြောသည်။
လက်ရှိအချိန်တွင် ကရင်ပြည်နယ်အစိုးရ၊ မြေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စီမံကိန်း၏ မြေပြင်အနေအထားကို စစ်ဆေးရန်ပြင်ဆင်နေသည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၅ ရက်က “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းသည် တတိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး “Belt and Road” အဆိုပြုချက်နှင့် လုံးဝမသက်ဆိုင်ကြောင်း၊ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းအရေးကိစ္စကို တရားဥပဒေသတ်မှတ်ချက်နှင့်အညီ မြန်မာအစိုးရမှ စုံစမ်းစစ်ဆေးဖြေရှင်းနေခြင်းကို တရုတ်အစိုးရက ထောက်ခံအားပေးပါသည် ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရွှေကုက္ကိုစီမံကိန်းနှင့်ဆက်စပ်သည့် ငွေကြေးလည်ပတ်မှု အများစု (စီမံကိန်းတွင် လည်ပတ်နေသော အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် သုံးစွဲနေသည့် ငွေကြေးများ၊ ဝန်ထမ်းများ၏ လစာနှင့် စီမံကိန်းနှင့်ဆက်စပ်သော အခြားအသုံးစရိတ်များ စသည်) တို့တွင် စင်ကာပူနိုင်ငံအခြေစိုက် ငွေကြေး ဝန်ဆောင်မှုတခုဖြစ်သော Fincy ပလက်ဖောင်းမှတဆင့် သုံးစွဲနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိသော Fincy ကို သုံးစွဲနေခြင်းသည် ကရင်ပြည်နယ်ရှိ တရားမဝင်လောင်းကစားလုပ်ငန်းများကို စင်ကာပူအခြေစိုက် ငွေကြေးဝန်ဆောင်မှုပလက်ဖောင်းက ထောက်ပံ့ရာရောက်သည်ဟု သတင်းမီဒီယာများက ထောက်ပြခဲ့ကြသည်။ ထိုသို့ထောက်ပြခံရပြီးနောက် ရွှေကုက္ကိုစီမံကိန်းတွင် Fincy ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာတွင် ကုမ္ပဏီက ကြေညာခဲ့သည်။
ကြေညာချက်ထုတ်ပြန်ပြီးနောက် Fincy App သည် ဂူးဂဲလ်ပလေးစတိုး (Google Play Store) တွင်  မူလအစကဖော်ပြထားသည့်  “ရွှေကုက္ကိုလ် (သို့) ရထိုက်မြို့သစ်၏ တဦးတည်းသော အထူး ငွေကြေးဆိုင်ရာဝန်ဆောင်မှု ပေးသူ” ဆိုသည့် ကြော်ငြာစာကိုလည်း ဖြုတ်ချခဲ့သည်။ ထို့အပြင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့က ပေးသည့် လာဘ်ငွေများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် လက်ခံရယူသည်ဟု သံသယရှိသဖြင့် တပ်မတော် အရာရှိကြီး သုံးဦးကို တပ်မတော်ကလည်း စုံစမ်းစစ်ဆေးခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည်။
ထိုစုံစမ်းစစ်ဆေးမှုတွင် သံသယဖြစ်စရာ အချက်များတွေ့ရှိသဖြင့် ကရင်ပြည်နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၃ မှ တပ်မမှူး၊ ဗျူဟာမှူးနှင့် ခလရ ၉၇ တပ်ရင်းမှူးတို့ကို တပ်မတော်က နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးခဲ့သည်။ သို့ရာတွင် စုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များနှင့် ၎င်းတို့ကို မည်ကဲ့သို့အရေးယူထားကြောင်းကိုမူ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးချေ။
ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ ကားဟောင်း အစီး ၁၀၀ ကျော်ကို တရားမဝင်တင်သွင်းမှုအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးခဲ့ပြီးနောက် မြဝတီမြို့တွင် တပ်မတော်က လုံခြုံရေးတိုးမြှင့်ခဲ့သည်။ ထို့အတူ မြဝတီမြို့အတွင်းရှိ တရားမဝင် လောင်းကစားရုံများကို နှိမ်နင်းရန်အတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း တပ်မတော်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ဒုတိယအပတ်အတွင်း ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာကို အစိုးရအုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့အဆင့် သတ်မှတ်ပေးရေးအတွက် လိုအပ်သည့် ကွင်းဆင်းစစ်ဆေးမှုများကို မြဝတီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့သည်။
ဗိုလ်မှူးကြီး စောချစ်သူသည် ရွှေကုက္ကိုမြို့သစ်စီမံကိန်း စတင်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်ကလည်း ရွှေကုက္ကိုလ်မြိုင်ကျေးရွာကို မြို့အဆင့် တိုးမြှင့်ပေးရန်အတွက် ပြည်နယ်အစိုးရကို တင်ပြခဲ့ဖူးသည်။  မူလ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ ဧရိယာသည် ဧက ၂၀၀ မှ ၃၀၀ ကြား အကျယ်အဝန်းရှိသည်။ မြို့အဆင့် တိုးမြှင့်ပေးရန်အတွက် နယ်ခြားစောင့်တပ်မှ ထပ်မံလျှောက်ထားခဲ့သော မြို့ဧရိယာသည် စုစုပေါင်း ၁၄၆၁ ဒသမ ၂၇ ဧက ဖြစ်ပြီး မြို့သစ်စီမံကိန်း အပါအဝင် သောင်ရင်းမြစ်ကမ်းအထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြို့အဖြစ် အဆင့်မြှင့်တင့်ခြင်း ရှိ၊ မရှိကို ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် အဆုံးအဖြတ်ယူရမည်ဖြစ်သည်။ အကယ်၍ မြို့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါက မြို့အုပ်ချုပ်ရေးအဆင့်ရှိ ရုံးများ အခြေစိုက်ကာ အစိုးရအုပ်ချုပ်ရေး ယန္တရားအောက်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဌာနက ထုတ်ဖော်ပြောဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ရွှေကုက္ကိုစီမံကိန်းကို တရားဝင်ရပ်နားရန် ဖိအားပေးမှုများအပြင် စီမံကိန်းအကောင်အထည်ရေး လာဘ်ငွေများကို လက်ခံသည်ဟု သံသယရှိသောတပ်မတော်အရာရှိများကို အထူးစုံစမ်းမှုများပြုလုပ်ခဲ့သည်။ ရွှေကုက္ကိုစီမံကိန်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေသည်ဟု ပြောကြားချက်များနှင့် ဖိအားပေးမှုများကို တုန့်ပြန်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ အရာရှိကြီး သုံးဦးနှင့် အခြားတပ်ဖွဲ့ဝင် ခုနှစ်ဆယ်ကျော် စုပေါင်းကာ တပ်မတော်ထံမှ နှုတ်ထွက်စာတင်ခဲ့ကြသည်။ ထို့အပြင် အခြားအဆင့်တပ်ဖွဲ့များကလည်း အုပ်စုလိုက် နှုတ်ထွက်မည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများ ရှိခဲ့သည်။ ထို့နောက် တပ်မတော်နှင့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မူလအတိုင်းဆက်လက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
အာဏာသိမ်းပြီးနောက်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကြား ဖြစ်ပွားသော တိုက်ပွဲများတွင် ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ကူညီတိုက်ခိုက် ပေးခဲ့သည်ဟု သတင်းဌာနများကဖော်ပြခဲ့သည်။ သို့ရာတွင် BGF က KNU နယ်မြေအတွင်းဝင်ရောက်မှုမရှိဘဲ တိုက်ပွဲများတွင်လည်း ဝင်ရောက်တိုက်ပေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
၂.၂။ အာဏာသိမ်းပြီးနောက်ပိုင်း စီမံကိန်းအခြေအနေ
၂၀၂၁ ခုနှစ် မေလတွင် Frontier သတင်းဌာနက  တပ်မတော်ကို တိုက်ပွဲကူတိုက်ပေးသည့် အကျိုးအမြတ်အနေဖြင့် BGF မှ အကောင်အထည်ဖော်နေသည့် အငြင်းပွားဖွယ် စီမံကိန်းအားလုံးကို ပြန်လည်စတင်ရန် သဘောတူညီသည့်အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ လောင်းကစားရုံများနှင့် တရားမဝင်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ရေးသားခဲ့သည်။ ထို့အပြင် ရွှေကုက္ကိုစီမံကိန်းကိုလည်း တပ်မတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပြန်လည်စတင်ရန် ဆွေးနွေးမှုများရှိနေကြောင်း ရေးသားထားသည်။  တရုတ်လူမျိုးများ အများဆုံး အသုံးပြုသည့် WeChat စာမျက်နှာများတွင်လည်း စီမံကိန်းအတွင်းရှိ လောင်းကစားရုံများ အတွက် အလုပ်ခေါ်သည့်စာများ အများအပြား ကြေညာထားသည်ကိုတွေ့ရသည်။
၂၀၂၁ ခုနှစ် ဇွန်လ ဒုတိယအပတ်မှ စတင်ပြီး မြို့သစ်စီမံကိန်းအတွင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများ ရှိလာခြင်းကြောင့် စီမံကိန်းဧရိယာနှင့် ကျေးရွာကို သွားလာလှုပ်ရှားမှုများ ကန့်သတ်ထိန်းချုပ်ခြင်း (Lockdown) ပြုလုပ်လိုက်ရကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။ မြို့သစ်စီမံကိန်းအတွင်း နေထိုင်သူများ၊ အလုပ်လုပ်နေသူများအား ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်နေကာ ပိုးတွေ့ရှိသူပေါင်း ၁၀၀ ခန့်ရှိပြီး တရုတ်နိုင်ငံသားများပါ ကူးစက်ခံထားရသည်ဟု ဖော်ပြထားသည်။ ရွှေကုက္ကိုစီမံကိန်း တာဝန်ရှိသူများကလည်း ရောဂါပိုးတွေ့ရှိသည်မှာ မှန်ကန်ပြီး အများစုမှာ မြန်မာနိုင်ငံအတွင်းမှ အလုပ်လုပ်ရန် လာရောက်သူများထံက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ကိုဗစ်ကာလအတွင်း ကာစီနိုရုံများနှင့် လောင်းကစားရုံလုပ်ငန်းများကို ရပ်တန့်လိုက်ရပြီးနောက် ကိုဗစ်အလွန်ကာလတွင် ရွှေကုက္ကိုစီမံကိန်းဧရိယာသည် အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သည့် (ကျားဖြန့်)လုပ်ငန်းများ အခြေစိုက်ရာ နေရာအသစ်အဖြစ် အသွင်ကူးပြောင်းသွားခဲ့သည်။ အဆိုပါ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် (ကျားဖြန့်) လုပ်ငန်းများသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း လာအို၊ ကမ္ဘောဒီးယား စသည့် ဖွံ့ဖြိုးမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဗဟိုအစိုးရ၏အုပ်ချုပ်ရေး အားနည်းသော နိုင်ငံများတွင် အခြေစိုက်သည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသများတွင် စစ်ကောင်စီ၏ ဩဇာအာဏာလျော့ကျလာခြင်းနှင့်အတူ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများလည်း တိုးပွားလာပြီး ထိုင်း-မြန်မာနယ်စပ်ဒေသ ရွှေကုက္ကိုမှာ အဆိုပါရာဇဝတ်မှုများကို အခြေစိုက် လုပ်ကိုင်နိုင်သည့် နေရာတခုအဖြစ် မျက်စိကျလာကြသည်။ ရွှေကုက္ကိုစီမံကိန်းအကောင်အထည်ဖော်သည့် ဧရိယာအတွင်းတွင် တရားမဝင်ကာစီနိုလုပ်ငန်းများ၊ ကျားဖြန့်လုပ်ငန်းများ အဆမတန် ကြီးထွားလာခြင်းနှင့်အတူ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်များလည်း ဆက်တိုက်ပေါ်ပေါက်လာကာ စီမံကိန်းဧရိယာသည် ရာဇဝတ်မှုများ တင်းကြမ်းဖြစ်ပွားရာမြို့ (Scam City) အဖြစ် အသွင်ပြောင်းသွားခဲ့သည်။
ရွှေကုက္ကိုစီမံကိန်းကို အကောင်အထည်ဖော်နေသည့် ‘Myanmar Yatai International Holding Group Co., Ltd.’ ၏ ဒါရိုက်တာလေးဦးအနက် တဦးဖြစ်သူ တရုတ်လူမျိုး ကမ္ဘောဒီးယားနိုင်ငံသား ဒါရိုက်တာ မစ္စတာရှူကျွီ့ကျန်း (Mr. She Zhijiang) ကို ထိုင်းအာဏာပိုင်များက ၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် ဖမ်းဆီးခဲ့သည်။ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများလုပ်ကိုင်မှုအတွက် တရုတ်နိုင်ငံက သာမက နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) က အနီရောင်အဆင့် သတိပေးထုတ်ပြန်ထားသည့် မစ္စတာရှူကျွီ့ကျန်းသည် ရွှေကုက္ကိုစီမံကိန်းကို အကောင်အထည်မဖော်မီကတည်းကပင် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် တရားမဝင်လောင်းကစား လုပ်ကိုင်မှုနှင့် ငွေကြေးလိမ်လည်မှုများကြောင့် အမည်ပျက်စာရင်း (Blacklist) သွင်းခံထားရသည်။ မစ္စတာရှူကျွီ့ကျန်း ဖမ်းဆီးခံရမှုသည် စီမံကိန်းကို ထိခိုက်မှုမရှိကြောင်းနှင့် ဆက်လက်လည်ပတ်နေမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောချစ်သူက တုံ့ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များထံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သော မစ္စတာရှူကျွီ့ကျန်းကို ထိုင်းနိုင်ငံကလည်း ၂၀၂၃ ခုနှစ် မေ ၂၅ ရက်တွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့သော်လည်း အယူခံဝင်ရန် ရက် ၃၀ အတွက် ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေးထားမှုကို ခေတ္တရုပ်သိမ်းခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင်ဖော်ပြခဲ့သော်လည်း တရားစီရင်မှုနှင့် ပတ်သက်၍ တရုတ်နှင့် ထိုင်းနိုင်ငံတို့က တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါ။
စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေခြင်းနှင့်အတူ ကျားဖြန့်လုပ်ငန်းနှင့် ကာစီနိုရုံများတွင် အလုပ်ခွင်အတွင်း ညှင်းပန်းနှိပ်စက်ခံရမှု၊ လူကုန်ကူးမှု စသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံသားများသာမက လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံသားများကို လူကုန်ကူးသည့်ဖြစ်ရပ်များ ခပ်စိပ်စိပ် ဖြစ်ပေါ်လာသည်။ ISP-Myanmar က စုစည်းသိုမှီးထားသည့် အချက်အလက်များအရ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တာချီလိတ်နှင့် ရွှေကုက္ကိအပြင် မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စသည့်မြို့များတွင် ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး ပေါ်ပေါက်လာခဲ့သည်။
(မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဦးတည်ဝင်ရောက်ရာ လမ်းကြောင်းများကို ISP-Myanmar ကပြင်ရပ်ဝန်းတွင်ရှုပါ။)
နိုင်ငံတနိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံသားများ၏ လူ့အခွင့်အရေးများကို မထိပါးစေရေး နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းရန် ၂၀၂၃ ခုနှစ် မေလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းက မြန်မာနိုင်ငံသို့လာရောက်စဉ် တိုက်တွန်းခဲ့သည်။ ထို့အပြင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံပူးပေါင်းဖြေရှင်းမည်ဖြစ်ကြောင်း ကတိကဝတ် ပြုခဲ့သည်။ ထိုတိုက်တွန်းမှုအပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် စီမံကိန်းနေရာများကို မီးဖြတ်ပေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက ထိုင်းနိုင်ငံ လျှပ်စစ်မီးအာဏာပိုင်အဖွဲ့ကနေတဆင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် မဲဆောက်မြို့တော်ဝန်ရုံးကို တောင်းဆိုခဲ့သည်။ ရွှေကုက္ကိုနှင့် လေးကေ့ကော်ဒေသအတွက် လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန် ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ်ဓာတ်အားအာဏာပိုင်နှင့် ရွှေမြစ်သောင်ရင်းကုမ္ပဏီတို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူမှု စာချုပ်ကို ရပ်တန့်ရန် စစ်ကောင်စီက ထိုင်းနိုင်ငံအား တောင်းဆိုခဲ့သည်။ တောင်းဆိုပြီး ငါးရက်အကြာတွင် ရွှေကုက္ကိုမြို့သစ်နှင့် လေးကေ့ကော်မြို့တို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။ အဆိုပါလုပ်ရပ်အတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုပိတ်ပစ်မည်ဖြစ်ကြောင်း BGF က ခြိမ်းခြောက်ခဲ့သည်။ အဆိုပါ ဒေသများတွင် မီးဖြတ်ရုံမျှဖြင့် ကျားဖြန့်လုပ်ငန်းများနှင့် တရားမဝင်လောင်းကစားလုပ်ငန်း ကွန်ရက်များကို မရပ်တန့်နိုင်ခဲ့ပါ။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများနှင့် မီးစက်များဖြင့် လုပ်ငန်းများကို ဆက်လက်လည်ပတ်ခဲ့သည်။ တဖန် ဇွန် ၂၀ ရက်တွင် ထိုင်းနိုင်ငံဘက်က ထောက်ပံ့ပေးသည့် အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ခဲ့ရာ ထိုလုပ်ရပ်ကြောင့် စီမံကိန်းဧရိယာတွင် အခြေစိုက်သည့် ကာစီနိုလုပ်ငန်းများနှင့် ကျားဖြန့်လုပ်ငန်းများ ခေတ္တခဏ ရပ်တန့်ခဲ့သည်။ လျှပ်စစ်မီးဖြတ်တောက်ခြင်းဖြင့် အရေးယူမှုမှာ အလုပ်မဖြစ်ခဲ့ပေ။ စစ်ကောင်စီ ကရင်ပြည်နယ်အစိုးရ သယံဇာတရေးရာဝန်ကြီးဌာနက ထိုင်းနိုင်ငံကနေလျှပ်စစ်ဓာတ်အားဝယ်ယူပြီး ရွှေကုက္ကိုကျေးရွာအပါအဝင် မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးရန် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် တင်ဒါခေါ်ယူခဲ့သည်။ သို့သော်လည်း အင်တာနက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို ဖြတ်တောက်စေကာမူ ငွေကြေးအမြောက်အများ အမြတ်အစွန်းရရှိသည့် အဆိုပါလုပ်ငန်းများအပြင် စီမံကိန်းအကောင်အထည်ဖော်နေမှုကိုပါ မတားဆီးနိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။
၂.၃။ စီမံကိန်းအပေါ် ‘စစ်ဆင်ရေး ၁၀၂၇’ ၏ သက်ရောက်မှု
ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်ဖြိုခွင်းဖို့ရည်ရွယ်ခဲ့သည့် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီး နောက်တွင် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်သည့် ကျားဖြန့်လုပ်ငန်းအများစုမှာ ရပ်တန့်ခဲ့သည်။ ကျားဖြန့်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးရမိသူအများစုသည် တရုတ်နိုင်ငံသားများဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အဆိုပါ ဖြိုခွင်းမှုသည် ရွှေကုက္ကိုစီမံကိန်းရှိ တရားမဝင်ကျားဖြန့်လုပ်ငန်းများအထိ အလှုပ်အခတ်ရှိလာပြီးနောက် နိုင်ငံခြားသားများ၏ နယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၃ ရက်ထိ တလပိတ်ခဲ့သည်။ ထို့အပြင် BGF တပ်ဖွဲ့များသည် စီမံကိန်းဧရိယာသာမက စီမံကိန်းအနီးတဝိုက် ဧရိယာများဖြစ်သည့် လေးကေကော်မြို့သစ်၊ မယ်ထော်သလေး KK Park၊ ကျောက်ခက်ကျေးရွာများအထိ လုံခြုံရေးတိုးမြှင့်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အတွင်း ကျားဖြန့်လုပ်ငန်းကျူးလွန်သူ သုံးသောင်းကျော်ကို တရုတ်နိုင်ငံကို စစ်ကောင်စီအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက လွှဲပေးခဲ့သော်လည်း ရွှေကုက္ကိုစီမံကိန်းနှင့် အနီးပတ်ဝန်းကျင်က ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကိုမူ လွှဲပြောင်းပေးခဲ့ခြင်းမရှိခဲ့ပေ။ ၂၀၂၄ ခုနှစ် မတ်လတွင် ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူးတင်ဝင်းတို့သည် တရုတ်နိုင်ငံဘက်က တောင်းဆိုသည့် ကျားဖြန့်ကျူးလွန်သူ ၁,၄၈၀ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သလို နိုင်ငံခြားသား ၉၉၇ ဦးကိုလည်း ထိုင်းနိုင်ငံမှတဆင့် ပထမဆုံးအကြိမ်အဖြစ် လွှဲပြောင်းပေးခဲ့သည်။
စီမံကိန်းအခြေအနေနှင့်ပတ်သက်၍ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်က စီမံကိန်းသည် အပန်းဖြေနေရာဆောက်လုပ်ရန်အတွက်သာ ရည်ရွယ်ကြောင်းနှင့် အစိုးရက ခွင့်မပြုသည့်အတွက် ဖြတ်လမ်းနည်းများဖြစ်သည့် ကာစီနိုရုံများကို လုပ်ကိုင်ခဲ့ကြောင်းပြောခဲ့သည်။ သို့သော်လည်း ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ မသိကြောင်း ငြင်းဆိုခဲ့သည်။ စီမံကိန်းအတွင်း ကျားဖြန့်လုပ်ကိုင်နေသူများကို တဖြည်းဖြည်းချင်းပြန်ပို့ပေးရန် ရည်ရွယ်ထားကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် Karen Information Center နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ဖက်ဒီးနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံကာ စီမံကိန်းထဲရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် ဆွေးနွေးခဲ့သည်။ အခြားတဖက်တွင်မူ ရွှေကုက္ကိုစီမံကိန်းအတွင်းရှိ ကာစီနိုလုပ်ငန်းများအတွက် အထပ်မြင့်အဆောက်အအုံများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် ကာစီနိုလုပ်ငန်းအတွက်သာမက ကျားဖြန့်လုပ်ငန်းအတွက် တရုတ်စကားကျွမ်းကျင်သူများကို မြင့်မားသောလစာဖြင့် ခေါ်ယူနေသည်ကို မြဝတီမြို့နှင့် ရွှေကုက္ကိုအခြေစိုက် လူမှုကွန်ရက်မီဒီယာများတွင် တွေ့ခဲ့ရသည်။ ရွှေကုက္ကိုစီမံကိန်းအတွင်း လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို ပြန်ခေါ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအသီးသီးက ကြိုးပမ်းချက်များလည်း ရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင် စီမံကိန်းအတွင်းရှိ ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများကို တားဆီးနိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်ကရော မြန်မာနိုင်ငံဘက်ကပါ အချက်နှစ်ချက်လုပ်ဆောင်ခဲ့သည်။ ပထမတချက်မှာ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေနှင့် အောက်တိုဘာလကုန်နောက်ဆုံးထားပြီး မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးရန် BGF က မေ ၃ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။ ဒုတိယတချက်မှာ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ် ဓာတ်အားအာဏာပိုင်များက ဒုတိယအကြိမ် လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။ အဆိုပါ တုံ့ပြန်မှုများသည် ကျားဖြန့်လုပ်ငန်းများအပေါ်တွင် တစုံတရာသက်ရောက်မှုရှိခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ အကြားတွင် ကိုယ်ကျိုးစီးပွားယှက်နွယ်နေသည့်အတွက် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများအထိပါ အမြစ်တွယ်နေသည့် ကျားဖြန့်လုပ်ငန်းများကို အပြီးတိုင်ဖြိုခွင်းရန် မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်။
မှတ်ချက်။ ။ စီမံကိန်း အခြေအနေများကို ၂၀၂၄ ခုနှစ် သြဂုတ် ၆ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
၃။ အချိန်ကာလပြဖြစ်စဉ်
၂၀၁၇ – စီမံကိန်းအတွက် ဒေသခံများ၏ လယ်ယာမြေများကို စတင်သိမ်းဆည်းခဲ့။
၂၀၁၇ – YHG နှင့်ချစ်လင်းမြိုင်ကုမ္ပဏီတို့အကြား မြေဧက ၂၀၀၀ ကျော်တွင် နှစ် ၅၀ မြေငှားရမ်းခြင်းဖြင့် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် သဘောတူလက်မှတ်ရေးထိုး။
၂၀၁၇၊ ဖေဖော်ဝါရီ ၁၄ – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနမှ အများနှင့်မသက်ဆိုင်သော နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်ခွင့်ရရှိ။
၂၀၁၈၊ ဇူလိုင် ၂၆ – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ခွင့်ပြုခဲ့။
၂၀၁၈ – ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း တရုတ်အလုပ်သမား အများအပြား ရောက်ရှိလာခဲ့။
၂၀၁၉၊ မေ၊ ဇွန်၊ ဩဂုတ် – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်နယ်အစိုးရမှ ကွင်းဆင်းစုံစမ်းခဲ့။
၂၀၁၉၊ ဩဂုတ်၂၀ – ရင်းနှီးမြှုပ်နှံမှု ဥပဒေစည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် ယာယီဆိုင်းငံ့။
၂၀၂၀၊ အောက်တိုဘာ ၇ – စီမံကိန်းတွင် ငွေကြေးဝန်ဆောင်မှုပေးနေသည့် စင်ကာပူအခြေစိုက် Fincy ကဝန်ဆောင်မှုကို ရုပ်သိမ်း။
၂၀၂၀၊ အောက်တိုဘာ – နယ်ခြားစောင့်တပ်က ပေးသည့်လာဘ်ငွေများကို လက်ခံရယူသည်ဟု သံသယရှိသဖြင့် တပ်မတော်အရာရှိများကို တပ်မတော်က စစ်ဆေး။
၂၀၂၁၊ ဇန်နဝါရီ – စီမံကိန်းနှင့်ပက်သတ်ပြီး ဖိအားပေးမှုကြောင့် ဗိုလ်မှူးကြီးစောချစ်သူနှင့် အရာရှိများ၊ တပ်ဖွဲ့ဝင်ပေါင်း ခုနှစ်ဆယ်ကျော် နုတ်ထွက်စာတင်။
၂၀၂၁၊ မေ – စီမံကိန်းပြန်လည်စတင်ရန် ဆွေးနွေးမှုများပြုလုပ်။
ရွှေကုက္ကိုစီမံကိန်း ဖြစ်စဉ်
၄။ စီမံကိန်းအသေးစိတ်အချက်အလက်များ
စီမံကိန်းအမည်
မြန်မာ-ရထိုက် ရွှေကုက္ကိုမြို့သစ်စီမံကိန်း။
တည်နေရာ
ကရင်ပြည်နယ်၊ မြဝတီမြို့၏မြောက်ဘက် ဆယ်မိုင်အကွာ သောင်ရင်းမြစ်ကမ်းပါး။
စီမံကိန်းခန့်မှန်းဧရိယာ
၂၉၆၅၂ ဒသမ ၆ ဧက။
စီမံကိန်းပြီးစီးမည့် ခန့်မှန်းကာလ
၂၀၂၇ ခုနှစ်။
စီမံကိန်းစတင်သည့်ကာလ
၂၀၀၇။
စီမံကိန်းလက်ရှိအခြေအနေ
ဆုံးဖြတ်ချက်တရပ်ကို စောင့်ဆိုင်းနေသည့် ကြားကာလ။
လုပ်ငန်းစတင်လည်ပတ်သည့်ရက်စွဲ
၂၀၀၈ ဇူလိုင်။
လုပ်ငန်းဆောင်ရွက်ခွင့် ကနဦးကာလ
နှစ် ၃၀(ငါးနှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိ)။
ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုကာလ
၃၆ လ။
စီမံကိန်းတွင် ပါဝင်မည့်အဆောက်အဦးများ
ဇိမ်ခံအိမ်ရာများ၊ အခန်း ၁၂၀၀ ပါ ဟိုတယ်၊ လောင်းကစားရုံများ၊ အပန်းဖြေအဆောက်အဦး အမျိုးမျိုး၊ ဈေးဝယ်စင်တာများ၊ နိုင်ငံတကာလေဆိပ် ၊စက်မှုဇုန်၊ ကုန်သိုလှောင်ရုံ၊ ဆိပ်ကမ်း၊ နိုင်ငံတကာအဆင့်မီတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဇုန်၊ ခရီးသွားများအတွက် အပန်းဖြေဇုန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဇုန်၊ငွေကြေးဆိုင်ရာဇုန်၊ စိုက်ပျိုးရေးဇုန်၊ ရုပ်ရှင်ရုံများနှင့် ရေပူစမ်းများ။
ရင်းနှီးမြှုပ်နှံမှုပမာဏ
အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ။
ကနဦးရင်းနှီးမြှုပ်နှံမှု
အမေရိကန်ဒေါ်လာ သန်း ၅၀၀။
ကုမ္ပဏီအမည်
မြန်မာ-ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစု။
ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ
ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုနှင့် နယ်ခြားစောင့်တပ်မှ တည်ထောင်ထားသော ချစ်လင်းမြိုင်ကုမ္ပဏီ(မှတ်ချက်။   ။ DICA မှတ်တမ်းအရ ချစ်လင်းမြိုင်တွင် ပါဝင်သော နယ်ခြားစောင့်တပ်မှ ဒါရိုက်တာနှင့် မြန်မာ- ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစုတွင် ပါဝင်သောသူမှာ တဦးတည်း ဖြစ်သည်။ ချစ်လင်းမြိုင်နာမည်နှင့် မှတ်ပုံတင်ထားသော လုပ်ငန်းငါးခုရှိပြီး မိခင်မူရင်းကုမ္ပဏီမှာ သက်တမ်းကုန်ဆုံးနေပြီ ဖြစ်သည်။)။
ရှယ်ယာခွဲဝေမှု
ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုမှ ၈၀ ရာခိုင်နူန်း၊ နယ်ခြားစောင့်တပ်မှ၂၀ ရာခိုင်နူန်း။
၅။ အစုရှယ်ယာရှင်များ
ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော Yatai International Holdings Group-YIHG နှင့် ချစ်လင်းမြိုင် ကုမ္ပဏီတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့်“Myanmar Yatai International Holding Group Co., Ltd.” ကို အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သော နိုင်ငံခြားကုမ္ပဏီအဖြစ်၂၀၁၇၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနက မှတ်ပုံတင်ခွင့်ပြုခဲ့သည်။
သို့သော် ရွှေကုက္ကိုစီမံကိန်းကို ရင်းနှီးမြှုပ်နှံလျက်ရှိသော YIHG ကုမ္ပဏီနှင့် ဥက္ကဋ္ဌ စယ်လွင်ခိုက်၏ နောက်ခံသမိုင်းမှာ ရှင်းရှင်းလင်းလင်းမရှိပေ။ YIHG သည် ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံကိုသော်လည်းကောင်း၊ ယခင်ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းရာဇဝင်ကိုသော်လည်းကောင်း လူသိရှင်ကြား ထုတ်ပြန်ထားသည်မှာ အနည်းအကျဉ်းသာ ရှိသည်။ YIHG ၏ ဥက္ကဋ္ဌ မစ္စတာ စယ်လွင်ခိုက်သည် China Federation of Overseas Chinese Business Association ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။ ထိုသို့ တရုတ်နိုင်ငံကိုယ်စားပြု အသင်းများတွင် ရာထူးကြီးကြီးများကို ရယူထားသော YIHG ဥက္ကဋ္ဌ စယ်လွင်ခိုက်တွင် အမည်များစွာ ရှိနေသည်။ သူသည် စယ်လွင်ခိုက်(သို့မဟုတ်) ဒိုင်လန်စယ်ဟူသော အမည်အပြင် တခါတရံတွင် မျိုးရိုးအမည် ထန် သို့မဟုတ် ကျန်း ကို အသုံးပြုသည်။
တန်ဖိုးကြီး အဆင့်မြင့်အိမ်ရာများ ဆောက်လုပ်ရန်အတွက် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်တွင် ထန်ခရိုင်အန်ခရိုင်း (Tang KriangKrai) ဟု ဖြည့်သွင်းထားပြီး ကမ္ဘောဒီးယားနိုင်ငံသားတဦးအဖြစ် သတ်မှတ်ဖော်ပြထားသည်။ ထို့အပြင် ၎င်း၏ ရာထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု YIHG မှာလည်း သတင်းမီဒီယာများတွင် တရုတ်အစိုးရ၏ နာမည်ကြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစု ကျိလင်ရာထိုက်အုပ်စုJilin Yatai (Group) Co Ltd ၏ အမည်နှင့် မှားယွင်း အမည်တပ်ဖော်ပြမှုများ ကြိမ်ဖန်များစွာရှိခဲ့သည်။ Burma Campaign UK က ထုတ်ပြန်ထားသော မြန်မာတပ်မတော်နှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့ရန်ထုတ်ပြန်ထားသည့် အမည်ပျက်စာရင်းတွင် YIHG လည်း ပါဝင်နေသည်။
“Myanmar Yatai International Holding Group Co., Ltd.” ကို ဒါရိုက်တာ လေးဦးဖြင့် မှတ်ပုံတင်ထားပြီး ဒါရိုက်တာ အဖွဲ့ဝင်များမှာ မလေးရှားနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား တဦးနှင့် မြန်မာနိုင်ငံသား တဦး တို့ပါဝင်သည်။ ၁။ CHOW TIAN YU (ဒါရိုက်တာ၊ မလေးရှား)၊ ၂။ LIM JUN JIE (ဒါရိုက်တာ၊ မလေးရှား)၊  ၃။ MR. SHE ZHI JIANG (ဒါရိုက်တာ၊ ကမ္ဘောဒီးယား)နှင့် ၄။U SAW MIN MIN OO (ဒါရိုက်တာ၊ မြန်မာ) တို့ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ကုန်ကျငွေများကို တရုတ်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ကျခံမည်ဖြစ်ပြီး ချစ်လင်းမြိုင် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ဖြစ်သည်။ အကျိုးအမြတ်ခွဲဝေမှုတွင် ချစ်လင်းမြိုင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ YIHGက ၇၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
ရွှေကုက္ကိုစီမံကိန်း ရှယ်ယာပိုင်ဆိုင်မှုအချိုးအစားနှင့် အကျိုးအမြတ်ခွဲဝေမှု
၆။ သက်ရောက်မှုလေ့လာဆန်းစစ်ချက်များ
တရားဝင်ထုတ်ပြန်ထားသော သက်ရောက်မှုလေလာစမ်းစစ်ချက်အစီရင်ခံစာကို မတွေ့ရှိရသေးပါ။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့်ပတ်သတ်ပြီး လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်စစ်တမ်း၊ လူမူဘဝထိခိုက်မှုစစ်တမ်းများကို ကုမ္ပဏီက တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဝဘ်ဆိုက်ရှိ အများပြည်သူကြည့်ရူ့နိုင်ရန် စုစည်းထားသော မှတ်တမ်းများတွင်လည်း ဖော်ပြထားခြင်းမရှိပါ။
၇။ လူထုတုံ့ပြန်မှု
ရွှေကုက္ကိုမြို့သစ်တွင်ပါဝင်သည့် လောင်းကစားရုံများ၊ တရုတ်လူမျိုးများကိုပစ်မှတ်ထား ဆွဲဆောင်သော အပန်းဖြေ အဆောက်အဦးများကြောင့် ဒေသခံပြည်သူများအကြားတွင် အငြင်းပွားဖွယ်ရာ စီမံကိန်းတခုဖြစ်သည်။ စီမံကိန်းစတင်ချိန်က နယ်ခြားစောင့်တပ်သည် ဒေသခံများကို စီမံကိန်းအသေးစိတ်အကြောင်းအရာ၊ အစီအမံများကို သေချာစွာ ရှင်းလင်းခဲ့ခြင်း မရှိဟု စွပ်စွဲခံထားရသည်။ စီမံကိန်းကြောင့် ဒေသခံများထံမှ မြေသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တဧကလျှင် ဘတ်ငါးသောင်း၊ အိမ်ပါဝင်လျှင် ဘတ်တသိန်းမှ တသိန်းခွဲအထိ လျော်ကြေးပေးရန် ကုမ္ပဏီဘက်က အဆိုပြုခဲ့သည်။ နယ်ခြားစောင့်တပ်၏ အရှိန်အဝါကြောင့် ဒေသခံများသည် လျော်ကြေးယူရုံမှတပါး ရွေးချယ်စရာမရှိဘဲ မြေသိမ်းမှုများကို လက်ခံခဲ့ရသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာက ဆိုသည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်လုပ်သား တသောင်းကျော်ဝန်းကျင် စီမံကိန်းဆောက်လုပ်ရန် ဝင်ရောက်လာပြီး ရွှေကုက္ကိုဒေသတွင် အခြေချနေထိုင်နေကြောင်း၊ ထိုအထဲတွင် လုပ်သားတထောင်ကျော်သည်  စီမံကိန်း၏ လုံခြုံရေးကို တာဝန်ယူထားကြောင်း အစီရင်ခံစာကဆိုသည်။
၂၀၁၉ ခုနှစ် မတ်လတွင် မြို့သစ်စီမံကိန်း၌ လောင်းကစားရုံများဖွင့်လှစ်ပြီးနောက်တွင် တရုတ်လူမျိုး အများအပြား ဝင်ရောက်လာပြီး ဒေသခံများနှင့် မကျေနပ်မှုများ တင်းမာလာခဲ့သည်။ ရွှေကုက္ကိုစီမံကိန်းသည် ဒေသခံများအတွက် လုပ်ငန်းခွင်များ ဖန်တီးပေးစွမ်းနိုင်မည်ဖြစ်ရာ ၎င်းတို့အနေနှင့် လယ်ယာစိုက်ပျိုးစရာ မလိုတော့ဘဲ သက်တောင့်သက်သာ နေထိုင်သွားနိုင်မည်ဖြစ်ကြောင်း လယ်ယာမြေသိမ်းယူစဉ်က BGF တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း လက်တွေ့တွင် တရုတ်လုပ်သားများကြောင့် လုပ်သားဈေးကွက်မှာ အခွင့်အလမ်းနည်းပါးနေသည်။ စီမံကိန်း ဧရိယာအတွင်း တရုတ်နိုင်ငံသားများနေထိုင်သည့် တိုက်တန်းလျားများ၊ အွန်လိုင်းဂိမ်း ကစားသည့်အခန်းများ၊ သပ်ရပ်ခေတ်မီသော လုံးချင်းအိမ်များ၊ KTV၊ Spa၊ Club နှင့် ဖျော်ဖြေရေး ခန်းမများ၊ ကာစီနိုရုံပါဝင်သည့် ဟိုတယ်များ တည်ဆောက်ထားသောကြောင့် ဒေသခံများနှင့် မီဒီယာများက ၂၀၁၉ ခုနှစ်အတွင်း ကျယ်ကျယ်လောင်လောင်ဝေဖန်ခဲ့သည်။ အထူးသဖြင့် ၁၅ ကီလိုမီတာသာ ကွာဝေးသော မြဝတီမြို့တွင် တရုတ်လုပ်သားများက လိုင်စင်မဲ့ မော်တော်ကားများ မောင်းနှင်ကာ ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ဓားထိုးမှုများ စသည့် ဥပဒေမဲ့ ကျူးလွန်မှူများကြောင့် တရုတ်နိုင်ငံသားများအပေါ် အရေးယူပေးရန် ဒေသခံများက လှုံဆော်မှုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။
ထိုအခါ မြဝတီဒေသခံများနှင့် ပြည်တွင်းမီဒီယာများသာမက ပြည်ပမီဒီယာများကပါ ရွှေကုက္ကိစီမံကိန်းအကြောင်းကို၂၀၁၉ ခုနှစ်အတွင်း အများအပြား ဖော်ပြလာကြသည်။ ထိုစီမံကိန်းကြောင့် ဒေသခံများသည် မြဝတီမြို့ပေါ်တွင် တရုတ်လူဦးရေ ပိုမိုများပြားလာခြင်းကြောင့်လူမျိုးရေးအရ လွှမ်းမိုးမှုများ၊ ဒေသခံပြည်သူများ၏ မူလအလုပ်အကိုင်များ ပျောက်ကွယ်သွားမည့်ပြဿနာ၊ လောင်းကစားရုံများကြောင့် လူကုန်ကူးမှုပြဿနာ၊ ဒေသခံအမျိုးသမီးများကို လောင်းကစားရုံများ၊ အပန်းဖြေစင်တာများတွင် ဝန်ထမ်းအဖြစ်ခိုင်းစေမှုများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် လူမူရေးပြဿနာများကိုလည်း စိုးရိမ်နေကြရသည်။ မြို့သစ်စီမံကိန်း ဧရိယာတွင်သာမကဘဲ မြဝတီမြို့ပေါ်တွင် တရုတ်လူမျိုးများ ဖွင့်လှစ်ထားသော ဆိုင်များ၊ စားသောက်ဆိုင်များ၊ တည်းခိုရိပ်သာများသည် တရုတ်စာများနှင့်သာ ဖော်ပြ ထားသည့်အတွက် ပြည်သူများ၏ ဝေဖန်မှုများလည်း ရှိနေသည်။ စက်တင်ဘာ ၁၅ ရက်တွင် ဒေသခံများ စုစည်းကာ မြဝတီမြို့တွင် ဝင်ရောက်နေသော တရားမဝင် တရုတ်လူမျိုးများကို စစ်ဆေးပေးရန်အစိုးရကို တောင်းဆိုခဲ့သည်။ အစိုးရအနေနှင့် ပျက်ကွက်ပါက ဆန္ဒပြတောင်းဆိုမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ကြေညာခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရကလည်း ဒေသအတွင်းဝင်ရောက်နေသည့် တရားမဝင် တရုတ်လူမျိုးများကို ကြပ်မတ်စောင့်ကြည့်သွားမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာအရ လောင်းကစားဝိုင်းများ၊ ဟိုတယ်များ၊ အပန်းဖြေနားနေစရာ နေရာများသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်နေသောကြောင့် ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက်အရေးယူနိုင်မည့် အနေအထားတွင် မရှိကြောင်း ဖော်ပြထားသည်။ တရုတ်အလုပ်သမားများသည် အစပိုင်း၌ မြဝတီမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ယင်းအချက်များကြောင့် နောက်ပိုင်းတွင် BGF ၏ စောင့်ရှောက်မှုအောက်တွင်တည်ရှိသော ရွှေကုက္ကိုဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ‘တို့မြေများကိုလောင်းကစားပစ်ခြင်း’ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် မတ် ၄ ရက်က ဖြစ်ပွားခဲ့သော ရွှေကုက္ကိုဒေသအား လာရောက်သတင်းရယူသော သတင်းထောက်နှစ်ဦးကို နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်မှာလည်း စီမံကိန်း၏ပွင့်လင်းမြင်သာမှုကို မေးခွန်းထုတ်စရာ အနေအထားဖြစ်ခဲ့သည်။
မှတ်ချက်-စီမံကိန်း အခြေအနေများကို ၂၀၂၁ ခုနှစ် ဇွန် ၂၈ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
The post ရွှေကုက္ကိုစီမံကိန်း appeared first on ISP Myanmar China Desk.
မြစ်ဆုံဆည်စီမံကိန်း
၁။ စီမံကိန်းအကျဉ်းချုပ်
ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ၂၃ မိုင်ခန့် (၃၇ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။
မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်ခုဖြစ်သည့် ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ အင်မိုင်ခ (မေခ) နှင့် မလိခတို့ပေါင်းဆုံရာ မြစ်ဆုံနေရာနှင့် မြစ်လက်တက်များပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မည့် ရေကာတာ (ဆည်) ခုနစ်ခု (ယင်း ဆည်ခုနစ်ခု တည်ဆောက်ရေးအတွက် လျှပ်စစ်ဓာတ်အားအထောက်အပံ့ပေးရန် တည်ဆောက်ထားပြီး ၉၉ မဂ္ဂါ၀ပ်ထွက်ရှိသည့် ချီဖွေငယ်ဆည်ကိုပါ ထည့်တွက်လျှင် ရှစ်ခု ဖြစ်သည်။) ကို တရုတ်နိုင်ငံက တည်ဆောက်အကောင်အထည်ဖော်မည့် စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ ၂၀၀၆ ခုနှစ်အတွင်း ထိုစဉ်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုး၀င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ထွက်ပေါ်ခဲ့သည့် စီမံကိန်းများ ဖြစ်သည်။ စီမံကိန်းများအတွက် စုစုပေါင်း အမေရိကန်‌ဒေါ်လာ ဘီလီယံ ၂၀ ၀န်းကျင် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း- CPI (ယခု State Power Investment Corporation – SPIC)၊ မြန်မာနိုင်ငံအစိုးရနှင့် Asia World ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။
မြစ်ဆုံစီမံကိန်းမှ ၆၀၀၀ မဂ္ဂါ၀ပ်၊ လိုင်ဇာ (မလိယန်) စီမံကိန်းမှ ၂၈၀၀ မဂ္ဂါဝပ်၊  ချီဖွေစီမံကိန်းမှ ၃၄၀၀ မဂ္ဂါဝပ်၊ အူဆောက်စီမံကိန်းမှ ၂၅၀၀ မဂ္ဂါဝပ်၊ ဖီဆော်စီမံကိန်းမှ ၂၄၀၀ မဂ္ဂါဝပ်၊ ခေါင်လန်ဖူးစီမံကိန်းမှ ၃၀၀၀ မဂ္ဂါဝပ်၊ ရီနန်စီမံကိန်းမှ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု SPIC က ဖော်ပြထားသည်။
စီမံကိန်းကို တပ်မတော်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်သည်။ တစ်နှစ်အကြာ ၂၀၁၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲကို တပ်မတော်အစိုးရက ကျင်းပပေးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်းဖြစ်သည့် သမ္မတဦးသိန်းစိန်အစိုးရ တက်လာသည်။
ထိုအတောအတွင်း မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်သည့်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် သူ၏အစိုးရသက်တမ်းကုန်ဆုံးသည်အထိ စီမံကိန်းကို ရပ်ဆိုင်းကြောင်း သမ္မတ ဦးသိန်းစိန်က ကြေညာသည်။
၂၀၁၆ ခုနှစ်၊ မတ်လကုန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရတာ၀န်ကို လွှဲပြောင်းရယူသည်။ NLD အစိုးရလက်ထက်တွင် မြစ်ဆုံဆည်စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ရေးအတွက်  တရုတ်နိုင်ငံက ပြန်လည်လှုပ်ရှား၊ စည်းရုံးလာသည်။ သို့သော် NLD အစိုးရဖွဲ့  ဖွဲ့စည်းပြီး သုံးနှစ်ကြာသည်အထိ စီမံကိန်း၏အနာဂတ်မှာ မရေရာမသေချာသည့် အခြေအနေသာ ရှိနေသေးသည်။
စီမံကိန်းကို ရပ်တန့်ကြောင်း ကြေညာပြီး ၁၂ နှစ်ခန့်အကြာ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ကြေညာစာထုတ်ပြန်ခဲ့သည်။ ဦးဆောင်အဖွဲ့တွင် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ စစ်ကောင်စီ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူထားသည်။ (ဦးတိန့်ဆောင်သည် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ၏ ခေါင်းဆောင်ဖြစ်သူ ဇခုန်တိန့်ယိန်း (Zahkung Ting Ying) ၏ သားဖြစ်သည်။ NDA-K သည် ပန်ဝါမြို့ရှိ ကချင်အထူးဒေသ-၁ တွင်အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တခုဖြစ်သည်။) အသစ်ဖွဲ့စည်းသည့် ဦးဆောင်အဖွဲ့သည် ကူမင်းမြို့အခြေစိုက် တရုတ်ကုမ္ပဏီဖြစ်သည့် SPIC Yunnan International Power Investment (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်ပူးပေါင်း၍ စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။
ဦးဆောင်အဖွဲ့သည် စီမံကိန်းကိစ္စများကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်ရန်အတွက် ရည်ရွယ်ကြောင်း စစ်ကောင်စီ အတွင်းရေးမှုး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် ပြန်တမ်းတွင် ဖော်ပြထားသည်။ SPICYN သည် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) မှ အမည်ပြောင်းလဲခဲ့သော ကုမ္ပဏီဖြစ်ပြီး ကိုဗစ်ရောဂါဖြစ်ပွားသော ကာလဖြစ်သည့် ၂၀၂၀ ခုနှစ်တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးရုံးများအတွက် အထောက်အကူပြုပစ္စည်းများကိုလည်း လှူဒါန်းခဲ့သေးသည်။ လက်တလောတွင် စီမံကိန်းအတွက် သုတေသနလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများအတွက် စစ်ကောင်စီက ပြင်ဆင်လျက်ရှိသည်။ ထို့အပြင် မြစ်ဆုံစီမံကိန်းအတွက် မူလရေးဆွဲထားသည့် ပမာဏဖြစ်သော ဆည်အမြင့်ပေ ၅၀၀ ထက် နိမ့်၍ ဆောက်လုပ်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက်တွင် Myitkyina News Journal သို့ ပြောခဲ့သည်။
နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့ကို စီမံကိန်းဦးဆောင်အဖွဲ့က ဖွဲ့စည်းမည်ဖြစ်သည်။ အဆိုပါအဖွဲ့များ၏ စီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များအပေါ်  ဦးဆောင်အဖွဲ့က ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ထို့အပြင် စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေများအား စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြရန် ရည်ရွယ်ထားသည်။ ထူးခြားချက်မှာ စီမံကိန်းအတွက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့ ကို အသစ်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
မှတ်ချက် – စီမံကိန်းအခြေအနေများကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
၂။ အချိန်ကာလပြဇယား
စဥ်
ခုနှစ်
အကြောင်းအရာ
၁
၂၀၀၂
မြေနေရာ လေ့လာတိုင်းထွာမှုစတင်။ ကန်ဆိုင်းလျှပ်စစ်ဓာတ်အားကုမ္ပဏီက တန်ဖဲရွာတွင် အသေးစားမိုးလေဝသနှင့် ဇလဗေဒဌာနတခု တည်ဆောက်။
၂
၂၀၀၆
CPI နှင့် MOEE တို့နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ထိုး။
၃
၂၀၀၇
မြစ်ဆုံအပါအဝင် ဆည်ခုနှစ်တည်ဆောက်ရေး မြန်မာနှင့် တရုတ်အစိုးရတို့ မူဝါဒပိုင်းဆိုင်ရာ သဘောတူ။ မြစ်ဆုံနှင့် ချီဖွေဆည်တို့ကို ပန္နက်ချ။
၄
၂၀၀၉
BANCA ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု အစီရင်ခံစာ (EIA) ထွက်ရှိ။ နားလည်မှုစာချွန်လွှာ (MOA) အား အပြီးသတ်လက်မှတ်ထိုး။
၅
၂၀၀၉-၂၀၁၀
စီမံကိန်းနှင့် မလွတ်သည့် ကျေးရွာများကို စတင်ရွှေ့။ တည်ဆောက်ရေးစီမံကိန်းအဆင့် ၁ ကို စတင်။
၆
၂၀၁၀
မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ပေါက်ကွဲမှုလေးကြိမ်ဖြစ်။ သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရ။
၇
၂၀၁၁
စီမံကိန်းအား သူ၏ သက်တမ်းအတွင်း ရပ်ဆိုင်းကြောင်း သမ္မတဦးသိန်းစိန် ကြေညာ။
၈
၂၀၁၆
အစိုးရသစ်က မြစ်ဆုံစီမံကိန်းများနှင့် ပတ်သက်၍ လေ့လာသုံးသပ်ရေး ကော်မရှင်ဖွဲ့။ ကော်မရှင်က အစီရင်ခံစာ တင်သွင်း။
၉
၂၀၁၈
စီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံဘက်က တွန်းအားပေးလှုပ်ရှားလာ။
၁၀
၂၀၁၉
မြစ်ဆုံဆည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေနှင့် စကားတည်ရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား။
၁၁
၂၀၂၄
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို စစ်ကောင်စီ ဖွဲ့စည်း။
မှတ်ချက် – စီမံကိန်းအခြေအနေများကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
၃။ စီမံကိန်း အသေးစိတ်အချက်အလက်များ
တည်နေရာ
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
စီမံကိန်းအမျိုးအစား
ရေအားလျှပ်စစ်နှင့် ဆည်တည်ဆောက်ရေး
ဆည်နယ်မြေအကျယ်အ၀န်း
၁၈,၀၀၀ စတုရန်းမိုင်
အထက်ရေလှောင်ကန်ကြီး၏ ရေအမြင့်
၉၈၀ ပေ (၂၉၉ မီတာ)
ဆည်အမြင့်
၅၀၀ ပေ (၁၅၂ မီတာ)
ရေလှောင်ကန်ကြီး၏ အမြင့်ဆုံးထိန်းနိုင်သောရေအမြင့်
၉၅၀ ပေ (၂၉၀ မီတာ)
ရေလှောင်ကန်ကြီး၏ အများဆုံးထိန်းထားနိုင်သောရေထု
၃၄ ဧကပေသန်း
ပင်မဆည်၏ အလျား
၅၀၀ ပေ (၁၅၂ မီတာ)
အထက်ဆည်(တောင်ကြော) အမှတ် ၁
အလျား ၄,၂၀၀ ပေ (၁,၂၈၀ မီတာ)
အထက်ဆည်(တောင်ကြော) အမှတ် ၂
အလျား ၄,၃၀၀ ပေ (၁,၃၁၁ မီတာ)
အထက်ဆည်(တောင်ကြော) အမှတ် ၃
အလျား ၁,၈၅၀ ပေ (၅၆၄ မီတာ)
ဆည်အမျိုးအစား
ကျောက်စီကွန်ကရစ်ကိုင် (ရေဖြည့်ဆည်)
သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အား
၆,၀၀၀ မဂ္ဂါဝပ်
အမာခံ လျှပ်စစ်ဓာတ်အား
၁,၁၀၀ မဂ္ဂါဝပ်
နှစ်စဉ်ထုတ်လုပ်မှု
၃၀,၈၆၀ ကီလိုဝပ် နာရီသန်းပေါင်း
ရင်းနှီးမြုပ်နှံမှု ခန့်မှန်းကုန်ကျစရိတ်
အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ
စီမံကိန်းစတင်သည့် ရက်စွဲ
၂၀၀၂ ခုနှစ်
စီမံကိန်းလက်ရှိ အခြေအနေ
ဆုံးဖြတ်ချက်တစ်ရပ်ကို စောင့်ဆိုင်းနေသည့် ကြားကာလ
လုပ်ငန်းစတင်လည်ပတ်သည့် ရက်စွဲ
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ
လုပ်ငန်းဆောင်ရွက်ခွင့် ကနဦးကာလ
နှစ် ၄၀ (၅ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိ)
အလုပ်အကိုင်အခွင့်အလမ်း
၂,၀၀၀ မှ ၂၈,၀၀၀ အထိ
၄။ အစုရှယ်ယာရှင်များ
မြစ်ဆုံဆည်စီမံကိန်း စာချုပ်အရ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနှင့် အေးရှားဝေါကုမ္ပဏီက ငါးရာခိုင်နှုန်းစီ အစုရှယ်ယာ ပိုင်ဆိုင်ကြမည်ဖြစ်ပြီး ငွေကြေးစိုက်ထုတ်မှုအားလုံးကို တရုတ်ဘက်မှ စိုက်ထုတ်မည်ဖြစ်သည်။ သို့သော် စီမံကိန်းနှင့်ပတ်သက်၍ စာချုပ်ပါအချက်အလက်များကို အများပြည်သူသို့ အသိပေးထုတ်ပြန်ခြင်းမရှိပေ။ လျှပ်စစ်ဓာတ်အား ခွဲဝေမှုတွင် CPI က ၉၀ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ၁၀ ရာခိုင်နှုန်း (၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်လုပ်ခဲ့သည့် လျှပ်စစ်ပမာဏနှင့် ညီမျှသည်။) ဖြစ်သည်။
အကျိုးအမြတ်ခွဲဝေမှုတွင် CPI က ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရမှ ၂၀ ရာခိုင်နှုန်းနှင့် အေးရှားဝေါကုမ္ပဏီက အကျိူးဆောင်ခ ၁၀ ရာခိုင်နှုန်း ရရှိမည်ဟု နိုင်ငံတကာမြစ်ကြောင်းများအဖွဲ့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)၊ မြန်မာနိုင်ငံ အမှတ် ၂  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် အေးရှားဝေါကုမ္ပဏီတို့ စုပေါင်းကာ  မြန်မာ-တရုတ်ဖက်စပ်ပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် ဧရာဝတီ မြစ်ဆုံ-မြစ်ညှာ-မြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလိမိတက်ကို ၂၀၀၉ ခုနှစ်တွင် ထူထောင်ခဲ့သည်။
(က) CPI
တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးတစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်၊ မတ် ၃၁ ရက်တွင် ထူထောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ နျူကလီးယားစွမ်းအင်နည်းပညာကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (SPIC) ဟု အမည်ပြောင်းလဲခဲ့သည်။
(ခ) MOEE
၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့  (န၀တ) ကို ဖျက်သိမ်းကာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ကို ဖွဲ့စည်းလိုက်သည်။ ယင်းနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို  လျှပ်စစ်စွမ်းအားဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဌာနဟူသော ဌာနသုံးခုဖြင့် ဖွဲ့စည်းခဲ့သည်။ ၂၀၀၆ ခုနှစ်၊ မေ ၁၅ ရက်တွင် ယင်းဝန်ကြီးဌာနကို အမှတ် ၁ နှင့် ၂ ဟူ၍ ၀န်ကြီးဌာန နှစ်ခု ခွဲထုတ်လိုက်သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ပြန်လည်ပြင်ဆင်ခဲ့ပြီး NLD အစိုးရလက်ထက်တွင်မူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။
(ဂ) Asia World Company Myanmar
အေးရှားဝေါကုမ္ပဏီသည်  မြန်မာနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကုမ္ပဏီ၏ဥက္ကဋ္ဌမှာ ဦးထွန်းမြင့်နိုင် (စတီဗင်လော) ဖြစ်သည်။
၅။ ဆက်စပ်ကန်ထရိုက်တာများ
China
Myanmar
Others
China Gezhouba Group Corporation
Suntac Technologies Co. Ltd.,
Kansai Electric Power Co,Inc (KEPCO)
China Power Investment Corporation Materials and Equipment Co. Ltd
Asia World Company, Yangon
Sinohydro China
Ministry of Electric Power (1), Naypyidaw
Yunnan Machinery Equipment Import & Export Company
Biodiversity and Nature Conservation Association, Yangon
China Southern Power Grid
Changjiang Institute of Survey, Planning, Design and Research (CISPDR)
Kunming hydropower Institute of Design
Shi Pe Exploration and Design College
၆။ သက်ရောက်မှု လေ့လာဆန်းစစ်ချက်များ
CPI ကုမ္ပဏီမှ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု ပြုလုပ်ရန်အတွက် Changjiang Institute of Survey, Planning, Design and Research (CISPDR) က ဦးဆောင်ကာ မြန်မာနိုင်ငံမှ ပညာရှင်အဖွဲ့ဖြစ်သော Biodiversity and Nature Conservation Association (BANCA) က ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာကို CPI နှင့် Changjiang Institute of Survey, Planning, Design and Research (CISPDR) သို့ ပေးပို့ခဲ့သည်။
စီမံကိန်းများ လုပ်ဆောင်ခြင်းကြောင့် ဒေသခံအများအပြား ပြောင်းရွှေ့ရမည်။ ပြောင်းရွှေ့ရမည့်သူများအနေနှင့် သူတို့၏ ဘ၀နှင့် စီးပွားရေးအပေါ် ထိခိုက်စေမည်။ ပြင်ပမှ အလုပ်သမားများ ၀င်ရောက်လာမည်ဖြစ်ရာ ‌ဒေသခံတို့၏ ယဥ်ကျေးမှုနှင့် ဓလေ့စရိုက်များအပေါ် ၎င်းတို့က လွှမ်းမိုးစေလိမ့်မည်။ တရားမ၀င် တောရိုင်းတိရိစ္ဆာန်ရောင်း၀ယ်မှုနှင့် တရားမ၀င် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ ဆိုးရွားလာစေနိုင်သည်။ တောရိုင်းတိရိစ္ဆာန်များ၏ ကျက်စားရာနယ်မြေများ ကျဥ်းသွားနိုင်သည်။ မြစ်ဆုံသည် သဘာ၀အမွေအနှစ်တစ်ခုဖြစ်ရာ ဆည်တည်ဆောက်လိုက်ပါက ယင်းအမွေအနှစ်တို့ကို ထာ၀ရ ဆုံးရှုံးရမည်ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
BANCA ၏ EIA အစီရင်ခံစာသည် အချိန်ငါးလ၀န်းကျင်အတွင်း ဖုတ်ပူမီးတိုက် ပြုစုခဲ့ခြင်းကို ပညာရှင်များက ထောက်ပြကြသည်။ နိုင်ငံတကာတွင် ဧရာ၀တီနှင့် အရွယ်အစားတူညီသည့် မြစ်ကြီးများအတွက် EIA ဆောင်ရွက်ရာတွင် အချိန် လေးနှစ်မှ ခြောက်နှစ်၀န်းကျင် ယူကြခြင်း ဖြစ်သည်။ ယင်းအပြင် ယခုအစီရင်ခံစာသည် ဇီ၀မျိုးစုံမျိုးကွဲများကိစ္စကိုသာ အဓိက လေ့လာဆန်းစစ်ထားခြင်းဖြစ်ပြီး အခြားအရေးပါသည့်သက်ရောက်မှုတို့ ပါ၀င်ခြင်း မရှိပေ။
၂၀၁၀ ခုနှစ်၊ မတ်လတွင် BANCA ၏ EIA အစီရင်ခံစာကို အခြေပြု၍ CISPDR ကလည်း ၎င်းတို့၏  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာအပြည့်အစုံကို CPI သို့ တင်ပြခဲ့သည်။ ယင်းအစီရင်ခံစာတွင် မည်သည့်အချက်များပါ၀င်သည်ကိုမူ မသိရပေ။ သို့သော် CPI အနေနှင့် လူမှုရေးလေ့လာဆန်းစစ်မှု အစီရင်ခံစာကိုမူ အပြီးသတ်အောင် ပြုလုပ်ခဲ့နိုင်ခြင်း မရှိပေ။
၂၀၁၃ ခုနှစ်က မြစ်ဆုံဆည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာနှင့် ပက်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော တတ်သိပညာရှင်များ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာကို နိုင်ငံတကာမြစ်ချောင်းများ လေ့လာရေးသုတေသနအဖွဲ့ နှင့် စိမ်းလန်းအမိမြေအဖွဲ့တို့ မှ ထုတ်ဝေခဲ့သည်။
အဆိုပါ အစီရင်ခံစာက BANCA ၏ EIA အစီရင်ခံစာသည် အပြစ်အနာအဆာများပြီး၊ တောင့်တင်းခိုင်မာမှု မရှိဘဲ ဇီဝမျိုးစုံမျိုးကွဲများအကြောင်းကိုသာ အဓိကထားရေးသားထားသည်ဟု ဝေဖန်သည်။ BANCA ၏ EIA အစီရင်ခံစာတွင် ပတ်ဝန်းကျင်ဆိုင်ရာဂေဟစနစ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ သဟဇာတဖြစ်အောင် ထည့်သွင်းထားမှု မရှိသလို ရေအရင်းအမြစ် အပြောင်းအလဲဖြစ်ခြင်းကိုတွက်ဆရာတွင် လျော့ပေါ့တွက်ထားသည်ဟု ဆိုသည်။ ယင်းအပြင် မြစ်များကို ပိတ်ဆို့လိုက်သည့်အခါ မြစ်ကြောင်း တစ်လျှောက်တွင် အနည်ပို့ချမှုများ လျော့နည်းသွားနိုင်ပြီး မြစ်အောက်ပိုင်းရှိ မြေနုကျွန်းစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများ ပျက်စီးသွားနိုင်သလို ဆည်တည်ဆောက်ရေးအတွက် ၀င်ရောက်လာမည့် လုပ်သားများကြောင့် လိင်မှတဆင့်ကူးစက်သည့် ရောဂါများကိစ္စကိုလည်း ထည့်သွင်းတွက်ချက်ပြထားသည်။ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် မသင့်ကြောင်း လွတ်လပ်ပြီး အမှီအခိုကင်းသော တတ်သိပညာရှင်များ၏ အစီရင်ခံစာက ဆိုသည်။
ပညာရှင်များ၏အစီရင်ခံစာအရ စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်သည့် ဧရိယာသည် စင်ကာပူနိုင်ငံအရွယ်အစား၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်သည်။ စီမံကိန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနှင့် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခန့်သာဝေးရာ ငလျင်လှုပ်ပါက ရေကာတာပြိုကျနိုင်သည့် အန္တရာယ်ရှိနေသည်။ အကယ်၍ ရေကာတာပြိုကျပါက မြစ်ကြီးနားမြို့သည် ရေလွှမ်းမိုးနိုင်သည်ဟု အစီရင်ခံများက ဆိုကြသည်။
၂၀၁၅ ခုနှစ်၊ နို၀င်ဘာလ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၆ ခုနှစ်၊ မတ်လကုန်တွင် အစိုးရအဖြစ်တာ၀န်ယူသည်။ သြဂုတ်လတွင် မြစ်ဆုံဆည်စီမံကိန်းများနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်” ကို ဖွဲ့စည်းခဲ့သည်။
စီမံကိန်းများသည် (က) သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းများကို လိုက်နာခြင်း ရှိ၊ မရှိ၊ (ခ) စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ (ဂ) စီမံကိန်းများကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊ (ဃ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ညာပိုင်း (Up Stream)၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း (Down Stream)၊ မြစ်ကြောင်းတလျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှု အခြေအနေ၊ (င) မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ (စ) နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ၊ (ဆ) စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ (ဇ) စီမံကိန်းဆိုင်ရာ စာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ စသည်တို့နှင့်ပတ်သက်၍ ကော်မရှင်က လေ့လာဆန်းစစ်စုံစမ်းကာ အကြံပြုချက်များနှင့်အတူ အစီရင်ခံစာ ရေးသားတင်ပြရန် ဖြစ်သည်။
၂၀၁၆ ခုနှစ်၊ နို၀င်ဘာလတွင် အဆိုပါကော်မရှင်အနေနှင့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့သော်လည်း အစီရင်ခံစာပါ အချက်အလက်များကိုမူ အများပြည်သူသို့ ထုတ်ပြန်အသိပေးခြင်း မရှိပေ။ သို့သော် အဆိုပါစီမံကိန်းများသည် မြေယာနှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်နစ်နာမှု၊ လူမှူစီးပွား ဆုံးရှုံးမှုတို့ ကြီးမားသလို ဆည်များတည်ဆောက်မည့် ဧရိယာသည် ငလျင်ကြောအတွင်း ရှိနေသောကြောင့် ဆက်လက်မလုပ်ဆောင်သင့်ကြောင်း ကော်မရှင်အဖွဲ့၀င်တချို့က သီးခြားအကြံပြုချက်များ ပေးထားသည်။
၇။ လူထုတုံ့ပြန်မှု
ဧရာ၀တီမြစ်သည် မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းဒေသတွင် မြစ်ဖျားခံပြီး အလယ်ပိုင်း မြေပြန့်လွင်ပြင်တလျှောက် ဖြတ်သန်းစီးဆင်းကာ တောင်ဘက် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီး၀င်သည်။ မိုင်ပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားပြီး သမိုင်းတလျှောက်တွင် မြန်မာတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကနေရာက ရှိနေခဲ့သည်။
ဧရာ၀တီ မြစ်ဆုံနှင့် မြစ်ညာ၊ မြစ်၀ှမ်း‌ဒေသတွင် ဆည်တည်ဆောက်ခြင်းသည် နိုင်ငံ၏ အသက်သွေးကြောကို ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်ကာ သဘာ၀ပတ်၀န်းကျင် ထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုတို့အပြင် မြစ်ကို အမှီပြုထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး စသည့် စီးပွားရေးအသိုက်အအုံကိုပါ ထိခိုက်ဆုံးရှုံးမည်ကို ပြည်သူလူထုက စိုးရိမ်ပူပန်လျက်ရှိသည်။
မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများသည် ၂၀၁၀ ပြည့်နှစ်၀န်းကျင်မှ စတင်ကာ ရှိနေခဲ့သည်။ သမ္မတ ဦးသိန်းစိန်က သူ့သက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာလိုက်ပြီးနောက်တွင် အနည်းငယ်ငြိမ်သက်သွားခဲ့သည်။  ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တရုတ်အနေနှင့်  စီမံကိန်းကို ပြန်လည်စတင်ရန် စည်းရုံးလှုံ့ဆော်လာရာ မြန်မာလူထုဘက်ကလည်း ကန့်ကွက်သည့်လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာသည်။ ကချင်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာ၀တီ အစရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ အလားတူပင် နိုင်ငံရပ်ခြားရောက် ကချင်တိုင်ရင်းသားများအပါအ၀င် မြန်မာနိုင်ငံသားတို့ကလည်း စီမံကိန်းရပ်ဆိုင်းပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။ အစိုးရဟောင်းနှင့် လက်ရှိအစိုးရတို့၏ အရာရှိတချို့ကမူ အစိုးရအနေနှင့် တရုတ်နှင့် ဆက်ဆံရေးကို ထောက်ထားသောအားဖြင့် စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းရန်ထက် အရွယ်အစားကို ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် နေရာပြောင်းရွေ့ခြင်း စသည့် တစ်နည်းနည်းဖြင့်လည်း ဆောင်ရွက်နိုင်သည်ဟု ပြောဆိုလေ့ရှိကြသည်။
မြစ်ဆုံအရေးနှင့်ပတ်သက်၍ တပ်မတော်အနေနှင့် ပြည်သူလူထု၏ သဘောထားအတိုင်း ရပ်တည်မည်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၈ ခုနှစ်၊ မြစ်ကြီးနားခရီးစဥ်တွင် ပြောဆိုခဲ့သည်။ သို့သော် ယင်းအတွက် အဆုံးအဖြတ်ပေးမည့်သူမှာ လွှတ်တော်ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။
မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်၍ နေရာရွေ့ပြောင်းရန် သို့မဟုတ် အရွယ်အစားလျှော့ချရန် သို့မဟုတ် ယင်းစီမံကိန်းများအစား အခြားစီမံကိန်းများနှင့် အစားထိုးလဲလှယ်ရန် အစိုးရအနေနှင့် အပူတပြင်း စဉ်းစားလျက်ရှိသည်ဟုရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးသောင်းထွန်းက ၂၀၁၉ နှစ်ထဲတွင် ပြောဆိုခဲ့သည်။
မြန်မာကက်သလစ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးရန် မြန်မာအစိုးရတာ၀န်ရှိသူများအပြင် တရုတ်နိုင်ငံသမ္မတထံသို့လည်း ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက စာရေးသား ပေးပို့ထားသည်။
လက်ရှိတွင် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးအတွက် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းပေါင်း ရာနှင့်ချီစုပေါင်းကာ နိုင်ငံလုံးဆိုင်ရာကွန်ရက်တစ်ခုကို ဖွဲ့စည်းထားသလို ဆည်စီမံကိန်းအတွက် ကနဦးကုန်ကျထားသည့် ကုန်ကျစရိတ်များကို ပြည်သူ့အလှူငွေထည့်၀င်မှုဖြင့် လျော်ကြေးပေးကာ အပြီးတိုင် ရပ်ဆိုင်းရန်အတွက်လည်း အချို့က လှုပ်ရှားလျက်ရှိသည်။
၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီက မြစ်ဆုံစီမံကိန်းအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ကချင်ပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ရန် ပြင်ဆင်လာကြသည်။ ထို့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက “ယခုအကြိမ်တွင်လည်း ပြည်သူလူထုက ကန့်ကွက်မည်ဟု ယုံကြည်ကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ရေး လှုပ်ရှားမှုများသည် ထိရောက်မှုရှိမည်မဟုတ်ကြောင်း” တုံ့ပြန်ခဲ့သည်။
စီမံကိန်းနှင့်ပတ်သတ်၍ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုများရှိနေသော်လည်း မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်မှုအား ထောက်ခံကြောင်းနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြောင့် ပြန်လည်စတင်သင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်မင်းတို့က NP News ၏ မေးမြန်းမှုတွင် ဖြေဆိုခဲ့ကြသည်။
Biodiversity and Nature Conservation Association (BANCA)၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာ (https://burmariversnetwork.org/title/resources/publications/myitsone-eia-report.html)
လွတ်လပ်ပြီး အမှီအခိုကင်းသော တတ်သိပညာရှင်များ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာ (https://www.internationalrivers.org/sites/default/files/attached-files/independent_expert_review_of_the_myitsone_dam_eia_0.pdf)
ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင် (http://www.president-office.gov.mm/?q=briefing-room/news/2016/08/12/id-10827)
မှတ်ချက် – စီမံကိန်းအခြေအနေများကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
The post မြစ်ဆုံဆည်စီမံကိန်း appeared first on ISP Myanmar China Desk.
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း
၁။ စီမံကိန်း အကျဉ်းချုပ်
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည်။ စီမံကိန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါ၀င်သည့် စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း စသည့် သုံးခုအနက်မှ တစ်ခု ဖြစ်ပြီး ကနဦးအကောင်အထည်ဖော်မည့်စီမံကိန်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံကို ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာအား တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည်။ ယင်းအပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိပြီး ကုန်းတွင်းပိတ်ပြည်နယ်တစ်ခုဖြစ်သည့် ယူနန်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း အရေးပါသည့် စီမံကိန်းလည်း ဖြစ်သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း(BRI)အဆိုပြုချက်၏ တစိတ်တပိုင်းအဖြစ်ပုံဖော်လေ့ရှိသော်လည်း ယင်းစီမံကိန်းစတင်သန္ဓေတည်သည့် အချိန်သည် BRI ကို စတင်အဆိုပြုသည့် အချိန်ထက် များစွာစောခဲ့သည်။
တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများကို ၂၀၀၉ ခုနှစ်တွင် စတင်သည်။ ထိုအချိန်ကတည်းကပင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ကို ချိတ်ဆက်ပေးမည့် ရထားလမ်းစီမံကိန်း ဆွေးနွေးချက်များ ရှိနေခဲ့သည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အစိုးရနှင့် လွှတ်တော်တို့၏ အတည်ပြုချက်ဖြင့် တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း (China International Trust Investment Corporation – CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့အား ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဆောက်လုပ်အကောင်အထည်ဖော်ခွင့်ကို ပေးအပ်ခဲ့သည်။
ကနဦးသဘောတူညီချက်တွင် ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်ဘက်မှ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းအတွက် မြန်မာဘက်က မြေနေရာထည့်ဝင်ရမည် ဖြစ်သည်။  သို့သော် ၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ် တာဝန်ယူပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ရှယ်ယာခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့သည်။
အချိန်နှစ်နှစ်ကျော် ဆွေးနွေးပြီးနောက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ရှယ်ယာနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် မူဘောင်သဘောတူညီမှုနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ယခင်က စီမံကိန်း၏ ကုန်ကျစရိတ်အား အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံဟု သဘောတူညီထားရာမှ  ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံဖြင့်သာ စတင်ရန်နှင့် ပထမအဆင့်လုံးဝပြီးစီးမှသာ လိုအပ်ချက်များအရ ထပ်မံတိုးချဲ့ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။
အသစ်ညှိနှိုင်းထားသော သဘောတူညီမှုအရ CITIC ဦးဆောင်သော ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကို ၇၀ ရာခိုင်နှုန်းထည့်ဝင်မည်ဖြစ်ပြီး မြန်မာဘက်မှ မြေနေရာအတွက် ၁၅ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ၁၅ ရာခိုင်နှုန်း ထပ်မံထည့်ဝင်ရမည်ဖြစ်သည်။ ကျောက်ဖြူစီမံကိန်းတွင် မြန်မာအနေနှင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်နှီးမြှုပ်နှံရမည်ဖြစ်ရာ ပြည်ပမှ ချေးငွေရယူရဖွယ်ရှိနေသည်။ သို့သော် ဒေါ်လာ ၁ ဘီလီယံကျော်အနက် ပထမအအဆင့်အကောင်အထည်ဖော်ရာတွင် သန်းတစ်ရာ၀န်းကျင်သာ ထည့်၀င်ရဦးမည်ဖြစ်သည်။ ပထမအဆင့်လုပ်ငန်းများအတွက် အရင်းကျေပြီးမှသာ နောက်အဆင့်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးလည်းဖြစ်သည့် ဦးဆက်အောင်က ပြောဆိုထားသည်။
တရုတ်ကုမ္ပဏီ CITIC Myanmar Port Investment Limited နှင့် မြန်မာ အစိုးရ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ် ဖွဲ့စည်းထားသည့် Kyaukphyu Special Economic Zone Deep Seaport Co. Ltd မှတ်ပုံတင်ခြင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က ၂၀၂၀ ခုနှစ် သြဂုတ်လ ၆ ရက်တွင် အတည်ပြုပေးခဲ့သည်။
DICA ၏မှတ်တမ်းများအရ Kyaukphyu Special Economic Zone Deep Seaport Co. Ltd ကို ဒါရိုက်တာအဖွဲ့ဝင် ၆ ဦးဖြင့်ဖွဲ့စည်းထားကာ မြန်မာအစိုးရတာဝန်ရှိသူ ၂ ဦးနှင့် တရုတ်ကုမ္ပဏီဘက်မှ ၄ ဦးတို့က တာဝန်ယူထားသည်။ မြန်မာနိုင်ငံဘက်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်နှင့် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း တို့က ဖက်စပ်ကုမ္ပဏီတွင် ဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်သည်။ တရုတ်ဘက်မှ CITIC Group (Myanmar) ၏ မန်နေးဂျင်းဒါရိုက်တာ Yuan Shaobin နှင့် လက်ထောက် မန်နေးဂျင်း ဒါရိုက်တာ Liu Qing၊ Shan Liming၊ Ma Chuanfu နှင့် Sun Tiejun တို့က ဒါရိုက်တာများအဖြစ် တာဝန်ယူမည် ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ CITIC လုပ်ငန်းစုက စက်မှုဇုန်၏ ၅၁ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကျောက်ဖြူစက်မှုဇုန် တည်ဆောက်ရေးကို CITIC နှင့် ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့ (MKSHC-Myanmar Kyauk Phyu Special Economic Zone Holding Consortium Public Co.,LTD) လက်အောက်မှ မြန်မာပုဂ္ဂလိကကုမ္ပဏီ ၄၂ ခုက ဦးဆောင်လိမ့်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောသည်။ အစောပိုင်းကာလ ဝန်ကြီးဌာန၏ အဆိုအရ ဒေသခံလုပ်ငန်းရှင်များ အစုအဖွဲ့ကို ကုမ္ပဏီ ၅၂ ခုဖြင့် စုဖွဲ့ထားသည်ဟု ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့ (MKSHC) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင်  ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် Kyaukphyu Special Economic Zone Deep Seaport Co. Ltd (စီမံကိန်း လုပ်ငန်းဆောင်ရွက်ခွင့်ရှိသူ) တို့ကြား လုပ်ငန်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ် (Concession Agreement) ကို လက်မှတ်ရေးထိုးခဲ့သည်။  သဘောတူညီချက်အရ ရမ်းဗြဲကျွန်းဆိပ်ကမ်း၊ မဒေးကျွန်းဆိပ်ကမ်းအကြား ပေါင်းကူး တံတား၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် (စက်မှုဇုန်) သို့ဆက်သွယ်မည့် ၁၅ ကီလိုမီတာ ရှည်လျားသည့် ဆက်သွယ်ရေးလမ်းများ၊ ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ပုံဖော်မှု၊ ဒီဇိုင်း၊ တည်ဆောက်မှု၊ ငွေကြေးထည့်ဝင်မှု၊ လုပ်ငန်းလည်ပတ်မှု၊ ထိန်းသိမ်းမှုနှင့် လွှဲပြောင်းမှုဆိုင်ရာကိစ္စတို့ကို ကုမ္ပဏီမှ ဆောင်ရွက်သွားမည်ဖြစ်သည်။
၂။ အချိန်ကာလပြဇယား
၂၀၂၁ ခုနှစ် မေ ၃ ရက်တွင် စစ်ကောင်စီမှ စီမံကိန်း အကောင်အထည်ဖော်ရာတွင် အဓိက စီမံခန့်ခွဲမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အငြိမ်းစား ဦးမြင့်သိန်းက ဥက္ကဌအဖြစ်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစံရွှေမောင်က ဒုတိယဥက္ကဌ အဖြစ်ပါဝင်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများ၊ မြန်မာ ဆိပ်ကမ်းအာဏာပိုင်(ရခိုင်ပြည်နယ်)မှ  တာဝန်ရှိသူများပါဝင်သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းသည် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း စစ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၁ ခုနှစ် ဇွန်လ တွင် ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်း အကောင်အထည်ဖော်ရာတွင် အဓိက စီမံခန့်ခွဲမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို  ဥပဒေရေးရာ အကြံပေးရန်အတွက် ကုမ္ပဏီဌားရမ်းသည့်တင်ဒါကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၉ ရက်တွင်ကြေညာခဲ့သည်။ ဥပဒေရေးရာ အကြံပေးရန်အတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများပါ လျောက်ထားနိုင်ကြောင်း ထည့်သွင်းရေးသားထားသည်။
CITIC Constructionနှင့် CCCC FHDI တို့ အကျိူးတူပူးပေါင်းထားသည့် အဖွဲ့က စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် လိုအပ်မည့် ပဏာမ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးလုပ်ငန်းများ နှင့် အကြံပေးအဖြစ် ဆောင်ရွက်သွားရန်လေလံအောင်ကြောင်း CITIC Myanmar ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ CCCC FHDI မှာ China Communications Construction Company (CCCC) ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ရန် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ပေကျင်း၌ ပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင်  ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအား စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က သွားရောက်ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ကောင်စီ မြန်မာစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပရာတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သောကြောင့် လျင်မြန်စွာ အကောင်အထည် ဖော်ရန်လိုအပ်ကြောင်း စီးပွားရေးဇုန် ဥက္ကဌ ဒေါက်တာပွင့်ဆန်း ကပြောခဲ့သည်ဟု စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို စောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် စစ်ကောင်စီဖက်က ကြိုးပမ်းမှုများရှိခဲ့သည်။ အခြားတဖက်တွင်လည်း စီမံကိန်းအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကိုဖြည့်ပေးနိုင်ရန် ၁၃၅ မဂ္ဂါဝပ်ထွက်ရှိမည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ၂၀၂၃ ခုနှစ် မေ ၁၉ ရက်တွင် ထိုဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်ခဲ့ပြီး ဓာတ်အားပေးစက်ရုံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများရှိရာ ကျောက်ဖြူမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကြောင်း တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတွင် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထို့အပြင် ယခင်အရပ်သားအစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံအကြားစာချုပ်များတွင် သဘောထားကွဲလွဲမှုများရှိသောကြောင့် ဗဟိုလုပ်ငန်းအဖွဲ့က ဦးဆောင်၍ နှစ်ဖက်လုပ်ငန်းအဖွဲ့များအချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးတွင် ကြေညာခဲ့သည်။ ဆွေးနွေးမှုများပြီးပါက စီမံကိန်းများကို အမြန်ဆုံးစတင်နိုင်ရန် နှစ်နိုင်ငံအကြား ကြိုတင်ပြင်ဆင်ရမည့် စာချုပ်အကောင်အထည်ဖော်ရေးအတွက် စံနှုန်းသတ်မှတ်ချက်များ (Conditions Precedent) ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
စီမံကိန်းတွင် မြန်မာကုမ္ပဏီများအနေနှင့် စီမံကိန်းတွင် ပါဝင်ရန် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် အဖွဲ့အစည်း Myanmar Government Designed Entity Consortium အတွက် စိစစ်ရွေးချယ်ရေးကော်မတီကို စစ်ကောင်စီ မြန်မာအထူးစီးပွားရေးဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဌအဖြစ် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းကို ခန့်အပ်ခဲ့သည်။ ကုမ္ပဏီသက်တမ်း ၁၀ နှစ် ဖြစ်စေ၊ အခြေခံအဆောက်အအုံတည်ဆောက်မှု အနည်းဆုံး ငါးနှစ်စာ အတွေ့အကြုံရှိသည်ဖြစ်စေ၊ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် မြန်မာကုမ္ပဏီများသည် သုံးနှစ်အတွင်း လုပ်ငန်းဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသန်းထည့်ဝင်နိုင်မည်ဖြစ်သည်။ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ကို စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီသတင်းစာများမှ တဆင့် ဖိတ်ခေါ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စီမံကိန်းဖော်ဆောင်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement) ကို ပြန်လည်ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ညွှန်ကြားရေးမှူး မစ္စတာလျန်ချွမ်ရှင် (Mr. Liang Chuanxin) တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။ အရပ်သားအစိုးရ လက်ထက်တွင်ချုပ်ဆိုခဲ့သော စီမံကိန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ပိုမိုရှင်းလင်းရန်၊ ပြည့်စုံရန်နှင့် အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာနှစ်နိုင်ငံကြား ဆွေးနွေးကာ ယင်းနောက်ဆက်တွဲစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း နောက်ဆက်တွဲစာချုပ်တွင် ပါဝင်သည့်အချက်များကို တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိခဲ့ပါ။ နောက်ဆက်တွဲစာချုပ်ချုပ်ဆိုပြီးနောက်တွင် စီမံကိန်းဒီဇိုင်းရွေးချယ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောခဲ့သည်။
နောက်ဆက်တွဲစာချုပ်ချုပ်ဆိုပြီး လေးရက်အကြာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စီမံကိန်းအတွက် ကနေဒါအခြေစိုက် စီမံကိန်းစီမံခန့်ခွဲမှု ကုမ္ပဏီဖြစ်သည့် HATCH ကုမ္ပဏီအကူအညီဖြင့် ကန်ထရိုက်တာများကို ရွေးချယ်ပြီး စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်ရန် လျာထားကြောင်း စစ်ကောင်စီဖက်က ပြောဆိုခဲ့သည်။
မှတ်ချက် – အချိန်ကာလပြဇယားကို ၂၀၂၄ ဧပြီ ၂၄ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
၃။ စီမံကိန်း အသေးစိတ်အချက်အလက်များ
တည်နေရာ
ကျောက်ဖြူမြို့နယ်၊ ရခိုင်ပြည်နယ်
စီမံကိန်းအမျိုးအစား
ရေနက်ဆိပ်ကမ်း
အရွယ်အစား
ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း ၁၀ ခု
အကောင်အထည်ဖော်မည့်အဆင့်
လေးဆင့်
ပထမအဆင့် အရွယ်အစား
ဆိပ်ကမ်း နှစ်ခု
ရေအနက်
၈၀ မီတာ(သဘာ၀)၊ ၁၀၀ မီတာ(တိုးချဲ့)
မြေဧရိယာ
၆၀၇ ဧက(၂၄၆ ဟက်တာ)(မ‌‌ဒေးကျွန်း ၃၇၀ ဧက၊ ရမ်းဗြဲကျွန်း ၂၃၇ ဧက)
နှစ်စဉ်စွမ်းဆောင်ရည်
တန်ချိန် သန်းပေါင်း ၇ ဒသမ ၈ တန်(Bulk Cargo)၊ တန်ချိန် သန်းပေါင်း ၄ ဒသမ ၉ တန်(ပေ ၂၀ ကုန်သေတ္တာ)
ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်
အမေရိကန်‌ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ
ရင်းနှီးမြှုပ်နှံမှုအမျိုးအစား
နှစ်ရှည်ငှားရမ်းလုပ်ပိုင်ခွင့်
စီမံကိန်းစတင်သည့်ရက်စွဲ
တင်ဒါအောင်မြင်သည့်ရက်စွဲ
၃၀ ဒီဇင်ဘာ၊ ၂၀၁၅
စီမံကိန်းလက်ရှိအခြေအနေ
စတင်ရန်ပြင်ဆင်နေဆဲကာလ
စီမံကိန်းပြီးဆုံးမည့်နှစ်
တည်ဆောက်ရန်ကြာမြင့်ချိန်
နှစ် ၂၀
လုပ်ငန်းစတင်လည်ပတ်သည့်ရက်စွဲ
လုပ်ငန်းဆောင်ရွက်ခွင့်ကနဦးကာလ
နှစ် ၅၀(၂၅ နှစ် ထပ်မံတိုးချဲ့ခွင့်ရှိ)
၄။ အစုရှယ်ယာရှင်များ
CITIC Consortium, မြန်မာ အစိုးရနှင့် ဒေသခံလုပ်ငန်းရှင်များ။
(CITIC Consortium က ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက ၁၅ ရာခိုင်နှုန်း၊ ‌ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့က ၁၅ ရာခိုင်နှုန်း ထည့်ဝင်ကြမည်ဖြစ်သည်။)
CITIC Consortium တွင် –
(၁) CITIC Group (Myanmar) Company Limited
(၂) Yunnan Construction Engineering Group
(၃) China Harbor Engineering Company
(၄) China Merchants Holding International Company Ltd
(၅) TEDA Investment Holding
(၆) Charoen Pokohand Group တို့ပါဝင်ပါသည်။
CITIC Group (Myanmar) သည် မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက တရားဝင် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။ တရုတ် CITIC Group ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည်။
၄.၁။ CITIC Group(Myanmar)
ကုမ္ပဏီဥက္ကဋ္ဌ
Mr. Chang Zhenming
အုပ်ချုပ်မှုဒါရိုက်တာ
Mr. Yuan Shaobin
၄.၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တာဝန်ရှိသူများ
မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ
ဦးဟင်နရီဗန်ထီးယူ (ဒုတိယသမ္မတ)
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ
ဒေါက်တာသန်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး)
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ
ဦးဆက်အောင် (စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန)
၄.၃။ စစ်ကောင်စီလက်ထက် တာဝန်ရှိသူများနှင့် လုပ်ဆောင်ချက်များ (၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ)
မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ ဥက္ကဌ
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ
ဒေါက်တာပွင့်ဆန်း၊ ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ
ဦးမြင့်သိန်း၊ ဒုတိယဝန်ကြီး (ငြိမ်း)၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ (၁)
ဦးစံရွှေမောင်၊ အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ (၂)
ဦးဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှုးချုပ် (ငြိမ်း)၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
မှတ်ချက် – ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူးကို ဒေါက်တာပွင့်ဆန်းအစား စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အဖြစ်ပြောင်းလဲခန့်အပ်ခဲ့သည်။
စစ်ကောင်စီ လက်ထက်တွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအစည်းအဝေး ပထမအကြိမ်ကို ၂၀၂၁ ခုနှစ် ဇွန် ၁ရက်နေ့တွင် ကျင်းပခဲ့သည်။ စစ်ကောင်စီ ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေနိုင်ကြောင်း၊ ထိုစီမံကိန်း၏ ရလဒ်ကြောင့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဇွန် ၂ ရက်တွင်လည်း စစ်ကောင်စီက ခန့်အပ်ထားသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးမြင့်သိန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ဒေါက်တာပွင့်ဆန်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းဆိုင်ရာ သဘောတူညီချက်များနှင့် လူမူဘ၀ထိခိုက်မှုလေ့လာဆန်းစစ်ချက် တို့ကို သေချာစိစစ်ရန်၊ ဒေသခံပြည်သူများ အကျိုးစီးပွား၊ လူနေမှုဘဝမြှင့်တင်ရေး ကိစ္စရပ်များနှင့် နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများ ထိခိုက်နစ်နာမှုမဖြစ်ရေး လုပ်ဆောင်ရန်၊ စီမံကိန်းအောင်မြင်စွာ အကောင်ထည်ဖော်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
စစ်ကောင်စီသည် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ ၂၀၂၂ ခုနှစ် ပထမအကြိမ်အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယခင်က ချုပ်ဆိုခဲ့သည့် စာချုပ်များနှင့်ပတ်သက်၍ နိုင်ငံရေးအကဲဆတ်မှုကို သတိပြုပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းအောင် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ရန်၊ စီမံကိန်းများ လုပ်ဆောင်ရာတွင် ဒေသခံများနှင့် နိုင်ငံအကျိုးကို ကြည့်ရန် ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။
၄.၄။ စစ်ကောင်စီ လက်ထက်တာဝန်ရှိသူများနှင့်လုပ်ဆောင်ချက်များ (၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ယခုအထိ)
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် စီမံခန့်ခွဲမှုကော်မတီကို တတိယအကြိမ်အဖြစ် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့သည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဌ
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး
ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ
ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဌ
ဦးထွန်းအုံ၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ
ဦးကျော်ရွှေထွန်း၊ အထူးအရာရှိ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ
ဦးဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှုးချုပ် (ငြိမ်း)၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ထို့အပြင် အရပ်သားအစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံအကြားစာချုပ်များတွင် သဘောထားကွဲလွဲမှုများရှိသောကြောင့် ဗဟိုလုပ်ငန်းအဖွဲ့က ဦးဆောင်၍ နှစ်ဖက်လုပ်ငန်းအဖွဲ့များအချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ စက်ရုံလိုအပ်ချက်နှင့် ကိုက်ညီမည့် သင်တန်းများပေးရန်အတွက်လည်း ထည့်သွင်းပြောခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောက်ဖြူ အထူးစီးပွားရေးဇုန်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဘက်စုံစဉ်းစားကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ ဒေသအလိုက် ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်စဉ်းစားချက်များဖြင့် ဘက်စုံတွက်ချက်ပြီးမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် စစ်ကောင်စီက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို စစ်ကောင်စီမှ စိတ်ကြိုက်ရွေးချယ်ထားသူများဖြင့် တတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အသစ်ဖွဲ့စည်းထားသည့် ကော်မတီတွင် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အထူးအရာရှိ ဦးကျော်ရွှေထွန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌအဖြစ် ပါဝင်သည်။
ကော်မတီကို လူသစ်များဖြင့် ပြန်လည်ဖွဲ့စည်းပြီးနောက်တွင် စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အင်တိုက်အားတိုက် တိုက်တွန်းလျက်ရှိသည့် ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းနှင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် တွေ့ဆုံခဲ့သည်။ စစ်ကောင်စီ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီတို့အကြား စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် မြေနေရာသိမ်းဆည်းရေးနှင့် လျော်ကြေး ငွေပေးရေးတို့ကို ဆွေးနွေးခဲ့သည်။ ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် စည်းရုံးထောက်ပံ့လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နောက်ဆက်တွဲစာချုပ်ချုပ်ဆိုပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အခြေခံအဆောက်အအုံလုပ်ငန်းများဆိုင်ရာလုပ်ငန်းများ (Implementation Plan) အကောင်အထည်ဖော်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြန်မာဘက်မှ ကြိုတင်ပြင်ဆင်ရမည့် စီမံကိန်းအထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံများတည်ဆောင်ရန်နှင့် ဝန်ကြီးဌာနအလိုက် လုပ်ငန်းများညှိနိုင်ဆောင်ရွက်ရန် စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံး၊ ဝန်ကြီးဌာန-၂ မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးမှ ဦးဆောင်၍ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာအရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မှတ်ချက်- စစ်ကောင်စီ လက်ထက်တာဝန်ရှိသူများနှင့် လုပ်ဆောင်ချက်များကို ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
၄.၅။ ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့(MKSHC-Myanmar Kyauk Phyu Special Economic Zone Holding Consortium Public Co.,LTD)
ပါ၀င်ဖွဲ့စည်းမှု
မြန်မာ ပုဂ္ဂလိက ကုမ္ပဏီ ၄၂ ခု
ကုမ္ပဏီဥက္ကဋ္ဌ
ဦးမြဟန်(အုပ်ချုပ်မှုဒါရိုက်တာ၊ Fortune International Limited)
ကုမ္ပဏီဒုတိယဥက္ကဋ္ဌ
ဦးကျောက်တောင်(ဥက္ကဋ္ဌ၊ နေလသစ္စာကုမ္ပဏီ)
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ ယခင်နှင့် ယခု အစိုးရလက်ထက် နှိုင်းယှဉ်မှု
၅။ နားလည်မှုစာချွန်လွှာ (MOU)
နားလည်မှုစာချွန်လွှာ ၁၅ ခု ရှိပြီး အများပြည်သူသိအောင် တရား၀င်ထုတ်ပြန်ထားခြင်းမရှိပေ။
ကနဦးနားလည်မှုစာချွန်လွှာ
ဒီဇင်ဘာ၊ ၂၀၀၉
အကောင်အထည်ဖော်ရန်အကြိုလေ့လာဆန်းစစ်ခြင်း
၂၀၁၂ မှ ၂၀၁၃
အကြံပေးကုမ္ပဏီ
Singapore CPG consultant က Request for Proposal-RFP ပြင်ဆင်ပေး)
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
၃၀ ဒီဇင်ဘာ၊ ၂၀၁၅
မူဘောင်သဘောတူညီချက်
၈ နို၀င်ဘာ၊ ၂၀၁၈
နောက်ဆက်တွဲစာချုပ် ချုပ်ဆိုခြင်း
၂၆ ဒီဇင်ဘာ၊ ၂၀၂၃
မှတ်ချက် – နားလည်မှုစာချွန်လွှာပြဇယားကို ၂၀၂၄ ဧပြီ ၂၄ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
၆။ သက်ရောက်မှုလေ့လာဆန်းစစ်ချက်များ
လူမှုရေးနှင့် သဘာ၀ပတ်၀န်းကျင်ထိခိုက်မှုစစ်တမ်း၊ Preliminary Geological Survey ဆောင်ရွက်ရန် ကနေဒါနိုင်ငံအခြေစိုက် HATCH ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် CITIC က ငှားရမ်းထားသည်။ အဆိုပါကုမ္ပဏီအနေနှင့် ၂၀၁၉ သြဂုတ်လတွင် အစိုးရအရာရှိများနှင့်ပူးပေါင်းကာ စစ်တမ်းကောက်ယူမှု လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကုမ္ပဏီက စီမံကိန်း အဆိုပြုလွှာ အစီရင်ခံစာ (PPR) တခုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) သို့ တင်ပြခဲ့သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးရီဝင်းက သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) အစီရင်ခံစာပြီးဆုံးပါက စီမံကိန်း စတင်နိုင်မည်ဟု ဆိုသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ မဟာဗျူဟာမြောက် ထိခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု(Strategic Environmental Assessment-SEA) နှင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု(Environmental and Social Impact Assessment-ESIA) တို့ကို လုပ်ဆောင်ဆဲ ဖြစ်သည်။ မြို့နယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု(Township Environmental Assessment-TEA) ကို ၂၀၁၇ ခုနှစ်တွင် Myanmar Environmental Institute (MEI) က ထုတ်ပြန်ခဲ့သည်။  ရေနက်ဆိပ်ကမ်းသီးသန့်အတွက် ရွှေ့ပြောင်းခံရမည့် လူဦးရေကို မသိရသော်လည်း စီမံကိန်းအရပ်ရပ်အတွက် လူဦးရေ ၂၀၀၀၀ ခန့်ပြောင်းရွှေ့ရနိုင်ချေ ရှိကြောင်း International Commission of Jurists (ICJ)က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
စီမံကိန်းကြောင့် ‌အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းကျော် ရရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုထားသော်လည်း ယင်းသည် ဆိပ်ကမ်းအပြင် စက်မှုဇုန်၊ အိမ်ရာတို့ပါအ၀င်သည့် အထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက် ခန့်မှန်းချက်သာ ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းထက် ကြီးမားသည့် နိုင်ငံအချို့၏ ဆိပ်ကမ်းများတွင်ပင် လူရာဂဏန်း၀န်းကျင်ကိုသာ အလုပ်အကိုင် ပေးထားနိုင်သည်။
အထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းရရှိရာတွင် လုပ်ငန်းများလည်ပတ်ပြီး ၁၀ နှစ်ကြာလျှင် စီမံခန့်ခွဲမှုအလုပ်နေရာ ၉၀ ရာခိုင်နှုန်းကို ဒေသခံများကို ခန့်အပ်ရန် သဘောတူထားသည်။ ယင်းအပြင် စီမံကိန်းစတင်သည့် ပထမငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ကျန်နှစ်များတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သိန်း စီကို ဒေသလူမှုရေးကိစ္စများအတွက် လှူဒါန်းရန်လည်း သဘောတူထားသည်။
တင်ဒါတွက်ချက်မှုအရ လုပ်ငန်းဆောင်ရွက်ခွင့်ကာလ နှစ် ၅၀ အတွက် မြန်မာအစိုးရအနေနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ အခွန်ရရှိမည်ဖြစ်သည်။
Kofi Annan ဦးဆောင်သော ရခိုင်အကြံပေးကော်မရှင်၏ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မြန်မာအစိုးရအနေဖြင့် ဒေသခံ အသိုင်းအဝိုင်းအပေါ် စီမံကိန်း၏ ဖြစ်လာဖွယ်ရှိသော အကျိုးသက်ရောက်မှုများနှင့် ဒေသတွင်းမှ အခြား လုပ်ငန်းကဏ္ဍများအတွက် စီမံကိန်း၏ အန္တရာယ်နှင့် အကျိုးကျေးဇူးများကို ဆုံးဖြတ်နိုင်ရန် ESIA လုပ်ငန်းစဉ် မတိုင်မီ အထူးစီးပွားရေးဇုန် အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုနှင့် အလုပ်သမား အကဲဖြတ်မှု တို့ကို ပြုလုပ်ရန် အကြံပြုခဲ့သည်။
သို့သော်လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC)က ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဥပဒေအတိုင်း EIA တခု လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း CITIC က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။ EIA လုပ်ဆောင်ရန် လွတ်လပ်သောအတိုင်ပင်ခံ အဖွဲ့အစည်းတခုကို ဈေးပြိုင်တင်သွင်းရသော လုပ်ငန်းစဉ်တခုမှတဆင့် ရွေးချယ်မည်ဖြစ်ကြောင်း တရုတ် ကုမ္ပဏီက ပြောသည်။ သို့သော်လည်း ကုမ္ပဏီအနေဖြင့် EIA နှင့် ပတ်သက်၍ မည်သည့် တိုးတက်မှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းကို ယခုအထိ မကြေညာသေးပေ။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တရုတ်ကုမ္ပဏီ CITIC မှ ဦးဆောင်ကာ ရေနက်ဆိပ်ကမ်း စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမူရေးသက်ရောက်မှုဆိုင်ရာ အကဲဖြတ်ခြင်း (ESIA) အတွက် လက်မှတ်ရရှိရန်၊ အတိုင်ပင်ခံ ဝန်ဆောင်မှုနှင့် ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါအောင်မြင်သောကုမ္ပဏီမှ အစီရင်ခံစာ ပြုစုခြင်း၊ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း၊ မြေပြင်အခြေအနေ စုံစမ်းစစ်ဆေးခြင်း၊ ပတ်ဝန်းကျင် သက်ရောက်မှုအကဲဖြတ်ခြင်းများကို မြန်မာဥပဒေလုပ်ထုံးလုပ်နည်း အများနှင့်အညီ လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။
ထို့အပြင် စီမံကိန်း၏ ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမ ဆန်းစစ်ချက် (Preliminary Geotechnical and Topographic Survey) ကိုလုပ်ဆောင်ရန် တင်ဒါ သီးသန့်ခေါ်ယူခဲ့သည်။ တင်ဒါများကို ခေါ်ယူခဲ့သော်လည်း တင်ဒါရရှိခဲ့သောကုမ္ပဏီ များ နှင့် ဆန်းစစ်ချက်များ အခြေအနေများကို လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသည်ကိုတွေ့ရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) ဝန်ဆောင်မှုဆောင်ရွက်ရန်သဘောတူညီမှု စာချုပ်ကိုCITIC Myanmar နှင့် Myanmar MSR Consulting Co.,Ltd.တို့  လက်မှတ်ရေးထိုးခဲ့သည်။ ထို အခမ်းအနားကို စီမံကိန်းစီမံခန့်ခွဲမှု အတိုင်ပင်ခံ ကုမ္ပဏီ HATCH မှ တာဝန်ရှိသူများလည်းတတ်ရောက်ခဲ့သည်။ ကျောက်ဖြူစီမံကိန်း၏ ESIA ကို MSR Consortium မှတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CITIC Myanmar ကသတင်းထုတ်ပြန်ခဲ့သည်။​
MSR လုပ်ငန်းစုမှာ မြန်မာ၊ သြစတြေးလျ၊ ဘရူနိုင်းနှင့် တောင်ကိုရီးယားမှအကြံပေးများပါဝင်ဖွဲ့စည်းထားပြီး စျေးကွက်ရှာဖွေရေး၊ လူမှုရေးဆိုင်ရာ သုတေသန၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (EIA)၊ စက်မှု ကဏ္ဍသုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းတို့ကို လုပ်ကိုင်နေသော ပညာရှင်အဖွဲ့ဖြစ်ကြောင်း MSR တရားဝင် website တွင်ဖော်ပြထားသည်။ ESIA ဆောက်ရွက်ခြင်းအတွက် တရားဝင် အသိမှတ်ပြုလက်မှတ်ရရှိထားပြီး ဟိုတယ်ဆောက်လုပ်ရေး၊ နေစွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်ရုံများနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများအတွက် EIA နှင့် ပဏာမ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှု စစ်ဆေးချက်များကို  လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
သဘောတူမှုလက်မှတ်ရေးထိုးပြီးနောက်ပိုင်း နယ်ပယ်တိုင်းတာသတ်မှတ်ရေး (ESIA Scoping) အတွက် လုပ်ငန်းဆောင်တာများကို MSR Consortium က ဦးစီး၍ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံပြည်သူများနှင့်တွေ့ဆုံမှုနှင့်ပတ်သက်သည့် ရှင်းလင်းချက်တွင် ရေးသားထားသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ နောက်ဆုံးအပတ်တွင် ကျောက်ဖြူနှင့် မဒေးကျွန်းတို့၌ လူထုတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စစ်ကောင်စီက သတင်းစာများမှတဆင့် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲများသည် စီမံကိန်းအကြောင်းအား သိရှိနားလည်ရန်နှင့် သဘောထားမှတ်ချက်များ တင်ပြနိုင်ရန်ဖြစ်ပြီး အစိုးရဌာနမှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များ(INGOs)များ၊ ဒေသခံများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်မည်ဟုဆိုသည်။ ထို့ပြင် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်နိုင်မှုများ နည်းပါးစေရန် လေ့လာဆောင်ရွက်သွားမည့် အစီအစဥ်များကိုလည်း ရှင်းလင်းတင်ပြမည်ဟု ဖော်ပြထားသည်။
ပထမအကြိမ်တွေ့ဆုံပွဲကို ၂၀၂၂ခုနှစ်၊ ဩဂုတ် ၂၇ ရက်တွင် ကျောက်ဖြူမြို့၌ ကျင်းပခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ CITIC Myanmar ဒုတိယမန်နေးဂျင်းဒါရိုက်တာနှင့် လူမှုအဖွဲ့အစည်းများ၊ ကျောက်ဖြူမြို့နယ်ဒေသခံများအပါအဝင် စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ဒုတိယအကြိမ်တွေ့ဆုံပွဲကို မဒေးကျွန်းရှိ ဘုန်းတော်ကြီးကျောင်း၌ ဩဂုတ် ၂၈ ရက်တွင်  ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်း ရေးသားထားသည်။ မဒေးကျွန်းဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲအပြီး၌ ‘မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း’ ကို ဒေသခံအဖွဲ့ဝင် ၁၀၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုအသင်းသည် ကျွန်းပေါ်နေ ဒေသခံပြည်သူများအား ကိုယ်စားပြုပြီး စီမံကိန်းဖော်ဆောင်မည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့်  ဆွေးနွေးခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။
MSR Consortium အ‌နေနှင့် ကနဦးလေ့လာဆန်းစစ်ချက်အတွက် လုပ်ငန်းဆောင်တာများ ပြီးစီးသွားပြီဖြစ်ပြီး အစီရင်ခံစာထုတ်ပြန်ရာတွင် ဒေသခံများ၏ အသံများနှင့် စိုးရိမ်ချက်များကို ထည့်သွင်းဖော်ပြသွားမည်ဖြဖ်ကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။ ထို့အပြင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ အသေးစိတ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်မည်ဟုဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီသည် ကျောက်ဖြူစီမံကိန်းအတွက် လူမှုအကျိုးပြုစီမံကိန်းများ (Corporate Social Responsibility) ကိုလည်း လုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ‘ကျောက်ဖြူအနာဂတ်’ ရွေ့လျားဆေးခန်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ပရဟိတလုပ်ငန်းဆိုင်ရာစီမံကိန်း တခုအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်ဟု ကြေညာခဲ့သည်။ ထိုဆေးခန်းကို ယူနန်ပြည်နယ်အစိုးရ၏ Yunnan Aid မှ ငွေကြေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးထားပြီး CITIC Myanmar နှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် ‘ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီစောင့်ရှောက်ရေးအသင်း’ (KSEDAA) က  မြေပြင်လုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။ ထိုစီမံကိန်းစတင်သည့် အချိန်မှ လေးလအတွင်း ကျောက်ဖြူစီမံကိန်း အနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၂၀ အား ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုများ အခမဲ့ ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။ ထို့နောက် ရွေ့လျားဆေးခန်းအပြင် တရုတ်ဘာသာစကားသင်တန်း၊ လမုတောစိုက်ပျိုးရေးစီမံချက်တို့ပါ တိုးချဲ့အကောင်အထည်ဖော်လာပြီး စီမံကိန်းအကောင်အထည်ဖော်သည့် CITIC ကုမ္ပဏီက ကျေးလက်ရန်ပုံငွေထူထောင်ခြင်း၊ ရေဘေးကယ်ဆယ်ခြင်း၊ ပန်ဒါဝက်ဝံလွယ်အိတ်နှင့်ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်း၊ ကိုဗစ်ကာကွယ်ရေးပစ္စည်းများလှူဒါန်းခြင်း စသည့် ပရဟိတလုပ်ငန်း ၁၁ ခုကျော်ကို ၂၀၂၃ စက်တင်ဘာ ၂ ရက်တွင် ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း (EIA/SIA) လုပ်ငန်းစဉ်များပြီးစီးခဲ့ပြီး EIA/SIA အစီရင်ခံစာအတွက် စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ထို့အပြင် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာစစ်ဆေးမှုလုပ်ငန်းများ (PGTS) ကိုလည်း ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်တွင် စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကဲဖြတ်မှု (Preliminary Geographical and Topographical Survey (PGTS) နှင့် EIA ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည့်အစီအစဥ်ကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။
မှတ်ချက်- ESIA နှင့်ပတ်သက်သည့် အခြေအနေများကို ၂၀၂၄ ဧပြီ ၂၄ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
၇။ လူထုတုံ့ပြန်မူ
ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်မည့် ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့်ဒေသများအနက် တစ်ခုဖြစ်သည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောကြောင့် အထူးစီးပွားရေးဇုန် တည်ဆောက်ပြီးသည့်အခါ စက်မှုကုန်ကြမ်းရရှိနိုင်ရန်နှင့် ဈေးကွက်ရှာဖွေနိုင်ရန် အခက်အခဲများ ရှိလာနိုင်သည်ဟု ပညာရှင်များက ထောက်ပြထားကြသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မဒေးကျွန်းတွင် ၃၇၀ ဧက၊ ရမ်းဗြဲကျွန်းတွင် ၂၃၇ ဧကဖြင့် စုစုပေါင်း မြေဧက ၆၀၇ ဧက အသုံးပြုမည်ဖြစ်ပြီး မြေသိမ်းဆည်းမှုနှင့်ပတ်သက်၍ ပြဿနာများ ရှိနေသည်။ ဒေသခံများသည် စိုက်ပျိုးရေးနှင့် ရေလုငန်းတို့ကို အဓိက မှီခိုနေကြသူများဖြစ်ရာ စီမံကိန်းသည် ဒေသခံတို့၏ လုပ်ငန်းများ ထိခိုက်မည့်အရေးလည်း ရှိနေသည်။
အထူးသဖြင့် စီမံကိန်းဒေသတွင် အသေးစား တံငါလုပ်ငန်းဖြင့် အသက်မွေးသော ကျေးရွာ ၂၀ ခန့်ပါဝင်မည်ဖြစ်ရာ  အိမ်ထောင်စုပေါင်း ၅,၀၀၀ ကျော်ခန့်၏ ငါးဖမ်းကွက်များ ပျောက်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။ မြေယာသိမ်းဆည်းခြင်းများ၊ ဒေသခံများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ထိခိုက်စေနိုင်ခြင်း၊ ရေသယံဇာတများပြုန်းတီးစေခြင်းစသော လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှုများ ရှိလာနိုင်ခြင်းကြောင့် စီမံကိန်းအား ဒီဇိုင်းရေးဆွဲ အကောင်အထည်ဖော်ရာတွင် အထက်ပါအကြောင်းအရာများကို အလေးအနက်ထား စဉ်းစားရန် ထောက်ပြပြောဆိုထားသည်တို့ကိုလည်း တွေ့ရသည်။
အရှေ့တောင်အာရှဒေသအတွင်း လုပ်ဆောင်လျက်ရှိသည့် တရုတ်၏ စီမံကိန်းများတွင် ပြဿနာများ ရှိနေသည်။ တရုတ်၏ စီမံကိန်းများသည် ဒေသနှင့် ဒေသခံလူထု၏ အကျိုးစီးပွားထက် ၎င်းတို့၏အကျိုးစီးပွားကိုသာ အလေးထားသည်ဟူသည့် စွပ်စွဲချက်များ ရှိနေသလို နိုင်ငံအချို့တွင် တရုတ်စီမံကိန်းများ၀င်ရောက်လုပ်ကိုင်ရာ၌ တရုတ်အလုပ်သမားများကိုသာ တပါတည်း‌ခေါ်ယူကာ လုပ်ကိုင်စေသည်တို့လည်း ရှိသည်။
ယင်းအပြင် တရုတ်အလုပ်သမားများသည် ‌ဒေသခံများအပေါ် လေးစားမှုမရှိဟူ၍လည်း ရခိုင်တိုင်းရင်းသားအချို့က ခံစားနေကြရာ တရုတ်နှင့် ရခိုင်ဒေသခံများအကြား ပဋိပက္ခ ဖြစ်လာမည့်အရေးကိုလည်း တွေးပူကြသည်။ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များအကြောင်းကို အစိုးရအနေနှင့် ပြန်လည်လေ့လာဆန်းစစ်သင့်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကလည်း တောင်းဆိုထားသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် MSR Consortium က ဦးစီး၍ လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံများ၏ သဘောထားဆန္ဒကို တောင်းခံကောက်ယူခဲ့ခြင်း မရှိဟုလည်း ပြောဆိုမှုများ ရှိသည်။ ဆွေးနွေးပွဲပြုလုပ်ပြီး နှစ်လခန့်အကြာ (၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်) တွင် မဒေးကျွန်း ဒေသခံများက အဆိုပါစီမံကိန်းကြောင့် ရေလုပ်သားများ၏ လူမှုစီးပွားဘဝများ ထိခိုက်လာသည်ဟုဆိုကာ အလိုမရှိကြောင်းနှင့် ချက်ချင်း ရပ်ဆိုင်းရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
၈။ ပဋိပက္ခ၏ သက်ရောက်မှု
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှစတင်၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းအနီးတွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို စောလျှင်စွာအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံဖက်က တွန်းအားပေးနေခဲ့သော်လည်း အကောင်အထည်ဖော်မည့် ရမ်းဗြဲကျွန်းနှင့် ကျောက်ဖြူမြို့ အနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်မည့် ဧရိယာတခု ဖြစ်သည့် ရမ်းဗြဲကျွန်းကို ရက္ခိုင့်တပ်တော် (AA) က မတ် ၁၁ ရက်တွင် ထိန်းချုပ်နိုင်ခဲ့သည်။
မှတ်ချက် – စီမံကိန်း အခြေအနေများကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄  ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။
Gazette, Vol.-74/N0-12
https://www.irrawaddy.com/news/burma/chinese-firm-opens-assessment-tender-strategic-deep-sea-port-western-myanmar.html
http://www.citicmyanmar.com/index.php?m=content&c=index&a=lists&catid=41
https://www.moi.gov.mm/km/2-june-21
https://www.moi.gov.mm/km/3-june-21
https://web.facebook.com/XinhuaMyanmar/posts/pfbid0uVWw1BGXTi9vjf7jvgTHqDBuvhAX8RPqi6mLT92jdt9BGodesaMrGixxVRpNbbX7l
https://web.facebook.com/permalink.php?story_fbid=pfbid0Q32wqsqMtFQVaidkKHL9ogDYDtFBFrmNi8bt2ZghfLb4rsU8sQyZmNuPzSZLj5Hrl&id=100080753918153
https://web.facebook.com/hashtag/kyaukphyuanargat
The post ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း appeared first on ISP Myanmar China Desk.
မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်တရုတ်၏ပါဝင်မှု
၁။ စီမံကိန်းအကျဉ်းချုပ်
မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများထဲတွင် လျှပ်စစ်စွမ်းအင်ရရှိမှု အနည်းဆုံးဖြစ်သည်။ လူဦးရေ ၅၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အထိ တနိုင်ငံလုံးရှိအိမ်ထောင်စုဦးရေ၏ ၅၄ ရာခိုင်နှုန်းသာ နိုင်ငံမှဖြန့်ဖြူးသော ဓာတ်အားလိုင်းနှင့် ချိတ်ဆက်သုံးစွဲခွင့်ရနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေရန်အတွက် စီးပွားရေးလုပ်ငန်းများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် နှစ်စဉ် သုံးစွဲရန်လိုအပ်မည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နှစ်ကို ၁၁ ရာခိုင်နူန်း တိုးမြှင့်လိုအပ်လာနေသည်ဟု တွက်ချက်ထားသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် စုစုပေါင်း မဂ္ဂါဝပ် ၈,၆၀၀ ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး ၂၀၃၀ တွင်မူ ၁၂,၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ လေးနှစ်တာကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။ လာမည့် ၂၀၂၆ ခုနှစ်တွင် တနိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၈၆ ဒသမ ၁၈ ရာခိုင်နှုန်း ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု အစိုးရက လျာထားပြီး ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး မီးလင်းမည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် မဂ္ဂါဝပ် ၃,၆၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုသည် တစ်နှစ်လျှင် ၁၅ ရာခိုင်နူန်းမှ ၁၉ ရာခိုင်နူန်းအထိ မြှင့်တက်လာနေသည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများကို ဖက်စပ်လုပ်ဆောင်ခြင်း၊ BOT စနစ်နှင့် လုပ်ဆောင်ခြင်း၊ စီမံကိန်းတည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ချေးငွေပေးခြင်း ကဲ့သို့သော  ပုံစံမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိပြီး လျှပ်စစ်မဂ္ဂါဝပ်စုစုပေါင်း ၂,၀၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏မှတ်တမ်းများအရ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ် အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၄၇၇ မဂ္ဂါဝပ် ရှိသော လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုစီမံကိန်း ၂၀ ခုကို အတည်ပြုခဲ့သည်။ ယင်းတို့အနက် စီမံကိန်း ရှစ်ခုမှာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် ၎င်းတို့၏ ဖက်စပ်ကုမ္ပဏီများက တည်ဆောက်မည်ဖြစ်ပြီး ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏ စုစုပေါင်း ၁၃၅၀ မဂ္ဂါဝပ် ရှိသည်။  (အဆိုပါ စာရင်းတွင် တရုတ်နိုင်ငံနှင့် ဓာတ်အားလိုင်းများ ချိတ်ဆက် ဝယ်ယူမည့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်စီမံကိန်းများမပါဝင်သေးပါ)။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ တီကျစ်ကျေးရွာအုပ်စု အနီးတွင် တီကျစ် ၁၂၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂၀၀၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ ထိုကျောက်မီးသွေးစီမံကိန်းကို တရုတ်နိုင်ငံ အမျိုးသားအကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (China National Heavy Machinery Corporation)နှင့် အေဒင်အုပ်စု ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၀၂ ခုနှစ်တွင် စက်ရုံ စတင်လည်ပတ်ခွင့်ရရှိခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိများနှင့် တရုတ်အစိုးရ အရာရှိများကြား လျှပ်စစ်စွမ်းအင်စီမံကိန်းများအကောင်အထည်ဖော်ရန်ဆွေးနွေးမှုများ ရှိနေခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က အကောင်အထည်ဖော်ရန် တရုတ်ဘက်က အဆိုပြုခဲ့သည့် မီးလင်းချိုင် စွမ်းအင်စီမံကိန်းကို စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၂၁ ခုနှစ် မေလတွင် အတည်ပြုခဲ့သည်။ ထို့အပြင် အဆိုပါစီမံကိန်းကို တရုတ်-မြန်မာ စီးပွား‌ရေးစင်္ကြံ၏ ကနဦးအကောင်အထည်ဖော်မည့်စာရင်းတွင် အထူးဦးစားပေး စွမ်းအင်စီမံကိန်းအဖြစ် ထည့်သွင်းရန် စစ်ကောင်စီက အဆိုပြုခဲ့သည်။
၂၀၂၀ခုနှစ်တွင် တရုတ်သမ္မတရှီကျင့်ဖင် လာရောက်စဥ်က အကောင်အထည်ဖော်ရန် သဘောတူခဲ့သည့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းတည်ဆောက်ရေးအတွက်လည်း အကောင်အထည်ဖော်မည့် ကုမ္ပဏီနှင့် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနတို့ဆွေးနွေးမှုများရှိခဲ့သည်။ ထို့အပြင် စစ်ကောင်စီလျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်နှင့် တရုတ်သံအမတ် ချန်ဟိုင်းတို့သည် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ၂၀၂၂ခုနှစ်၊ မေလတွင် ဆွေးနွေး ခဲ့ကြသည်။
ထို့အပြင် စစ်ကောင်စီက တရုတ်နိုင်ငံအနေဖြင့် မြန်မာ၏စွမ်းအင်ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ပိုမို ဝင်ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးတို့၏ ၂၀၂၂ခုနှစ် ဧပြီ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ ထို့အပြင် တရုတ်ကုမ္ပဏီများက တည်ဆောက်ခဲ့သည့် တာပိန်(၁) ရေအားလျှပ်စစ်စီမံကိန်းမှလည်း လျှပ်စစ် ဓာတ်အား မီဂါဝပ် ၁၂၀ ဝယ်ယူရန် ညှိနှိုင်း နေကြောင်း ဖော်ပြထားသည်။
သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တတ်ရောက်ရန်လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့တွေ့ဆုံစဥ်ကနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း အကောင်အထည်ဖော်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂။ ရေအားလျှပ်စစ်စီမံကိန်းများ
၂၀၁၁ ခုနှစ် မတိုင်မှီ တပ်မတော်အစိုးရလက်ထက်တလျောက်လုံးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လျှပ်စစ် စွမ်းအင်ကို အဓိက ထုတ်လုပ်ပေးသော ရေအားလျှပ်စစ် စွမ်းအင်စီမံကိန်းများ အကောင်အထည်ဖော်ရန် အများဆုံး အဆိုပြုခဲ့သည်။ ၂၀၀၈ ခုနှစ်အထိ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၈၄ ခု ကို အကောင်အထည်ဖော်ရန် ပြင်ဆင်ထားခဲ့ကြောင်း မြန်မာလျှပ်စစ်လုပ်ငန်း၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။ ၎င်းတို့အနက် အများစုမှာ တရုတ်နိုင်ငံရှိ ကုမ္ပဏီများမှ အဆိုပြုထားသော စီမံကိန်းများဖြစ်သည်။
မြန်မာလျှပ်စစ်လုပ်ငန်း၏ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ မှတ်တမ်းအရ ရေအားလျှပ်စစ် စီမံကိန်းများကို   ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား၊ ရခိုင် တို့တွင် အများဆုံးရင်းနှီးမြုပ်နှံရန် တင်ပြခဲ့သည်မှာ China Datang Corporation နှင့် ၎င်း၏ကုမ္ပဏီခွဲများဖြစ်သည့် Datang (Yunnan) United Hydropower  Developing  Co., Ltd.၊ China Datang Overseas Investment Co., Ltd. တို့ဖြစ်သည်။ ထိုကုမ္ပဏီလုပ်ငန်းစုက အကောင်အထည်ဖော်ရန် တင်ပြခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ စုစုပေါင်း ၁၅ ခု ရှိခဲ့သည်။ ထို့အပြင် တရုတ် အစိုးရပိုင် Sinohydro Corporation Ltd. ကလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် ရေအားလျှပ်စစ်စီမံကိန်း ၁၁ ခု ကိုတင်ပြခဲ့သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း  ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်အဆိုပြုခဲ့သော တရုတ်ကုမ္ပဏီ ကုမ္ပဏီပေါင်း ၂၆ ခု ရှိပြီး ၎င်းတို့အထဲမှကုမ္ပဏီ ၂၃ ခု မှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ရာတွင်  ထိုစီမံကိန်းများထဲမှ စီမံကိန်းအများစုမှာ ပြည်သူလူထု ကန့်ကွက်မှုများနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ထို့အပြင် ၂၀၁၀ ခုနှစ်တွင် မြန်မာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် SPIC Yunnan International Power Investment Co., Ltd၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းကာ Upstream Ayeyawady Confluence Basin Hydropower Co., Ltd. (ACHC) ကိုတည်ထောင်ခဲ့သည်။ SPIC ကုမ္ပဏီလီမိတက်ဆိုသည်မှာ ရပ်နားထားရသော မြစ်ဆုံဆည်ကို အကောင်အထည်ဖော်မည့် CPI Yunnan International Power Investment Co., Ltdမှ တည်ထောင်ထားသော လက်ခွဲကုမ္ပဏီဖြစ်သည်။ ACHC ကုမ္ပဏီမှာ မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမည့် မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်း အပါအဝင် ဧရာဝတီမြစ်ဝှမ်းဒေသတွင် ဆည်ပေါင်း ၈ ခု ကို တည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ၉၉  မဂ္ဂါဝပ် ထွက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ် စီမံကိန်း တစ်ခုသာ ပြီးစီးခဲ့ပြီး ၃၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ချီဖွေရေအားလျှပ်စစ်စီမံကိန်း၊  ၂၅၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဝဆုတ်(အူဆောက်)ရေအား လျှပ်စစ်စီမံကိန်း၊ ၂၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဖီဆာရေအားလျှပ်စစ်စီမံကိန်း၊ ၃၀၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ခေါင်လန်ဖူး ရေအားလျှပ်စစ်စီမံကိန်း၊ ၂၈၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လိုင်ဇာ(မလိယန်)ရေအားလျှပ်စစ်စီမံကိန်း တို့ကို ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရပ်နား လိုက်ရသည်။ မဂ္ဂါဝပ် ၁၄၀၀ ခန့် ထွက်ရှိမည့် ရီနန် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ရန် ကုမ္ပဏီက အသေးစိတ်ပြင်ဆင်နေဆဲဖြစ်သည်။
လက်ရှိ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားသော အကြီးဆုံးရေအား လျှပ်စစ်စီမံကိန်းများမှာ မဂ္ဂါဝပ် ၂၈၀ ထွက်ရှိသော အောက်ပေါင်းလောင်းဆည်စီမံကိန်း၊ မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသော ရွှေလီ (၁) စီမံကိန်း၊ မဂ္ဂါဝပ် ၇၉၀ ထွက်ရှိသော ရဲရွာစီမံကိန်း၊ မဂ္ဂါဝပ် ၂၄၀ ထွက်သော တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်း နှင့် ၉၉  မဂ္ဂါဝပ် ထွက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်း တို့ဖြစ်သည်။ ထိုစီမံကိန်းများမှာ မြန်မာနိုင်ငံမှလက်ရှိထွက်ရှိသော လျှပ်စစ်ပမာဏ စုစုပေါင်း၏ ထက်ဝက်ကျော် ဖြစ်သည်။
၃။ လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း
၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် မြန်မာအစိုးရနှင့် China Three Gorges ကော်ပိုရေးရှင်း (CTG) တို့အကြား ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်ရန် ဖြစ်နိုင်ခြေ လေ့လာရေးဆန်းစစ်မှုအတွက် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ CTG သည် ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ဖြစ်သော Gorges ဆည်စီမံကိန်း တည်ဆောက်မှုကို တာဝန်ယူခဲ့သည့် တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးခါနီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ တွင် အစိုးရနှင့် CTG ကြား လေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ သဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။
ထိုစီမံကိန်းကို ချောင်းသာကမ်းခြေတွင် တည်ဆောက်ရန်ရည်ရွယ်ထားပြီး မဂ္ဂါဝပ် ၃၀ ထွက်ရှိမည့် ပထမဆုံးသော လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်လာမည်ဟု ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် ကုမ္ပဏီက ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကွင်းဆင်းလေ့လာမှုပြုလုပ်ပြီးသောအခါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့ပေ။
မကြာမီက ထုတ်ပြန်ခဲ့သော Project Bank စီမံကိန်းသစ်များ စာရင်းတွင် ၎င်းစီမံကိန်းကို  ၂၀၂၉ – ၂၀၃၀ ဘဏ္ဍာနှစ်အပြီးတွင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသော စီမံကိန်းအဖြစ်ထည့်သွင်းထားပြီး စီမံကိန်း ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု အစီရင်ခံစာကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြန်လည်သုံးသပ်ထားသည်ဟု ဆိုသည်။ သို့ရာတွင် စီမံကိန်းကို China Three Gorges ကော်ပိုရေးရှင်း(CTG) မှ ဆက်လက် အကောင်အထည်မည်ဟု ဖော်ပြထား ခြင်းမရှိပေ။
တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ အချက်အလက်ပြဇယားကို ဤနေရာတွင် Download ရယူနိုင်ပါသည်။
၄။ သဘာဝဓာတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်စီမံကိန်းများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအာဏာရလာပြီးနောက်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု၏ အဓိက လိုအပ်ချက်တခု ဖြစ်သည့်  လျှပ်စစ်စွမ်းအင်ဖြည့်တင်းမှုကို အဓိကထားရန် နိုင်ငံတကာအဖွဲ့အစည်းများက ဦးစားပေး တိုက်တွန်းခဲ့သည်။ ရင်းနှီးမြှပ်နှံမှုများပြားလာချိန်တွင် နွေရာသီ ရေမလုံလောက်မှု ပြသာနာများကြောင့် ပုံမှန်လျှပ်စစ် မထုတ်ပေးနိုင်သော ရေအားလျှပ်စစ်စီမံကိန်းများအစား သဘာဝဓာတ်ငွေ့သုံးနှင့် ဓာတ်ငွေ့အရည်သုံး လျှပ်စစ်စီမံကိန်းများ၊ ဆိုလာ စွမ်းအင်စီမံကိန်းများကို အကောင် အထည်ဖော်ရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။
၂၀၁၉ ခုနှစ် ဇွန်လတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စွမ်းအင်စီမံကိန်း နှစ်ခုနှင့် ဓာတ်ငွေ့ အရည်(LNG) သုံး လျှပ်စစ်စွမ်းအင်စီမံကိန်း သုံးခုတို့ကို အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူခဲ့သည်။ ထိုစီမံကိန်းများမှ လျှပ်စစ် မဂ္ဂါဝပ် ၁၀၄၀ ထွက်ရှိမည်ဖြစ်ပြီး ၂၀၂၀ နွေရာသီတွင် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် ရည်ရွယ်သည်။
ထိုစီမံကိန်းများအားလုံးကို တရုတ်ကျောထောက်နောက်ခံကုမ္ပဏီဖြစ်သော Vpower နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများ က လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော Vpower ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီကြီး ဖြစ်သော China National Technical Import and Export Corporation (CNTIC) တို့က သာကေတ၊ သံလျင်နှင့် ကျောက်ဖြူမြို့နယ် တို့တွင် ဆောက်လုပ်မည့် သဘာဝဓာတ်ငွေ့အရည်သုံးစီမံကိန်း သုံးခုကို လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ ထိုစီမံကိန်းများမှာ စုစုပေါင်း ၉၀၀ မဂ္ဂါဝပ် ထွက်ရှိရန်ရည်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈၀၀ သန်းကုန်ကျမည်ဖြစ်သည်။
Vpower ကုမ္ပဏီမှာ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော်လည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီကြီးဖြစ်သော CNTIC၊ CRRC ကုမ္ပဏီများနှင့် စီမံကိန်းများကို ပူးတွဲလုပ်ဆောင်နေသည်။ ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင် Vpower ၏ ပူးတွဲတည်ထောင်သူ Lee Chong Man Jason က CRRC နှင့် CNTIC တို့နှင့်ကုမ္ပဏီ၏ပူးပေါင်းဆောင်ရွက်မှုများကြောင့် BRI နိုင်ငံများရှိ စွမ်းအင်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှ ၎င်းတို့ အကျိုးအမြတ်များရရှိနေသည်ဟု ပြောဆိုထားသည်။ ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မည့် တရုတ်အပြည်ပြည်ဆိုင်ရာ ယုံကြည်မှု ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CITIC)၏ ရှယ်ယာ ရှစ်ရာခိုင်နှုန်းကို Vpower ကပိုင်ဆိုင်သည်။
ထို့အတူ မကွေးတိုင်း၊ ကျွန်းချောင်း မြို့နယ်ရှိ ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ထွက်ရှိမည့်စီမံကိန်းကို Vpower နှင့် ဖက်စပ်ကုမ္မဏီများက လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန်မြို့၊ အလုံမြို့နယ်တွင်တည်ဆောက်မည့်  ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ထွက်ရှိမည့်စီမံကိန်းကို China Energy Engineering Group-Hunan Electric Power Design Institute Co., Ltd (CEEC-PHEDI) ၊ China ITS (Holding) Co., Ltd၊ နှင့် Shenzhen Shennan Power Gas Turbine Engineering Technique Co., Ltd တို့က လုပ်ပိုင်ခွင့် ရရှိခဲ့သည်။
ထိုစီမံကိန်းများ၏ တင်ဒါခေါ်ယူသော စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်ပြီး နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများ က ဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် အစိုးရက စီမံကိန်းကို ၅ နှစ် သာလုပ်ကိုင်ခွင့်ပေးခြင်း၊ တည်ဆောက်ရေးကာလမှာ ခုနှစ်လသာ ရရှိခြင်းနှင့် မီတာခငွေကို ကျပ်ငွေဖြင့်သာ ပေးချေစေခြင်းတို့ကြောင့် ဖြစ်သည်။ နိုင်ငံတကာ ကုမ္ပဏီများက အရည် အသွေး ပြည့်မီသော စီမံကိန်းတစ်ခုကို ခုနှစ်လအတွင်း အပြီးဆောက်နိုင်ရန် အာမမခံနိုင်ဘဲ လုပ်ပိုင်ခွင့်ပေးသော ငါးနှစ် ကာလအတွင်း ကုမ္ပဏီအတွက် အကျိုးအမြတ်ရရန် မသေချာသောကြောင့် ထိုတင်ဒါကို  ဝင်ရောက်ယှဉ်ပြိုင်သော ကုမ္ပဏီ များစွားမရှိခဲ့ပေ။ တရုတ်ကုမ္ပဏီများက ရောင်းချသော လျှပ်စစ်တယူနစ် ကုန်ကျငွေ မည်မျှရှိသည်ကို မြန်မာအစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
တရုတ်ကုမ္ပဏီများက လက်ရှိတင်ဒါရရှိထားသော လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို တရုတ် – မြန်မာ စီးပွား ရေးစင်္ကြံ(CMEC)၏ အစိတ်အပိုင်းအဖြစ် တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။ သို့သော် ၁၃၅ မဂ္ဂါဝပ် ထွက်ရှိမည်ဟု ရည်မှန်းထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီးတွင် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ် ဓာတ်အားပေး စီမံကိန်းအား တရုတ် – မြန်မာစီးပွားရေးစင်္ကြံ(CMEC)၏ အရေးပါသောစီမံကိန်းဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။ ထိုစီမံကိန်းကို တရုတ်နိုင်ငံပိုင် Power China ကုမ္ပဏီနှင့် မြန်မာနိုင်ငံအခြေစိုက် Supreme Group တို့မှ ဖက်စပ်တည်ထောင်ထားသော Kyauk Phyu Electric Power Co., Ltd က အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ စီမံကိန်းအတွက် လျှပ်စစ်ဝယ်ယူရေး ညှိနိူင်းမှု သဘောတူညီချက်ကို ဘေဂျင်းတွင်ကျင်းပခဲ့သော ရပ်ဝန်းနှင့် လမ်းကြောင်း(BRI)ဖိုရမ်တွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် ကုမ္ပဏီများကြား လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းမှာ အမေရိ ကန်ဒေါ်လာ သန်း ၁၈၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
အထက်ပါ စီမံကိန်းများအပြင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင် မီးလင်းချိုင် သဘာဝတ်ဓာတ်ငွေ့ အရည်သုံး စီမံကိန်းတည်ဆောက်ရေး ဆွေးနွေးမှုများလည်းရှိနေသည်။ မီးလင်းချိုင် သဘာဝဓာတ်ငွေ့ အရည်သုံးစီမံကိန်းမှာ တရုတ်ကုမ္ပဏီများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် အဆိုပြုသည့် လျှပ်စစ် ဓာတ်အားပေး စီမံကိန်းများထဲတွင် ရင်းနှီးမြုပ်နှံမှုအများဆုံး စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများဖြစ်သည့် Yunnan Provincial Energy Investment Group Co., Ltd ၊ Union Resources and Engineering Company (UREC)၊ Zhefu Holding Group Co., Ltd နှင့် မြန်မာနိုင်ငံအခြေစိုက် Supreme Group တို့က အကောင်အထည်ဖော် သွားမည်ဖြစ်သည်။ ထိုစီမံကိန်းမှာ ၁၃၉၀ မဂ္ဂါဝပ် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင်ပြီးစီးရန် ရည်ရွယ်ထားပြီး ၃၅ ရာခိုင်နူန်းကို ဧရာဝတီတိုင်းတွင် ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ကျန်ဓာတ်အား ၆၅ ရာခိုင်နှုန်းကို ရန်ကုန်မြို့သို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ကလာရောက်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်းတွင် တည်ဆောက်ရေး အရှိန်မြင့်ရေးအတွက် စာလွှာကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိအချိန်တွင် စီမံကိန်းစတင်တည်ဆောက်ရေးအတွက် ကုမ္ပဏီနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့အကြား အသေးစိတ်ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်နေသည်။
အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံတွင် LNG သုံးလျှပ်စစ်စီမံကိန်းများ အများဆုံး အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည့် Vpower သည် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ(၂) လျှပ်စစ်ဓာတ်အားပေးစီမံကိန်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံ (၁) လျှပ်စစ်ဓာတ်အားပေးစီမံကိန်း နှစ်ခု၏ လုပ်ပိုင်ခွင့်ကို သက်တမ်းမတိုးဘဲ ရပ်ဆိုင်းခဲ့သည်။ စီမံကိန်းနှစ်ခုစာရင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်သည့် ကြားဖြတ်အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခြင်းမရှိတော့သည်ကို တွေ့ရသည်။ အာဏာသိမ်းမှုကြောင့်ဖြစ်ခဲ့သော နိုင်ငံရေးအခြေအနေနှင့် လူမှုရေးမတည်ငြိမ်မှုများကြောင့် အလုပ်သမားများ၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် အရေးပေါ်အစီအစဉ်များ ပြင်ဆင်ခဲ့ရသည်ဟု ကုမ္ပဏီက ဆိုသည်။
ထို့ပြင် ၎င်းလုပ်ပိုင်ခွင့်ရထားသည့် သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ပြောင်းလဲထုတ်လုပ်မည့် (LNG to Power) စီမံကိန်းများဖြစ်သည့် သာကေတနှင့် သန်လျင် (သီလဝါ) ရှိ စီမံကိန်းနှစ်ခုကိုလည်း ၂၀၂၁ခုနှစ်၊ ဇူလိုင်လကတည်းက ရပ်ဆိုင်းထားရကြောင်း ဧရာဝတီသတင်းဌာန ရေးသားချက်အရ သိရသည်။ အဆိုပါစီမံကိန်းများကို ကမ္ဘာ့ LNG ဈေးနှုန်းမြင့်တက်လာခြင်း၊ ပြည်တွင်း၌ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်ခြင်း၊ လျှပ်စစ်ဝယ်လိုအားကျဆင်းခြင်းနှင့် ဝန်ကြီးဌာနဘက်က လျှပ်စစ်ဓာတ်အားခများကို မြန်မာကျပ်ငွေဖြင့်သာ ငွေပေးချေနိုင်ခြင်းတို့ကြောင့် လျှပ်စစ်မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်သော သာကေတစီမံကိန်းကို လုံးဝရပ်နားထားပြီး မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်နိုင်သည့် သီလဝါစီမံကိန်းသည် တင်သွင်းထားသော LNG များကို ထိန်းသိမ်းရန် လိုအပ်သော လျှပ်စစ်ဓာတ်အားအတွက် ၅၀ မဂ္ဂါဝပ်သာ ထုတ်လုပ်လျက်ရှိသည်ဟု ဆိုသည်။ ထိုစီမံကိန်းများပြန်လည်စတင်နိုင်ခြင်းရှိမရှိဆိုသည်ကို မသိရှိရချေ။
ထို့အပြင် NLD အစိုးရလက်ထက်ကတည်းက ခွင့်ပြုချက်တင်ထားခဲ့သည့် မီးလင်းချိုင် (LNG to power) လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို ရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူနေသည့် ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ကြောင်း ၂၀၂၂ခုနှစ်၊ မေ ၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင်မြေပြင်တွင် စီမံကိန်းစတင်နိုင်ခြင်း မရှိသေးသည်ကိုတွေ့ရသည်။
အာဏာသိမ်းပြီးနောက်တွင်မတည်ငြိမ်သောအခြေအနေများကြောင့် တရုတ် စွမ်းအင် စီမံကိန်း ကိုရိုက်ခတ်မှုရှိခဲ့သော်လည်း တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီးရှိ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံးလျှပ်စစ် ဓာတ်အားပေး စီမံကိန်း( Gas to Power) ကို PowerChina ကဆက်လက်အကောင်အထည်ဖော်နေခဲ့သည်။ ၂၀၂၁ခုနှစ်ဇွန်လတွင် စီမံကိန်း၏ ပထမအဆင့်ကိုပြီးစီးခဲ့ကြောင်း PowerChina ကထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၂၀၂၂ခုနှစ် ဇွန်လကုန်ခါနီးတွင် ကျောက်ဖြူခရိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက အဆိုပါစီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ၈၁ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင် မီဒီယာများကိုပြောဆိုခဲ့သည်။
၅။ နယ်စပ်ဖြတ်ကျော်ဓာတ်အားပေးစီမံကိန်း
တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဓာတ်အားပေးစီမံကိန်းများမှတဆင့် လျှပ်စစ် ရောင်းချရန် ၂၀၁၄ ခုနှစ် ကတည်းက စတင်ညှိနိူင်းခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် China Southern Power Grid (CSG)၊ State Grid Corporation of China (SGCC)၊ China Energy Engineering Group (CEEG)၊ Union Resources and Engineering Company (UREC)နှင့် POWERCHINA တို့ပါဝင်သည်။  SGCC ၊ CEEG နှင့် UREC တို့က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)၏ အစိတ်အပိုင်းအဖြစ် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားရောင်းချရန်အစီအမံများကို ၂၀၁၆ ခုနှစ် တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို အသီးသီးတင်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့်မြန်မာနိုင်ငံတို့တွင် လျှပ်စစ်ဓာတ်အားပြတ်လပ်မှုကိုဖြေရှင်းရန်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို တိုးမြှင့်နိုင်ရန်အတွက် ရေအားလျှပ်စစ်၊ ဆိုလာ၊ လေစွမ်းအင် တို့နှင့် လျှပ်စစ်ထုတ်လုပ်မှု စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယနှင့် မြန်မာအကြားအပြန်အလှန် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ တရုတ် – မြန်မာ – ဘင်္ဂလားဒေ့ရှ် ၆၀၀ ကေဗွီ DC လျှပ်စစ်ဓာတ်အားလိုင်း ကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွင် တည်ဆောက်ရန် တရုတ်အစိုးရက ရည်မှန်းထားသည်။
China Southern Power Grid (CSG) ၏ ကုမ္ပဏီခွဲတခုဖြစ်သည့် ယူနန်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်သည် ယူနန်ပြည်နယ်မှ ရှမ်းပြည်နယ်၊ မူဆယ် ထိုမှတစ်ဆင့် မိတ္ထီလာသို့ လျှပ်စစ်ဓာတ်အား ပို့ဆောင်ရန် လက်ရှိ ဓာတ်အားလိုင်းကို အသုံးပြု၍ ဓာတ်အားလိုင်း ချိတ်ဆက်ရေးစီမံကိန်းတခုကိုလည်း အဆိုပြုထားသည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာပြည်ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီချက် ၃၃ ချက် ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မြန်မာ – တရုတ်စွမ်းအင်ဆက်သွယ်မှု ဆက်သွယ်ရေးစီမံကိန်း၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာ – တရုတ်နယ်စပ်ဖြတ်ကျော် စွမ်းအင်ဆက်သွယ်မှု စီမံကိန်းအတွက် လေ့လာမှုကို လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန(MOEE)နှင့် တရုတ်အစိုးရပိုင် China Southern Power Grid (CSG) တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာအစိုးရသည် ၂၀၁၉ နှစ်လယ်ပိုင်းတွင် CSG မှ လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ် ဝယ်ယူမည်ဟု ကြေညာခဲ့သည်။ လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တတ်ဟုန်မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ မိုင်းရယ်နှင့် ဟိုပုန်း၊ ကယားပြည်နယ်မှ လွိုင်ကော်မြို့နှင့် ပဲခူးတိုင်းဒေသကြီးရှိ ဘုရားကြီးအထိ လျှပ်စစ်ပေးရန် ရည်ရွယ် ထားသည်။ ထိုဓာတ်အားလိုင်းချိတ်ဆက်ကာ လျှပ်စစ်ဝယ်ယူမှုစီမံကိန်းကို ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ်တွင် အပြီး ဆောင်ရွက် ရန် အစိုးရက ပြင်ဆင်ထားသည်။ စီမံကိန်းအတွက် လိုအပ်သော ၅၀၀ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်ရန် အတွက် အစိုးရနှင့်ကုမ္ပဏီကြား အသေးစိတ်ညှိနိူင်းနေဆဲဖြစ်ပြီး လျှပ်စစ်ဓာတ်အားခကို ကျပ်ငွေဖြင့်ပေးချေရန် သဘောတူထားပြီး သဘောတူညီထားသောဈေးနှုန်းနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော် ပြောဆိုခြင်းမရှိချေ။
တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် နှစ်နိုင်ငံလျှပ်စစ်လိုင်းများကို ဆက်သွယ်ကာ လျှပ်စစ်ရောင်းချမည့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများ တည်ဆောက်ရန် လမ်းကြောင်းနှစ်ခုကို တင်ပြထားသည်။ ပထမလမ်းကြောင်းမှာ ယူနန်ပြည်နယ် လုံချွန်းခရိုင်မှ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ချိတ်ဆက်ရန်နှင့် ဒုတိယလမ်းကြောင်းမှာ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှ ရှမ်းပြည်နယ် မူဆယ်မြို့ကို ချိတ်ဆက်ရန်ဖြစ်သည်။
တရုတ်မှလာသော လျှပ်စစ်မီးလိုင်းကို ဗန်းမော်မြို့မှတာပိန်ဆည် ထိုမှတဆင့် အုန်းတောရှိ ဓာတ်အားပေးစက်ရုံ နှင့် ချိတ်ဆက်ရန်ရွယ်ထားသည်။ State Grid Corporation of China (SGCC) က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ တွင် ၂၃၀ ကေဗွီ နဘား – ရွှေဘို – အုန်းတော ဓာတ်အားပေးစက်ရုံကို တည်ဆောက်ပြီးစီးကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ရွှေဘိုမြို့ တွင် SGCC ၏ လုပ်ငန်းခွဲဖြစ်သော China Electric Power Equipment and Technology Co Ltd (CET) ကလည်း ဓာတ်အားပေးရုံခွဲကို တည်ဆောက်ပြီးဖြစ်ကြောင်း ကြေညာခဲ့ပြီး Union Resources and Engineering Company (UREC) ကလည်း နဘားမှ ဗန်းမော်သို့ ဆက်သွယ်မည့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းကို အကောင်အထည် ဖော်နေဆဲဖြစ်သည်။ အထက်ပါစီမံကိန်းပြီးစီးမှုအခြေအနေများအရ ကချင်ပြည်နယ်ဘက်မှ သွယ်တန်းမည့် နယ်စပ်ဖြတ်ကျော်ဓာတ်အားပေးစီမံကိန်း အစီအစဉ်မှာ ပြီးစီးလုနီးပါးအခြေအနေ ဖြစ်သည်။
၆။ တရုတ်ကုမ္ပဏီများနှင့် ဆိုလာဓာတ်အားပေးစီမံကိန်းများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ လျှပ်စစ်စွမ်းအင်မူဝါဒတွင် လျှပ်စစ်စွမ်းအင်ဖြည့်တင်းရာတွင် ဆိုလာ ဓာတ်အားပေးစီမံကိန်းများ တည်ဆောက်ရန်အတွက် ဦးစားပေးထည့်သွင်းထားသည်။ ၂၀၂၁ ခုနှစ်တွင် လိုအပ်လာမည့် ခန့်မှန်းလျှပ်စစ်စွမ်းအင်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မေ တွင် စုစုပေါင်း မဂ္ဂါဝပ် ၁,၀၆၀ နီးပါး ထွက်ရှိမည့် ဆိုလာစီမံကိန်း ၃၀ ကို Independent Power Producer and Build-Operate Own (IPP/BOO) စနစ်ဖြင့် လုပ်ကိုင်ရန် တင်ဒါခေါ်ယူခဲ့သည်။
တင်ဒါလျောက်ထားသော ကုမ္ပဏီပေါင်း ၅၂ ခုမှ အဆိုပြုလျှောက်လွှာပေါင်း ၁၅၅ ခုရှိခဲ့ပြီး တရုတ် ကုမ္ပဏီများက အများစု ပါဝင်ခဲ့ကာ ပြည်တွင်းကုမ္ပဏီများနှင့် ထိုင်းနိုင်ငံ၊ အီးယူ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့လည်း တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ တင်ဒါယှဉ်ပြိုင်ရာတွင် ၈၅ ရာခိုင်နူန်းကျော်မှာ တရုတ် ကုမ္ပဏီများဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ပထမပတ်တွင် ဝန်ကြီးဌာနက ဆိုလာစီမံကိန်း ၂၉ ခု ၏ ပထမအဆင့်တင်ဒါ အောင်မြင်သူစာရင်းကို ထုတ်ပြန်ခဲ့ရာ စီမံကိန်း ၂၇ ခု ကို တရုတ်ကုမ္ပဏီများက အောင်မြင်ခဲ့ကြောင်း တွေ့ရသည်။ မဂ္ဂါဝပ် ၃၀ ထွက်ရှိမည်ဟု လျာထားသော ဘီးလင်းစီမံကိန်းကို မည်သည့်ကုမ္ပဏီမှ တင်ဒါအဆိုမပြုခဲ့သောကြောင့် ကျန်ဆိုလာစီမံကိန်း ၂၉ ခု မှ စုစုပေါင်း ၉၉၀  မဂ္ဂါဝပ်ခန့် ထွက်ရှိမည်ဖြစ်သည်။
တရုတ်ကုမ္ပဏီများဖြစ်သည့် Sungrow Power Supply ကုမ္ပဏီက စီမံကိန်း ကိုးခု၊ China Machinery Engineering Corporation ကုမ္ပဏီက ရှစ်ခု၊ Consortium of SPIC Yunnan International Power Investment ကုမ္ပဏီ နှင့် ပြည်တွင်း ကုမ္ပဏီ Khaing Lon Gems ပါဝင်သော ဖက်စက်ကုမ္ပဏီက စီမံကိန်း လေးခု ၊ ပြည်တွင်း Future Energy Co., Ltd နှင့် တရုတ်ကုမ္ပဏီများဖြစ်သည့် Consortium of China Gezhouba Group Oversea Investment Co., Ltd နှင့် Xi’an LONGI Clean Energy Co., Ltd တို့က စီမံကိန်း သုံးခု၊ ပြည်တွင်းရွှေတောင်နှင့် တရုတ် GCL System Integration Technology Co., Ltd. တို့က စီမံကိန်း နှစ်ခု၊ ရွှေတောင်နှင့် တရုတ်ကုမ္ပဏီများဖြစ်သည့် Future Energy Co., Ltd နှင့် Xi’an LONGI Clean Energy Co., Ltd တို့စီမံကိန်း တခု တို့ကို လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
ထိုစီမံကိန်းများကိုအကောင်အထည်ဖော်မည့် ကုမ္ပဏီများမှာ လုပ်ပိုင်ခွင့် နှစ် ၂၀ ရရှိမည်ဖြစ်ပြီး ခြောက်လ အတွင်း လုပ်ငန်းအကောင်အထည်ဖော်ရမည်ဟု တင်ဒါစည်းမျဉ်းစည်းကမ်းတွင် ဖော်ပြထားသည်။ ဆိုလာပါဝါစီမံကိန်း တခုသည် အနည်းဆုံး လျှပ်စစ်မဂ္ဂါဝပ် ၃၀ မှ ၄၀ အထိ ထုတ်လုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်း တွင် လေးခု၊ ပဲခူးတိုင်းတွင် ခုနှစ်ခု၊ မကွေးတိုင်းတွင် ‌ခြောက်ခု၊ မန္တလေးတွင် ငါးခု၊ စစ်ကိုင်းတိုင်းတွင် လေးခု၊ နေပြည်တော် တွင် သုံးခုနှင့် ရန်ကုန်တိုင်းတွင် တခု တည်ဆောက်သွားမည် ဖြစ်သည်။ ဆိုလာပါဝါစီမံကိန်း တခုစီအတွက် တင်ဒါအောင်ကုမ္ပဏီများသည် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းစီမံကိန်းများမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဓာတ်အားဝယ်ယူရန် သတ်မှတ်နှုန်းထားများမှာ တယူနစ်လျှင် အမေရိကန်ဒေါ်လာ အနည်းဆုံး သုံး ဒသမ ခြောက် ဆင့်မှ အများဆုံး မှာ လေး ဒသမ ရှစ်ဆယ့်ရှစ် ဆင့်သာ သတ်မှတ်ထားသည်။
LNG စီမံကိန်းများ ကဲ့သို့ပင် တင်ဒါစည်းကမ်းများသည် ပြည်တွင်းကုမ္ပဏီများနှင့် အခြား ပြည်ပကုမ္ပဏီများကို ဝင်ရောက်ယှဉ်ပြိုင်ရန် အကန့်အသတ်ပြုလုပ်ထားသည်ဟု ဝေဖန်ခံခဲ့ရသည်။ အထူးသဖြင့် စီမံကိန်းလျောက်ထားသူသည် လွန်ခဲ့သော ၁၀ နှစ် အတွင်း IPP စီမံကိန်း သုံးခု လုပ်ဆောင်ဖူးသူ၊ ထို့အပြင် ၎င်းစီမံကိန်း သုံးခုမှ တခုသည် ဆိုလာစီမံကိန်း ဖြစ်ရမည်ဟူသော သတ်မှတ်ချက်၊ ဝင်ရောက်ယှဉ်ပြိုင်သည့်ကုမ္ပဏီသည် တနှစ်လျင်အမေရိကန်ဒေါ်လာ သန်း ၂၀ ကို သုံးနှစ် ဝင်ငွေရှိရမည်ဟူသော သတ်မှတ်ချက်များသည် ပြည်တွင်းကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်မှုကို အားပေးရာ မရောက်ကြောင်း လုပ်ငန်းရှင်များက ဝေဖန်ထားသည်။
ထို့အပြင် မြန်မာအစိုးရက သတ်မှတ်ထားသောဈေးနှုန်းများသည် စီးပွားရေးအရ တွက်ချေမကိုက်နိုင်သော ဈေးနှုန်းဖြစ်ခြင်း၊ အကောင်အထည်စဖော်ရမည့်ကာလမှာ တိုတောင်းခြင်းတို့ကြောင့် အရည်အသွေးပိုင်းဆိုင်ရာ အလေးထားသောပြည်ပကုမ္ပဏီများက တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ နောက်ဆုတ်ခဲ့ရသည်ဟု ဝေဖန်ခံထားရသည်။
ထိုစီမံကိန်း ၂၉ ခု အနက်မှ စီမံကိန်း ၁၆ ခု ကို တရုတ်ကုမ္ပဏီ ခြောက်ခု မှအကောင်အထည်ဖော်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စီမံကိန်းသဘောတူညီမှု စာချွန်လွှာ (Letter of Agreements –LOA)ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက်တွင် ထုတ်ပေးခဲ့သည်။
ထို စီမံကိန်း ၁၆ ခုကို ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ဆောက်သွားမည်ဖြစ်သည်။ LOA ရရှိခဲ့သောကုမ္ပဏီများမှာ Sungrow Power Supply ကုမ္ပဏီက စီမံကိန်း ရှစ် ခု၊ Consortium of SPIC Yunnan International Power Investment Co.,Ltd. နှင့် Khaing Lon Gems ကုမ္ပဏီက စီမံကိန်း လေးခု၊Consortium of China Gezhouba Group Oversea Investment Co.,ltd and Future Energy Company Limited and Xi’an LONGI Clean Energy Co.,Ltd မှ တခု၊ တရုတ်-မြန်မာ ဖက်စပ် ကုမ္ပဏီဖြစ်သည့်Consortium of Shwe Taung Development Co.,ltd & GCL System Integration Technology မှ တခု၊ Consortium of Gold Energy Co., Ltd and Universal Energy Co., Ltd တို့က တခုနှင့် ဂျာမဏီကုမ္ပဏီနှင့် မြန်မာဖက်စပ်ဖြစ်သည့် Consortium of ib Vogt Gmbh and Kyaw Su Thway Group of Co., Ltd တို့က တခုစီ တို့ဖြစ်သည်။
ထိုတင်ဒါအောင်မြင်သွားသည့် တရုတ်ကုမ္ပဏီ ခြောက်ခု၏ စီမံကိန်း ၁၆ ခုမှ တင်ပြသော ဈေးနှုန်းသည် တ ကီလိုဝပ်နာရီကို အမေရိကန်ဒေါ်လာ သုံး ဒသမ ငါး မှ ငါး ဒသမ တ ဆင့် (USD$0.0348/kWh – USD$0.051/kWh) သာ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရသည်။
ယင်းနောက် ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၆ ရက်က ကျန်ရှိသည့် စီမံကိန်း ၁၃ ခုအနက်မှ စီမံကိန်း ခုနှစ်ခုအား Letter of Acceptance (LOA) ထပ်မံထုတ်ပေးခဲ့ပြီး ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ဆောက်သွားမည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်က ဆိုလာပါဝါစီမံကိန်းများ လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ခဲ့သော စီမံကိန်း ၂၉ ခုအနက် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ရန် ကြန့်ကြာနေသည့် စီမံကိန်း ၂၆ ခုကို စစ်ကောင်စီက တင်ဒါဖျက်သိမ်းခဲ့ပြီး ကုမ္ပဏီများကို အမည်ပျက် စာရင်းသွင်းခဲ့ကြောင်း ၂၀၂၂ခုနှစ် မေလတွင်သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီများတွင် တရုတ်နိုင်ငံ အခြေစိုက်ကုမ္ပဏီများအပြင် ပြည်တွင်းဖက်စပ်ကုမ္ပဏီများပါ ပါဝင်ခဲ့သည်။ အမည်ပျက်စာရင်းသွင်းခံရသည့် တရုတ်ကု မ္ပဏီများထဲတွင် ဆိုလာ တင်ဒါအများဆုံးရရှိခဲ့သည့် Sungrow Power Supply Co.,Ltdပါဝင်ခဲ့သလို၊မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ခဲ့သည့် SPICပါဝင်သည့် ဖက်စပ်တရုတ် ကုမ္ပဏီလည်းပါဝင်ခဲ့ကြောင်းမီဒီယာများကရေးသားထားသည်။
တင်ဒါအောင်မြင်ထားသော တရုတ်ကုမ္ပဏီ အများစုမှာ ဓာတ်အားဝယ်ယူရေး PPA စာချုပ် (Power Purchase Agreement) ကိုပင် ချုပ်ဆိုရန် မလုပ်နိုင်ဘဲ စီမံကိန်းစတင်ရန်လည်းပျက်ကွက်ခဲ့သောကြောင့် အမည်ပျက်စာရင်းသွင်းခံရကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ဖတ်ရူ့ခွင့်ရခဲ့သော ဧရာဝတီ သတင်းဌာနက ရေးသားထားသည်။တရုတ်ကွန်မြူနစ်ပါတီ၏ သတင်းဌာန Global Times ကလည်း အကောင်အထည်ဖော်ရန်ကြန့်ကြာနေသော တရုတ်ဆိုလာစီမံကိန်းများ လုပ်ပိုင်ခွင့်ရုတ်သိမ်းခံရ သော်လည်း တရုတ်လုပ်ငန်းရှင်များ၏မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်း ရှိကြောင်း ယုံကြည်မှုအပေါ်ထိခိုက်ခြင်းမရှိကြောင်း ရေးသားခဲ့သည်။ ထို့အပြင်တရုတ်ကုမ္ပဏီ GCL System Integration Technology Co (GCL)ကလည်းမြန်မာမှ စီမံကိန်းနှစ်ခု လုပ်ပိုင်ခွင့်ရုတ်သိမ်းခံရကြောင်း Global Times သတင်းဌာနတွင်ရေးသားထားသည်ကိုတွေ့ရသည်။
ထိုသို့စီမံကိန်းများ ရပ်နားခံရသော်လည်း တရုတ်အစိုးရပိုင် ကုမ္ပဏီတခုဖြစ်သည့် Power Construction Corporation (PowerChina)မှရင်းနှီးမြှုပ်နှံမည့် ပဲခူးတိုင်း၊ ရွှေကျင်မြို့ရှိ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စီမံကိန်းတည်ဆောက်ခြင်း စတင်သည့် အခမ်းအနားကို ၂၀၂၂ခုနှစ် ဧပြီလတွင်ပြုလုပ်ခဲ့သည်။ ရွှေကျင် နေရာင်ခြည်သုံးစွမ်းအင်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၄၀ မီဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက နိုင်ငံပိုင်ဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်မည်ဖြစ်ပြီး ရွှေကျင်ဒေသနှင့် နိုင်ငံအနှံ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဟု တရုတ်၏အစီအမံတခုဖြစ်သည် လင်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး Website၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၇။ လျှပ်စစ်အတွက် တရုတ်အပေါ် မှီခိုရမှု
လက်ရှိတရုတ်နိုင်ငံက အကောင်အထည်ဖော်နေသော လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများအရ အနာဂတ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု ၃၅ ရာခိုင်နူန်းကျော်မှာ တရုတ်စီမံကိန်းများမှ ရောင်းချပေးနေရသည့် အနေအထား ဖြစ်လာနိုင်ကြောင်းပညာရှင်များမှ တွက်ချက်ထားသည်။
တရုတ်ကုမ္ပဏီများထံမှ လျှပ်စစ်ဝယ်ယူမှုသည် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော လျှပ်စစ်စွမ်းအင်မလုံ လောက်မှု ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ရေရှည်တွင် ပြည်ပရင်းနှီးမြုပ်နှံမှုအတွက် အဓိကအရေးပါသော လျှပ်စစ်မီးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံတခုကို မှီခိုရသည်မှာ အန္တရာယ်များကြောင်း သုံးသပ်မှုများလည်းရှိနေသည်။  အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံအပေါ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေးကဏ္ဍတို့တွင် အဓိက အခန်းကဏ္ဍမှ ရှိနေသော နိုင်ငံထံမှ လျှပ်စစ်ဝယ်ယူပါက ရေရှည်တွင် တရုတ်နိုင်ငံ၏ သြဇာသက်ရောက်မှုကို ပိုမိုခံလာ ရမည်ဖြစ်ကြောင်း သုံးသပ်ကြသည်။
တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားအရင်းအမြစ်များအပေါ် မှီခိုလေလေ၊ မြန်မာအစိုးရအနေဖြင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှုကို မျှတတဲ့ဈေးနှုန်းဖြင့် ထိန်းချုပ်နိုင်မှုနှင့်ညှိနှိုင်းနိုင်စွမ်း လျော့နည်းလေလေ ဖြစ်နိုင်ကြောင်း ကိုလည်း သတိပေးထားသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်စီမံကိန်းများအတွက် လိုအပ်သော အခြေခံအဆောက်အအုံ တည်ဆောက်မည့်နေရာများသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် မြန်မာစစ်တပ်အချင်းချင်း တိုက်ခိုက်နေ သည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ကုန်ကျစရိတ်မြင့်မားသော အခြေခံအဆောက်အအုံများသည် လက်နက်ကိုင်အချင်းချင်း မကျေလည်မှုများကြောင့် တိုက်ခိုက်ခံရရန် ပစ်မှတ်ဖြစ်လာ နိုင်ကြောင်းလည်း သုံးသပ်ကြသည်။ ထို့အပြင် ထိုစီမံကိန်းများကို အကာအကွယ်ပေးရန် တပ်မတော်က လုံခြုံရေးပိုမိုချ ထားပါက တိုင်းရင်းသားနယ်မြေများတွင် စစ်နယ်မြေချဲ့ထွင်ခြင်းများ ဖြစ်ပေါ်လာပြီး ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေလိမ့် မည်ဟုဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာခြင်းကြောင့် အခြားသောနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများက လုံခြုံမှုမရှိဟု ခံစားရစေနိုင်ပြီး အခြားသောနိုင်ငံများ၏ရင်းနှီးမြုပ်နှံမှုများကို နှောင့်နှေးစေလိမ့်မည်ဟု သုံးသပ်ကြသည်။
တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ အချက်အလက်ပြဇယားကို ဤနေရာတွင် Download ရယူနိုင်ပါသည်။
မှတ်ချက်- စီမံကိန်း အခြေအနေများကို ၂၀၂၂ခုနှစ် ဩဂုတ် ( ၂ ) ရက်နေ့တွင် ထပ်မံဖြည့်စွက်ထားပါသည်။
The post မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်တရုတ်၏ပါဝင်မှု appeared first on ISP Myanmar China Desk.
တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ
ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ၏ အစိတ်အပိုင်းဖြစ်သည့်  ဒစ်ဂျစ်တယ်ပိုးလမ်းမ (Digital Silk Road – DSR)ကို ၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရက တရားဝင် မိတ်ဆက်ခဲ့သည်။ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးသည် စတုတ္ထ စက်မှုတော်လှန်ရေးတွင် တရုတ်၏ ဦးဆောင်မှုကဏ္ဍနှင့် တရုတ်၏ စံချိန်စံညွှန်းများကို ကမ္ဘာ့နိုင်ငံများအကြားတွင် မြှင့်တင်ရန်လည်း ဖြစ်သည်။ ဘေဂျင်းက ကမ္ဘာ့နည်းပညာရေးရာ ကဏ္ဍတွင် ဦးဆောင်သူ တဦးအဖြစ် ရပ်တည်ရန် ရည်ရွယ်သည့် “တရုတ် စံချိန်စံညွှန်းများ ၂၀၃၅ ခုနှစ်”ဆိုသည့် စက္ကူဖြူ စာတမ်းကို ထုတ်ဝေခဲ့သည်။ ထိုစာတမ်းတွင် DSR ၏ အဓိက မူဘောင်မှာ “သတင်းအချက်အလက် ပိုးလမ်းမကြီး”အကောင်အထည်ဖော်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထိုအစီအစဉ်တွင် 5G အင်တာနက်ကွန်ရက်များ၊ သမုဒ္ဒရာဖြတ်ကျော် ရေအောက်ကြေးနန်းများ၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်များ အပါအဝင် ဆက်သွယ်ရေး ကွန်ရက်များ ချိတ်ဆက်ခြင်း၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ နည်းပညာသုံး ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက် သိုမှီးရန် အိုင်တီနည်းပညာသုံးသော စင်တာများ တည်ထောင်ခြင်း၊ စမတ်စီးတီးများ တည်ထောင်ရာတွင် လိုအပ်သော နည်းပညာများ၊ အီလက်ထရောနစ် စနစ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်ခြင်း (E-commerce) များပါဝင်သည်။
၂၀၁၆ ခုနှစ်၊ မတ်တွင် တရုတ်နိုင်ငံတော်ကောင်စီက ထုတ်ပြန်သော “(၁၃) ကြိမ်မြောက် အမျိုးသား သတင်းအချက်အလက် ငါးနှစ် စီမံကိန်းတွင် “အွန်လိုင်းပိုးလမ်းမ”တည်ဆောက်ရန် ထည့်သွင်းထားပြီး အဓိကအားဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား အင်တာနက်ဆက်ကြောင်းများ ချိတ်ဆက်ရန် ရည်ရွယ်သည်။
၂၀၁၇ ခုနှစ်၊ မေတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က “၂၁ ရာစု ဒစ်ဂျစ်တယ် ပိုးလမ်းမ”သည် BRI ၌ အရေးကြီးသော အခန်းကဏ္ဍတွင် ရပ်တည်နေကြောင်း၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဉာဏ်ရည်တု (Artificial intelligence – AI) နည်းပညာ၊ နာနိုနည်းပညာ၊ ကွမ်တမ် နည်းပညာတို့ အပါအဝင် သတင်းအချက်အလက်များ၊ Cloud Computing နှင့် စမတ်စီးတီးများ တည်ဆောက်ရေးတို့တွင် ဒေသတွင်းနိုင်ငံများနှင့် နည်းပညာများ ပေါင်းစည်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
တရုတ် ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ အချိန်ကာလပြဇယား (၂၀၁၃-၂၀၂၀)
DSR ၏ အစီအမံများကို တရုတ်အစိုးရက မူဝါဒအရ ဦးဆောင်ပြီး Alibaba, Tencent နှင့် Baidu ကဲ့သို့သော တရုတ်နည်းပညာ ကုမ္ပဏီများ၊ ဟွာဝေး၊ China Mobile၊ China Telecom နှင့် China Unicom ကဲ့သို့သော အစိုးရ ကျောထောက်နောက်ခံပြု ဆက်သွယ်ရေး ကုမ္ပဏီများက DSR ကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ လှုပ်ရှားနေကြသည်။ တရုတ်အစိုးရနှင့်  ကုမ္ပဏီများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားရှိ နိုင်ငံအသီးသီးတွင် တရုတ်နိုင်ငံထုတ် နည်းပညာများ၊ စံချိန်စံညွှန်းများကို ဖြန့်ကျက်  ဝင်ရောက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် မျက်နှာစာ ငါးခုရှိပါသည်။ ၎င်းတို့မှာ –
(၁) နည်းပညာအခြေခံအဆောက်အဦများဆောက်လုပ်ရေး
(၂) နည်းပညာအသုံးပြုကုန်သွယ်ရေး
(၃) နည်းပညာ အသုံးပြု ဘဏ္ဍာရေးနှင့် ငွေပေးချေမှုစနစ်
(၄) လူမှုကွန်ရက်အသုံးပြုမှုများနှင့်
(၅) နည်းပညာဆိုင်ရာ မူဝါဒရေးရာ တို့ဖြစ်ပါသည်။
ကုမ္ပဏီ/အဖွဲ့အစည်း
အမျိုးအစား
နည်းပညာအခန်းကဏ္ဍ
Huawei၊ ZTE၊ Xiaomi၊ Beidou Navigation
အခြေခံအဆောက်အအုံ
ဆက်သွယ်ရေးနည်းပညာ၊ AI အခြေခံသော နည်းပညာများ Navigation၊ ရေအောက် ကေဘယ်လ်စီမံကိန်းများ၊ စမတ်စီးတီး တည်ဆောက်ရေး နည်းပညာများ၊ ဂြိုလ်တု လွှင့်တင့်ခြင်း နည်းပညာ၊ Cloud Computing နှင့် အင်တာနက်ဖြင့် ချိတ်ဆက် အသုံးပြုရသော Internet of things (IOT) ဆက်စပ်ဝန်ဆောင်မှုများ။
Alibaba၊ JD.com
ကုန်သွယ်ရေး
အွန်လိုင်း ဈေးဝယ်ယူမှုများ၊ ကုန်ပစ္စည်း ပို့ဆောင်ရေး၊ သယ်ယူရေး၊ 3D နည်းပညာများ အသုံးပြုခြင်း၊ အီလက်ထရောနစ် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း။
Ant financial၊ Silkroad Fund၊ AIIB
ဘဏ္ဍာရေး
အွန်လိုင်းမှတဆင့် ငွေပေးချေခြင်း၊ အွန်လိုင်းမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုများ လုပ်ဆောင်ခြင်း၊ ချေးငွေ ဝန်ဆောင်မှု လုပ်ငန်းများ၊ ငွေကြေး၊ဘဏ်နှင့် ဆက်စပ်သောအခြား ဝန်ဆောင်မှုများ။
WeChat၊NewsDog၊ Perfect World
လူမှုကွန်ရက်
သတင်းမီဒီယာ၊ လူမှုကွန်ရက်၊ အွန်လိုင်းမှတဆင့် အသိပညာပေးခြင်း၊ အွန်လိုင်းမှတဆင့် ယဉ်ကျေးမှုများ ဖလှယ်ခြင်း။
Digital Silk Road and China cooperation with G7
မူဝါဒရေးရာ
ဒစ်ဂျစ်တယ်ဆိုင်ရာ စီမံမှု၊ အုပ်ချုပ်မှု ၊ ဆိုက်ဘာ လုံခြုံရေး၊ သတင်းအချက်အလက် မျှဝေခြင်း။
တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းနှင့် ဒစ်ဂျစ်တယ်ပိုးလမ်းမ
မြန်မာနိုင်ငံသည် BRI ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) နားလည်မှုစာချွှန်လွှာ ရေးထိုးစဉ်က တရုတ်နိုင်ငံနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် သဘောတူညီသော အချက် ပါဝင်သည်။ ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ဘေဂျင်းတွင် ကျင်းပသော BRI ဖိုရမ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်တွင် “နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်”လည်း ပါဝင်သည်။
ထို့အပြင် CMEC၏ အစိတ်အပိုင်းအဖြစ် အကောင်အထည်ဖော်မည့် နယ်စပ်ပူးပေါင်းဇုန်များ၏ အောက်တွင် မဖြစ်မနေ ပါဝင်ရမည့် အီလက်ထရောနစ် ဈေးကွက် တည်ထောင်ခြင်း၊ အီလက်ထရောနစ် ကုန်စည်ကူးသန်း ရောင်းဝယ်ဖောက်ကားခြင်း စနစ်တို့ကိုလည်း စတင် အကောင်အထည်ဖော်ရန် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် နှစ်နိုင်ငံကြား သဘောတူညီခဲ့သည်။ သို့ဖြစ်ရာ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ပိုးလမ်းမ၏ အဓိက လုပ်ငန်းစဉ်များဖြစ်သော စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည် ဖော်ဆောင်နေကြပြီ ဖြစ်သည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနယ်ပယ်တွင် တရုတ်ကုမ္ပဏီများ၏ လွှမ်းမိုးဝင်ရောက်မှုကို ခြေရာခံ လေ့လာမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် ဆက်သွယ်ရေး ကုမ္ပဏီများအား နည်းပညာပစ္စည်းများရောင်းချခြင်း၊ အင်တာနက်ဝန်ဆောင်မှုများပေးခြင်း၊၊ AI အခြေခံသော နည်းပညာများ စမတ်စီးတီးတည်ဆောက်ရေး နည်းပညာများ၊ Cloud Computing နှင့် နည်းပညာသုံး ပစ္စည်းများအချင်းချင်းကြား အင်တာနက်ဖြင့် ချိတ်ဆက်ပြီး အပြန်အလှန် အချက်အလက်ပေးပို့စေသည့် နည်းပညာများဖြင့် မြန်မာနိုင်ငံ၏ စတင်ဖွင့်ဖြိုးစ နည်းပညာ အခြေခံအဆောက်အအုံများတွင် နေရာယူလာခဲ့သည်။
(၁) မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ
လက်ရှိအချိန်တွင် ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော တယ်လီနော (Telenor)၊ အူရီဒူး (Ooredoo)၊ မိုင်တဲလ် (Mytel) ကုမ္ပဏီများသည် ဟွာဝေးမှ ထုတ်လုပ်သော ဆက်သွယ်ရေး နည်းပညာပစ္စည်းများကို သုံးစွဲနေကြကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) ကလည်း ဟွာဝေး၏ ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းအချို့ကို ဝယ်ယူသုံးစွဲနေကြောင်း သိရသည်။
ဟွာဝေးသည် မိုဘိုင်းဖုန်းများ သာမက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) အခြေခံအဆောက်အအုံနှင့် စမတ်စီးတီးနှင့် သက်ဆိုင်သော ကိရိယာများကို ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဟွာဝေးက အဓိက လုပ်ဆောင်နေသော လုပ်ငန်းလေးခုမှာ – Carrier စီးပွားရေးယူနစ်၊ စီးပွားရေးလုပ်ငန်းယူနစ်၊ စားသုံးသူ စီးပွားရေးယူနစ်နှင့် Cloud စီးပွားရေးယူနစ် တို့ဖြစ်သည်။ ဟွာဝေး၏ ICT ကွန်ရက်နှင့် ၀န်ဆောင်မှုများသည် မြန်မာလူဦးရေ၏ သုံးပုံတပုံကို ဝန်ဆောင်မှုပေးနေကြောင်း ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။
၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရက နော်ဝေး အခြေစိုက် တယ်လီနောကုမ္ပဏီကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက် ဝန်ဆောင်မှုပေးရန် ခွင့်ပြုပေးခဲ့သည်။ သို့သော် အစိုးရက လုပ်ငန်းအကောင်အထည်ဖော်ရန် သတ်မှတ်ထားသော အချိန်ကာလ တိုတောင်းသောကြောင့် ဟွာဝေးနှင့် ပူးပေါင်း၍ ဆက်သွယ်ရေးပင်မ ကျောရိုးဖြစ်သည့် Myanmar Containerized Data Center ကို တည်ဆောက်ခဲ့သည်ဟု သိရသည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟွာဝေးအပေါ် သတင်းအချက်အလက်ဆိုင်ရာ သူလျှိုလုပ်သည်ဟူသော စွပ်စွဲမှုများ ပြင်းထန်နေချိန်တွင် တယ်လီနောက 5G စနစ်ကို ဆွီဒင်အခြေစိုက်ဖြစ်သော Ericsson ကုမ္ပဏီနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု သတင်းများက ဖော်ပြထားသည်။ ထို့အပြင် ကုမ္ပဏီက ဟွာဝေးနှင့် လုပ်ဆောင်ထားသော ဒေတာစင်တာများ၊ စက်ပစ္စည်းများကို ဆက်လက်သုံးစွဲသွားမည် ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာကို လေးနှစ်မှ ငါးနှစ် အတွင်း 5G ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီနှင့် ကိုက်ညီသော ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အူရီဒူး၊ မိုင်တဲလ်နှင့် အခြားဆက်သွယ်ရေးကုမ္ပဏီများသည် ဟွာဝေးမှ မည့်သည့် နည်းပညာ အကူအညီများ၊ မည်သည့် ဆက်သွယ်ရေး ပစ္စည်းများ ဝယ်ယူသုံးစွဲနေသည်ကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပါ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် အူရီဒူးမြန်မာနှင့် ဟွာဝေးပူးပေါင်းပြီး 4G အသုံးပြုနိုင်သော ဟွာဝေး ဝိုင်ဖိုင် ကိရိယာ (Wifi Device)ကို အူရီဒူးသုံးစွဲသူများထံသို့ ပူးတွဲမိတ်ဆက်ခဲ့သည်။
ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ဟွာဝေး၏  Optical Character Recognition နည်းပညာကို အူရီဒူးက သုံးစွဲနေပြီး ထိုနည်းပညာအရ အူရီဒူးအသုံးပြုသူများသည် ဆင်းမ်ကတ် မှတ်ပုံတင်ရာတွင် ကိုယ်တိုင် ဖြည့်သွင်းရန် မလိုအပ်တော့ဘဲ မှတ်ပုံတင်ပေါ်ရှိ လက်ရေးနှင့် ရေးသားထားသော စကားလုံးများကိုပါ ဖတ်ရှုနိုင်သည်။ ထို့အပြင် အလိုအလျောက် မှတ်တမ်းရယူ၊ သိမ်းဆည်းပေးနိုင်သောကြောင့်  အချက်အလက် စုစည်းရာတွင် အချိန်ကုန်သက်သာစေပြီး လုပ်ဆောင်ချက်များကို ပိုမိုထိရောက်စေကြောင်း ဖော်ပြထားသည်။ ထိုမှတ်တမ်းများကို တခါတည်း သိမ်းဆည်းနိုင်သော Cloud စနစ်လည်း ပါဝင်ကြောင်း ကြေညာထားသည်။
ပြည်တွင်းရှိ ဆက်သွယ်ရေးကုမ္ပဏီများက ဟွာဝေး၏ ဆက်သွယ်ရေးနည်းပညာ ပစ္စည်းများကို အသုံးပြုခြင်းမှာ ဈေးနှုန်းသက်သာပြီး အချိန်တိုအတွင်း တည်ဆောက်မှု မြန်ဆန်ခြင်းတို့ကြောင့် ဖြစ်သော်လည်း ရေရှည်တွင် အရည်အသွေးပိုင်းဆိုင်ရာ ပြသာနာများ ကြုံတွေ့ရကြောင်း၊ Cloud များ၊ ကွန်ရက်ပစ္စည်းများကို တရုတ်ကုမ္ပဏီထုတ် ပစ္စည်းများသုံးစွဲခြင်းသည် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများ ဖြစ်နိုင်သည်ဟု အိုင်တီနည်းပညာရှင်များက မှတ်ချက်ပြုသည်။
(၂) မြန်မာတယ်လီကွန်းများနှင့် တရုတ် 5G
မြန်မာအစိုးရက 5G နည်းပညာ သုံးစွဲမှုနှင့် ပတ်သက်ပြီး သုံးသပ်ချက်များ၊ အကြံပြုချက်များ ရေးသားပြုစုနေချိန်တွင် ဟွာဝေးက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ 5G ဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့သည်။ 5G က မြန်မာ့ အနာဂတ်ကို ဒစ်ဂျစ်တယ် ကမ္ဘာ့သို့ ပေါင်းကူးပေးလိမ့်မည်ဟု အဓိပ္ပာယ်ရသော ဖိုရမ်တွင် ဟွာဝေးက ၎င်း၏ နည်းပညာကို အစိုးရဝန်ကြီးဌာန တာဝန်ရှိသူများကို ပြသခဲ့သည်။ မြန်မာအစိုးရဘက်ကလည်း ၎င်းတို့က 5G ဝန်ဆောင်မှုကို ၂၀၂၀ ပြည့်နှစ်တွင် ရလိုကြောင်းနှင့် လိုအပ်ချက်များ၊ အကြံပြုချက်များကို အပြန်အလှန် တင်ပြခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဇွန်တွင် ဆက်သွယ်ရေးဝန်ကြီးဌာနက 5G နည်းပညာကို အခြေခံကာ ကြိုးမဲ့စနစ် ဆက်သွယ်ရေး ကွန်ရက်များ အကောင်အထည်ဖော်ရန် ကနဦး ထင်မြင်ယူဆချက်များကို ပြုစုထားသည့် စာတမ်းတစောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်း ထုတ်ပြန်ပြီး များမကြာမီတွင် ဟွာဝေးက မြန်မာနိုင်ငံ၏ 5G နည်းပညာတွင် ကူညီပေးလိုကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်ထိ 5G နည်းပညာသုံးစွဲမှုနှင့် ပတ်သက်ပီး အစိုးရနှင့် ဟွာဝေးကြား တရားဝင် ဆွေးနွေးချက်များကို မတွေ့ရပါ။
ထိုစာတမ်း မထုတ်ပြန်မီက မေတွင် အူရီဒူးမြန်မာကုမ္ပဏီက တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ZTE Corporation နှင့် 5G ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ ZTEမှ အူရီဒူးမြန်မာ၏ မြန်မာနိုင်ငံအတွင်း 5G အတွက် လိုအပ်သော ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာများ ကူညီပေးရန် သဘောတူထားသည်။ ထို့အပြင် တယ်လီနော ကုမ္ပဏီကလည်း ဆွီဒင်အခြေစိုက် Ericsson ကုမ္ပဏီနှင့် 5G နည်းပညာတွင် အရေးပါသည့် Internet of Things (IoT) နည်းပညာများ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်တွင် သဘောတူညီထားခဲ့သည်။
5G နည်းပညာဈေးကွက်ကို မြန်မာနိုင်ငံတွင် လက်ဦးမှုရယူရန် ကြိုးပမ်းနေသည့် ဟွာဝေးသည် ၂၀၁၉ ခုနှစ် သြဂုတ်တွင် မြန်မာ့တပ်မတော် ပိုင်ဆိုင်သော Star High Company က ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် မိုင်တဲလ် ဆက်သွယ်ရေးကုမ္ပဏီနှင့် 5G နည်းပညာ စတင်စမ်းသပ်သုံးစွဲခဲ့သည်။ ဟွာဝေး၏ 5G နည်းပညာသည် ဆက်သွယ်ရေးစနစ်ကို မြန်ဆန်စေသည့်အပြင် သတင်းအချက်အလက် ပို့ရာတွင် Download လုပ်ခြင်း၌ အထူးမြန်ဆန်ကြောင်း  မိုင်တဲလ်က ထုတ်ပြန်ထားသည်။ ထိုစမ်းသပ်သည့်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။
သို့သော် မိုင်တဲလ် အသုံးပြုသူများသည် အစိုးရက တရားဝင်ခွင့်ပြုပေးသည့် အချိန်ရောက်မှ သုံးစွဲနိုင်မည်ဖြစ်ပြီး နည်းပညာဆိုင်ရာ ပြင်ဆင်မှုများ လိုအပ်နေသေးသည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။ လက်ရှိအချိန်ထိ မြန်မာအစိုးရက 5G Spectrum သုံးစွဲရန် ဆက်သွယ်ရေး အော်ပရေတာများကို တရားဝင် ခွင့်ပြုထားခြင်း မရှိသေးချေ။
ဟွာဝေးမှ မြန်မာပြည်တွင်း လုပ်ဆောင်နေမှုများ
(၃) တရုတ်ကုမ္ပဏီများနှင့် မြန်မာအစိုးရ၏ E – Government
အစိုးရ၏ သတင်းအချက်အလက်များ၊ ဌာနတွင်း ကိစ္စရပ်များနှင့် အများပြည်သူ ဝန်ဆောင်ရေး ကိစ္စရပ်များကို အီလက်ထရောနစ် စနစ်ပြောင်းလဲရန် ရည်ရွယ်ပြီး E – Government စနစ်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က အသက်သွင်းရန် ကြိုးပမ်းခဲ့သည်။ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်စနစ်များ၊ အွန်လိုင်းမှတဆင့် တင်ဒါလျှောက်ထားခြင်း၊ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းတို့ကို စတင်ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် လက်တွေ့၌ တိကျသော မူဝါဒများ၊ မဟာဗျုဟာများ၊ ချမှတ်နိုင်ခြင်းမရှိခဲ့သည့်အပြင် ငွေကြေးစိုက်ထုတ်မှုများ အားနည်းသောကြောင့် အကောင်အထည် မပေါ်ခဲ့ပေ။
NLD အစိုးရတက်လာချိန်တွင် အစိုးရ၏ ယန္တရားများ အထူးသဖြင့် သတင်းအချက်အလက် သိမ်းဆည်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အီလက်ထရောနစ်စနစ်ဖြင့် အသွင်ပြောင်းရန် ကြိုးပမ်းခဲ့သည်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီး တရုတ်ကုမ္ပဏီများက မြန်မာအစိုးရ ဝန်ကြီးဌာန အရာရှိများသာမကပဲ လွှတ်တော်အမတ်များ၊ E – Government အကောင်အထည်ဖော်ရာတွင် ပါဝင်သော အဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် ဖိတ်ကြားခဲ့ပြီး တရုတ်နည်းပညာများကို မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် ဗဟိုအမျိုးသားသတင်းအချက်အလက်စင်တာ တည်ဆောက်ရေးတွင် ချေးငွေနှင့် နည်းပညာ ထောက်ပံ့ပေးရန် ကမ်းလှမ်းခဲ့သည်။
ဟွာဝေးအပါအဝင် တရုတ်နည်းပညာကုမ္ပဏီများသည် အထူးသဖြင့် အစိုးရ၏ သတင်းအချက်အလက်များ သိမ်းဆည်းရာတွင် အရေးပါသော Cloud စနစ်ကို ထောက်ပံ့ပေးရန်နှင့် ဈေးသက်သက်သာသာဖြင့် ရောင်းချပေးရန် ဆွဲဆောင်ခဲ့ကြသည်။ ထို့အပြင် မြန်မာအစိုးရက အီလက်ထရောနစ် အမျိုးသားမှတ်ပုံတင်စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေချိန်တွင်လည်း တရုတ်ကုမ္ပဏီများက အီလက်ထရောနစ် အိုင်ဒီကတ်နည်းပညာနှင့် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ သိမ်းဆည်းနိုင်မည့် နည်းပညာများကို အသက်သာဆုံး ဈေးနှုန်းများဖြင့် မြန်မာအစိုးရကို မိတ်ဆက်ခဲ့သည်။
သို့သော် မြန်မာအစိုးရက လက်ရှိအချိန်ထိ တရုတ်နည်းပညာများကို သုံးစွဲရန် ဆုံးဖြတ်ထားခြင်း မရှိသေးပေ။  ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ဗဟို E – Government Integrated Data Center – e-GIDC စင်တာ တည်ဆောက်ရန် ကိုရီးယား Export-Import Bank ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၈ သန်းချေးယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည်။ ထို့အပြင် အီလက်ထရောနစ် အမျိုးသားမှတ်ပုံတင်စနစ်ကိုလည်း သြစတေးလျနိုင်ငံ၏ အတိုးမဲ့ ချေးငွေဖြင့် လုပ်ဆောင်ရန် ၂၀၁၉ ခုနှစ် အောက်တိုဘာက လွှတ်တော်တွင် အတည်ပြုခဲ့သည်။
ထို့အပြင် မြန်မာအစိုးရက ပင်စင်စားများ ဗဟိုရန်ပုံငွေတည်ထောင်ခြင်း၊ ပင်စင်စားများ၏ အချက်အလက်များ ထည့်သွင်းထားမည့် နည်းပညာအခြေခံသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအပြင် ပင်စင်စားများအတွက် အီလက်ထရောနစ် ငွေပေးချေစနစ်များကိုလည်း အကောင်အထည်ဖော်မည့် National Pension System Reform Project ကို အကောင်အထည်ဖော်ရန် စီမံကိန်းဘဏ်တွင် ထည့်သွင်းထားသည်။ ထိုစီမံကိန်းကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရည်ရွယ်ထားသည်။ မြန်မာအစိုးရက အစိုးရဝန်ထမ်းများ၏ လစာမှ လစဉ် ငါးရာခိုင်နှုန်းကို ထည့်သွင်းစေပြီး  ပင်စင်ယူချိန်တွင် ပြန်လည်ထုတ်ပေးမည့် Central Provident Fund (CPF) စနစ်ကို အကောင်အထည်ဖော်နေသည်။ ထို CPF မှတဆင့် ဝန်ထမ်းများသည် လူမှုဖူလုံရေး အစီအမံများ၊ ဘဏ်ဝန်ဆောင်မှု၊ သက်ဆိုင်ရာဝန်ဆောင်မှုများကိုပါ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။ ထို National Pension System Reform Project နှင့် Central Provident Fund (CPF) နှစ်ခုလုံးတွင် တရုတ်ကုမ္ပဏီများက သတင်းအချက်အလက်များ သိုမှီးသိမ်းဆည်းရန်အတွက် နည်းပညာ အကူအညီပေးရန် ကမ်းလှမ်းထားသည်။ တရုတ်ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ ကူညီခွင့်ရပါက နိုင်ငံဝန်ထမ်းများ၏ သတင်းအချက်အလက်များကို တရုတ်ကုမ္ပဏီမှ ရယူနိုင်မည် ဖြစ်သည်။
ထိုမျှမက သံတမန်ရေးရာလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံမှ နည်းပညာထောက်ပံ့မှုများ ရှိလာခဲ့သည်။ တရုတ်ကျောထောက်နောက်ခံပြုထားသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး (LMC) တွင် ယခုနှစ်၌ မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန် အလှည့်ကျသောနှစ် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအစည်းအဝေးများတွင် တရုတ်နှင့် မဲခေါင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ထိပ်သီးနိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ကြပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော ကာလဖြစ်ခြင်းကြောင့် အွန်လိုင်းမှတဆင့် အစည်းအဝေးလုပ်ရန် သဘောတူခဲ့ကြသည်။
ထိုဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးအတွက် ဟွာဝေးက သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့  အမေရိကန်ဒေါ်လာ ၄၀၀၀ တန်ဖိုးရှိ  ဟွာဝေး Cloud Link Room ဗီဒီယိုကွန်ဖရန့်စနစ်နှင့် နည်းပညာဝန်ဆောင်မှုများကို တပ်ဆင်ပေးခဲ့ကြောင်း ကုမ္ပဏီက သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။
ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံမှ နည်းပညာ အသုံးပြုရန် မိတ်ဆက်လာမှုများကို တွေ့ရသည်။ ဇွန်လတွင် ဟွာဝေးက Telemedicine Video Conference Solution (ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အဝေးမှ ကုသခြင်း)ကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကုသရေးစင်တာ (ဖောင်ကြီး)နှင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်တို့သို့ လှူဒါန်းခဲ့ပြီး ဖြစ်သလို  ဟွာဝေး CLOUD AI အထောက်အကူပြု ရောဂါအတည်ပြုခြင်းနှင့် ကုသခြင်းစနစ်ကိုလည်း ဖောင်ကြီးကုသရေးဌာနသို့ ထောက်ပံ့ထားကြောင်း ဖော်ပြထားသည်။
အဆိုပါစနစ်သည် မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုကို တပ်ဆင်ထားပြီး ရောဂါကူးစက်မှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ခြင်းနှင့် ဆက်သွယ်ရေးပိုင်းတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ တိုးမြှင့်ပေးနိုင်မည့်စနစ် အပါအဝင် လူနာများအတွက် Computed Tomography (CT) နှင့် ရောဂါစစ်ဆေး၊ အတည်ပြုသည့် ကာလကို ပိုမိုမြန်ဆန်စေရန် လျှော့ချပေးနိုင်မည့်စနစ်တို့ တပ်ဆင်ထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။
ထို့အပြင် Global Wave နှင့် ဟွာဝေး Cloud တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား ၀န်ထမ်း ၂၀၀,၀၀၀ အသုံးပြုရန်အတွက် Online Check-in ဝန်ဆောင်မှုကို ပေးရန် စီစဉ်နေကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ထို့အပြင် ဂမုန်းပွင့် ဈေးဝယ်စင်တာ၊ မြင့်မြင့်ခင် ထိုးမုန့်လမုန့်လုပ်ငန်း၊ Vanguard Myanmar၊ Getride Myanmar တို့ကလည်း ဟွာဝေး၏ Cloud Service များကို အသုံးပြုနေကြောင်း သိရသည်။
(၄) မန္တလေး မြို့တော် လုံခြုံရေးစီမံကိန်း (Mandalay Safe City Project)
၂၀၁၉ ခုနှစ်၊ မတ်တွင် မန္တလေး နိုင်ငံတကာကုန်စည်နှင့် စီးပွားရေးဖိုရမ်၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စမတ်စီးတီး၏ အစိတ်အပိုင်းဖြစ်သည့် “မြို့တော်လုံခြုံရေး အစီအမံ” အတွက် ဟွာဝေးကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုအစီအမံမှာ မြို့တော်၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။ ထိုစီမံကိန်းသည် ခန့်မှန်းကုန်ကျငွေ မြန်မာကျပ် ၁ ဒသမ ၉  ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဟွာဝေးမှ Safe City Solution ဟုခေါ်သော စောင့်ကြည့်ကင်မရာများ၊ ထိုကင်မရာများနှင့် ဆက်စပ်သည့် ပစ္စည်းများ၊ ဆော့(ဖ်)ဝဲလ် စသည်များ တပ်ဆင်ခြင်းအပြင် စနစ်တခုလုံး လည်ပတ်နိုင်ရန်အတွက် နည်းပညာ အကူအညီများကို ပေးအပ်သွားမည်ဖြစ်သည်။
မန္တလေးမြို့၏ မြို့နယ် ခြောက်ခုအနက်မှ ရာဇဝတ်မှု မကြာခဏ ဖြစ်ပွားသော မြို့နယ်သုံးခုဖြစ်သည့် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်ရှိ လမ်းဆုံတိုင်းတွင် CCTV ကို ပထမဦးဆုံး တပ်ဆင်သွားရန် စီစဉ်ထားသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရက ဟွာဝေး၏ Safe City (မြို့ပြလုံခြုံရေး) နည်းပညာသည် မြို့တော်အတွက် ရာဇ၀တ်မှုနှုန်း လျှော့ချရန်၊ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အထောက်အကူပြုရန်နှင့် ပိုမိုလုံခြုံသော ပြည်သူ့ပတ်၀န်းကျင်ကို ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။ဟွာဝေးနှင့် မန္တလေးရဲတပ်ဖွဲ့တို့သည် စောင့်ကြည့်ကင်မရာများ တပ်ဆင်မည့် နေရာများကို စစ်တမ်း ကောက်ယူခဲ့သည်။
ထိုစောင့်ကြည့်ကင်မရာများတွင် AI (Artificial Intelligence -ဉာဏ်ရည်တု)နည်းပညာနှင့် မျက်နှာပုံရိပ်ဖမ်း၍ မှတ်သားနိုင်သော နည်းပညာ (Facial Recognition Technology) ပါဝင်ပြီး ပြစ်မှုကျူးလွန်သူများကို အနီးဆုံး ရဲစခန်းသို့ အချက်ပြပေးနိုင်သောစနစ် ပါဝင်သည်။ ထို့ပြင် ဟွာဝေးက တပ်ဆင်ပေးမည့်ခေတ်မီ CCTV စနစ်ကို မန္တလေးစည်ပင်သာယာရေးကော်မတီမှ တည်ဆောက်ထားသော Traffic Control Center (တမြို့လုံး၏ ယာဉ်သွားယာဉ်လာများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်သောစနစ်) ထိန်းချုပ်ရေးစင်တာနှင့် ချိတ်ဆက်မည်ဖြစ်သည်။
ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်ရန် မပြုလုပ်မီ ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ ဟွာဝေးရုံးများသို့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်များ၊ ရဲချုပ်နှင့် ရဲအရာရှိများ သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုခရီးစဉ်အပြီးတွင် Safe City စီမံကိန်းကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ မန္တလေးမြို့ လုံခြုံရေးအတွက် ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်မှာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တိုင်းအစိုးရထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဧပြီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲချုပ်အောင်ရဲဝင်း၏ တရုတ်ခရီးစဉ်အတွင်း ယူနန်ပြည်နယ် ရဲချုပ်နှင့် တွေ့ဆုံခဲ့သလို ရှန်းကျန့်ရှိ ဟွာဝေး ဌာနချုပ်ကို သွားရောက် လေ့လာခဲ့သည်။ ၎င်း၏ ခရီးစဉ်အတွင်း စမတ်စီးတီးများအဖြစ် အသွင်ပြောင်းလိုသော မြန်မာနိုင်ငံရှိ မြို့များကို ဟွာဝေးက ကူညီနိုင်သည့် နည်းပညာများအကြောင်း အဓိကထား ဆွေးနွေးခဲ့သည်။
စီမံကိန်းနှင့်ပတ်သက်ပြီး မန္တလေးအစိုးရက တင်ဒါခေါ်ဆိုခြင်း မရှိခဲ့ဘဲ ဟွာဝေးကိုသာ တိုက်ရိုက် လုပ်ပိုင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ တင်ဒါမခေါ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်သံများကို အစိုးရတင်ဒါ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) အရ စီမံကိန်းတခုသည် အများပြည်သူ အကျိုးစီးပွားအတွက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာ ကုန်ကျမည့်စီမံကိန်းများအတွက် တင်ဒါခေါ်ရန် မလိုအပ်ဘဲ အစိုးရက တိုက်ရိုက် လုပ်ပိုင်ခွင့်ချပေးနိုင်သည်ဟူသောအချက်နှင့် ကိုက်ညီသောကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရက တင်ဒါခေါ်ယူမှု မပြုခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။
ထို့အပြင် ဘေဂျင်းအစိုးရက မန္တလေးရှိ ပြည်သူလူထုများ၏ နေ့စဉ်လှုပ်ရှားမှုများမှသည် ဒေသဆိုင်ရာ အစိုးရ ၏ နေ့စဉ်လှုပ်ရှားမှုများအထိ စောင့်ကြည့်နေမည်လားဆိုသော မေးခွန်းများလည်း ထွက်ပေါ်လာသည်။ အိုင်တီကျွမ်းကျင်သူများကလည်း ဟွာဝေး၏ ပစ္စည်းကိရိယာများသည် နိုင်ငံသားများ၏ အချက်အလက်များကို ရယူရန်နှင့် အစိုးရသူလျှိုများ အသုံးပြုရန်အတွက် “backdoor”များ ပါဝင်နိုင်သည်ဟူသော ဝေဖန်သတိပေးမှုများလည်း ရှိနေသည်။
ဝေဖန်မှုများကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရသည် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ပြန်လည်စိစစ်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် စာချုပ်မူကြမ်းကို နိုင်ငံတော် သမ္မတရုံးနှင့် ရှေ့နေချုပ်ရုံးထံ ပေးပို့ထားခဲ့သည်။ သမ္မတရုံးက သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ထိုစာချုပ်မူကြမ်းကို ပေးပို့ပြီး စစ်ဆေးရန် ညွှန်ကြားထားသည်။
သို့ရာတွင် စီမံကိန်းကို ဖျက်သိမ်းခြင်းမပြုသလို အခြားကုမ္ပဏီကိုလည်း ရွေးချယ်ခြင်း မပြုဘဲ ဟွာဝေးကုမ္ပဏီနှင့်သာ ဆက်လုပ်ဆောင်သွားမည်ဟု မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုထားသည်။ စာချုပ်တွင် အမှားအယွင်းမပါရန် တရုတ်ကုမ္ပဏီမှ သူလျှိုမလုပ်နိုင်ရန် စသည့်အချက်အလက်များကို အသေးစိတ် ပြင်ဆင်ထားသည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရသည် ဟွာဝေးနှင့် မြို့ပြလုံခြုံရေး  စီမံကိန်းကို ပူးပေါင်းလုပ်ဆောင်ရန်နှင့် စီမံကိန်းတခုလုံးကို ကြီးကြပ်ရန် ဆုံးဖြတ်ချက်ချသည့်အဖွဲ့၊ နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကို စီမံခန့်ခွဲရန်နှင့် ပြန်လည်သုံးသပ်ရန် နည်းပညာအဖွဲ့၊ ပစ္စည်းကိရိယာအဖွဲ့၏ အရည်အသွေးနှင့် စံနှုန်းများ၊ စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာရန် ကြီးကြပ်ကွပ်ကဲရေး ဥပဒေအဖွဲ့တို့ကို ဖွဲ့စည်းထားသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အချက်အလက်များ ခိုးယူမှုကို ထိန်းချုပ်နိုင်သည့် ဥပဒေမရှိသေးခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရာတွင် စာချုပ်၌ အချက်အလက်ခိုးယူခြင်းနှင့် သူလျှိုလုပ်ခြင်းကို ထိန်းချုပ်ရန် မလွယ်ကူချေ။ ထိုကြောင့် စာချုပ်ကို အတည်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့တွင် သဘောထား ကွဲလွဲမှုများ ရှိနေသည်။
ထို့အပြင်ဟွာဝေးကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၉ နှစ်လယ်ပိုင်းတွင် စီမံကိန်းအကောင်အထည်မဖော်ရန် ကန့်ကွက်စာ တင်ခဲ့သည်။
ဝေဖန်သံများထွက်ပေါ်လာပြီးနောက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရက ဟွာဝေးကုမ္ပဏီနှင့် လုပ်ဆောင်မည့်စီမံကိန်းနှင့်ပတ်သက်ပြီး ကာလအတန်ကြာ နှုတ်ဆိတ်နေခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်းတွင် Swiss Challenge (နိုင်ငံတကာတင်ဒါ)ထပ်မံ ခေါ်ယူခဲ့ကာ ဟွာဝေးကိုပင်ထပ်မံ လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် သတင်းမီဒီယာများကို မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောခဲ့သည်။ ထို Swiss Challenge (နိုင်ငံတကာတင်ဒါ)ခေါ်ယူခြင်းကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန် မသိရှိသလို သတင်းမီဒီယာမျာ‌းတွင်လည်း တရားဝင် ထုတ်ဖော်ကြေညာခြင်းမရှိခဲ့ပေ။ မည်သို့ တင်ဒါ ခေါ်ယူခဲ့သည် ဆိုသော အသေးစိတ်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
၂၀၂၀ခုနှစ် နိုဝင်ဘာတွင် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သည်မှာ မှန်ကန်ကြောင်း ဟွာဝေးမှ ထုတ်ဖော် ပြောဆိုခဲ့သည်။စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်းများတပ်ဆင်ရန် ACE ကုမ္ပဏီနှင့် ဇာနည် အီလက်ထရောနစ်တို့က ထပ်ဆင့်တင်ဒါရရှိခဲ့သည်။
၂၀၂၁ခုနှစ်မေတွင် မန္တလေးမြို့လုံခြုံရေးစီမံကိန်းအတွက် တပ်ဆင်ရမည့် စောင့်ကြည့်ကင်မရာများနှင့် အခြားဆက်စပ်ပစ္စည်းများကို  ဟွာဝေးကုမ္ပဏီက မန္တလေးတိုင်းစစ်ကောင်စီထံသို့လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနောင်းသတင်းဌာနက ရေးသားထားသည်။ စီမံကိန်းအတွက် ပြည်ပမှ တင်သွင်းသော စက်ကိရိယာ များသည် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရောက်ရှိခဲ့သော်လည်း ပြည်တွင်းရေး အခြေအနေများကြောင့်  သုံးလကြာမှသာ သက်ဆိုင်ရာသို့ပစ္စည်းများ လွှဲအပ်ခဲ့သည်ဟု ဆိုသည်။လက်ရှိအချိန်တွင် ထပ်ဆင့်တင်ဒါရရှိခဲ့သော ကုမ္ပဏီများအနေဖြင့် လုံခြုံရေးအခြေအနေအရ မြေပြင်လုပ်ငန်းများစတင်ရန် မလွယ်ကူသေးကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မူလစာချုပ်တွင် အများပြည်သူများ၏ သတင်းအချက်အလက်များကို တလွဲမသုံးရန်၊ မတရားရယူခြင်း မရှိစေရန် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းထားခဲ့သည် ဟုဆိုသည်။ သို့ရာတွင် လက်ရှိစစ်ကောင်စီ လက်အောက်တွင် စာချုပ်သဘောတူညီချက်များ ပြောင်းလဲသွားပြီး အများပြည်သူ၏သတင်းအချက်အလက်များကို မတရားရယူ အသုံးချမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။  အာဏာသိမ်းပြီးနောက် စာချုပ်ထဲတွင် ပါဝင်သော အချက်အလက်များ တစုံတရာ ပြောင်းလဲခြင်း မရှိကြောင်း၊ မည်သည့်နိုင်ငံရေး အပြောင်းအလဲ အောက်မှာဖြစ်စေ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးအပါအဝင် ၎င်းနှင့်သက်ဆိုင်သော စီးပွားရေးဆိုင်ရာဥပဒေများအား လိုက်နာမည်ဖြစ်ကြောင်း ဟွာဝေးဘက်က တုန့်ပြန်ပြောဆိုထားသည်။
(၅) နေပြည်တော် Safe City စီမံကိန်းနှင့် ဟွာဝေးကုမ္ပဏီ
နေပြည်တော်တွင်လည်း လုံခြုံရေးအတွက် Safe City စီမံကိန်းအကောင်အထည်ဖော်ခဲ့ရာ ဟွာဝေး ကုမ္ပဏီက တိုက်ရိုက်တင်ဒါမရရှိသော်လည်း ဟွာဝေးကုမ္ပဏီထုတ် နည်းပညာ ပစ္စည်းများ၊ CCTV များနှင့် အခြားလုံခြုံရေးဆက်စပ်ပစ္စည်းများကို အများဆုံး အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။
နေပြည်တော် လုံခြုံရေးအတွက် မြို့နယ် ရှစ်မြို့နယ်တွင် ကျပ်လေးဘီလီယံကျော် အကုန်ကျခံကာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စောင့်ကြည့်ကင်မရာများ (CCTV) ၃၃၅ လုံး တပ်ဆင်ရန်အတွက် ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်ကောင်စီက တင်ဒါခေါ်ယူခဲ့သည်။ ထိုတင်ဒါတွင် ကုမ္ပဏီ ၁၂ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး နေပြည်တော်အခြေစိုက် Linn IT Solution ကုမ္ပဏီက ထိန်းချုပ်စင်တာနှင့် ကွန်ရက်စနစ်တည်ဆောက်ခွင့်၊ နောင်ရိုးနည်းပညာကုမ္ပဏီက ကင်မရာတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
ကင်မရာများတပ်ဆင်ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်တွင် ထိန်းချုပ်စင်တာကိုဖွင့်လှစ်ခဲ့ရာ ထိုစီမံကိန်းတစ်ခုလုံးတွင်သုံးစွဲထားသော နည်းပညာပစ္စည်းများမှာ ဟွာဝေး ကုမ္ပဏီထုတ်ပစ္စည်းများ ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။
အခြားတရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မှုများ
(၆) ရန်ကုန်မြို့ မီးပွိုင့်စနစ်၊ ယာဉ်သွားလာမှု ထိန်းချုပ်ရေးစင်တာနှင့် တရုတ်ကုမ္ပဏီ
ရန်ကုန်မြို့ယာဉ်အသွားအလာများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ထိန်းချုပ်မည့်စီမံကိန်းကိုလည်း ဘေဂျင်းအခြေစိုက် တရုတ်ကုမ္ပဏီကြီးနှင့် မြန်မာကုမ္ပဏီက ပူးတွဲလုပ်ကိုင်ခွင့် ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါအောင်မြင်မှုကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိပဲ နောက်ဆုံးအဆင့်ထိရောက်ရှိသူ လေးဦးကိုသာ ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ ဦးမြင့်ဆွေက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။
အစိုးရအကူးအပြောင်းကာလမရောက်မီ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် Yangon Traffic Control Center ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Myanmar Shwe Ying ကုမ္ပဏီ၊ China Railway Construction Company (CRCC)တို့နှင့် စီမံကိန်းကို ခြောက်လနှင့်အပြီး လုပ်ဆောင်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။
တရုတ်ဦးဆောင်သည့် ထိုစီမံကိန်းသည် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ၃၀ ရာခိုင်နှုန်းခန့် ဖြေရှင်း နိုင်ရန်ရည်ရွယ်ပြီး မီးပွိုင့်အသစ်များ တပ်ဆင်ခြင်း၊ ယာဉ်ကြောထိန်းချုပ်ရေးစင်တာ တည်ဆောက်မှု၊ ခေတ်မီ နည်းပညာပါဝင်သော ယာဉ်အသွားအလာစောင့်ကြည့်ကင်မရာများ တပ်ဆင်မှု၊ ဆက်သွယ်ရေး ဖိုင်ဘာကြိုးများ တပ်ဆင်ခြင်း၊ လမ်းအမှတ်အသားပြုပြင်ရေးဆွဲခြင်းများ ပါဝင်သည်။ ယာဉ်ကြော ထိန်းချုပ်စောင့်ကြည့်ရေးစင်တာသည် ယာဉ်အသွားအလာများကို မှတ်သားထားမည့်အပြင်၊ ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာများကို တရုတ်နည်းပညာသုံး ဆော့ဝဲလ်များ၊ စောင့်ကြည့်ကင်မရာများ၊ စက်များဖြင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်နေမည်ဖြစ်သည်။ လုပ်ငန်းစဉ်အတွင်းတွင် ကင်မရာအလုံး ၆၀၀၊ မီးပွိုင့် ၁၅၄ ခုနှင့် ထိန်းချုပ်ရေးစင်တာတခု ဆောက်လုပ်ရန်ပါဝင်သည်။
သို့သော် လုပ်ငန်းပြီးစီးရန် သတ်မှတ်ထားသည့် ခြောက်လအတွင်း မပြီးစီးဘဲ သုံးနှစ်ခန့် ကြာမြင့်ခဲ့သည်။ ကုမ္ပဏီမှ စီမံကိန်း မပြီးစီးသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တရက်လျှင် ကျပ်တသိန်း ဒဏ်ကြေးပေးဆောင်ခိုင်းခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရက ပြောဆိုခဲ့သည်။ သို့ရာတွင် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ အစီရင်ခံစာအရ ဒဏ်ကြေး ကျပ် ၂၁ သန်း ပေးဆောင်ပြီးနောက် ဆက်လက်ပေးဆောင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်၊ မေအတွင်းက စမ်းသပ်လည်ပတ်ခဲ့ရာ ယာဉ်ကြောကျပ်တည်းမှု ပိုမိုဆိုးရွားလာသည့်အတွက် ရပ်ဆိုင်းခဲ့ရသည်ဟု ယာဉ်ကြောထိန်းချုပ်ရေးဗဟိုဌာနက ပြောကြားခဲ့သည်။ ထို့အပြင် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အစိုးရက တတိယကြားခံအဖွဲ့အစည်းတခုကို ငှားရမ်းကာ အရည်အသွေးစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် စနစ်တခုလုံး စတင်လည်ပတ်နိုင်ခဲ့သော်လည်း သိသိသာသာ ယာဉ်ကြောရှင်းလင်းနိုင်ခြင်းမရှိဟု မှတ်ချက်ချခံထားရသည်။
၂၀၁၉ ခုနှစ်တွင် CRCC နှင့် လုပ်ငန်းခွဲများဖြစ်သော China Railway 23rd Bureau Group Co., Ltd. (CR23)၊ China Railway Construction Corporation (International) Limited (CRCC International) ကို ဂျော်ဂျီယာနိုင်ငံရှိ အရှေ့-အနောက် အဝေးပြေးစင်္ကြံ ဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါခေါ်ဆိုရာတွင် မလျော်ကန်သော ကိစ္စများ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က နှစ်နှစ်ကြာ ပိတ်ဆို့မှု ပြုလုပ်ထားသည်။
(၇) နည်းပညာသုံး ကုန်သွယ်ရေးနှင့် ငွေပေးချေမှု
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နေသော ကုန်သွယ်ရေးကို အီလက်ထရောစနစ် သုံးစွဲပြီး ဈေးကွက်ရှာဖွေပေးရန်နှင့် မူဝါဒချမှတ်ရန် မြန်မာအစိုးရက ကြိုးပမ်းနေသည်။ ကိုဗစ်-၁၉  စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP)တွင်လည်း အီလက်ထရောနစ်ဖြင့် ကူးသန်းရောင်းဝယ်ခြင်း၊ မိုဘိုင်းစနစ်များ သုံးစွဲကာ ဒစ်ဂျစ်တယ် စနစ်ဖြင့် ငွေပေးချေခြင်း ပိုမိုထွန်းကားအောင် လုပ်ဆောင်ရန် ထည့်သွင်းထားသည်။
ထိုအစီအမံအရ ၂၀၂၀ ပြည့်နှစ်၊ မေတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဗဟို အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တခုကို မိတ်ဆက်သွားမည်ဟု ကြေညာခဲ့သည်။ ထိုဝက်ဆိုက်တွင် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များ ထုတ်ကုန်ပစ္စည်းများကို အပြန်အလှန် ရောင်းချနိုင်ခြင်းအပြင် ပြည်ပမှ ဝယ်လိုသူများ၊ ရောင်းချလိုသူများနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ထိုဝက်ဘ်ဆိုက်တွင် ဝယ်ယူရာ၌ မိုဘိုင်း ဘဏ်အကောင့်စနစ်များ၊ ကတ်စနစ်များ၊ အီလက်ထရောနစ် ငွေပေးချေခြင်း စနစ်ဖြင့်သာ သုံးစွဲရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့အပြင် အစိုးရမှ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ခြင်း ဖွံ့ဖြိုးရေး အစီအမံတခုကိုလည်း ထုတ်ပြန်ရန် ပြင်ဆင်နေသည်။
အစိုးရမှ ထိုသို့ထုတ်ပြန်ပြီး နှစ်လအကြာ ဇူလိုင်လတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး အပါအဝင် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရမှ ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် ယူနန်ပြည်နယ် အစိုးရမှ တာဝန်ရှိသူများ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများတက်ရောက်သည့် အစည်းအဝေးတခုကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့ကြသည်။ အစည်းအဝေးကို အလီဘာဘာ ကုမ္ပဏီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အစည်းအဝေးကို ဗီဒီယို အဖွင့်မှာစကား ပေးပို့ခဲ့ပြီး ကိုဗစ်ကာလတွင် မြန်မာအစိုးရက အုပ်ချုပ်ရေးယန္တရားများ ဖွံ့ဖြိုးရေးအတွက် e-government စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေပြီး ပြည်သူများကိုပေးသည့် ဝန်ဆောင်မှုများကိုလည်း ဒစ်ဂျစ်တယ်မှတဆင့်ပေးရန် ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။ မြန်မာအစိုးရအနေဖြင့် အီလက်ထရောနစ် ဝန်ဆောင်မှုများကို ပြည်သူများထံ ဖြစ်နိုင်သမျှ မြန်မြန်ပေးရန် လိုလားနေပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို အီလက်ထရောစနစ် သုံးစွဲပြီး မြှင့်တင့်ရန် မျှော်မှန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် ယူနန်ပြည်နယ်တို့ကြား ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်တွင် သဘောတူထားသည့် စီမံကိန်းများ အကောင်အထည်ဖော်ရန် တွန်းအားပေးခြင်းဖြစ်သလို ဒစ်ဂျစ်တယ် စီးပွားရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးတို့ မြှင့်တင့်ရန်လည်း ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများက မန္တလေးတိုင်းအတွင်းရှိ စိုက်ပျိုးရေးထွက်ကုန်များ ပို့ကုန်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များကို နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်စနစ်ဖြင့် ရောင်းဝယ်ဖောက်ကားနိုင်မည့် သင်တန်းပေးရန်လည်း သဘောတူညီခဲ့သည်။
ထို့အပြင် အီလက်ထရောစနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင့်ခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည်။ ထိုပူးပေါင်းဆောင်ရွက်မှုကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် အစိုးရမှ စတင်ပြီး အကောင်အထည်ဖော်မည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်ရန် ခြေလှမ်းလှမ်းလိုက်ခြင်းပင် ဖြစ်သည်။
တရုတ်၏ DSR ကို အကောင်အထည်ဖော်နေသည့် အကြီးဆုံး ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာ ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံတွင် အွန်လိုင်းရှော့ပင်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံပြီးဖြစ်သလို မကြာသေးခင်က နိုင်ငံအနှံ့အပြား အောက်ခြေလူတန်းစားအထိ လူသုံးအများဆုံးဖြစ်သော ဒစ်ဂျစ်တယ် ငွေကြေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စတင်လိုက်ပြီ ဖြစ်သည်။
တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှုပေးသော ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာ ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်တွင် မြန်မာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံများတွင် နာမည်ရထားပြီး အွန်လိုင်းရှော့ပင်းတည်ထောင်ထားသော Daraz Group ကို ဝယ်ယူလိုက်သည်။ ထိုသို့ ဝယ်ယူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် shop.com.mm အဖြစ် လူသိများပြီး အများဆုံး အသုံးပြုကြတဲ့ အွန်လိုင်းရှော့ပင်းကို အလီဘာဘာက ထိန်းချုပ်ခွင့် ရရှိထားသည်။
အလီဘာဘာ၏ လုပ်ငန်းခွဲဖြစ်သော Alipay ဖုန်းငွေပေးချေခြင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ အော်ပရေတာ Ant Financial Services သည်လည်း မြန်မာနိုင်ငံတွင် လူပေါင်း ၂၁ သန်းကျော် သုံးစွဲနေသော ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု Wavemoney တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေက ကြေညာခဲ့သည်။
Wavemoney တွင် အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ထည့်ဝင်ပြီး Alipay သည် ၎င်း၏ နည်းပညာအပြင်၊ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ဈေးကွက်ထဲတွင် လူအများ ပိုမိုသုံးစွဲလာအောင် ကြိုးပမ်းမည်ဟု ထုတ်ပြန်ထားသည်။ Wavemoney သည် မူလက တယ်လီနော ကုမ္ပဏီနှင့် Yoma Strategic Holdingတို့က ဖက်စပ်လုပ်ကိုင်သည် ဖြစ်သော်လည်း Ant Financial Services ဝင်ရောက်ပြီး မကြာခင်မှာပင် တယ်လီနောက ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရိုးမကို ရောင်းချလိုက်သည်။ ထိုသဘောတူညီချက်ကြောင့် Wavemoney ရဲ့ ၆၇ ရာခိုင်နှုန်းကို Yoma Strategic က ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှယ်ယာ ၃၃ ရာခိုင်နှုန်းကို Ant Financial Services က ပိုင်ဆိုင်သွားမည် ဖြစ်သည်။
လက်ရှိအချိန်တွင် ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်သော ရိုးမသည် အလီဘာဘာ၏နည်းပညာကိုသုံးကာ မြန်မာပြည်တွင်းရှိ ဘဏ်ဝန်ဆောင်မှုသုံးစွဲသူများ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်များကို ချေးငွေထုတ်ပေးမည့် စနစ်ကို စမ်းသပ်နေသည်။ ထိုနည်းပညာဖြင့် သုံးစွဲသူနှင့် စီးပွားရေး အော်ပရေတာများ၏ ချေးငွေသုံးစွဲမှုအပြင် ပုဂ္ဂလိက ငွေပေးချေမှုများ၊ မီးနှင့်ရေ မီတာအဖိုးအခ ပေးချေမှုများကို မိုဘိုင်း အက်ပလီကေးရှင်းကတဆင့် တွက်ချက်စောင့်ကြည့်ပေးနိုင်မည့် စနစ်များ ပါဝင်သည်။ ထိုသုံးစွဲမှု ရမှတ်အပေါ် အခြေခံပြီး Yoma သည် အိမ်ခြံမြေလုပ်ငန်း၊ လက်လီရောင်း/ဝယ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မော်တော်ကားရောင်းဝယ်သည့် လုပ်ငန်းများနှင့် ချေးငွေလျှောက်ထားသူများနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။
ထို့အပြင် Yoma သည် Wave Money အက်ပလီကေးရှင်း အသုံးပြုသူ ဦးရေကို ၂၀၂၄ ခုနှစ်တွင် ဆယ်ဆခန့်တိုးရန် မျှော်မှန်းထားပြီး နိုင်ငံအတွင်း သုံးစွဲသူ ၁၁ ဒသမ ၂ သန်း သို့မဟုတ် နိုင်ငံလူဦးရေ၏ ငါးပုံတပုံအထိ ရောက်လာမည်ဟု ခန့်မှန်းထားသည်။
အလားတူပင် တရုတ်နိုင်ငံတွင် လူသုံးများသည့် ငွေပေးချေမှုစနစ်တခုဖြစ်သည့် WeChat Pay စနစ်ကို စမ်းသပ်ကာလဖြင့် လက်ခံရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ တရုတ်ခရီးသွားများ အများဆုံး သွားရောက်လည်ပတ်သည့် ရန်ကုန်နှင့် မန္တလေး နေရာအချို့တွင် စတင် အသုံးပြုခွင့် ပေးခဲ့သည်။ WeChat Pay ကိုမြန်မာနိုင်ငံတွင် အသုံးပြုရန် စတင်လျှောက်ထားသော ကုမ္ပဏီမှာ Paypb Company Limited နှင့် QFPay တို့ဖြစ်ပြီး ကမ္ဘောဇဘဏ်နှင့်လည်း ချိတ်ဆက်ထားကြောင်း ထုတ်ပြန်ထားသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် စမ်းသပ်ကာလကို သုံးလ ထပ်မံတိုးချဲ့ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၂၀၁၉  ဒီဇင်ဘာအတွင်း WeChat ကို အသုံးပြုခွင့်ပေးခြင်းသည်  ဇီးရိုးဘတ်ဂျက်ခရီးသွားများကို အားပေးသလိုဖြစ်ခြင်းကြောင့် ဗဟိုဘဏ်နှင့်ဆွေးနွေးကာ သုံးစွဲခွင့် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး ဦးတင်လတ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထိုကအပြင် ၂၀၁၈ ခုနှစ်၊ မတ်တွင် မိုဘိုင်း ငွေပေးချေစနစ် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ကမ္ဘောဇဘဏ်လီမီတက်နှင့် ဟွာဝေးတို့ကြား ဒစ်ဂျစ်တယ်ငွေကြေးစနစ် တခုအကောင်အထည်ဖော်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီမှု စာချုပ်ကို ရှန်းကျန့်ရှိ ဟွာဝေးဌာနချုပ်တွင် ပြုလုပ်ခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ချေ။
ထိုအချိန်က ဟွာဝေး၏ မိုဘိုင်းငွေပေးချေမှု စနစ်အတွက် အဓိကဖြစ်သည့် Digital Payment Cloud ကို တရားဝင် မိတ်ဆက်ထားခြင်း မရှိသေးချေ။ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်တွင် ကုမ္ပဏီက ထိုစနစ်ကို တရားဝင် ကြေညာခဲ့ပြီး ထိုစနစ်ကို KBZpay အကောင်အထည်ဖော်ရာတွင် စမ်းသပ်သုံးစွဲခဲ့ကြောင်း  ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် KBZpay ကို မြန်မာနိုင်ငံတွင် လူခြောက်သန်းက မှတ်ပုံတင်ထားကာ အသုံးပြုနေသည်ဟု ကုမ္ပဏီထုတ်ပြန်ချက်အရ သိရှိရသည်။ ထိုစနစ်မှာ ဒစ်ဂျစ်တယ် ငွေပေးခြေစနစ် လုပ်ကိုင်သူများကို ဗဟို ငွေပေးချေမှု စနစ်တခုဖြစ်လာမည့် ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းတခု တည်ဆောက်ရန် နည်းပညာများ ကူညီပေးခြင်း ဖြစ်သည်။
(၈) ရန်ကုန် ဘတ်စ်ကား ငွေပေးချေစနစ်နှင့် တရုတ်နည်းပညာ
ရန်ကုန်မြို့၊ ဘတ်စ်ကားများတွင် တပ်ဆင်ထားသည့် အီလက်ထရောနစ် စနစ်သုံး ငွေပေးချေစက် များတွင်လည်း တရုတ်နည်းပညာများ သုံးစွဲထားခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက့်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်ဘတ်စ်ကားစနစ်(YBS)ရှိ ခရီးသည်တင်ယာဉ်များကို အီလက်ထရောနစ် ငွေပေးကတ်စနစ်များအဖြစ် ပြောင်းလဲရန်အတွက် တင်ဒါ ခေါ်ယူခဲ့သည်။
ထိုနှစ် ဇွန် ၁၃ ရက်တွင် တင်ဒါအောင်မြင်သည့် စာရင်းကို ကြေငြာခဲ့ရာ Asia Starmar Transport Intelligent ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့သည်။ ထိုကုမ္ပဏီက အီလက်ထရောနစ်စနစ်သုံး ငွေပေးချေစက်များကို Chongqing မှ တင်သွင်းခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြထားသည်။
၎င်းကတ်များကို နီးစပ်ရာ စတိုးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)၏ ကုမ္ပဏီ မှတ်ပုံတင် စာရင်းအရ ၎င်းကုမ္ပဏီမှာ ၂၀၁၇ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည်ဟု တွေ့ရှိရသည်။
ကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် တရုတ်နိုင်ငံသား သုံးဦး ပါဝင်သည်ကို တွေ့ရှိရပြီး ၎င်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာမှာ Yunnan Zhongyun Information Technology (China) and Starmar Pte Ltd (Singapore)၏ ဥက္ကဋ္ဌ အဖြစ်လည်း တွဲဖက် ထမ်းဆောင်နေသူ ဖြစ်သည်။
ကုမ္ပဏီ၏ မှတ်တမ်းအရ အဆိုပါပုဂ္ဂိုလ်မှာ ယူနန်တက္ကသိုလ်နှင့် Chongqing တို့တွင် ဘွဲ့ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
(၉) ICT နည်းပညာဖွံ့ဖြိုးရေးကဏ္ဍတွင်ပါဝင်လာမှုများ
ဟွာဝေးကုမ္ပဏီသည် မြန်မာအစိုးရ၏ ဆက်သွယ်ရေး၊ နည်းပညာဆိုင်ရာ စီမံကိန်းများ၊ ပညာရေးနှင့် ပတ်သက်သော စီမံကိန်းများတွင် ၂၀၁၄ ခုနှစ်ကတည်းက စတင်ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ဟွာဝေးကုမ္ပဏီနှင့် မြန်မာပါမောက္ခချုပ်များကော်မတီက ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် လုပ်ဆောင်မည့် အိုင်စီတီနည်းပညာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
ထိုအစီအစဉ်တွင် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးရေးအတွက်သင်တန်းများ၊ အနာဂတ်အတွက် မျိုးစေ့များ (Seeds for the Future) အစီအစဉ်နှင့် ဟွာဝေး Authorized Information and Network Academy တည်ထောင်ခြင်း၊ အိုင်စီတီနည်းပညာနှင့် ပတ်သက်ပြီး ကျွမ်းကျင်သည့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ထူးချွန်ဆုများ ပေးအပ်ခြင်း၊ ပွဲများကို ဟွာဝေး၏ အထောက်အပံ့နှင့် ပြုလုပ်ခြင်း၊ သိပ္ပံနှင့် နည်းပညာ၊ အိုင်တီနည်းပညာနှင့် ပတ်သက်သော သုတေသန လုပ်ငန်းများကို ဟွာဝေးက နည်းပညာအရ အကူအညီပေးခြင်းတို့ ပါဝင်သည်။ ၂၀၁၄ ခုနှစ်တွင်လည်း အလားတူ သဘောတူညီချက်တခု ရေးထိုးခဲ့ပြီး ဟွာဝေးက အိုင်စီတီကျွမ်းကျင်သူ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁,၅၀၀ ခန့်ကို လေ့ကျင့်ပေးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
၂၀၁၉ ခုနှစ်၊ ဧပြီတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် ဟွာဝေးကုမ္ပဏီတို့ကြား နှစ်နှစ်တာသက်တမ်းရှိ နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်အရ ဟွာဝေးနှင့် မြန်မာအင်ဂျင်နီယာအသင်းချုပ် (Fed.MES)တို့ ပူးပေါင်းပြီး လူငယ်မျိုးဆက်သစ် အင်ဂျင်နီယာများ၏ အရည်အသွေးမြှင့်တင်ခြင်းဆောင်ရွက်ရန်၊ Indoor Coverage (5G ကွန်ရက်နှင့် ဆက်စပ်နေသော ဝန်ဆောင်မှုများ)နှင့် FTTH စံချိန်စံညွှန်းများ (အင်တာနက်ကွန်ရက်၊ ဖိုင်ဘာကွန်ရက်) ဖွံ့ဖြိုးတိုးတက်မှုများအတွက် လုပ်ဆောင်ရန် သဘောတူညီခဲ့သည်။
Fed. MES သည် တနိုင်ငံလုံးရှိ အင်ဂျင်နီများကို လွှမ်းခြုံဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သောကြောင့် ထိုခြေလှမ်းမှာ ဟွာဝေးအတွက် အဓိကျသော သဘောတူညီချက် ဖြစ်သည်။ Fed. MES သည် မြန်မာအင်ဂျင်နီယာများအတွက် လေ့ကျင့်ရေးသင်တန်းများနှင့် အထောက်အပံ့များ ပေးနေသည့်အပြင် တက္ကသိုလ်များနှင့် အလုပ်သင် အစီအစဉ်များအတွက်လည်း ပူးပေါင်းဆောင်ရွက်နေသည်။
ထိုသဘောတူညီချက်အရ Fed. MES နှင့် ဟွာဝေးကုမ္ပဏီသည် အစိုးရ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူများ၊ စက်မှုလုပ်ငန်း လေ့လာဆန်းစစ်သည့် ကုမ္ပဏီများနှင့် အခြားသြဇာရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း Indoor Digital Transformation ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။
နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံအတွင်း၌ ရေရှည်လွှမ်းခြုံမှုနှင့် ပတ်သက်သည့် ဒစ်ဂျစ်တယ် ထိပ်သီးအစည်းအဝေး (Long-term Indoor Coverage Digitalization)နှင့် အခြားဆက်စပ်နေသော လှုပ်ရှားမှုများအား အတူတကွ ကျင်းပရန် သဘောတူထားသည်။ ထို့အပြင် Indoor Digital Coverage နှင့် FTTH စံချိန်စံညွှန်းများ မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထူးသဖြင့် Cloud၊ e-learning၊ အသိအမှတ်ပြု လက်မှတ်နှင့် အလုပ်သင် အစီအစဉ်များ ပူးပေါင်းရန် သဘောတူညီထားသည်။
၂၀၁၉ ခုနှစ် မေတွင် ပိတ်ဆို့မှုကြောင့် အမေရိကန်နှင့် ဟွာဝေးကုမ္ပဏီကြား အငြင်းပွားနေချိန်တွင် Myanmar Indoor Coverage Digitalization Summit ကို ကျင်းပခဲ့သည်။ ထိုပွဲကို အင်ဂျင်နီယာအသင်းနှင့် ဟွာဝေးတို့က ဦးဆောင်ကျင်းပခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိများ တက်ရောက်ခဲ့သည်။ ထိုပွဲတွင် ဟွာဝေးကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာအတွက် စိတ်ချယုံကြည်ရသော နည်းပညာများကို ဖလှယ်ပေးနေသောကြောင့် ဟွာဝေးနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနက ကတိပြုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာတွင်လည်း ဟွာဝေး အကူအညီရယူသွားမည်ဟု ပြောဆိုခဲ့သည်။
ဝိရောဓိများ
DSR သည် ကုန်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော နည်းပညာများကို သုံးစွဲခြင်းဖြင့် မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ် အသွင်ပြောင်း ထွန်းသစ်စစီးပွားရေးများကို ပံ့ပိုးပေးနိုင်သည့် အားသာချက် ရှိသည်။
သို့ရာတွင် DSR သည် ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာအပေါ် တရုတ်သြဇာ လွှမ်းမိုးမှုအတွက် ရည်ရွယ်ထားသောကြောင့် လက်ခံထားကြသော ရပ်ဝန်းလမ်းကြောင်းအဖွဲ့ဝင်နိုင်ငံများအတွက် ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာအပေါ်တွင် စိန်ခေါ်မှုအပြင် ရေရှည်တွင် စီးပွားရေး၊ သတင်းအချက်အလက် လုံခြုံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်သည်ဟု နိုင်ငံတကာ အစီရင်ခံစာများက သုံးသပ်ထားသည်။
တရုတ် မိုဘိုင်းအီလက်ထရောနစ် ငွေပေးချေစနစ်များ တိုးချဲ့ခြင်းအပြင် ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးတလျှောက် တရုတ်နိုင်ငံမှ တည်ဆောက်ထားသော အိုင်စီတီကွန်ရက်များနှင့် နည်းပညာများသည် တရုတ်နိုင်ငံ၏ ငွေကြေးသုံးစွဲမှုနှင့် ၎င်း၏ ကုမ္ပဏီများက ထုတ်လုပ်ထားသည့် နည်းပညာများကို လက်ဝေခံ နိုင်ငံများက  မဖြစ်မနေ ရွေးချယ်ရမည့် စနစ်တခုကို ဖန်တီးနေသည်ဟု ထိုအစီရင်ခံစာများက စွပ်စွဲထားသည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ဒစ်ဂျစ်တယ် လုံခြုံရေး၊ အင်တာနက်လုံခြုံရေး၊ သတင်း အချက်အလက် လုံခြုံရေးနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်သော ဥပဒေများ၊ ညွှန်ကြားချက်များ မရှိသေးချေ။ ထို့အပြင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သော ဥပဒေများ၊ ညွှန်ကြားချက်များ၊ ဒစ်ဂျစ်တယ်ငွေကြေးနှင့် ပတ်သက်၍ တိကျသော ဥပဒေများ မပြဌာန်းနိုင်သေးသောကြောင့် ပြည်ပနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရာတွင် နိုင်ငံ၏ ဒစ်ဂျစ်တယ် အချုပ် အခြာအာဏာအပေါ် ထိခိုက်မှု၊ ပုဂ္ဂလိက သတင်းအချက်လက်၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် စသည်တို့ ယိုစီးနိုင်ချေနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။
စီမံကိန်း အခြေအနေများကို ၂၀၂၁ခုနှစ် ဇူလိုင် ( ၉ ) ရက်နေ့တွင်ထပ်မံဖြည့်စွက်ထားပါသည်။
Reference:
The Digital Silk Road: Expanding China’s digital footprint
Will China Control the Global Internet Via its Digital Silk Road?
Unpacking China’s Digital Silk Road
Myanmar, China to Promote Cross-Border e-Commerce Systems
Huawei to Supply Mandalay’s ‘Safe City’ Project with Cameras, Security Equipment
Amid Int’l Espionage Concerns, Mandalay to Embrace Huawei for ‘Safe City’ Project
Spurned by the West, Embraced by Myanmar
Myanmar to use Huawei in telecoms sector
KBZ Bank, Huawei jointly offer greater financial access to all
Mandalay project with telco under review, says chief minister
China, Myanmar sign MoU on ICT talent development program
CCTV Contract with Huawei Will Guard Against Spying: Mandalay Chief Minister
Huawei and Federation of Myanmar Engineering Societies sign 2-year MoU for ICT cooperation
Summit on indoor coverage digitalization held in Myanmar
Huawei launches digital payment cloud solution
In Myanmar, Huawei has cooperated with KBZ Bank to launch KBZPay and, within 18 months, successfully grew the service to 6 million registered users, > 1000 partners, and > 290,000 merchants. KBZPay’s transaction value has reached more than $7 billion!
Huawei Launches New Digital Payment Cloud Solution
ကမ္ဘောဇဘဏ် ထုတ်ပြန်ချက်
Huawei Launches Digital Payment Cloud Solution
Myanmar conglomerate to offer loans online using Alibaba tech
Alibaba secures foothold in Myanmar market, growth in e-commerce expected
Myanmar’s Yoma Strategic to Buy Majority Stake in Wave Money From Telenor
Operator of China’s Alipay to Invest Over US$73 Million in Myanmar’s Wave Money
Govt commits to developing secure ecosystem for e-commerce in Myanmar
CBM extends WeChat pay pilot phase by three months
CBM Suspends Acceptance of Mobile Payments from ‘Zero-Budget’ Tourists
Negotiations on to ensure Alipay, WeChat use CBM payment gateway
缅甸每日读报：缅甸公交卡支付系统采用中国技术
Asia Starmar Transport Intelligent Co. Ltd.
Company Profile of Asia Starmar (DICA)
Yangon Payment System launched
The post တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ appeared first on ISP Myanmar China Desk.
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ
<link rel="stylesheet" href="//cdn.knightlab.com/libs/storymapjs/latest/css/storymap.css">
တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်သမ္မတ ရှီကျင့်ဖျင်က၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သည့် ရည်မှန်းချက်ကြီးမားပြီး မဟာဗျူဟာကျသော ခါးပတ်တစ်ကွင်းလမ်းတစ်စင်း(BRI) အစီအမံ၏ အစိတ်အပိုင်းဖြစ်သည်။
ခါးပတ်တစ်ကွင်းလမ်းတစ်စင်း အစီအမံမှာ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုနှင့်သက်ဆိုင်သော အခြေခံအဆောက်အအုံများ၊ စက်မှုဇုန်ကြီးများ၊ လမ်းမများ၊ မီးရထားလမ်းများ၊ ရေနက်ဆိပ်ကမ်းများကို တည်ဆောက်ပြီး ရေလမ်း၊ ကုန်လမ်းများဖြင့်ချိတ်ဆက်ကာ နိုင်ငံပေါင်း  ၇၀ နီးပါး ပါဝင်လာရန် ရည်မှန်းထားသည်။
ထိုခါးပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံမှာ တရုတ်နိုင်ငံမှ ဥရောပတိုက်အထိ အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသနှင့် ရှရှားတို့အား ဖြတ်သန်းပြီး ကုန်စည်စီးဆင်းမှုနှင့် ရင်းနှီးမြုပ်နှံမှုများကို ချိတ်ဆက်တိုးမြှင့်ရန် ဖြစ်သည်။ တပြိုင်နက်ထဲမှာပင် ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တည်ဆောက်ရန် ဦးစားပေးသော အစီအမံဖြစ်သည်။
အင်္ဂလိပ်အက္ခရာ “ဝိုင်”(Y) ပုံသဏ္ဌာန်ရှိပြီး စုစုပေါင်း ကီလိုမီတာ ၁၇၀၀ နီးပါး(မိုင်တစ်ထောင်ကျော်) ရှည်လျားမည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းနှင့် မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျသော မူဆယ်၊ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမည် ဖြစ်သည်။ စီးပွားရေးစင်္ကြံလမ်းမတလျောက်တွင် အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများ၊ အဆင့်မြင့်နယ်စပ်ဂိတ်များ၊ ကုန်လှောင်ရုံများ၊ ကုန်စည်ထုတ်လုပ်နိုင်မည့် စက်မှုဇုန်များ စသည့် ကုန်လမ်းကြောင်းရော၊ ရေလမ်းကြောင်းပါ နှစ်ခုစလုံးကိုအသုံးပြုပြီး ကုန်စည်ကူးသန်းနိုင်မည့် လမ်းကြောင်းများဖြစ်ပေါ်လာစေရေးအတွက် အကောင်အထည်ဖော်သွားမည့်စီမံကိန်းများလည်း ပါဝင်သည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်နိုင်ငံ၏ စီးပွားရေးအရ ဖွံ့ဖြိုးမှုနောက်ကျနေသော အနောက်ပိုင်းပြည်နယ်များတွင် စီးပွားရေးဖွံ့ဖြိုးလာရေးအတွက် ရည်ရွယ်သည်။ ထို့အပြင်  စီးပွားရေးစင်္ကြံ တွင်ပါဝင်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးမည့် ဒေသတွင်းမဟာဗျူဟာကျသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
နောက်ခံနှင့် စီမံကိန်းဖြစ်စဉ်
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းအမည်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် လာရောက်တွေ့ ဆုံချိန်အတွင်း တရားဝင်အဆိုပြုခဲ့သည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မူလအစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသွားသောသူများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနိူင်းရာတွင် ကြားဝင်စေ့စပ်ပေးရန်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် အစောပိုင်း၊ မေလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် တရုတ်နိုင်ငံ၊ ဘေဂျင်း၌ ကျင်းပသော နိုင်ငံတကာခါးပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့လည်း တတ်ရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် သီးသန့်တွေ့ဆုံပြီး ခါးပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံတွင် မြန်မာနိုင်ငံက ပါဝင်ရေး ဆွေးနွေးခဲ့သည်။
တရုတ်ဝန်ကြီးချုပ်နှင့်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သီးသန့်တွေ့ဆုံခဲ့သည်။ ယင်းနောက်တွင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာငါးခုကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုနားလည်မှုစာချွန်လွှာတို့တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြစီမံကိန်း၏ အစိတ်အပိုင်းဖြစ်လာမည့် စာချွန်လွှာနှစ်ခု ပါဝင်သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြားတွင် နယ်စပ်စီးပွားရေးပူးပေါင်းရေးဇုန်များ တည်ဆောက်ရေးနှင့်  ခါးပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံ မူဘောင်သဘောတူညီမှုတွင် ပူးပေါင်းပါဝင်ရေး နားလည်မှုစာချွန်လွှာတို့ ဖြစ်သည်။
ဝမ်ယိက တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို တရားဝင်မိတ်ဆက်ပေးပြီးသည့်နောက်တွင် နှစ်နိုင်ငံအကြား တရားဝင်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နောက်ဆုံးအကြိမ်အဖြစ် ဆွေးနွေးအချောသတ်ခဲ့သည်။
ဆွေးနွေးမှုများတွင် မြန်မာဘက်က ဦးဆောင်သူမှာ ထိုအချိန်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံ၏ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးကျော်ဝင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်က ဦးဆောင်သူမှာ တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ နင်ကျိဇယ်(Ning Jizhe) ဖြစ်သည်။
အစိုးရ၏တရားဝင်မှတ်တမ်းအရ နားလည်မှုစာချွန်လွှာကို အချောသတ်ပြီးနောက်တွင် စီးပွားရေးစင်္ကြံအောက်ရှိ ဦးစားပေးစီမံကိန်းများနှင့်ပတ်သက်သည့် အသေးစိတ်ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနများက စတင်ဆွေးနွေးခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် သမ္မတ၏သဘောတူညီချက်အပါအဝင် စီးပွားရေးစင်္ကြံတွင် ပါဝင်ပတ်သတ်မည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ကြီးများ၏သဘောတူညီချက်များဖြင့် နားလည်မှုစာချွန်လွှာကို မြန်မာဘက်ကအတည်ပြုခဲ့သည်။
၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် နှစ်နိုင်ငံတို့မှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အစိုးရအရာရှိများပါဝင်သော အလုပ်အဖွဲ့က တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးအစည်းအဝေးကို စတင်ဆွေးနွေးခဲ့သည်။ ထိုအစည်းအဝေးတွင် နှစ်နိုင်ငံအကြား ပူးတွဲကော်မတီဖွဲ့စည်းရေးနှင့် အလုပ်အဖွဲ့များ ဖွဲ့စည်းရေးကို တင်ပြကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် နှစ်နိုင်ငံအကြား အလုပ်အဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးရေးနှင့် ဦးစားပေးစီမံကိန်းများ အကောင်အထည်ဖော်ရေးကို ထိုအစည်းအဝေး၌ အသေးစိတ်ဆွေးနွေးခဲ့သည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနှင့် တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဥက္ကဋ္ဌ ဟီလဖန်(He Lifeng) တို့  ဘေဂျင်းတွင် တွေ့ဆုံပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး နားလည်မှု စာချွန်လွှာကို လတ်မှတ်ရေးထိုးခဲ့သည်။
ထိုနားလည်မှုစာချွန်လွှာတွင် အချက် ၁၅ ချက် ပါဝင်ပြီး စီးပွားရေးစင်္ကြံတလျောက်တွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ စက်မှုဇုန်များတည်ဆောက်ရေး၊ ကုန်သွယ်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ငွေကြေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေး၊ ဝန်ထမ်းများအရည်အသွေးမြှင့်တင့်ရန်အတွက် သင်တန်းများပေးရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းရေး၊ ရေဘေးအန္တရာယ်များထိန်းချုပ်ရေး၊ သဘာဝဘေးအန္တရာယ်များကာကွယ်ရေး၊ ပြည်နယ်များရှိ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင့်ရေး၊ ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးမြှင့်ရေးနှင့် ဒီဂျစ်တယ်ပိုးသားလမ်းမ အကောင်အထည်ဖော်ရေး စသည်တို့တွင် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။
လက်ရှိအချိန်ထိ မြန်မာအစိုးရသည် နားလည်မှုစာချွန်လွှာတွင်ပါဝင်သော အသေးစိတ်အချက်အလက်များ၊ သဘောတူညီချက်ကို တရားဝင်ထုတ်ဖော် ကြေညာထားခြင်းမရှိပေ။ ထို့အပြင် စီးပွားရေးစင်္ကြအောက်ရှိ ဦးစားပေးစီမံကိန်းများကို တရားဝင်ထုတ်ဖော်ခြင်းမရှိခဲ့ပါ။ ၎င်းတို့အနက် စီမံကိန်းသုံးခုကိုသာ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်ကြောင့် စီးပွားရေးစင်္ကြံအောက်ရှိ စီမံကိန်းများအဖြစ် သိရှိရသည်။ ၎င်းတို့မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း၊ မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်များ တည်ဆောက်ရေးတို့ ဖြစ်သည်။
စီးပွားရေးစင်္ကြံ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးပြီး တစ်လအကြာ၊ အောက်တိုဘာလတွင် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းအတွက် ဖြစ်တန်ချေဆန်းစစ်ခြင်းပြုလုပ်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
ပိုင်ဆိုင်မှုရာခိုင်နှုန်းခွဲဝေမှုကြောင့် ကာလကြာရှည်ကြန့်ကြာနေသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဧပြီလက ဘေဂျင်းတွင်ကျင်းပသော ဒုတိယအကြိမ်မြောက် ခါးပတ်တစ်ကွင်းလမ်းတစ်စင်း ဖိုရမ်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်(၂၀၁၉ -၂၀၃၀) နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ချေ ဆန်းစစ်ချက်အစီရင်ခံစာနှင့်  ကနဦး ဦးစားပေးစီမံကိန်းများစာရင်းကိုလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့သည်။
စီးပွားရေးစင်္ကြံ ခေါင်းစဉ်အောက်တွင် စီမံကိန်း ၃၈ ခုဝန်းကျင်ကို တရုတ်နိုင်ငံက တင်ပြထားကြောင်း ၂၀၁၉ ခုနှစ်၊ မေလတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာအစိုးရ၏ အဓိက ရည်မှန်းချက်
မြန်မာအစိုးရဝန်ကြီးဌာနများတွင် One Belt and One Road Initiative ကို တရားဝင် သတ်မှတ်ထားသောနာမည်မှာ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုအစီအမံ” ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရအနေနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြအပေါ် အာရုံစိုက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပဋိပက္ခများဖြစ်ပွားနေသော မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ဘက်ဒေသများတွင် ရေရှည်ဖွံ့ဖြိုးတိုးတတ်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ဖန်တီးပေးရန်ဖြစ်သည်။ စီမံကိန်းများကို အခြေတည်စဉ်းစားရာတွင်  ၎င်းတို့ထုတ်ပြန်ထားသော အမျိုးသားရေရှည်ဖွံ့ဖြိုးတိုးတတ်ရေးအစီအမံနှင့် ကိုက်ညီမှုရှိသော စီမံကိန်းများကို ဦးစားပေးရေးဖြစ်သည်။ ယင်းအချက်ကိုလည်း အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများသည် တရားဝင်ထုတ်ဖော်ရေးသား၊ ပြောဆိုလေ့ရှိသည်။
စီးပွားရေးစင်္ကြံတွင် နှစ်နိုင်ငံကိုယ်စားပြု၍ ပါဝင်သူများ
တရုတ်-မြန်မာစီးပွားရေးစင်္ကြံအတွက် နှစ်နိုင်ငံတာဝန်ရှိသူများပါဝင်သည့် ဦးဆောင်ညှိနိူင်းရေးကော်မတီ(Leading Coordination Agency)ကို မြန်မာဘက်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တရုတ်ဘက်မှ အမျိုးသားဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် တို့နှင့် ဖွဲ့စည်းထားသည်။
၎င်းတို့တာဝန်မှာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးအတွက် မူဝါဒများချမှတ်ခြင်း၊ ဝန်ကြီးဌာနများမှ တင်ပြလာသော ဦးစားပေးစီမံကိန်းများကို နိုင်ငံတော်မူဝါဒများနှင့်အညီ အတည်ပြုပေးခြင်း၊
နှစ်ဦးနှစ်ဖက်တင်ပြလိုသောစီမံကိန်းများရှိပါက ညှိနိူင်းတင်ပြပေးခြင်း၊ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးတွက် တွန်းအားပေးရန်၊ ဖြစ်ပေါ်လာသည့်ကိစ္စရပ်များကို နှစ်နိုင်ငံကိုယ်စားပြု၍ ဆွေးနွေးညှိနိူင်းပေးရန်တို့ ဖြစ်သည်။
ထို့အပြင် စီးပွားရေးစင်္ကြံ၏ အထွေထွေအတွင်းရေးမှူးဌာန(The Secretariat)ကို မြန်မာနိုင်ငံဘက်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ဌာနခွဲဖြစ်သော ရင်းနှီးမြုပ်နှံမှုကော်မရှင်ရုံးနှင့် တရုတ်နိုင်ငံဘက်မှ အမျိုးသားဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဌာနခွဲဖြစ်သော Department of Foreign Capital and Overseas Investment ဌာနတို့ဖြင့်ဖွဲ့စည်းထားသည်။
စီးပွားရေးစင်္ကြံ၏ အထွေထွေအတွင်းရေးမှုးဌာန၏တာဝန်မှာ နှစ်နိုင်ငံဝန်ကြီးများအဆင့် အစည်းအဝေးများကို နှစ်စဉ်ကျင်းပနိုင်ရန် စီမံပေးခြင်းဖြစ်သည်။
နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံအောက်ရှိ စီမံကိန်းများကို အသေးစိတ်ဆွေးနွေးရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့(Cooperation Working Groups) ၁၂ ခု  ကိုလည်း ဖွဲ့စည်းထားသည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် နှစ်နိုင်ငံကိုယ်စားပြုပါဝင်သူများ
မြန်မာနိုင်ငံဘက်မှ ကော်မတီများ
စီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးအတွက် အဓိကကော်မတီငါးခုကို မြန်မာဘက်တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီများသည် စီးပွားရေးစင်္ကြံအောက်တွင်အကောင်အထည်ဖော်မည့်စီမံကိန်းများအတွက် မူဝါဒများချမှတ်ခြင်း၊ လုပ်ငန်းများဆောက်ရွက်ခြင်း၊ စီမံကိန်းများအကောင်အထည်ဖော်ခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် နားလည်မှုစာချွန်လွှာတွင်ပါဝင်သောအချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်းတို့ကို တာဝန်ခွဲဝေယူထားသည်။
၁။ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခုဦးဆောင်ကော်မတီ
“ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခုနှင့်စပ်လျဉ်းသည့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ” ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ထိုဦးဆောင်ကော်မတီမှာ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြားတွင် လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စီမံကိန်းအကောင်အထည်ဖော်ခြင်း၊ ဆန်းစစ်လေ့လာသုံးသပ်ခြင်း၊ မူဝါဒချမှတ်ခြင်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ဖြစ်သည်။ ကော်မတီဖွဲ့စည်းကြောင်းကြေညာချက်ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လက်မှတ်ရေးထိုးပြီးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကော်မတီတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးက အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။ ၎င်းဝန်ကြီးဌာနတို့မှာ  ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန(ယခု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ ဖြစ်သည်။
ဦးဆောင်ကော်မတီတွင် စီးပွားရေးစင်္ကြံဖြတ်သန်းသွားမည့် ပြည်နယ်နှင့် တိုင်းများဖြစ်သော ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၏ ဝန်ကြီးချုပ်ငါးဦးကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည်။ ထို့အပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။
ဦးဆောင်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည်။
ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များ
ဦးဆောင်ကော်မတီတွင် လုပ်ငန်းတာဝန်များ သတ်မှတ်ထားသည်။
၁။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ‘ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု’ ခေါင်းစဉ်အောက်မှ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ဝန်ကြီးဌာနများ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနိူင်းဆောင်ရွက်ရန် လမ်းညွှန်မှုများပေးခြင်း၊
၂။ ‘ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု’ နှင့်သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မူဝါဒနှင့်သက်ဆိုင်သောလမ်းညွှန်မှုများ ပေးခြင်း၊
၃။ စီမံကိန်းများဆောင်ရွက်ရာတွင် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုနည်းလမ်းများကို ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူခြင်း၊
၄။ ’ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု’ နှင့်စပ်လျဉ်း၍ သုတေသနပြုလေ့လာနိုင်ရေးအတွက် ကျွမ်းကျင် ပညာရှင်များအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း တို့ဖြစ်သည်။
၂။ တရုတ်–မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ
တရုတ်-မြန်မာစီးပွားရေးစင်္ကြံပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ထိထိရောက်ရောက်အကောင်အထည်ဖော်ရေးအတွက် ပူးတွဲကော်မတီကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန ခြောက်ခုမှ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ငါးဦး၊ အမြဲတမ်းအတွင်းဝန် လေးဦး၊ ညွှန်ကြားရေးမှုးချုပ်တစ်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီဖွဲ့စည်းကြောင်းကြေညာချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှုး ဦးဇော်သန်းသင်းက လက်မှတ်ထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန(ယခု စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန) ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားသည်။ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက အဖွဲ့ဝင်ဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်နှင့် နေပြည်တော်ကောင်စီဝင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်နေပြီး နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်က အတွင်းရေးမှုးအဖြစ် တာဝန်ယူထားသည်။
မကွေးတိုင်းဒေသကြီး စီမံကိန်းဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေးအခွန်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး၊ ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနဝန်ကြီး၊ မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ အမြဲတမ်းအတွင်းဝန်များကလည်း အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားသည်။
ပူးတွဲကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များ
တရုတ်-မြန်မာစီးပွားရေးစင်္ကြံပူးတွဲကော်မတီ၏ အဓိကလုပ်ဆောင်ချက် ခြောက်ချက်ရှိသည်။
၁။ နှစ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ စီမံကိန်းများကို အပြန်အလှန်၊ အကျိုးရှိရှိ ဆောင်ရွက်ခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ စီးပွားရေးစင်္ကြံဖွံ့ဖြိုးတိုးတတ်ရေးနှင့်သက်ဆိုင်သည့် အထွေထွေအလေ့အထနှင့် အဓိကကျသောကိစ္စရပ်များကို အဆိုပြုခြင်းနှင့် လေ့လာခြင်း၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်းနှင့် အထောက်အပံ့ပြုနိုင်သော မူဝါဒများကို  ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် နားလည်မှုစာချွန်လွှာကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
၂။ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံအတွေ့အကြုံဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊
၃။ အဓိကစီမံချက်များနှင့် လုပ်ငန်းကဏ္ဍများကို ဆုံးဖြတ်ခြင်း၊
၄။ ပိုမိုကောင်းမွန်သော ရင်းနှီးမြုပ်နှံမှုဝန်းကျင်ဖန်တီးရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် စေ့စပ်ညှိနိူင်းခြင်းဖြင့် ပြသာနာရပ်များကို ဖြေရှင်းဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဖက် စံချိန်စံညွှန်းနှင့်အရည်အသွေးအသိမှတ်ပြုရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ခြင်း၊ ၅။ စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် နှစ်ဖက်စလုံးမှပြည်သူလူထုပါဝင်ရေးကို အားပေးဆောင်ရွက်ခြင်း၊
၆။ စီးပွားရေးစင်္ကြံဆိုင်ရာ လုပ်ငန်းတိုးတတ်မှုအခြေအနေကို နှစ်ဖက်စလုံးမှအစိုးရများသို့ အစီရင်ခံခြင်း တို့ဖြစ်သည်။
လုပ်ငန်းတာဝန်များ
၃။ တရုတ်–မြန်မာစီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့သည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်တွင် ရှိသည်။ စုစုပေါင်းလုပ်ငန်းအဖွဲ့၁၂ ဖွဲ့ ရှိသည်။ ထိုလုပ်ငန်းအဖွဲ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီဥက္ကဋ္ဌ  ဦးစိုးဝင်းက လက်မှတ်ထိုး၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန(ယခု စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာ)၊ စက်မှုဝန်ကြီးဌာန(ယခု စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ အရာရှိများဖြင့် ဖွဲ့စည်းထားသည်။
၎င်း ၁၂ ဖွဲ့မှာ
၁။ ဖွံ့ဖြိုးတိုးတတ်မှုနှင့်စီမံကိန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၊
၂။ ကုန်ထုတ်စွမ်းအားနှင့်ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၊
၃။ သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၊
၄။ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၊
၅။ စိုက်ပျိုးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၊
၆။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊
၇။ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၊
၈။ ငွေကြေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့
၉။ ခရီးသွားလာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၊
၁၀။ သတင်းအချက်အလက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၊
၁၁။ ဒေသအဆင့်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့
၁၂။ ဂေဟစနစ်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့
တို့ဖြစ်သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့များ
ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့၏ လုပ်ငန်းတာဝန်များ
လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဖွံ့ဖြိုးတိုးတတ်မှုစီမံကိန်းပူးပေါင်းဆောင်ရွက်အဖွဲ့၏ တာဝန်မှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ရေရှည်စီမံကိန်း(Master Plan)ရေးဆွဲပြီး ပင်မစီမံကိန်းဘောင်အတွင်း၌ ကဏ္ဍအလိုက် စီမံကိန်းများကို ကာလအပိုင်းအခြားလိုက် ရေးဆွဲခြင်း၊ မြို့ပြအခြေခံဆောက်အအုံများ ဖော်ဆောင်ရာတွင် ပြုပြင်ပြောင်းလဲခြင်းနှင့် နှစ်နိုင်ငံစလုံးမှ မြို့တော်များနှင့် ခရိုင်များအကြား ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်သင်ယူမှုများ မြှင့်တင်ပေးခြင်းတို့ ဖြစ်သည်။
၂။ ကုန်ထုတ်စွမ်းအားနှင့်ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ စီမံကိန်းများ အကောင်အထည်ဖော်လုပ်ဆောင်နေစဉ်အတွင်း ဖြစ်ပေါ်လာသောပြသာနာများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖြေရှင်းခြင်း၊ စင်္ကြံ၏ကျောရိုးမကြီးဖြစ်သည့် စီမံကိန်းများပြီးစီးရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ ချည်မျှင်နှင့် ဆောက်လုပ်ရေးပစ္စည်း၊ အီလက်ထရောနစ်၊ မော်တော်ယဉ်၊ စက်ပစ္စည်း၊ ဓာတုအင်ဂျင်နီယာလုပ်ငန်း၊ သတ္တုဗေဒ၊ သတင်းအချက်အလက်ဆက်သွယ်ရေးနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
၃။ သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ ရွှေလီ-မန္တလေး- ကျောက်ဖြူ အဝေးပြေးလမ်းပိုင်းနှင့် မန္တလေး-နေပြည်တော်-ရန်ကုန် အဝေးပြေးလမ်းပိုင်းကို ဦးစားပေးဆောင်ရွက်ခြင်း၊ အဝေးပြေးလမ်းမ၊ ရေလမ်းကြောင်း၊ ဆိပ်ကမ်း၊ လေကြောင်းနှင့် စည်ပင်သာယာဆိုင်ရာ အခြေခံအဆောက်အအုံများတိုးတတ်ရေးကို ဆောင်ရွက်ခြင်း၊ ကျောက်ဖြူဆိပ်ကမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်းနှင့် မန္တလေး-နေပြည်တော်-ရန်ကုန် ရထားလမ်းပိုင်း တိုးတတ်မှုရှိစေရေးဆောင်ရွက်ခြင်း၊ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ခြင်းများ ဆောင်ရွက်ရန်တို့ ဖြစ်သည်။
၄။ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ လျှပ်စစ်ဓာတ်အား၊  လျှပ်စစ် ကွန်ရက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း၊ တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားစနစ် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ဆောင်ရွက်ရေးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်ရေးကော်မတီအပေါ် အခြေပြုလျက် စင်္ကြံနှင့်ဆက်နွယ်သောလုပ်ငန်းကဏ္ဍများနှင့်သက်ဆိုင်သည့် စွမ်းအင်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
၅။ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ စိုက်ပျိုးရေးမူဝါ၏များ ညီညွှတ်မှုရှိစေရေးကို မြှင့်တင်ဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံစလုံး၏ စိုက်ပျိုးရေးဆိုင်ရာ စံချိန်စံညွှန်းများကို အပြန်အလှန်အသိအမှတ်ပြုခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ စက်မှုဇုန်များ၊ ထုတ်ကုန်များ၏ အရည်အသွေးနှင့် ဘေးကင်းမှုဆိုင်ရာ စမ်းသပ်စစ်ဆေးသည့်စင်တာများ တည်ထောင်မှုကို တိုးတတ်စေခြင်း၊ စိုက်ပျိုးရေးပညာရှင်များပူးတွဲပြီး ပြုစုပျိုးထောင်ပေးခြင်း၊ နှစ်နိုင်ငံအကြား  လေ့လာရေးခရီးစဉ်များစီစဉ်ပြီး နည်းပညာများနှင့် သတင်းအချက်အလက်များဖလှယ်ခြင်း၊ နယ်စပ်ဖြတ်ကျော်တိရစ္ဆာန်များနှင့် အပင်များမှတဆင့်ဖြစ်ပွားသော ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ စံနှုန်းများသတ်မှတ်ခြင်း၊ စက်မှုလယ်ယာကူးပြောင်းနိုင်ရေး ဆောင်ရွက်ခြင်းနှင့် တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ခြင်း၊ ဘက်စုံစိုက်ပျိုးထုတ်လုပ်နိုင်စွမ်း မြှင့်တင်ဆောင်ရွက်ခြင်း၊ ဈေးကွက်ရရှိရေး အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
၆။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ နှစ်နိုင်ငံအကြား သင့်လျော်သောဒေသတွင် နယ်စပ်စီးပွားရေးပူးပေါင်းဆောက်ရွက်မှုဇုန်များတည်ဆောက်နိုင်ရေး တိုက်တွန်းဆောင်ရွက်သွားခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဇုန်များအကြား လူအဝင်အထွက်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ညှိနိူင်းဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အဦ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု၊ ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာ ဖလှယ်မှုများပိုမိုဆောင်ရွက်သွားနိုင်ရန်တို့ ဖြစ်သည်။
၇။ ဒီဂျစ်တယ်စီးပွားဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းနှင့်သက်ဆိုင်သည့် အခြေခံအဆောက်အဦးများတည်ဆောက်ခြင်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတတ်စေရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးကူညီခြင်း၊ ဒီဂျစ်တယ်နည်းပညာဖလှယ်ရေး အသိပညာပေးခြင်းအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
၈။ ငွေရေးကြေးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ နှစ်နိုင်ငံအကြား ငွေရေးကြေးရေးအပေးအယူကိစ္စရပ်များအဆင်ပြေချောမွေ့စေမည့် နည်းလမ်းများချမှတ်ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်မှုခိုင်မာရေး၊ အတွေ့အကြုံနည်းပညာများ၊  သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးကို ပံ့ပိုးဆောင်ရွက်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ ပြသာနာများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
၉။ ခရီးသွားလာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ နှစ်နိုင်ငံခရီးသွားလာရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံခရီးသွားများဖြတ်သန်းသွားလာမှုလွယ်ကူချောမွေ့စေရေးကို ပံ့ပိုးပေးခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးနည်းလမ်းများ ချမှတ်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ခြင်းတို့ ဖြစ်သည်။
၁၀။ သတင်းအချက်အလက်ပူးပေါင်းဆောက်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ စီးပွားရေးစင်္ကြံတည်ထောင်မှုနှင့်ပတ်သတ်ပြီး ပြည်သူလူထုမှ နားလည်သဘောပေါက်စေရန်၊ ၎င်း၏အရေးပါမှုနှင့် ဖြစ်ပေါ်လာနိုင်သည့်အနေအထားကိုလည်း ပြည်သူတွေများသိရှိနိုင်စေရန်အတွက် ညှိနိူင်း ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
၁၁။ ဒေသအဆင့်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ ရင်းနှီးမြုပ်နှံမှုများဆွဲဆောင်ခြင်း၊ မြို့ပြစီမံကိန်းများနှင့် စက်မှုဇုန်များကို ဖော်ထုတ်ခြင်းနှင့် မြို့ပြအဆောင်အယောင်တည်ဆောက်ခြင်း စသည့်ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲဖြေလျော့မှုများဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံလုံးမှမြို့တော်များနှင့် ခရိုင်များအကြား ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန်သင်ယူမှုများမြှင့်တင်ပေးရန်တို့ ဖြစ်သည်။
၁၂။ ဂေဟစနစ်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ တာဝန်များမှာ ဂေဟဝန်းကျင်ဥပဒေများနှင့် နည်းဥပဒေများကို ချမှတ်ခြင်းနှင့် ဆက်စပ်မူဝါဒများကို အများပြည်သူသိရှိစေရေးအတွက် ဖြန့်ဝေခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကာလအတွင်း သယံဇာတကာကွယ်စောင့်ရှောက်ခြင်းနှင့် ဂေဟဝန်းကျင်ကာကွယ်ခြင်းတို့ကို သက်ဆိုင်သူများမှ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုပေးခြင်းတို့ ဖြစ်သည်။
၄။ တရုတ်–မြန်မာစီးပွားရေးစင်္ကြံ စီမံခန့်ခွဲမှုအဖွဲ့
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၂၅ ရက်နေ့တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့ကို တရုတ်-မြန်မာစီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရာတွင် လုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုအဖွဲ့သည် စီးပွားရေးစင်္ကြံအောက်တွင် ဖွဲ့စည်းသောကော်မတီများအဖွဲ့များအနက် အစိုးရဝန်ထမ်းမဟုတ်သော ပြင်ပပညာရှင်များပါဝင်သည့် အဖွဲ့ဖြစ်သည်။
စီမံခန့်ခွဲမှုကော်မတီ၏ အဖွဲ့ခေါင်းဆောင်အဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆက်အောင်က တာဝန်ယူပြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း(ဒုတိယဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)၊ ဦးမျိုးမြင့်(ဥက္ကဋ္ဌ မြန်မာဖွံ့ဖြိုးမှု အဖွဲ့အစည်း)၊ ဒေါက်တာမောင်မောင်လွင်(အကြီးတန်း သုတေသီ၊ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း)၊ ဒေါက်တာမျိုးညွန့်(စီးပွားရေးပညာရှင်)၊ ဒေါက်တာသိန်းဆွေ(အငြိမ်းစားစီးပွားရေးပညာရှင်၊ အာရှဖွံ့ဖြိုးမှုဘဏ်)၊ ဒေါက်တာ မင်းညို(စီးပွားရေးပညာရှင်)၊ ဒေါက်တာ ဘိုဘိုငယ်(ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်)၊ ဦးဇော်လင်းထွဋ်(အမှုဆောင်အရာရှိချုပ်၊ Myanmar Payment Union)၊ ဦးထွန်းဇော်(ဒုတိယညွှန်ကြားရေးမှုးချုပ်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဒေါ်မို့မို့နိုင်(ညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။
မြန်မာနိုင်ငံဘက်မှ ကော်မတီနှင့် အဖွဲ့အစည်းများ
၅။ နှစ်နိုင်ငံနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ဗဟိုကော်မတီ
မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ဖွဲ့စည်းခဲ့သည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ခေါင်းစဉ်အောက်တွင် အစောဆုံးဖွဲ့စည်းခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံ နားလည်မှုစာချွန်လွှာကို လက်မှတ်မရေးထိုးမီ ဖွဲ့စည်းခဲ့သောကော်မတီ ဖြစ်သည်။
နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးဇုန်များတည်ဆောက်ရန် ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်၏တရုတ်ပြည်ခရီးစဉ်အတွင်း သဘောတူညီခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မေလတွင် ပထမဆုံးအကြိမ်ကျင်းပသော ခါးပတ်တစ်ကွင်းလမ်းတစ်စင်းဖိုရမ်တွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က တာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် နယ်စပ်စီးပွာရေးဇန်များတည်ဆောက်ရန်လျာထားသော ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်တို့က တာဝန်ယူသည်။
ဗဟိုကော်မတီ၏ အတွင်းရေးမှုးအဖြစ် ဒုတိယဝန်ကြီး ဦးအောင်ထူးက တာဝန်ယူပြီး တွဲဖက်အတွင်းရေးမှုးအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှုးချုပ် ဦးရန်နိုင်ထွန်းက တာဝန်ယူထားသည်။
ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ၂၈ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။
တတိယအကြိမ်အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့က  တောင်ကြီးမြို့တွင် ကျင်းပခဲ့သည်။ စတုတ္ထအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၅ ရက်နေ့ကချင်ပြည်နယ်တွင် ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား မြန်မာစီးပွားရေးစင်္ကြံပူးတွဲတည်ထောင်ရေးမူဘောင်အောက်မှ ဒေသန္တရအဆင့်ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ နှင့် ၁၈ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့လာရောက်သည့် သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်–မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် (မူဆယ်–ရွှေလီ) ဒေသအဆင့်လုပ်ငန်းအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (မူဆယ်-ရွှေလီ)အကောင်အထည်ဖော်ရေး ကိစ္စများဖြေရှင်း ဆောင်ရွက်နိုင်ရန် ၂၀၂၀ခုနှစ်ဇွန်တွင်မြန်မာနိုင်ငံကိုယ်စားပြု ဒေသအဆင့်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကို ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကိုဒုတိယဥက္ကဌ အဖြစ် တာဝန်ပေးထားသည်။ ရှမ်းပြည်နယ်မှ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများကိုအဖွဲ့ဝင်များ အဖြစ် ထည့်သွင်းထားသည်။  စီးပွားရေးပညာရှင် ဦးသုတအောင်ကိုလည်း အဖွဲ့ဝင်အဖြစ်ထည့်သွင်းထားသည်။
မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးကို အတွင်းရေးမှူးအဖြစ်၊ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးကို တွဲဖက်အတွင်းရေးမှူး (၁)အဖြစ်၊ ရှမ်းပြည်နယ်အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးကို တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် တာဝန် ပေးထားသည်။
လုပ်ငန်းအဖွဲ့၏ တာဝန်များမှာ ပူးပေါင်းဆောင်ရွက်မှုဇုန်၏လေးဖက်လေးတန်နယ်နိမိတ်များ တည်နေရာဖြစ်နိုင်ခြေနှင့်အသေးစိတ်စီမံကိန်းများ၊စီမံခန့်ခွဲမှုစနစ်၊ဆောင်ရွက်မည့်ဧရိယာပုံစံတို့ကို မိမိနိုင်ငံဘက်အခြမ်းတွင် ကွင်းဆင်းလေ့လာပြီး စီမံချက်ရေးရန်၊ နိုင်ငံအလိုက်ရေးဆွဲထားသည့် အကြမ်းဖျင်းစီမံချက်ကို နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့များနှင့်ညှိနိူင်းကာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဖြစ်နိုင်ခြေကို ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့အပြင်နှစ်နိုင်ငံဒေသအဆင့် ပူးပေါင်းစီမံရေးဆွဲထားသည့် ဇုန်အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဗဟိုကော်မတီများမှ တဆင့်သက်ဆိုင်ရာပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရမည်ဟုပါရှိသည်။
နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့များနှင့်သက်ဆိုင်ရာ ဗဟိုကော်မတီ၏ တင်ပြချက်များ၊ မူဘောင်သဘောတူညီချက် (မူကြမ်း)တွင်ပါဝင်သည့် အချက်များကို သဘောတူညီချက်ရရှိရေးအတွက် ပူးတွဲဆောင်ရွက်ကြရန်၊ ဇုန် တည်ဆောက်ရေး လုပ်ငန်းများအတွက် အခြေခံကောင်းများချမှတ်ပေးရန်၊ ဇုန်တည်ထောင်ရေးဆိုင်ရာ အခြေအနေများကို ဗဟိုကော်မတီသို့ သတ်မှတ်ထားသည့် အချိန်တွင်လည်းကောင်း၊ ထူးခြားအခြေအနေများကို အချိန်နှင့်တပြေးညီ လည်းကောင်း တင်ပြရမည် ဖော်ပြထားသည်။
စစ်ကောင်စီလက်ထက် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံကော်မတီများ
စစ်ကောင်စီမှ အာဏာသိမ်းပြီးတလအကြာတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ စီမံကိန်းများ အကောင်အထည်ရေးအတွက် ဦးဆောင်ရန်အရေးပါသည့်ကော်မတီများကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီမှပြန်လည်ဖွဲ့စည်းခဲ့သည့်ကော်မတီများမှာတာဝန်ယူသူများပြောင်းလဲသွားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင်ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအတိုင်းထားရှိပြီး တာဝန်များမှာသိသိသာသာပြောင်းလဲခြင်းမရှိသည်ကိုတွေ့ရသည်။
ထိုကော်မတီများတွင် အစောဆုံးပြန်ပြန်လည်ဖွဲ့စည်းခဲ့သည့် ကော်မတီမှာ စီးပွားရေးစင်္ကြံနှင့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များတည်ထောင်ရေးကိစ္စများကို ကဏ္ဍအလိုက်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးပြည်နယ်များမှ အကောင်အထည် ဖော်ရန်၊ဆန်းစစ်လေ့လာရန်၊ မူဝါဒများချမှတ်ရန် အတွက် အရေးပါသော ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ဖြစ်သည်။
မတ်၁၁ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် ကော်မတီတွင် စစ်ကောင်စီ၏ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်က ဥက္ကဌအဖြစ်တာဝန်ယူပြီး၊ စစ်ကောင်စီ၏ ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်းက ဒုတိယဥက္ကဌအဖြစ်တာဝန်ယူသည်။ ပြည်ထဲရေး၊နိုင်ငံခြားရေး၊ပြည်ထောင်စုအစိုးရဖွဲ့ရုံး၊ နယ်စပ်ရေးရာ၊စီမံကိန်းဘဏ္ဍာရေး၊စက်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ပြန်ကြားရေး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊လျှပ်စစ်နှင့်စွမ်းအင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့က ဝန်ကြီးများကို အဖွဲ့ဝင်များ အဖြစ် ထည့်သွင်း ထားသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီမှ ဥက္ကဌ တို့ကိုလည်း အဖွဲ့ဝင်များ အဖြစ် ထည့်သွင်းထားသည်။
ထို့အပြင် တရုတ်-မြန်မာစီးပွားရေး စင်္ကြံဖြတ်သန်းသွားမည့် အရေးပါသော ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်တို့မှ အုပ်ချုပ်ရေးကောင်စီများမှ ဥက္ကဌများကိုလည်း အဖွဲ့ဝင်အဖြစ် ဖော်ပြထားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ကို အတွင်းရေးမှူးအဖြစ် ဖော်ပြထားသည်။ ဦးဆောင်ကော်မတီ၏တာဝန်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် ချမှတ်ထားသည့် တာဝန်များအတိုင်းမပြောင်းလဲဘဲ ဖော်ပြထားသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ
စစ်ကောင်စီသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အောက်ရှိ စီမံကိန်းများကို အဆိုပြုခြင်း၊ လေ့လာခြင်း၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့များဖွဲ့ခြင်း၊နားလည်မှုစာချွန်လွှာများကိုအကောင်အထည်ဖော်ခြင်းတို့ကို အဓိကလုပ်ဆောင်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီကိုမတ်၁၈ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ကြီးက ဥက္ကဌဖြစ်ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊လျှပ်စစ်နှင့်စွမ်းအင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ဆောက်လုပ်ရေးမှဒုဝန်ကြီးက အဖွဲ့ဝင်ဖြစ်သည်။ ပြည်ထောင်စုရှေ့နေ့ချုပ်ရုံးမှဒုတိယရှေ့နေချုပ်နှင့်နေပြည်တော်ကောင်စီမှ အဖွဲ့ဝင်တို့လည်း ပါဝင်သည်။
စီးပွားရေးစင်္ကြံစီမံကိန်းများဖြတ်သန်းသွားမည့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်၊ဧရာဝတီတိုင်းမှစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များကိုလည်း အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားသည်။ ထို့အပြင်ဗဟိုဘဏ်မှ ဒုတိယဥက္ကဌ ၊နိုင်ငံခြားရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ လည်း အဖွဲ့ဝင်အဖြစ်ပါဝင်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာမှ ညွှန်ကြားရေးမှုးချုပ်၊နိုင်ငံခြားစီးပွားဆက်သွယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်တို့ကို အတွင်းရေးမှုး၊တွဲဖက်အတွင်းရေးမှုးအဖြစ်တာဝန်ပေးထားသည်။
ကော်မတီ၏အဓိကလုပ်ငန်း တာဝန်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားသည့် မူဝါဒများအများအားဖြင့်တူညီသော်လည်း၊ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်တခုဖြစ်သည့် “ပိုမို ကောင်းမွန်သော ရင်းနှီးမြုပ်နှံမှုဝန်းကျင်ဖန်တီးရေးနှင့် လျင်မြန်လျောမွေ့စေရေးအတွက် စေ့စပ်ညှိနိူင်းခြင်းဖြင့် ပြသာနာရပ်များကို ဖြေရှင်းဆောင်ရွက်ခြင်း” အချက်ကိုမူ ပြန်လည် ထည့်သွင်းထားခြင်း မရှိတော့သည်ကို တွေ့ရသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်က “စီးပွားရေးစင်္ကြံဖွံ့ဖြိုးရေး အတွက်နှစ်ဖက်စလုံးမှ ပြည်သူလူထုပါဝင်ရေးကို အားပေး ဆောင်ရွက်မည်”ဟု အဓိကလုပ်ငန်း တာဝန်ထဲတွင် ထည့်သွင်းထားသည်။ ထိုအချက်သည် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းခဲ့သည့် ကော်မတီ၏ အဓိကလုပ်ငန်း တာဝန်ထဲတွင်ပါဝင်ခြင်း မရှိတော့သည်ကို တွေ့ရသည်။
မြန်မာ–တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ဗဟိုကော်မတီ နှင့်ဒေသအဆင့်လုပ်ငန်းကော်မတီ
တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်တွင် ကျောရိုးစီမံကိန်းတခုဖြစ်သည့် မြန်မာ-တရုတ်နှစ်နိုင်ငံကြား နယ်စပ်စီးပွားရေးဇုန်များတည်ဆောက်ရေး အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီကို မတ်လ၂၄ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဝန်ကြီးကို ဥက္ကဌအဖြစ် ထည့်သွင်းထားပြီး စီမံကိန်းများ အကောင်အထည်ဖော်မည့် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်ရှိ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများကို ဒုတိယဥက္ကဌများအဖြစ်တာဝန်ပေးထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်က စီမံကိန်း အကောင်အထည်ဖော်မည့် ဒေသဖြစ်သည့်ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေး ဥက္ကဌကိုလည်း ကော်မတီတွင် ဒုတိယဥက္ကဌအဖြစ်ခန့်အပ်ထားခဲ့သည်။ သို့ရာတွင် စစ်ကောင်စီသည် ၎င်းကို အဖွဲ့ဝင်အဖြစ်သာထည့်သွင်းထားသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှဒုဝန်ကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မှ စီမံအုပ်ချုပ် ကောင်စီအဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ကိုလည်း အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ပြည်တွင်းအခွန်ဦးစီးဌာန၊ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန၊ဟိုတယ်နှင့်ခရီးသွားလာညွှန်ကြားမှုဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များမှ အဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဒုဝန်ကြီးမှ အတွင်းရေးမှူးအဖြစ်၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ကို တွဲဖက်အတွင်းရေးမှူးများအဖြစ် ထည့်သွင်းထားသည်။ ကော်မတီ၏ လုပ်ငန်းတာဝန်များကိုသိသိသာသာ ပြောင်းလဲထားခြင်းမရှိသည်ကို တွေ့ရသည်။
လုပ်ငန်းကော်မတီ
မြန်မာ-တရုတ်နယ်စပ်စီးပွားရေးဇုန် လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးထားသည်။ ရှမ်းပြည်နယ်မှပြည်နယ်ရဲတပ်ဖွဲ့မှူး၊ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ကိုအဖွဲ့ဝင်များ အဖြစ်ထည့်သွင်းထားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက်တွင် ထည့်သွင်းထားခဲ့သော စီးပွားရေးပညာရှင် ဦးသုတအောင်ကို လည်း အဖွဲ့ဝင်အဖြစ်ပြန်လည် ထည့်သွင်းထားသည်။
မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးကို အတွင်းရေးမှူးအဖြစ်၊ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးကိုတွဲဖက်အတွင်းရေးမှူး (၁)အဖြစ်၊ ရှမ်းပြည်နယ်အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးကို တွဲဖက်အတွင်းရေးမှူး(၁) အဖြစ် ထည့်သွင်းထားသည်။ ကော်မတီ၏တာဝန်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် ချမှတ်ထားသည့် တာဝန်များအတိုင်းမပြောင်းလဲဘဲ ဖော်ပြထားသည်။
မှတ်ချက်-စီမံကိန်း အခြေအနေများကို ၂၀၂၁ခုနှစ် ဇူလိုင်လ ( ၆ ) ရက်နေ့တွင် ထပ်မံဖြည့်စွက်ထားပါသည်။
The post တရုတ်-မြန်မာစီးပွားရေးစင်္ကြံ appeared first on ISP Myanmar China Desk.
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း(ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)
စီမံကိန်းအကျဉ်းချုပ်
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်သွားရန် ရည်မှန်းထားသော စီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်တွင် ဦးစားပေးအဖြစ် အကောင်အထည်ဖော်ရန် အစောဆုံး ထည့်သွင်းခံရသော စီမံကိန်းလည်းဖြစ်သည်။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်မြို့များတွင် အခွန်ကင်းလွတ်ခွင့်ရသော ကုန်စည်ရောင်းဝယ် ဖောက်ကားရာ နေရာများ၊ နည်းပညာဆိုင်ရာ ဇုန်များ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစနစ်သုံး လုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားရေး ဇုန်များ၊ စက်မှုဇုန်များ၊ ပို့ကုန်လုပ်ငန်း ဇုန်များ၊ သွင်းကုန်လုပ်ငန်း ဇုန်များ၊ ကုန်သိုလှောင်ရုံများ တည်ဆောက်ရန် ရည်မှန်းထားသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အာဏာပိုင်များသည် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခုမှတဆင့် ကုန်စည်များကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတိုင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ သယ်ဆောင်ကာ အိန္ဒိယသမုဒ္ဒရာမှတဆင့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို တင်ပို့ရန် ရည်ရွယ်ထားသည်။
ထိုစက်မှုဇုန်များတည်ဆောက်ခြင်းဖြင့် ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သော ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များထဲတွင် အဓိကျသော ကုန်စည်စီးဆင်းရာ၊ ကုန်စည်တင်ပို့ရာနှင့် ကုန်စည်ထုတ်လုပ်ရာ ဗဟိုချက်တခုအဖြစ် ပြောင်းလဲပစ်လိုက်ရန်လည်း ရည်ရွယ်သည်။
ယူနန်ပြည်နယ်အရာရှိများသည် မြန်မာနိုင်ငံကိုကြားခံထားကာ ၎င်းတို့၏ပြည်နယ်အား အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို ဆက်သွယ်နိုင်မည်ဟု ရည်မှန်းထားသည်။ ယူနန်ပြည်နယ်အား တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များထဲတွင် ကုန်ထုတ်လုပ်ငန်း၌ အဓိကကျသော ဗဟိုချက်ဖြစ်လာရန် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်စီမံကိန်းများကို အမြန်ဆုံးဆောင်ရွက်ရန် တွန်းအားပေးလေ့ရှိသည်။ ထို့ကြောင့် ၎င်းအစီအမံအား “ယူနန်ပြည်နယ် ကိုဗဟိုပြုသော အစီအမံသစ်” (၂၀၁၆-၂၀၂၀) မဟာဗျုဟာစီမံကိန်းထဲတွင် ထည့်သွင်းကာ ယူနန်ပြည်နယ်နှင့်ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများ၏နယ်စပ်ဒေသများတွင် စက်မှုဇုန်များ တည်ဆောက်ရန် အစီအမံများရေးဆွဲထားသည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်(ဇန်နဝါရီလ ၂၀၂၀ ခုနှစ်)အတွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် အဓိကကျသော မဏ္ဍိုင်တခုဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်း၏ ခရီးစဉ်တွင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူပေါင်းမှုဇုန် တည်ဆောက်ရေး မူဘောင်သဘောတူညီမှုစာချုပ် ရေးထိုးနိုင်ရန် နှစ်နိုင်ငံကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အလျင်အမြန်တိုးတက်လာစေရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခု
နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခုကို မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှမ်းပြည်နယ်အတွင်းရှိ မူဆယ်မြို့နယ် နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  ချင်းရွှေဟော်မြို့နယ်၊ ကချင်ပြည်နယ် အထူးဒေသ(၁)ရှိ ကန်ပိုက်တီမြို့နယ် များတွင် အကောင်အထည်ဖော်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သဘောတူညီထားသည်။ အထူးသဖြင့် အထက်ပါဇုန်သုံးခုထဲမှ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကျသော မူဆယ်မြို့နယ်ရှိ ဇုန်စီမံကိန်းကို ဦးစားပေး တည်ဆောက်ရန် သဘောတူညီထားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း
ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်
ချင်းရွှေဟော်နယ်စပ်ဂိတ်သည် နှစ်နိုင်ငံအကြားတွင် ဒုတိယအကြီးဆုံးကုန်သွယ်ဂိတ်ဖြစ်သည်။ ယခု တည်ဆောက်ရန် ပြင်ဆင်နေသည့် ချင်းရွှေဟော် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့နယ်အတွင်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ခြမ်းရှိ မန်တိန့် နယ်စပ်ဂိတ်တည်ရှိရာ၊ လင်ချမ်းမြို့သို့ ချိတ်ဆက်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ စက်မှုဇုန်များကို ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်မှုအောက်တွင်ရှိသော ကွမ်းလုံမြို့နယ်အတွင်းတည်ဆောက်ရန် ရည်မှန်းထားသည်။ သို့သော် တည်နေရာအသေးစိတ်အစီအမံကိုမူ ကြေညာထားခြင်းမရှိသေးပေ။ ချင်းရွှေဟော်တွင် နိုင်ငံတကာ စီးပွားရေးပင်မဇုန်(Core Zone) တည်ဆောက်နိုင်ရန်အတွက် နယ်စပ်ဂိတ်အသစ်တခု ထပ်မံတည်ဆောက်ရန် သဘောတူထားသည်။
ဆက်စပ်ဇုန်ကို လောက်ကိုင်မြို့နယ်စပ်ဂိတ် ရန်လုံကျိုင်းနှင့် တရုတ်ဘက်မှ နမ်ဆန်နယ်စပ်ဂိတ်တို့ ချိတ်ဆက်နေသော နေရာတွင် တည်ဆောက်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် ထိုဆက်စပ်ဇုန်ကို လောက်ကိုင်မြို့အထွက်ရှိ နယ်ခြားမှတ်တိုင် ၁၂၅ တွင် ဆောက်လုပ်ထားသော စီးပွားရေးဇုန်နှင့် ချိတ်ဆက်ရန်လည်းရည်ရွယ်ထားသည်။ သို့သော် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် နယ်ခြားမှတ်တိုင် ၁၂၅ စီးပွားရေးဇုန်မှာ လက်ရှိအချိန်တွင် ပျက်စီးနေပြီး တပ်မတော်က လုံခြုံရေးရယူထားသည်။ ထိုစီမံကိန်းကို ပြန်လည်စတင်ရန် ကိုးကန့် ဒေသဦးစီးအဖွဲ့ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို တင်ပြခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးအရ ကန့်ကွက်ထားသည်။
ချင်းရွှေဟော် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အား အထောက်အကူပြုမည့် ကွမ်းလုံတံတားသစ်တည်ဆောက်ရေး၊ လင်ချမ်းနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည့် ချင်းရွှေဟော်-သိန္ဒီ အဝေးပြေးလမ်းမအဆင်မြှင့်တင်ရေးတို့ကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် သဘောတူညီ ထားခဲ့သည်။ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် ကွမ်းလုံတံတားသစ် စီမံကိန်းအကောင်အထည်မှုဆိုင်ရာ သဘောတူညီချက်ကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၀ ရက်နေ့တွင် စီမံကိန်းတည်ဆောက်ပေးမည့်တရုတ်ပညာရှင် ရှစ်ဦး တို့ကို မြန်မာနိုင်ငံက အထူးအစီအစဉ်ဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့ပြီး စီမံကိန်းတည်ဆောက်မှု စတင်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
စစ်ကောင်စီ အာဏာရယူပြီး သုံးလအကြာတွင် ကိုးကန့်ဒေသ လောက်ကိုင်မြို့ရှိ ၁၂၅ စီးပွားရေးဇုန်ကို ပြန်လည်အသက်သွင်းရန် ခြေလှမ်းများစတင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ နှောင်းပိုင်းတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့အပြင် ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၏ အဓိကအစိတ်အပိုင်း ဖြစ်လာမည့် ၁၂၅ စီးပွားရေးဇုန်ဟောင်းနေရာကို စစ်ကောင်စီမှ တာဝန်ရှိသူများနှင့် ကိုးကန့်ဒေသဦးစီးအဖွဲ့တို့က သွားရောက်ကြည့်ရူခဲ့ပြီး အကောင်အထည်ဖော်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြကြောင်း ကိုးကန့်အခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်တွင် လုံခြုံရေးအခြေအနေကြောင့် စီမံကိန်းစတင်ရန် ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ကြီးဌာနများက အကြိမ်ကြိမ် ကန့်ကွက်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ပြန်လည်စတင်ရန် ပထမဆုံးအကြိမ် သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်နှင့် ယူနန်ပြည်နယ်အစိုးရ၏ နိုင်ငံခြားရေးရာရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး Hao Kun တို့သည် ၂၀၂၁ ခုနှစ် မေ ၁၉ ရက်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင်ရေးအတွက် ဆွေးနွေးခဲ့သည်။
ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးပင်မဇုန်(Core Zone) ၏ အဓိကပင်မဂိတ်ဖြစ်လာမည့် ချင်းရွှေဟော်-မုန့်တိန် နယ်စပ်ဂိတ် အသစ် ဖွင့်လှစ်ရေး၊ နမ့်ဆန်-ကိုးကန့် နယ်စပ်ဂိတ်ဖွင့်လှစ်ရေး၊၁၂၅ စီးပွားရေးဇုန်နှင့် ဆက်သွယ်မည့်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးအတွက် ဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းဦးဆောင်ပြီး ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်တွင် ကျင်းပခဲ့သည်။
မူလချင်းရွှေဟော်ဂိတ်ကို အိမ်စီးနှင့်ကားငယ်လေးများ ဝင်ထွက်ခွင့်ပေးမှာဖြစ်ပြီး ကုန်သွယ်ရေးကားကြီးများနှင့် ကုန်စည်များသည် ဂိတ်အသစ်မှ ဖြတ်သန်းရမည်ဖြစ်သည်။။ ထိုဂိတ်များ တခုနှင့်တခုချိတ်ဆက်ရန်အတွက် ချင်းရွှေဟော်မြို့ရှောင်လမ်းဖောက်လုပ်ရန်လည်း ဆွေးနွေးနေကြောင်း ကိုးကန့်သတင်းဌာနများကဖော်ပြထားသည်။
စီမံကိန်း အသေးစိတ်အချက်အလက်များ
စီမံကိန်းအမည်
ချင်းရွှေဟော်-လင်ချမ်းနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း
စုစုပေါင်းအကျယ်အဝန်း
၂၀၀ စတုရန်းကီလိုမီတာ
ပါဝင်မည့်ဇုန်များ
နိုင်ငံတကာ စီးပွားရေး ပင်မဇုန် (Core Zone)နှင့်စက်မှုဇုန်များ
ရင်းနှီးမြှုပ်နှံမည့်သူ
ပြည်တွင်းကုမ္ပဏီများနှင့်တရုတ်ကုမ္ပဏီများ (ဖက်စပ်)
ပါဝင်ပတ်သက်နေသောအဖွဲ့အစည်းများ
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရ၊ ယူနန်ပြည်နယ်အစိုးရ၊ လင်ချမ်းခရိုင်
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု
မသိရှိရသေး
ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်
ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်
အချိန်ကာလပြဇယား
၁၉၉၂ ခုနှစ် တွင် မူဆယ်-ရွှေလီ၌ တည်ဆောက်မည့် နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်၌ ပါဝင်မည့် စီမံကိန်းအသေးစိတ်အစီအမံများကို ယူနန်ပြည်နယ်တွင် စတင် ရေးဆွဲခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြထားသည်။
၂၀၀၇ ခုနှစ် တွင် တရုတ်နိုင်ငံဘက်ခြမ်းမှ တတ်ဟုန်ပြည်နယ်ခွဲသည် အဆိုပါနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်စီမံကိန်းအစီအမံကို မြန်မာအစိုးရဘက်ကို စတင်တင်ပြခဲ့သည်။ သို့သော် စစ်အစိုးရကအကောင်အထည်ဖော်ရန် စိတ်ဝင်ခဲ့ခြင်းမရှိခဲ့ပါ။
၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရရှိလာပြီးနောက်တွင် တတ်ဟုန်ပြည်နယ်ခွဲမှ တာဝန်ရှိသူများသည် စီမံကိန်းအကောင်အထည်ဖော်မှုကို အာရုံစိုက်ရန် မြန်မာကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား တွန်းအားပေးခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ်လက သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တွင် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်ရန် သဘောတူညီခဲ့သည်။
၂၀၁၇ ခုနှစ် မေလတွင် ပထမဆုံးအကြိမ်ကျင်းပသော ခါးပတ်တကွင်းလမ်းတစင်း(BRI) ဖိုရမ်တွင် နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီလတွင် ယူနန်ပြည်နယ်အစိုးရမှတဆင့် တတ်ဟုန်ပြည်နယ်ခွဲက မြန်မာအရာရှိများကို ရှင်ကျန်း(တရုတ်-ကာဇက်စတန်)[Xinjiang(China-Kazakhstan)] နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်သို့ လည်ပတ်ရန်ဖိတ်ကြားခဲ့သည်။ ခရီးစဉ်အပြီးတွင် ရွှေလီ-မူဆယ်စီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံမြေနေရာ ရွေးချယ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို အကြမ်းဖျင်းအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို မြန်မာအစိုးရဘက်က ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခေါင်းစဉ်အောက်တွင် အစောဆုံးဖွဲ့စည်းခဲ့သော ကော်မတီဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံ နားလည်မှုစာချွန်လွှာ မရေးထိုးမီ ဖွဲ့စည်းခဲ့သော ကော်မတီလည်း ဖြစ်သည်။
ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် နယ်စပ်စီးပွာရေးဇုန်များ တည်ဆောက်ရန်လျာထားသော ပြည်နယ်နှစ်ခုမှ ဝန်ကြီးချုပ်များဖြစ်သော ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်တို့က တာဝန်ယူခဲ့သည်။ ဗဟိုကော်မတီ၏ အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တာဝန်ယူပြီး တွဲဖက်အတွင်းရေးမှူးအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက တာဝန်ယူထားသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက် တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ဗဟိုကော်မတီ၏ ပထမအကြိမ် အကောင်အထည်ဖော်ရေး အစည်းအဝေးကို ကျင်းပခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တည်ဆောက်သွားမည့် ဇုန်သုံးခု၏ တည်နေရာများကို အကြမ်းဖျင်းအတည်ပြုခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ဗဟိုကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပခဲ့သည်။ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်၌  တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး စတုတ္တအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်၌ ကချင်ပြည်နယ်တွင် ကျင်းပခဲ့သည်။
၂၀၁၉ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံမှ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် နှင့်ပတ်သတ်၍ မူဘောင်လက်မှတ်ထိုးရေး စာချုပ်မူကြမ်းကို မြန်မာအရာရှိများ၏ မှတ်ချက်များဖြင့် တရုတ်နိုင်ငံဘက်ကိုပေးပို့ထားခဲ့သည်။ ထိုမူကြမ်းတွင် စီမံကိန်းတည်ဆောက်ရေးအတွက် နှစ်နိုင်ငံအကြားကော်မတီများ ဖွဲ့စည်းရေး၊ ဇုန်များကိုစီမံမှု၊ ရင်းနှီးမြှုပ်နှံသူများကို ပေးအပ်မည့် အခွင့်အလမ်းများ အသေးစိတ်ပါဝင်သည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာဘက်မှ တရုတ်နိုင်ငံနှင့် ပူးတွဲကော်မတီတရပ်ဖွဲ့စည်းရန် ပါဝင်မည့်ကိုယ်စားလှယ်စာရင်းကိုပေးပို့ခဲ့သည်။ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်စီမံကိန်း မူဘောင်လက်မှတ်ရေးထိုးရန် အတွက်ဆွေးနွေးမှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်တန့်သွားသည်။
၂၀၂၀ ဇွန်လ ၁၂ ရက်နေ့တွင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည်။ အစည်းအဝေးရလဒ်များကိုမူ တရားဝင်ကြေညာခြင်းမရှိခဲ့ပေ။
၂၀၂၁ ခုနှစ် မတ်၂၄ ရက်တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
၂၀၂၁ ခုနှစ် မေ ၃၁ ရက်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါသောအစိတ်အပိုင်းဖြစ်သည့် ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် ထုတ်ပေးလိုက်ကြောင်း ကုမ္ပဏီကကြေညာသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း အချိန်ကာလပြဇယား
လူမှုသဘာ၀၀န်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်မှုများ
လက်ရှိအချိန်ထိ အထက်ပါ စီမံကိန်း သုံးခုအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်မှုစစ်တမ်း၊ လူမှု့ဘ၀ ထိခိုက်မှုလေ့လာဆန်းစစ်မှုစစ်တမ်းများကို ပြုလုပ်ထားခြင်း မရှိသေးပါ။
လူထုတုံ့ပြန်မှု
မူဆယ်မြို့နယ်တွင် တည်ဆောက်မည့် စီးပွားရေးဇုန်များနှင့်ပတ်သတ်ပြီး မြေယာရှင်းလင်းသိမ်းယူခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း အစိုးရဘက်မှ ပြောဆိုထားသည်။ လက်ရှိအချိန်ထိ သိမ်းယူမည့်မြေဧရိယာ မည်မျှပါဝင်မည်ကို အတိအကျ ကြေညာခြင်း မရှိသောကြောင့် ဒေသခံပြည်သူများမှာ ၎င်းတို့၏မြေယာများ သိမ်းဆည်းခံရမည်ကို စိုးရိမ်ပူပန်နေကြသည်။ အထူးသဖြင့် စီမံကိန်း အကောင်အထည်ဖော်မည့်လမ်းကြောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်များ ခြေကုပ်ယူထားရာ နေရာများဖြစ်သဖြင့် စီမံကိန်းကြောင့်စစ်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုထားသည်။
သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသော ကြေညာချက်တွင် မူဆယ်နှင့်ချင်းရွှေဟော်ဒေသရှိ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်မှုကြောင့် မြေယာသိမ်းဆည်းခံ ရမည့်အရေးကို အများပြည်သူများ စိုးရိမ်နေရကြောင်း ဖော်ပြထားသည်။ ထို့အပြင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများတွင် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာဒေသခံ အဖွဲ့အစည်းများ၏ ပါဝင်ခွင့်ကို လျစ်လျူရှုထားခြင်းသည် ပဋိပက္ခများ၊ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောက်စေနိုင်သည်ဟု သတိပေးထားသည်။
မှတ်ချက်- စီမံကိန်း အခြေအနေများကို ၂၀၂၁ ခုနှစ် ဇွန် ( ၂၉ ) ရက်နေ့တွင် ထပ်မံဖြည့်စွက်ထားပါသည်။
Reference:
Govt Approves Sites For 3 New Economic Zones Along China Border
Invest in Yunnan 园区聚焦
Chinese Ministry of Commerce and Ministry of Commerce of Myanmar Sign the MOU of Building China-Myanmar Border Economic Cooperation Zone
Myanmar, China Sign Dozens of Deals on BRI Projects, Cooperation During Xi’s Visit
Writing a New Chapter in Our Millennia-Old Pauk-Phaw Friendship
Kachin State Approves Chinese-Backed Business Park in Border Town
Kachin State Inks Border Business Park Deal With China-Myanmar Joint Venture
China-Myanmar (Ruili-Muse) Border Economic Cooperation Zone passed Expert Panel Review
Myanmar Set to Ink Pact with China on Border Cooperation Zones
Popular Shan Party Warns Chinese Projects Without Local Consent Risk More Conflicts
Gazette, March 11
Gazette, May 24
News Letter, Kokang News, May 18
https://www.moi.gov.mm/mal/23-june-21
https://www.scmp.com/week-asia/politics/article/3136832/are-formal-interactions-china-helping-legitimise-myanmars-junta
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း(ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)
စီမံကိန်းအကျဉ်းချုပ်
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်သွားရန် ရည်မှန်းထားသော စီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)အောက်တွင် ဦးစားပေး အဖြစ် အကောင်အထည်ဖော်ရန် အစောဆုံး ထည့်သွင်းခံရသော စီမံကိန်းလည်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် စီမံကိန်းကိုအကောင်အထည်ဖော်ရန် ယူနန်ပြည်နယ်အခြေစိုက် ပေါင်စမ်းဟန်ရိကုမ္ပဏီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရကို တင်ပြခဲ့သည်။ အကောင်အထည်ဖော်မည့် အသေးစိတ်အစီအမံများကို ၂၀၁၉ ခုနှစ် သြဂုတ်၂၇ရက်တွင် ထပ်မံတရားဝင်တင်ပြခဲ့ကြောင်း ကုမ္ပဏီကထုတ်ပြန်ထားသည်။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်မြို့များတွင် အခွန်ကင်းလွတ်ခွင့်ရသော ကုန်စည်ရောင်းဝယ် ဖောက်ကားရာ နေရာများ၊ နည်းပညာဆိုင်ရာ ဇုန်များ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး စနစ်သုံး လုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားရေး ဇုန်များ၊ စက်မှုဇုန်များ၊ ပို့ကုန်လုပ်ငန်း ဇုန်များ၊ သွင်းကုန်လုပ်ငန်း ဇုန်များ၊ ကုန်သိုလှောင်ရုံများ တည်ဆောက်ရန် ရည်မှန်းထားသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အာဏာပိုင်များသည် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခုမှတဆင့် ကုန်စည်များကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတိုင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ သယ်ဆောင်ကာ အိန္ဒိယသမုဒ္ဒရာမှတဆင့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို တင်ပို့ရန် ရည်ရွယ်ထားသည်။
ထိုစက်မှုဇုန်များတည်ဆောက်ခြင်းဖြင့် ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သော ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များထဲတွင် အဓိကျသော ကုန်စည်စီးဆင်းရာ၊ ကုန်စည်တင်ပို့ရာနှင့် ကုန်စည်ထုတ်လုပ်ရာ ဗဟိုချက်တခုအဖြစ် ပြောင်းလဲပစ်လိုက်ရန်လည်း ရည်ရွယ်သည်။
ယူနန်ပြည်နယ်အရာရှိများသည် မြန်မာနိုင်ငံကိုကြားခံထားကာ ၎င်းတို့၏ ပြည်နယ်အား အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို ဆက်သွယ်နိုင်မည်ဟု ရည်မှန်းထားသည်။ ယူနန်ပြည်နယ်အား တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များထဲတွင် ကုန်ထုတ်လုပ်ငန်း၌ အဓိကကျသော ဗဟိုချက်ဖြစ်လာရန် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်စီမံကိန်းများကို အမြန်ဆုံးဆောင်ရွက်ရန် တွန်းအားပေးလေ့ရှိသည်။ ထို့ကြောင့် ၎င်းအစီအမံအား “ယူနန်ပြည်နယ်ကို ဗဟိုပြုသော အစီအမံသစ်” (၂၀၁၆-၂၀၂၀) မဟာဗျုဟာစီမံကိန်းထဲတွင် ထည့်သွင်းကာ ယူနန်ပြည်နယ်နှင့်ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများ၏နယ်စပ်ဒေသများတွင် စက်မှုဇုန်များ တည်ဆောက်ရန် အစီအမံများရေးဆွဲထားသည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်(ဇန်နဝါရီလ ၂၀၂၀ ခုနှစ်)အတွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် အဓိကကျသော မဏ္ဍိုင်တခုဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်း၏ ခရီးစဉ်တွင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူပေါင်းမှုဇုန် တည်ဆောက်ရေး မူဘောင်သဘောတူညီမှုစာချုပ် ရေးထိုးနိုင်ရန် နှစ်နိုင်ငံကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အလျင်အမြန်တိုးတက်လာစေရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခု
နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခုကို မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှမ်းပြည်နယ်အတွင်းရှိ မူဆယ်မြို့နယ် နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  ချင်းရွှေဟော်မြို့နယ်၊ ကချင်ပြည်နယ် အထူးဒေသ(၁)ရှိ ကန်ပိုက်တီမြို့နယ် များတွင် အကောင်အထည်ဖော်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သဘောတူညီထားသည်။ အထူးသဖြင့် အထက်ပါဇုန်သုံးခု ထဲမှ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင်အဓိကျသော မူဆယ်မြို့နယ်ရှိ ဇုန်စီမံကိန်းကို ဦးစားပေး တည်ဆောက်ရန် သဘောတူညီထားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း
ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်
ကန်ပိုက်တီနယ်စပ်ဂိတ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသော ဒီမိုကရေစီသစ်တပ်မတော်(ကချင်) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ကချင်အထူးဒေသ (၁) ၌ တည်ရှိသည်။ ယခု တည်ဆောက်မည့် ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းသည် တဖက်တွင် တရုတ်နိုင်ငံ ပေါင်စမ်းပြည်နယ်ခွဲ၏လက်အောက်ရှိ ထိန်ချုံးမြို့ နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။
ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၏ အဓိကအစိတ်အပိုင်းဖြစ်သော ကန်ပိုက်တီ စီးပွားရေးနယ်မြေစီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပြုချက်ကို ကချင်ပြည်နယ် လွှတ်တော်က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်အစိုးရက မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်နှင့် စီမံကိန်း အကောင်အထည်ဖော်ရေးသဘောတူညီမှု နားလည်မှုစာချွန်လွှာကို ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့သည်။ အထက်ပါကုမ္ပဏီကို  တရုတ်နိုင်ငံ ပေါင်စမ်းပြည်နယ်အခြေစိုက် ယူနန်ထိန်ရင်း ကုန်သွယ်ရေးကုမ္ဗဏီလီမိတက်က ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ဒီမိုကရေစီသစ်တပ်မတော်(ကချင်)၏ ခေါင်းဆောင်ဖြစ်သူ ဇခုန်တိန့်ယိန်း၏သားများ ပိုင်ဆိုင်သော ကံပိုင်တည် ဖွံဖြိုးတိုးတတ်ရေးကုမ္ပဏီလီမိတက်က ၃၀ ရာခိုင်နူန်း ပိုင်ဆိုင်သည်။
ကန်ပိုက်တီ စီမံကိန်းမှာ စုစုပေါင်း ၇၀ ဧက ကျယ်ဝန်းမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှယဉ်ကျေးမှုဇုန် တည်ဆောက်ရန် မြေဧက ၁၂ ဒသမ ၆၅ ဧက ကို စီမံကိန်း ဇုန်-အေ(A) အဖြစ်သတ်မှတ်ထားသည်။ မြေဧက ၈ ဒသမ ၈ ဧကနှင့် ၁၂ ဒသမ ၇ ဧက ပေါ်တွင်  ဇုန်-ဘီ(B)နှင့် ဒီ(D) အဖြစ် သတ်မှတ်ထားပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးဇုန် နှစ်ခုကို တည်ဆောက်မည်ဖြစ်သည်။ ထို့အပြင် နယ်စပ် စစ်ဆေးရေးဂိတ်ကို ဇုန်-စီ(C) အဖြစ်သတ်မှတ်ထားပြီး  မြေ ၅ ဒသမ ၁ ဧက ပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ အရောင်းဆိုင်များကို ဇုန်-အီး(E) အဖြစ်သတ်မှတ်ကာ မြေ ၁ ဒသမ ၆၅ ဧက ကျယ်ဝန်းမည်ဖြစ်သည်။ မြန်မာဟိန်ယ ရင်းနှီးမြုပ်နှံမှုဖွံ့ဖြိုးရေး ကုမ္ဗဏီလီမိတက် က ဇုန်-စီ(C) ဖြစ်သော နယ်စပ်စစ်ဆေးရေးဂိတ်အသစ်ကို ဦးစားပေး တည်ဆောက်ရန် သဘောတူထားသည်။ ကျန်ဇုန်များတည်ဆောက်ရာတွင် ပြည်တွင်းကုမ္ဗဏီများကိုလည်း ဖိတ်ခေါ်သွားမည်ဟု ကချင်ပြည်နယ်အစိုးရက ပြောဆိုထားသည်။ လက်ရှိအချိန်တွင် စီမံကိန်းအကောင်အထည်ဖော်ရန် ကုမ္ဗဏီက မြေရှင်းလင်းခြင်းလုပ်ငန်းကို စတင် လုပ်ဆောင်နေပြီဖြစ်သည်။
စစ်ကောင်စီမှ ကြီးကြပ်ကွပ်ကဲနေသည့် ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ၂၀၂၁ ခုနှစ် မေ ၃၁ ရက်နေ့တွင် ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးအတွက် ခွင့်ပြုမိန့် ထုတ်ပေးလိုက်ကြောင်း စီမံကိန်းကို ပူးတွဲအကောင်အထည်ဖော်မည့် တရုတ်ယူနန်ထိန်ရင်း၏ မိခင်ကုမ္ပဏီ ပေါင်စမ်းဟန်ရိ (Yunnan Baoshan Hengyi Industry Group) မှ ကြေညာသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေးမတည်မငြိမ်မှုများရှိနေသော်လည်း စီမံကိန်းပထမအဆင့်ကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ဟန်ရိကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုစီမံကိန်းမှာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အောက်တွင် အရေးပါသော စီမံကိန်းဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် စီးပွားရေးလာရောက်လုပ်ကိုင်သည့် သွင်းကုန်၊ပို့ကုန်လုပ်ငန်းရှင်များကို ငါးနှစ်တာကာလအထိ အခွန်လျော့ချခြင်း၊ အခွန်လျော့ပေါ့ပေးခြင်းများအပြင်၊ အခြားသက်သာခွင့်များပေးရန် အစီအစဉ်ရှိကြောင်း ကုမ္ပဏီက ရေးသားထားသည်။
စီမံကိန်း အသေးစိတ်အချက်အလက်များ
စီမံကိန်းအမည်
ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းမှုဇုန် (သို့မဟုတ်) ကန်ပိုက်တီ စီးပွားရေးနယ်မြေ စီမံကိန်း
စုစုပေါင်းအကျယ်အဝန်း
စုစုပေါင်း ၇၀ ဧက
ပါဝင်မည့်ဇုန်များ
တောင်အာရှနှင့် အရှေ့တောင်အာရှယဉ်ကျေးမှုဇုန်၊ ကုန်စည်သယ်ယူ ပို့ဆောင်ရေးဇုန်နှစ်ခု၊ နယ်စပ်စစ်ဆေးရေးဂိတ်၊ အရောင်းဆိုင်များဇုန်
ရင်းနှီးမြှုပ်နှံမည့်သူ
မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေး ကုမ္ဗဏီလီမိတက်
ပါဝင်ပတ်သက်နေသောအဖွဲ့အစည်းများ
ကချင်ပြည်နယ်အစိုးရ၊ ယူနန်ထိန်ရင်း ကုန်သွယ်ရေး ကုမ္ပဏီလီမိတက်၊ ကံပိုင်တည် ဖွံဖြိုးတိုးတတ်ရေး ကုမ္ပဏီလီမိတက်
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု
အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း
ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း
အချိန်ကာလပြဇယား
၁၉၉၂ ခုနှစ် တွင် မူဆယ်-ရွှေလီ၌ တည်ဆောက်မည့် နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်၌ ပါဝင်မည့် စီမံကိန်းအသေးစိတ်အစီအမံများကို ယူနန်ပြည်နယ်တွင် စတင် ရေးဆွဲခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြထားသည်။
၂၀၀၇ ခုနှစ် တွင် တရုတ်နိုင်ငံဘက်ခြမ်းမှ တတ်ဟုန်ပြည်နယ်ခွဲသည် အဆိုပါနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်စီမံကိန်းအစီအမံကို မြန်မာအစိုးရဘက်ကို စတင်တင်ပြခဲ့သည်။ သို့သော် စစ်အစိုးရကအကောင်အထည်ဖော်ရန် စိတ်ဝင်ခဲ့ခြင်းမရှိခဲ့ပါ။
၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရရှိလာပြီးနောက်တွင် တတ်ဟုန်ပြည်နယ်ခွဲမှ တာဝန်ရှိသူများသည် စီမံကိန်းအကောင်အထည်ဖော်မှုကို အာရုံစိုက်ရန် မြန်မာကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား တွန်းအားပေးခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ်လက သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တွင် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်ရန် သဘောတူညီခဲ့သည်။
၂၀၁၇ ခုနှစ် မေလတွင် ပထမဆုံးအကြိမ်ကျင်းပသော ခါးပတ်တကွင်းလမ်းတစင်း(BRI) ဖိုရမ်တွင် နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီလတွင် ယူနန်ပြည်နယ်အစိုးရမှတဆင့် တတ်ဟုန်ပြည်နယ်ခွဲက မြန်မာအရာရှိများကို ရှင်ကျန်း(တရုတ်-ကာဇက်စတန်)[Xinjiang(China-Kazakhstan)] နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်သို့ လည်ပတ်ရန်ဖိတ်ကြားခဲ့သည်။ ခရီးစဉ်အပြီးတွင် ရွှေလီ-မူဆယ်စီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံမြေနေရာ ရွေးချယ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို အကြမ်းဖျင်းအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို မြန်မာအစိုးရဘက်က ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခေါင်းစဉ်အောက်တွင် အစောဆုံးဖွဲ့စည်းခဲ့သော ကော်မတီဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံ နားလည်မှုစာချွန်လွှာ မရေးထိုးမီ ဖွဲ့စည်းခဲ့သော ကော်မတီလည်း ဖြစ်သည်။
ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် နယ်စပ်စီးပွာရေးဇုန်များ တည်ဆောက်ရန်လျာထားသော ပြည်နယ်နှစ်ခုမှ ဝန်ကြီးချုပ်များဖြစ်သော ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်တို့က တာဝန်ယူခဲ့သည်။ ဗဟိုကော်မတီ၏ အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တာဝန်ယူပြီး တွဲဖက်အတွင်းရေးမှူးအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက တာဝန်ယူထားသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက် တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ဗဟိုကော်မတီ၏ ပထမအကြိမ် အကောင်အထည်ဖော်ရေး အစည်းအဝေးကို ကျင်းပခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တည်ဆောက်သွားမည့် ဇုန်သုံးခု၏ တည်နေရာများကို အကြမ်းဖျင်းအတည်ပြုခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ဗဟိုကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပခဲ့သည်။ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်၌  တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး စတုတ္တအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်၌ ကချင်ပြည်နယ်တွင် ကျင်းပခဲ့သည်။
၂၀၁၉ ခုနှစ် သြဂုတ်၂၇ တွင် စီမံကိန်းအကောင်အထည်ဖော်မည့် အသေးစိတ် အစီအမံများကို ပေါင်စမ်းဟန်ရိ ကုမ္ပဏီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရကို တရားဝင်တင်ပြခဲ့သည်။
၂၀၁၉ ခုနှစ်  သြဂုတ်လတွင် မြန်မာနိုင်ငံမှ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်နှင့် ပတ်သက်၍ မူဘောင်လက်မှတ်ထိုးရေး စာချုပ်မူကြမ်းကို မြန်မာအရာရှိများ၏ မှတ်ချက်များဖြင့် တရုတ်နိုင်ငံဘက်ကိုပေးပို့ထားခဲ့သည်။ ထိုမူကြမ်းတွင် စီမံကိန်းတည်ဆောက်ရေးအတွက် နှစ်နိုင်ငံအကြားကော်မတီများ ဖွဲ့စည်းရေး၊ ဇုန်များကိုစီမံမှု၊ ရင်းနှီးမြှုပ်နှံသူများကို ပေးအပ်မည့် အခွင့်အလမ်းများ အသေးစိတ်ပါဝင်သည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာဘက်မှ တရုတ်နိုင်ငံနှင့် ပူးတွဲကော်မတီတရပ်ဖွဲ့စည်းရန် ပါဝင်မည့်ကိုယ်စားလှယ်စာရင်းကိုပေးပို့ခဲ့သည်။ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်စီမံကိန်း မူဘောင်လက်မှတ်ရေးထိုးရန် အတွက်ဆွေးနွေးမှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်တန့်သွားသည်။
၂၀၂၀ ဇွန်လ ၁၂ ရက်နေ့တွင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည်။ အစည်းအဝေးရလဒ်များကိုမူ တရားဝင်ကြေညာခြင်းမရှိခဲ့ပေ။
၂၀၂၁ ခုနှစ် မတ်၂၄ တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
၂၀၂၁ ခုနှစ် မေ ၃၁ တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါသောအစိတ်အပိုင်းဖြစ်သည့် ကန်ပိုက်တီနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် ထုတ်ပေးလိုက်ကြောင်း ကုမ္ပဏီကကြေညာသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း အချိန်ကာလပြဇယား
လူမှုသဘာ၀၀န်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်မှုများ
လက်ရှိအချိန်ထိ အထက်ပါ စီမံကိန်း သုံးခုအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်မှုစစ်တမ်း၊ လူမှု့ဘ၀ ထိခိုက်မှုလေ့လာဆန်းစစ်မှုစစ်တမ်းများကို ပြုလုပ်ထားခြင်း မရှိသေးပါ။
လူထုတုံ့ပြန်မှု
မူဆယ်မြို့နယ်တွင် တည်ဆောက်မည့် စီးပွားရေးဇုန်များနှင့်ပတ်သက်ပြီး မြေယာရှင်းလင်းသိမ်းယူခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း အစိုးရဘက်မှ ပြောဆိုထားသည်။ လက်ရှိအချိန်ထိ သိမ်းယူမည့်မြေဧရိယာ မည်မျှပါဝင်မည်ကို အတိအကျ ကြေညာခြင်း မရှိသောကြောင့် ဒေသခံပြည်သူများမှာ ၎င်းတို့၏မြေယာများ သိမ်းဆည်းခံရမည်ကို စိုးရိမ်ပူပန်နေကြသည်။ အထူးသဖြင့် စီမံကိန်း အကောင်အထည်ဖော်မည့်လမ်းကြောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်များ ခြေကုပ်ယူထားရာ နေရာများဖြစ်သဖြင့် စီမံကိန်းကြောင့်စစ်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုထားသည်။
သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသော ကြေညာချက်တွင် မူဆယ်နှင့်ချင်းရွှေဟော်ဒေသရှိ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်မှုကြောင့် မြေယာသိမ်းဆည်းခံ ရမည့်အရေးကို အများပြည်သူများ စိုးရိမ်နေရကြောင်း ဖော်ပြထားသည်။ ထို့အပြင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများတွင် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာဒေသခံ အဖွဲ့အစည်းများ၏ ပါဝင်ခွင့်ကို လျစ်လျူရှုထားခြင်းသည် ပဋိပက္ခများ၊ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောက်စေနိုင်သည်ဟု သတိပေးထားသည်။
မှတ်ချက်- စီမံကိန်း အခြေအနေများကို ၂၀၂၁ ခုနှစ် ဇွန် ( ၂၉ ) ရက်နေ့တွင် ထပ်မံဖြည့်စွက်ထားပါသည်။
Reference:
Govt Approves Sites For 3 New Economic Zones Along China Border
Invest in Yunnan 园区聚焦
Chinese Ministry of Commerce and Ministry of Commerce of Myanmar Sign the MOU of Building China-Myanmar Border Economic Cooperation Zone
Myanmar, China Sign Dozens of Deals on BRI Projects, Cooperation During Xi’s Visit
Writing a New Chapter in Our Millennia-Old Pauk-Phaw Friendship
Kachin State Approves Chinese-Backed Business Park in Border Town
Kachin State Inks Border Business Park Deal With China-Myanmar Joint Venture
China-Myanmar (Ruili-Muse) Border Economic Cooperation Zone passed Expert Panel Review
Myanmar Set to Ink Pact with China on Border Cooperation Zones
Popular Shan Party Warns Chinese Projects Without Local Consent Risk More Conflicts
Gazette, March 11
Gazette, May 24
News Letter, Kokang News, May 18
https://mp.weixin.qq.com/s/rwuyBVXyOlzW_POvNrP27w
https://www.scmp.com/week-asia/politics/article/3136832/are-formal-interactions-china-helping-legitimise-myanmars-junta
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း(မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)
စီမံကိန်းအကျဉ်းချုပ်
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်သွားရန် ရည်မှန်းထားသော စီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်တွင် ဦးစားပေးအဖြစ် အကောင်အထည်ဖော်ရန် အစောဆုံး ထည့်သွင်းခံရသော စီမံကိန်းလည်းဖြစ်သည်။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်မြို့များတွင် အခွန်ကင်းလွတ်ခွင့်ရသော ကုန်စည်ရောင်းဝယ် ဖောက်ကားရာ နေရာများ၊ နည်းပညာဆိုင်ရာ ဇုန်များ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး စနစ်သုံး လုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားရေး ဇုန်များ၊ စက်မှုဇုန်များ၊ ပို့ကုန်လုပ်ငန်း ဇုန်များ၊ သွင်းကုန်လုပ်ငန်း ဇုန်များ၊ ကုန်သိုလှောင်ရုံများ တည်ဆောက်ရန် ရည်မှန်းထားသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အာဏာပိုင်များသည် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခုမှတဆင့် ကုန်စည်များကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတိုင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ သယ်ဆောင်ကာ အိန္ဒိယသမုဒ္ဒရာမှတဆင့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို တင်ပို့ရန် ရည်ရွယ်ထားသည်။
ထိုစက်မှုဇုန်များတည်ဆောက်ခြင်းဖြင့် ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သော ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များထဲတွင် အဓိကျသော ကုန်စည်စီးဆင်းရာ၊ ကုန်စည်တင်ပို့ရာနှင့် ကုန်စည်ထုတ်လုပ်ရာ ဗဟိုချက်တခုအဖြစ် ပြောင်းလဲပစ်လိုက်ရန်လည်း ရည်ရွယ်သည်။
ယူနန်ပြည်နယ်အရာရှိများသည် မြန်မာနိုင်ငံကိုကြားခံထားကာ ၎င်းတို့၏ပြည်နယ်အား အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို ဆက်သွယ်နိုင်မည်ဟု ရည်မှန်းထားသည်။ ယူနန်ပြည်နယ်အား တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များထဲတွင် ကုန်ထုတ်လုပ်ငန်း၌ အဓိကကျသော ဗဟိုချက်ဖြစ်လာရန် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်စီမံကိန်းများကို အမြန်ဆုံးဆောင်ရွက်ရန် တွန်းအားပေးလေ့ရှိသည်။ ထို့ကြောင့် ၎င်းအစီအမံအား “ယူနန်ပြည်နယ်ကို ဗဟိုပြုသော အစီအမံသစ်” (၂၀၁၆-၂၀၂၀) မဟာဗျုဟာစီမံကိန်းထဲတွင် ထည့်သွင်းကာ ယူနန်ပြည်နယ်နှင့်ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများ၏နယ်စပ်ဒေသများတွင် စက်မှုဇုန်များ တည်ဆောက်ရန် အစီအမံများရေးဆွဲထားသည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်(ဇန်နဝါရီလ ၂၀၂၀ ခုနှစ်)အတွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် အဓိကကျသော မဏ္ဍိုင်တခုဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်း၏ ခရီးစဉ်တွင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူပေါင်းမှုဇုန် တည်ဆောက်ရေး မူဘောင်သဘောတူညီမှုစာချုပ် ရေးထိုးနိုင်ရန် နှစ်နိုင်ငံကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အလျင်အမြန်တိုးတက်လာစေရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခု
နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခုကို မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှမ်းပြည်နယ်အတွင်းရှိ မူဆယ်မြို့နယ် နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းရွှေဟော်မြို့နယ်၊ ကချင်ပြည်နယ် အထူးဒေသ(၁)ရှိ ကန်ပိုက်တီမြို့နယ် များတွင် အကောင်အထည်ဖော်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သဘောတူညီထားသည်။ အထူးသဖြင့် အထက်ပါဇုန်သုံးခု ထဲမှ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင်အဓိကျသော မူဆယ်မြို့နယ်ရှိ ဇုန်စီမံကိန်းကို ဦးစားပေး တည်ဆောက်ရန် သဘောတူညီထားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း
မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်
မူဆယ်(ဟိုဆောင်)-ရွှေလီ(ကျယ်ဂေါင်) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် နိုင်ငံတကာစီးပွားရေးပင်မဇုန်(Core Zone)၊ ပို့ကုန်ထုတ်လုပ်မှုဇုန်၊ သွင်းကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ တည်ဆောက်မည်ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ၏ ပင်မဇုန်များကို နှစ်နိုင်ငံနယ်နိမိတ် နှစ်ခုကြား ခွလျက် တည်ဆောက်ရန်သဘောတူထားသည်။ အထူးသဖြင့် ပင်မဇုန်များမှ ဝင်ထွက်ရောင်းချသော ကုန်ပစ္စည်းများသည် အခွန်အထူးသက်သာခွင့်များ ရရှိမည်ဖြစ်သည်။
မူဆယ်-ရွှေလီ နိုင်ငံတကာစီးပွားရေးပင်မဇုန် တည်နေရာအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဟိုဆောင်ရွာနှင့် ယူနန်ပြည်နယ်ဘက်ခြမ်း၊ တတ်ဟုန်ပြည်နယ်ခွဲရှိ ကျယ်ဂေါင်ဇုန်တို့ကို ချိတ်ဆက်ရန် ပြင်ဆင်ထားသည်။ ကြူကုတ်(ပန်ဆိုင်း)(မြန်မာ)နှင့် ဝမ်တိန်(တရုတ်)၊ ကျင်းစမ်းကျော့(မြန်မာ)နှင့် မက်မန့်(တရုတ်) တို့တွင်လည်း ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ တည်ဆောက်ရန် ပြင်ဆင်ထားသည်။ ထို့အပြင် မန်ဟီရိုး(မြန်မာ)- Jiexiang(တရုတ်)နှင့် နန့်ခမ်း(မြန်မာ)-နောင်တောင်း Nongdao (Nongdaozhen)(တရုတ်) တို့တွင် သွင်းကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ တည်ဆောက်ရန် ပြင်ဆင်ထားသည်။ ထိုဇုန်များ ချိတ်ဆက်သွားလာနိုင်ရန်အတွက် အဓိကလမ်းမကြီးများကို အဆင့်မြှင့်တင်ရန်နှင့် လမ်းသစ်များ ဖောက်လုပ်ရန်လည်း စီမံထားသည်။
ကြူကုတ်(ပန်ဆိုင်း)၊ နန့်ခမ်း၊ မန့်ဟီးရိုးဒေသရှိ နယ်စပ်ပူးပေါင်းရေးဇုန်များ၏ မြေနေရာများသည် လက်နက်ကိုင်များ၏ လူပ်ရှားရာ ဒေသများဖြစ်သည့်အပြင် ပဋိပက္ခများကြောင့် ယခုကာလအထိ မြန်မာအစိုးရဘက်က တရားဝင်အတည်ပြုပေးနိုင်ခြင်းမရှိသေးပေ။
ယူနန်ပြည်နယ်ဘက်ခြမ်းရှိ နိုင်ငံတကာစီးပွားရေးပင်မဇုန် တည်ဆောက်ရန် လျာထားသောနေရာများ အားလုံးနီးပါးတွင် စက်မှုဇုန်များ၊ ကုန်လှောင်ရုံများ၊ လိုအပ်သောအခြေခံအဆောက်အအုံများမှာ တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းရှယ်ယာခွဲဝေမှုနှင့် စီမံခန့်ခွဲမှုများ အသေးစိတ်ပါဝင်သော စီမံကိန်းအကောင်အထည်ဖော်ရေးမူဘောင်ကို မြန်မာနိုင်ငံဘက်မှ လက်မှတ်ရေးထိုးရန် ပြင်ဆင်နေသည်။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံအကြား ဗဟိုကော်မတီကို ဖွဲ့စည်းထားသည့်အပြင် ဒေသအဆင့်လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်နေသည်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သော မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ(ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ မူဆယ်ရှိ နိုင်ငံတကာစီးပွားရေးပင်မဇုန်(Core Zone) နှင့် ကျင်းစမ်းကျော့ရှိ ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်ကိုသာ စီမံကိန်းအကောင်အထည်ဖော်ရန် လျာထားခဲ့သည်။ မူလက အထက်ပါစီမံကိန်းများနှင့် တပါတည်းတည်ဆောက်ရန်အဆိုပြုခဲ့သော ကြူကုတ်(ပန်ဆိုင်း)ရှိ ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန် စီမံကိန်းကိုမူ တရုတ်နိုင်ငံက လျာထားချက်မှ ပြန်လည်ပယ်ဖျက်ခဲ့သည်။
နှစ်နိုင်ငံ နောက်ဆုံးသဘောတူညီချက်အရ မူဆယ်တွင် နိုင်ငံတကာစီးပွားရေးပင်မဇုန်(Core Zone)နှင့် ကျင်းစမ်းကျော့တွင် ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များကို ဦးစွာအကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားသည်။ မူဆယ် ပင်မဇုန်စီမံကိန်းကို မူဆယ်(ဟိုဆောင်)-ရွှေလီ(ကျယ်ဂေါင်) ရှိ မြေ ၅ ဒသမ ၆၃ စတုရန်းကီလိုမီတာတွင် တည်ဆောက်မည်ဖြစ်သည်။ အလားတူ ကျင်းစမ်းကျော့(မြန်မာ)နှင့် မက်မန့်(တရုတ်) ရှိ မြေအကျယ် အဝန်း ၂ ဒသမ ၈၂ စတုရန်းကီလိုမီတာတွင် ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များကို တည်ဆောက်မည်ဖြစ်သည်။ မူဆယ်ဇုန်နှင့် ကျင်းစမ်းကျော့ဇုန်တို့ အကျိုးအမြတ်ဖြစ်ထွန်းကာ စီးပွားရေးအရ တွက်ချေကိုက်မှုရှိမှသာ ကျန်ဇုန်များကို ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူညီထားသည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) စီမံကိန်းအောက်တွင် ကူးသန်းရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေး စသည့် ကဏ္ဍများကို အထောက်အပံ့ပြုနိုင်မည့် ဆောင်ရွက်ချက်များအတွက် တရုတ်အစိုးရက မြန်မာအစိုးရအား ယွမ် လေးဘီလီယံ ထောက်ပံ့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေဖြင့် စီးပွား/ကူးသန်းက မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကျင်စန်းကျော့အထိ ဆက်သွယ်ထားသောလမ်းအား နှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ရန် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လကုန်ပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံ အဆိုပြုလွှာ တင်ပြထားကြောင်း သိရသည်။
စီမံကိန်း အသေးစိတ်အချက်အလက်များ
စီမံကိန်းအမည်
မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း
စုစုပေါင်းအကျယ်အဝန်း
၆၄ စတုရန်းကီလိုမီတာ
ပါဝင်မည့်ဇုန်များ
နိုင်ငံတကာစီးပွားရေးပင်မဇုန် (Core Zone)၊ ပို့ကုန်ထုတ်လုပ်မှု ဇုန်နှင့် ကုန်လှောင်ရုံဇုန်များ၊ သွင်းကုန် ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ
တည်နေရာ
မူဆယ်(ဟိုဆောင်)-ရွှေလီ(ကျယ်ဂေါင်) ၊ ကျင်းစမ်းကျော့(နွမ်ရင်)-မက်မန့်၊ မန်ဟီရိုး-Jiexiang၊ နန့်ခမ်း-နောင်တောင်
ရင်းနှီးမြှုပ်နှံမည့်သူ
ပြည်တွင်းကုမ္ပဏီများနှင့် တရုတ်ကုမ္ပဏီများ (ဖက်စပ်)
ပါဝင်ပတ်သက်နေသောအဖွဲ့အစည်းများ
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရ၊ ယူနန်ပြည်နယ်အစိုးရ၊ တက်ဟုန်ပြည်နယ်ခွဲ
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု
မသိရှိရသေး
မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်
အချိန်ကာလပြဇယား
၁၉၉၂ ခုနှစ် တွင် မူဆယ်-ရွှေလီ၌ တည်ဆောက်မည့် နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်၌ ပါဝင်မည့် စီမံကိန်းအသေးစိတ်အစီအမံများကို ယူနန်ပြည်နယ်တွင် စတင် ရေးဆွဲခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြထားသည်။
၂၀၀၇ ခုနှစ် တွင် တရုတ်နိုင်ငံဘက်ခြမ်းမှ တတ်ဟုန်ပြည်နယ်ခွဲသည် အဆိုပါနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်စီမံကိန်းအစီအမံကို မြန်မာအစိုးရဘက်ကို စတင်တင်ပြခဲ့သည်။ သို့သော် စစ်အစိုးရက အကောင်အထည်ဖော်ရန် စိတ်ဝင်ခဲ့ခြင်းမရှိခဲ့ပါ။
၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရရှိလာပြီးနောက်တွင် တတ်ဟုန်ပြည်နယ်ခွဲမှ တာဝန်ရှိသူများသည် စီမံကိန်းအကောင်အထည်ဖော်မှုကို အာရုံစိုက်ရန် မြန်မာကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား တွန်းအားပေးခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ်လ က သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းတွင် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်ရန် သဘောတူညီခဲ့သည်။
၂၀၁၇ ခုနှစ် မေလတွင် ပထမဆုံးအကြိမ်ကျင်းပသော ခါးပတ်တကွင်းလမ်းတစင်း(BRI) ဖိုရမ်တွင် နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီလတွင် ယူနန်ပြည်နယ်အစိုးရမှတဆင့် တတ်ဟုန်ပြည်နယ်ခွဲက မြန်မာအရာရှိများကို ရှင်ကျန်း(တရုတ်-ကာဇက်စတန်)[Xinjiang(China-Kazakhstan)] နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်သို့ လည်ပတ်ရန်ဖိတ်ကြားခဲ့သည်။ ခရီးစဉ်အပြီးတွင် ရွှေလီ-မူဆယ်စီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံမြေနေရာ ရွေးချယ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို အကြမ်းဖျင်းအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်။
၂၀၁၈ ခုနှစ် ဇူလိုင်လတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို မြန်မာအစိုးရဘက်က ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခေါင်းစဉ်အောက်တွင် အစောဆုံးဖွဲ့စည်းခဲ့သော ကော်မတီဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံ နားလည်မှုစာချွန်လွှာ မရေးထိုးမီ ဖွဲ့စည်းခဲ့သော ကော်မတီလည်း ဖြစ်သည်။
ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် နယ်စပ်စီးပွာရေးဇုန်များ တည်ဆောက်ရန်လျာထားသော ပြည်နယ်နှစ်ခုမှ ဝန်ကြီးချုပ်များဖြစ်သော ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်တို့က တာဝန်ယူခဲ့သည်။ ဗဟိုကော်မတီ၏ အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တာဝန်ယူပြီး တွဲဖက်အတွင်းရေးမှူးအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက တာဝန်ယူထားသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက် တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ဗဟိုကော်မတီ၏ ပထမအကြိမ် အကောင်အထည်ဖော်ရေး အစည်းအဝေးကို ကျင်းပခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တည်ဆောက်သွားမည့် ဇုန်သုံးခု၏ တည်နေရာများကို အကြမ်းဖျင်းအတည်ပြုခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ဗဟိုကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပခဲ့သည်။ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်၌  တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး စတုတ္တအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်၌ ကချင်ပြည်နယ်တွင် ကျင်းပခဲ့သည်။
၂၀၁၉ ခုနှစ်  သြဂုတ်လတွင် မြန်မာနိုင်ငံမှ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် နှင့်ပတ်သတ်၍ မူဘောင်လက်မှတ်ထိုးရေး စာချုပ်မူကြမ်းကို မြန်မာအရာရှိများ၏ မှတ်ချက်များဖြင့် တရုတ်နိုင်ငံဘက်ကို ပေးပို့ထားခဲ့သည်။ ထိုမူကြမ်းတွင် စီမံကိန်းတည်ဆောက်ရေးအတွက် နှစ်နိုင်ငံအကြားကော်မတီများ ဖွဲ့စည်းရေး၊ ဇုန်များကိုစီမံမှု၊ ရင်းနှီးမြှုပ်နှံသူများကို ပေးအပ်မည့် အခွင့်အလမ်းများ အသေးစိတ်ပါဝင်သည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာဘက်မှ တရုတ်နိုင်ငံနှင့် ပူးတွဲကော်မတီတရပ်ဖွဲ့စည်းရန် ပါဝင်မည့်ကိုယ်စားလှယ်စာရင်းကိုပေးပို့ခဲ့သည်။ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်စီမံကိန်း မူဘောင်လက်မှတ်ရေးထိုးရန် အတွက်ဆွေးနွေးမှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်တန့်သွားသည်။
၂၀၂၀ ဇွန်လ ၁၂ ရက်နေ့တွင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည်။ အစည်းအဝေးရလဒ်များကိုမူ တရားဝင်ကြေညာခြင်းမရှိခဲ့ပေ။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း အချိန်ကာလပြဇယား
လူမှုသဘာ၀၀န်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်မှုများ
လက်ရှိအချိန်ထိ အထက်ပါ စီမံကိန်း သုံးခုအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်မှုစစ်တမ်း၊ လူမှု့ဘ၀ ထိခိုက်မှုလေ့လာဆန်းစစ်မှုစစ်တမ်းများကို ပြုလုပ်ထားခြင်း မရှိသေးပါ။
လူထုတုံ့ပြန်မှု
မူဆယ်မြို့နယ်တွင် တည်ဆောက်မည့် စီးပွားရေးဇုန်များနှင့်ပတ်သတ်ပြီး မြေယာရှင်းလင်းသိမ်းယူခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း အစိုးရဘက်မှ ပြောဆိုထားသည်။ လက်ရှိအချိန်ထိ သိမ်းယူမည့်မြေဧရိယာ မည်မျှပါဝင်မည်ကို အတိအကျ ကြေညာခြင်း မရှိသောကြောင့် ဒေသခံပြည်သူများမှာ ၎င်းတို့၏မြေယာများ သိမ်းဆည်းခံရမည်ကို စိုးရိမ်ပူပန်နေကြသည်။ အထူးသဖြင့် စီမံကိန်း အကောင်အထည်ဖော်မည့်လမ်းကြောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်များ ခြေကုပ်ယူထားရာ နေရာများဖြစ်သဖြင့် စီမံကိန်းကြောင့်စစ်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုထားသည်။
သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသော ကြေညာချက်တွင် မူဆယ်နှင့်ချင်းရွှေဟော်ဒေသရှိ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်မှုကြောင့် မြေယာသိမ်းဆည်းခံ ရမည့်အရေးကို အများပြည်သူများ စိုးရိမ်နေရကြောင်း ဖော်ပြထားသည်။ ထို့အပြင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများတွင် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာဒေသခံ အဖွဲ့အစည်းများ၏ ပါဝင်ခွင့်ကို လျစ်လျူရှုထားခြင်းသည် ပဋိပက္ခများ၊ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောက်စေနိုင်သည်ဟု သတိပေးထားသည်။
Reference:
Govt Approves Sites For 3 New Economic Zones Along China Border
Invest in Yunnan 园区聚焦
Chinese Ministry of Commerce and Ministry of Commerce of Myanmar Sign the MOU of Building China-Myanmar Border Economic Cooperation Zone
Myanmar, China Sign Dozens of Deals on BRI Projects, Cooperation During Xi’s Visit
Writing a New Chapter in Our Millennia-Old Pauk-Phaw Friendship
Kachin State Approves Chinese-Backed Business Park in Border Town
Kachin State Inks Border Business Park Deal With China-Myanmar Joint Venture
China-Myanmar (Ruili-Muse) Border Economic Cooperation Zone passed Expert Panel Review
Myanmar Set to Ink Pact with China on Border Cooperation Zones
Popular Shan Party Warns Chinese Projects Without Local Consent Risk More Conflicts
ရန်ကုန်မြို့သစ်စီမံကိန်း
၁။ စီမံကိန်းအကျဉ်းချုပ်
ရန်ကုန်မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနောက်ဘက်ကမ်းတွင် တည်ဆောက်မည့်စီမံကိန်းဖြစ်ပြီး  စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ဝန်းမည်ဟု ခန့်မှန်းရသည်။
အဆိုပါမြို့သစ်တွင် စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ၊ အပန်းဖြေအိမ်ရာများ၊ ဈေးဝယ်စင်တာ  များ၊ မြို့တွင်း ပြေးဆွဲမည့် အမြန်ရထား၊ ဘတ်စ်ကား ဆက်သွယ်ရေးလမ်းကြောင်းများ စသည့် မြို့တမြို့၏အင်္ဂါရပ်များ အစုံအလင်ထည့်သွင်းတည်ဆောက်ရန် စီမံထားသည့် နည်းပညာသုံး စက်မှုမြို့သစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ဖြစ်သည်။  စီမံကိန်းတခုလုံးကို အမေရိကန်ဒေါ်လာ ငါးဘီလီယံထက်မနည်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး လုပ်သား နှစ်သန်းကျော်အတွက်လည်း အလုပ်အကိုင်များ ဖန်တီးပေးလိမ့်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။
စီမံကိန်းကို ပထမအဆင့်၊ ဒုတိယအဆင့် သတ်မှတ်ထားပြီး စီမံကိန်းနှစ်ခုပေါင်းမှာ ၁၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းမည်ဟု တွက်ချက်ထားသည်။ ရန်ကုန်မြို့သစ် ပထမအဆင့်၏ မဟာအစီအစဉ်ကို စင်ကာပူနိုင်ငံအခြေစိုက် AECOM ကုမ္ပဏီက ရေးဆွဲပေးခဲ့သည်။ စီမံကိန်း၏ ပထမအဆင့်သည် ၈၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော စီမံကိန်း ဧရိယာပေါ်တွင် ကျေးရွာငါးရွာ၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာ အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ ဓာတ်အားပေးစက်ရုံ၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများနှင့်  အခြားဆက်စပ် အဆောက်အဦးများ တည်ဆောက်သွားရန် ရည်မှန်းထားသည်။ စီမံကိန်း ဒုတိယဆင့်မှာ ဒလမြို့နယ်မှ မုတ္တမ ပင်လယ်ကွေ့ကြား ရှိ မြေပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။ ရန်ကုန်မြို့တောင်ပိုင်းရှိ မြေဧရိယာ ၆၀၀ စတုရန်းကီလိုမီတာ ခန့်လည်း ပါဝင်ရန်တွက်ချက်ထားသည်။
စီမံကိန်း ပထမအဆင့်အတွက် အသေးစိတ်အစီအမံများရေးဆွဲရေးကို ဘေဂျင်းတွင်အခြေစိုက်ပြီး ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် China Communications Construction Company (CCCC)က တာဝန်ယူဆောင်ရွက်နေကာ ထိုကုမ္ပဏီကပင် စီမံကိန်းတည်ဆောက်ရေးအတွက် ဆက်လက်တာဝန်ယူရမည့် အလားလာများကိုတွေ့ရသည်။
စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အချက်အခြာကျသောနေရာတွင် တည်ရှိနေပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်လမ်းထွက်ပေါက်နှင့် ရေလမ်းကြောင်း နှစ်ခုစလုံးပေါ်တွင် အခြေတည်ကာ ကုန်စည်ဆက်သွယ်ရေးလမ်းကြောင်းသစ်များ ဖောက်ထွက်နိုင်ရန် ပံ့ပိုးပေး မည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့သစ်မှတဆင့် ရေကြောင်းတလျှောက်ဖောက်ထွက်ပြီး အိန္ဒိသမုဒ္ဒရာအထိ ခြေလှမ်းဆန့်နိုင်မည့် တရုတ်၏ မဟာဗျူဟာကျ စီမံကိန်းလည်းဖြစ်သည်ဟု လေ့လာသူမျာက သုံးသပ်ကြသော်လည်း  အစိုးရများဘက်ကမူ တရုတ်နိုင်ငံ၏ သာမန်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုအဖြစ်သာ ပြောဆိုခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းတခုအဖြစ် တရားဝင် တံဆိပ်ကပ်ပြောဆိုခြင်းမျိုးမရှိခဲ့ပေ။
သို့သော် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီတွင် လာရောက်ခဲ့သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း  ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်တွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး ရှီ၏ခရီးစဉ်အပြီးတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းအောက်ရှိ အဓိက မဏ္ဍိုင်တခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
မေလဆန်းတွင် တရုတ်နိုင်ငံသံရုံး၏ သံအမတ်ကြီး ချန်းဟိုင်က စီမံကိန်း၊ ဘဏ္ဍာရေး၊ စက်မှုဒုဝန်ကြီး ဦးဆက်အောင်နှင့် တွေ့ဆုံပြီး တရုတ်သမ္မတ ခရီးစဉ်အတွင်း အကောင်အထည်ဖော်ရန် သဘောတူညီထားသော စီမံကိန်းများအား အမြန်အကောင်အထည်ဖော်ရေးကို တိုက်တွန်းခဲ့သည်။ ထိုစီမံကိန်းများတွင် ရန်ကုန်မြို့သစ်စီမံကိန်းလည်း ပါဝင်သည်။ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်က မေလလယ်တွင် မြန်မာသမ္မတ ဦးဝင်းမြင့်ကို တယ်လီဖုန်းဆက်သွယ်ပြီး ၎င်း၏ခရီးစဉ်အတွင်းက သဘောတူထားသော ရပ်ဝန်းတခုလမ်းတခု စီမံကိန်းများကို အကောင်ထည်ဖော်ရန် ထပ်မံတိုက်တွန်းခဲ့ပြန်သည်။
မေ ၂၉ ရက်တွင် တရုတ်သံအမတ်ကြီး ချန်းဟိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံကာ ရန်ကုန်မြို့သစ် အပါအဝင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရန်ကုန်တိုင်းဒေသကြီးတွင် ဖော်ဆောင်နေသည့် စီမံကိန်းများကို တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံလုပ်ငန်းရှင်များ ရေးဆွဲထားသည့် လုပ်ငန်းဖော်ဆောင်ရေး စီမံကိန်းများကို ဆွေးနွေးပြီး သက်ဆိုင်ရာစီမံကိန်းများ၏ နောက်ဆက်တွဲ လုပ်ငန်းများနှင့်ပတ်သတ်ပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။သို့သော် သဘောတူညီချက် အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပါ။
လက်ရှိအချိန်တွင် အခြားရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ Swiss Challenge တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် ရန်ကုန်မြို့သစ်စီမံကိန်းပထမအဆင့်၏ အရွယ်အစားနှင့် ရင်းနှီးမြှုပ်နှံမှုကို လျှော့ချရန် ပြည်ထောင်စုအစိုးရကဆုံးဖြတ်လိုက်သည်။ စီမံကိန်း ပထမအဆင့်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအစား အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမည့်စီမံကိန်းပုံစံကို အစိုးရက အကြံပြုထားသည်။ မူလတွင် ၁၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းမည့် စက်မှု‌ဇုန်ကို ၃ စတုရန်းကီလိုမီတာ အထိလျှော့ချသွားရန် ပြင်ဆင်နေသည်။ လျှော့ချသွားမည့် အကျယ်အဝန်းအတိုင်းအတာအလိုက် ပါဝင်မည့် အဆောက်အဦးများ၏အရွယ်အစား ၊ ကျန်ဆက်စပ်အဆောက်အဦများ၏ အရွယ်အစားနှင့်ပတ်သတ်ပြီး ကုမ္ပဏီနှင့် ပြည်ထောင်စုအစိုးရကြား အသေးစိတ် ပြန်လည်ဆွေးနွေးခဲ့ကြပြီး ၎င်းအစီအမံများအပေါ်တွင် အခြေခံ၍ Swiss Challenge ကိုခေါ်ယူမည် ဖြစ်သည်။
ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်အတွက် Swiss Challenge တင်ဒါကော်မတီ ဖွဲ့စည်းထားကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၂၀) ဖြင့် ၂၀၂၀ ဇူလိုင် ၁၆ က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် ပါဝင်သောလုပ်ငန်းများကို အပိုင်းလိုက် Unbundled ခွဲထုတ်၍ စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိသည့် စက်မှုဇုန်နှင့် မြို့ပြအိမ်ရာတည်ဆောက်ခြင်း လုပ်ငန်းများကို  မိမိသဘောဆန္ဒအလျောက် တင်သွင်းသည့်စီမံကိန်းအဆိုပြုလွှာ Unsolicited Proposal အပေါ် အခြေခံ၍ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်မှုရှိသော တင်ဒါခေါ်ယူရန်အတွက် Swiss Challenge တင်ဒါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။  ထိုကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ အဖွဲ့ဝင်များအဖြစ် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး တို့က တာဝန်ယူထားသည်။
Swiss Challenge တင်ဒါကော်မတီ၏ လုပ်ငန်းတာဝန်များမှာ Swiss Challenge တင်ဒါကို အဓိကဆောင်ရွက်ပေးမည့် နိုင်ငံတကာအကြံပေးကုမ္ပဏီတစ်ခုအား Transaction Advisor အဖြစ်ရွေးချယ်ရန်၊ ၎င်း Transaction Advisor ဖြစ်သော နိုင်ငံတကာအကြံပေးကုမ္ပဏီက ဆောင်ရွက်သည့် ကနဦးရင်းနှီးမြှုပ်နှံသူ(CCCC)၏ အဆိုပြုလွှာအားစိစစ်ခြင်း၊ Expression of Interest (EoI) နှင့် Request for Proposal (RFP) များ ရေးဆွဲခြင်း၊ အမှတ်ပေးစနစ်အတွက် သတ်မှတ်ချက် Criteria များ သတ်မှတ်ခြင်း စသည်တို့ကို မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီစေရန် ပေါင်းစပ်ညှိနှိုင်းအကြံပြုရန်၊ တင်ဒါစည်းကမ်းသတ်မှတ် ချက်များအရ Technical & Financial အမှတ်အများဆုံးရရှိသည့် အဆိုပြုလွှာသုံးခုအား နောက်ဆုံးရွေးချယ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြလမ်းညွှန်ချက်ခံယူ၍ အသင့်လျော်ဆုံးရင်းနှီးမြှုပ်နှံသူကို ရွေးချယ်ရန်၊ တတိယအဖွဲ့စည်း၏ အဆိုပြုလွှာကို ရွေးချယ်ပါက ကနဦးအဆိုပြုသည့် ကုမ္ပဏီအနေနှင့် ယင်းတတိယအဖွဲ့အစည်း၏ အဆိုပြုလွှာနှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိ ညှိနှိုင်းမှုများကို Transaction Advisor ဖြစ်သော နိုင်ငံတကာအကြံပေးကုမ္ပဏီနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ တတိယအဖွဲ့အစည်းတစ်ခုအား တင်ဒါအောင်မြင်၍ ရင်းနှီးတည်ဆောက်သူအဖြစ်  ရွေးချယ်ပါက တင်ဒါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကနဦးအဆိုပြုလွှာတင်သည့် ကုမ္ပဏီ၏ (ပြင်ပစာရင်းစစ်တစ်ခုမှ အတည်ပြုထားသော) စရိတ်များကို တင်ဒါအောင်မြင်သူမှ ပြန်လည်ပေးနိုင်ရေး Transaction Advisor ဖြစ်သည့် နိုင်ငံတကာအကြံပေးကုမ္ပဏီနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ သီးခြားလမ်းညွှန်ချက်များနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း တင်ဒါကော်မတီဖွဲ့စည်းပုံအရ သိရသည်။
ထိုစီမံကိန်းအတွက် နိုင်ငံတကာအကြံပေးကုမ္ပဏီအဖြစ် ဂျာမန်အကြံပေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သော Roland Berger Co., Ltd ကို ရွေးချယ်ခဲ့ပြီး လုပ်ငန်းအပ်နှံစာချုပ်ကို ၂၀၂၀ စက်တင်ဘာ ၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၀ အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့သစ်စီမံကိန်း  ပထမအဆင့်မှ အခြေခံအဆောက်အဦများ တည်ဆောက်ရန်အတွက် Swiss Challenge ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှု ဖော်ပြချက် (Expression of Interest – EOI) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်သည်။ ယခု ခေါ်ယူသည့် Swiss Challenge သည် ရန်ကုန်မြို့သစ် စီမံကိန်း ပထမအဆင့်အကောင်အထည်ဖော်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ အဆိုပါ Challenge တွင် ပါဝင်အရွေးခံလိုသည့် ကုမ္ပဏီများက China Communication and Construction Company (CCCC)မှ  ကနဦးအဆိုပြုထားသော စီမံကိန်းအစီအမံများနှင့် ယှဉ်ပြိုင်အရွေးခံရမည်ဖြစ်ပြီး ငွေကြေးပိုမိုသက်သာစွာ လုပ်ဆောင်နိုင်သော ကုမ္ပဏီက စီမံကိန်း အကောင်အထည်ဖော်ခွင့်ရမည် ဖြစ်သည်။ သို့သော် စီမံကိန်းအကောင်အထည်ဖော်ခွင့်ရသည့် ကုမ္ပဏီက အစီအမံရေးဆွဲသော ကုန်ကျစရိတ်အား CCCC သို့ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။ ထိုစီမံကိန်းကို ရန်ကုန်မြို့သစ် အနောက်ဘက်ခြမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံးလူဦးရေ သုံးသန်းကျော် နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း နှစ်သန်းကျော် ဖန်တီးပေးနိုင်ရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မကြာသေးမီကပင်ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ (Expression of Interest-EOI) တင်သွင်းထားသည့် အဖွဲ့အစည်း (၁၆) ဖွဲ့က အဆိုပြုဖိတ်ခေါ်လွှာများ (Request For Proposal – RFP) ကို ထုတ်ပေးခဲ့ပြီး အဖွဲ့အစည်း ကိုးဖွဲ့မှ လာရောက်ထုတ်ယူခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့အစည်း ကိုးဖွဲ့ သည် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Swiss Challenge သဘောတရားအရ တင်ဒါအဆိုပြု ဖိတ်ခေါ်စာရအဖွဲ့အစည်းကိုးခုတို့မှာ အသာစီးရထားသည့် မူလအဆိုပြုသူ တရုတ် CCCC ကုမ္ပဏီနှင့် ယှဉ်ပြိုင် အရွေးခံရမည်ဖြစ်သည်။
၂။ စီမံကိန်းအသေးစိတ်အချက်အလက်များ
စီမံကိန်းအမည်
ရန်ကုန်မြို့သစ်စီမံကိန်း
တည်နေရာ
ရန်ကုန်မြို့အနောက်ဘက်ကမ်း
စုစုပေါင်းဧရိယာ
၁၅၀၀ စတုရန်းကီလိုမီတာ(ဧက သုံးသိန်းခုနစ်သောင်းကျော်)
စုစုပေါင်းကုန်ကျစရိတ်
အမေရိကန်ဒေါ်လာ ငါးဘီလီယံထက်မနည်း
စီမံကိန်း အမျိုးအစား
စီမံကိန်း ပထမအဆင့်၊ စီမံကိန်း ဒုတိယအဆင့်
စီမံကိန်း ပထမအဆင့်တည်နေရာ
ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာနှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ မြို့ပြ တစိတ်တဒေသ (semi-urban) နှင့် ကျေးလက်ဧရိယာပါဝင်
ကုန်ကျစရိတ်(ပထမအဆင့်)
အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်
စုစုပေါင်းဧရိယာ(ပထမအဆင့်)
၈၈ စတုရန်းကီလိုမီတာ (ဧက နှစ်သောင်းတထောင်ကျော်)
ပါဝင်မည့်အရာများ
ကျေးရွာငါးရွာ၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာ အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ ဓာတ်အားပေးစက်ရုံ၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ
စီမံကိန်းဒုတိယအဆင့်တည်နေရာ
ဒလမြို့နယ်မှ မုတ္တမ ပင်လယ်ကွေ့ကြား မြေဧရိယာနှင့် ရန်ကုန်မြို့တောင်ပိုင်းရှိ မြေဧရိယာ ၆၀၀ စတုရန်းကီလိုမီတာခန့်(ဧက တသိန်းခွဲနီးပါး)
ပါဝင်ပတ်သတ်နေသော ကုမ္ပဏီများ
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC)၊ China Communications Construction Company (CCCC) ၊ PTT GROUP ၊ Indraprastha Gas Limited and Gail (IGL)၊ Frontiir Company Ltd*
*၂၀၁၉ သြဂုတ်တွင် တင်ဒါစာရင်းကြေညာရာ၌ လျှပ်စစ်စွမ်းအင် ထုတ်လုပ် ဖြန့်ဖြူရေးလုပ်ငန်းအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT GROUP၊ သဘာဝဓာတ်ငွေ့ဖြန့်ချိရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းကို
အိန္ဒိယ အခြေစိုက် Indraprastha Gas Limited and Gail (IGL) ဖက်စပ်ကုမ္ပဏီနှင့် အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်းများ တည်ဆောက်ရန် ပြည်တွင်းတွင် Myanmar Net အင်တာနက်ဝင်ဆောင်မှုပေးနေသည့် Frontiir Co.Ltd တို့ကိုရွေးချယ်ခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်း အချက်အလက်များ
၃။ စီမံကိန်း၏ နောက်ခံသမိုင်း
၂၀၁၄ ခုနှစ်၊ သြဂုတ် ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးမြင့်ဆွေသည် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောက်တိုနှင့် တွံ့တေးမြို့နယ်များတွင်ရှိသည့် မြေဧက သုံးသောင်းကျော်ပေါ်၌ မြိုသစ်တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူညီမှုစာချုပ်ကို မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာတွင် မှတ်ပုံတင်ထားပြီး မတည်ရင်းနှီးငွေ ကျပ် တဘီလီယံသာ (ဒေါ်လာ တသန်း) ခန့်သာ ရှိသော  မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီအား အမေရိကန်ဒေါ်လာဘီလီယံ ပေါင်းများစွာ တန်ဖိုးရှိသော စီမံကိန်းကို လုပ်ပိုင်ခွင့်ပေးခဲ့သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပါသည်။ ၎င်းကုမ္ပဏီမှာ Xiao Feng and Xiao Sen အမည်ရှိ တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးက ဦးဆောင်နေသည်ဖြစ်ရာ ထိုစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ဆက်စပ်မှုများရှိနိုင်ကြောင်း မှန်းဆမှုများလည်းရှိခဲ့သည်။ စီမံကိန်းအတွက် တင်ဒါ ခေါ်ယူခြင်းမပြုခဲ့သောကြောင့် အများပြည်သူများက ဝေဖန်ခဲ့သည့်အပြင် မြို့တော်ဝန် ဦးမြင့်ဆွေနှင့် ၎င်းကုမ္ပဏီ၏ တာဝန်သူများအကြားက နီးကပ်သောဆက်ဆံရေးကို မေးခွန်းထုတ်ခံရပြီးနောက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာတွင် ရပ်နားထားရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အကြောင်းကြားခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်း ဖြစ်စဉ်
၂၀၁၅ ခုနှစ်၊ ဇွန်တွင် ထိုစီမံကိန်းကို ပြန်လည်စတင်ရန် အဆိုကို  ကြည့်မြင့်တိုင်မြို့နယ် အမတ် ဦးမြင့်လွင်က တင်သွင်းခဲ့ပြီး လွတ်တော်က မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။
၂၀၁၆ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဧက ၁၂၀၀၀ ပေါ်၌ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ကုမ္ပဏီ သုံးခုကို ခွင့်ပြုခဲ့ပြန်သည်။ ထိုကုမ္ပဏီများမှာ Yangon South West Development, Shwe Popa International နှင့် Business Capital City Development တို့ဖြစ်သည်။ Yangon South West Development Company မှာ ဦးမြင့်ဆွေက စီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါပေးအပ်ခဲ့သော Xiao Feng နှင့် Xiap Sen တို့ဦးဆောင်သော ကုမ္ပဏီ ဖြစ်သည်။
လအနည်းငယ်ကြာပြီးနောက်တွင် ထိုမျှကြီးမားသော စီမံကိန်းကို ဗဟိုအစိုးရကသာ ဦးဆောင်ပြီး လုပ်သင့်သည်ဟုဆိုကာ ရန်ကုန်တိုင်းအစိုးရက စီမံကိန်းကို ရပ်နားထားရန် ဆုံးဖြတ်ခဲ့သည်။
၂၀၁၇၊ ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံကိန်းကို ပြန်လည်စတင်သွားမည်ဟု ကြေညာကာ  ဒီဇင်ဘာတွင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမီတက် (NYDC) ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်တိုင်းအစိုးရက တည်ထောင်ထားသော ရန်ကုန်မြို့သစ်ဖွံ့ဖြိုးမှုကုမ္ပဏီလီမီတတ် New Yangon Development Co Ltd (NYDC) က ဦးဆောင်ကာ ရန်ကုန်မြစ်၏ အနောက်ဘက်ကမ်းတွင် ရန်ကုန်မြို့သစ်တည်ဆောက်သွားမည်ဟု ကြေညာခဲ့သည်။
မေလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ တည်ထောင်ထားသော New Yangon Development Company (NYDC) နှင့် ဟောင်ကောင်တွင် မှတ်ပုံတင်ထားပြီး ဘေဂျင်းတွင်အခြေစိုက်သည့် China Communications Construction Company (CCCC) တို့အကြား စီမံကိန်း၏ ပထမဆင့်တွင် အကောင်အထည်မည့်စီမံကိန်းများ၏ အသေးစိတ်အစီအမံများ (Pre-Project Documents)ရေးဆွဲရန် သဘောတူညီမှု မူဘောင်ကို လက်မှတ်ရေထိုးခဲ့သည်။ နိုဝင်ဘာလတွင် CCCC ကုမ္ပဏီက စီမံကိန်း ပထမအဆင့်အတွက် အစီအမံရေးဆွဲခြင်းကို အပြီးသတ် ဆွေးနွေးခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission of China (NDRC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့သစ်အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့သည်။ အသေးစိတ် အစီအမံများကို ပြည်ထောင်စုအစိုးရထံ တင်ပြထားသော်လည်း ခွင့်ပြုချက် မရရှိသောကြောင့် စီမံကိန်း ရှေ့ဆက်ဆောင်ရွက်နိုင်ရေးမှာ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ သောင်တင်ရေမကျ ဖြစ်နေခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ခရီးစဉ်အတွင်းတွင် NYDC စီမံကိန်းအတွက် စာလွှာဖြစ်သည့်  Letter of Intent for the New Urban Development of Yangon City ကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် CCCC ဥက္ကဋ္ဌ Mr. Song Hailiang တို့က လဲလှယ်ခဲ့သည်။ မေ ၂၉ ရက်တွင် တရုတ်သံအမတ်ကြီး ချန်းဟိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံကာ ရန်ကုန်မြို့သစ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဖော်ဆောင်နေသည့် စီမံကိန်းများကို တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံလုပ်ငန်းရှင်များ ရေးဆွဲထားသည့် လုပ်ငန်းဖော်ဆောင်ရေး စီမံကိန်းများကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာစီမံကိန်းများ၏ နောက်ဆက်တွဲ လုပ်ငန်းများနှင့်ပတ်သတ်ပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
၄။ တရုတ်ကုမ္ပဏီ၏ အခန်းကဏ္ဍ
ရန်ကုန်တိုင်းဒေသကြီးအစိုးရ တည်ထောင်ထားသော New Yangon Development Company (NYDC) သည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ဘေဂျင်းအခြေစိုက် China Communications Construction Company (CCCC နှင့် စီမံကိန်း၏ ပထမဆင့်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများ၏ အသေးစိတ် အစီအမံများ (Pre-Project Documents)ကို ရေးဆွဲရန် သဘောတူညီမှု မူဘောင်ကို  ၂၀၁၈ ခုနှစ်၊ မေ ၂ ရက်တွင်  လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီမှုအရ CCCC သည် ရန်ကုန်မြို့သစ် ပထမအဆင့်ဖော်ဆောင်ရေးအတွက် အသေးစိတ် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွက်ချက်မှုများ၊ ငွေကြေးဖော်ဆောင်မှုအစီမံများ ရေးဆွဲတင်ပြရမည် ဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်း(ပထမဆင့်) ဖော်ဆောင်မည့် မြေဧရိယာအချိုးအစား
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာတွင် CCCC ကုမ္ပဏီက စီမံကိန်း ပထမအဆင့်အတွက် အစီအမံရေးဆွဲခြင်းကို အပြီးသတ် ဆွေးနွေးခဲ့သည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission of China (NDRC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe သည်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့သစ် အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့သည်။
CCCC ကုမ္ပဏီသည် စုစုပေါင်း ၂၈ စတုရန်းကီလိုမီတာခန့် ပေါ်တွင် စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနှင့်  လူနေထိုင်မှုဧရိယာ အပါအဝင် ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သည့် မြို့တော်စည်ပင် လုပ်ငန်းများအတွက် အသုံးပြုရန်လိုအပ်သည့် အသေးစိတ်အစီအမံများကို ရေးဆွဲထားပြီး ပြည်ထောင်စုအစိုးရထံ တင်ပြထားသည်။ သို့သော် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက် မရရှိသေးသောကြောင့် စီမံကိန်း ရှေ့ဆက်ဆောင်ရွက်နိုင်ရေးမှာ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ သောင်တင်ရေမကျ ဖြစ်နေခဲ့သည်။
၂၀၂၀၊ ဇန်ဝါရီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်းတွင် NYDC စီမံကိန်းအတွက် စာလွှာဖြစ်သော Letter of Intent for the New Urban Development of Yangon City ကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် CCCC ဥက္ကဋ္ဌ Mr. Song Hailiang တို့က လဲလှယ်ခဲ့သည်။
စာလွှာအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)နှင့်  CCCC တို့သည် ပထမဆင့် အခြေခံအဆောက်အဦလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တင်ဒါလုပ်ငန်းစဉ်နှင့် ပူးပေါင်း လုပ်ဆောင်ရန် ဖြစ်သည်။ ပထမအဆင့်အခြေခံအဆောက်အဦ ခြောက်ခုအတွက် အသေးစိတ် အ စီအမံများကို ပြည်ထောင် စုအစိုးရ ခွင့်ပြုချက်ရရှိဖို့ တင်သွင်းထားပြီး ခွင့်ပြုချက်ရရှိသည်နှင့်တပြိုင်နက် NYDC က Swiss Challenge တင်ဒါ ခေါ်ဆိုသွားရန် ပြင်ဆင်ထားသည်ဟု ကြေညာခဲ့သည်။ အဆိုပါ NYDC Challenge ယှဉ်ပြိုင်ကာ  အစီအမံ(Counter Proposal) တင်နိုင်ပြီး ငွေကြေးပိုမိုသက်သာစွာ လုပ်ဆောင်နိုင်သော ကုမ္ပဏီက စီမံကိန်းတည်ဆောက်ရေးကို အကောင်အထည်ဖော်ခွင့် ရမည်ဖြစ်သည်။  သို့သော် အစီအမံ ရေးဆွဲကုန်ကျစရိတ်အား လုပ်ပိုင်ခွင့်ရသော ကုမ္ပဏီက CCCC သို့ ပြန်လည်ပေးရမည်ဖြစ်ပြီး NYDC နှင့် ဖက်စပ်ကုမ္ပဏီဖွဲ့ကာ စီမံကိန်း ပထမအဆင့်ကို အကောင်အထည်ဖော်ခွင့် ရမည်ဖြစ်သည်။
CCCC ကုမ္ပဏီ (သို့မဟုတ်) တင်ဒါရရှိသော ကုမ္ပဏီသည် စီမံကိန်း ပမမဆင့်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရကာ အကျိုးအမြတ်၏ ၇၅ ရာခိုင်နှုန်း ခံစားခွင့်ရှိမည်ဖြစ်ပြီး NYCD ကမူ မြေ ၂၈ စတုရန်းကီလိုမီတာ ထည့်ဝင်ကာ စီမံကိန်း၏ အကျိုးအမြတ် ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။
CCCC ကုမ္ပဏီနှင့် လုပ်ငန်းခွဲများသည် နိုင်ငံ ၁၀ ခုထက်မနည်းတွင် ချစားမှု၊ လာဘ်ထိုးမှုများ၌ ပါဝင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လမ်းစီမံကိန်းတွင် မသမာမှုပြုလုပ်ကြောင်း တွေ့ရှိရသဖြင့် ကမ္ဘာ့ဘဏ်တွင် ၂၀၁၇၊ ဇန်နဝါရီအထိ စီးပွားရေး ပိတ်ဆိုမှုကို ခံခဲ့ရသော ကုမ္ပဏီ ဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်း(ပထမအဆင့်) NYDC နှင့် CCCC အကြား ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ခွဲဝေမှု
၅။ လူမှုသဘာ၀၀န်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်မှုများ
ရန်ကုန်မြို့သစ်စီမံကိန်း Master Plan အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA)နှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု စစ်ဆေးခြင်း (Environmental Impact Assessment – EIA) တို့ကို NYDC နှင့် အကြံပေး Environmental Resources Management (ERM) အဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့သည်။ နိုင်ငံအဆင့် စီမံကိန်းတခုဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်းသည် Mega Project တခုဖြစ်သောကြောင့် ကျန်းမာရေးဆိုင်ရာသက်ရောက်မှုဆန်းစစ်မှု Health impact Assessment(HIA) ကိုပါ လုပ်ဆောင်သင့်ကြောင်း ကျန်းမာရေးမူဝါဒလေ့လာဆန်းစစ်သူ သုတေသီများက ထောက်ပြကြသည်။  အထင်ရှားဆုံး ဥပမာအနေနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် HIA အားနည်းချက်များကြောင့် ကြုံတွေ့ခဲ့ရသော ဒေသခံများ၏ ကျန်းမာရေးထိခိုက်မှုများနှင့် လူမှုစီးပွားဘဝကို ထောက်ပြကြပါသည်။
စီမံကိန်း၏ တည်နေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် ငါးမီတာ(၁၆ ပေ)သာ မြင့်သောကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို ခံရနိုင်သည့် အန္တရာယ်ရှိကြောင်း မြို့ပြတည်ဆောက်ရေး ပညာရှင်များက သတိပေးထားသည်။ အထူးသဖြင့်ရေမျက်နှာပြင်သည် ဒီရေနှင့် မုန်တိုင်းဒီရေလှိုင်းများ၊ မြစ်ရေစီးဆင်းမှုနှင့် မိုးရွာသွန်းမှုများ ပေါင်းစပ်ခြင်းကြောင့် သိသိသာသာရေလွှမ်းမိုးမှုအန္တရာယ် မြင့်မားသောနေရာ ဖြစ်ကြောင်း ဝေဖန်ဆွေးနွေးမှုများ ရှိသည်။
သို့ဖြစ်ရာ NYDC ကုမ္ပဏီသည် ရေကြီးမှုအန္တရာယ် လေ့လာမှုအပါအဝင် အကဲဖြတ်မှုများစွာပြုလုပ်ခဲ့သည်။ နယ်သာလန် Royal HaskoningDHV ၏ တွေ့ရှိချက်အရ အမေရိကန်ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိသည့် ရေအကာအကွယ် (Primary ring-dyke system) ကို ရေများစီးဝင်လာမည့်  ပင်မနေရာတွင် တည်ဆောက်ရန် အကြံပြုထားသည်။ ထိုရေအကာအကွယ် တည်ဆောက်ခြင်းမပြုပါက လက်ရှိ ပင်လယ်ရေမျက်နှာပြင်အရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့် ဆုံးရှုံးနိုင်ကြောင်း ဖော်ပြထားပြီး ပင်လယ်ရေမျက်နှာပြင်သည်  ကိုးစင်တီမီတာ ထပ်မံမြင့်တတ်လာမည်ဆိုပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံအထိ ဆုံးရှုံးနိုင်ကြောင်း ဖော်ပြထားသည်။
NYDC သည် ရင်းနှီးမြှုပ်နှံထားသော ငွေအမြောက်အများကို သုံးစွဲပြီးဖြစ်ကြောင့် ရေအကာအကွယ်လုပ်ရန် ဒေါ်လာ သန်း ၁၀၀ ကို ကုမ္ပဏီအနေဖြင့် ထပ်မံမြှုပ်နှံရန် ခက်ခဲလိမ့်မည်ဟု ထောက်ပြထားသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ထပ်မံသုံးစွဲခြင်းကိုလည်း သဘောမတူကြပါ။ ထိုအကာအကွယ်ကို တည်ဆောက်လိုက်ပါက ပတ်ဝန်းကျင်နေရာများကို ရေများ ပြန့်ကားစီးဝင်လာနိုင်ပြီး အထူးသဖြင့် ရန်ကုန်မြို့လယ်ကောင် နေရာများအတွင်း ရေကြီးမှုအန္တရာယ်ကို ကြုံတွေ့ရနိုင်ကြောင်း ပညာရှင်များက တွက်ချက်သတိပေးထားကြသည်။
၂၀၁၈၊ စက်တင်ဘာတွင် NYDC က ဆောင်ရွက်ထားသော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး လူမူ-စီးပွား ပင်မစီမံချက်ကို ထုတ်ပြန်ခဲ့သည်။ လူမူစီးပွား ပင်မစီမံချက်တွင် စီးပွားရေးဆိုင်ရာ စိစစ်အကဲဖြတ်ချက်များနှင့်  ဦးစားပေးကဏ္ဍများ၊ ရန်ကုန်မြို့သစ်၏ စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်နိုင်ရန် အကောင်းဆုံးနှင့် အမြန်ဆုံး  လမ်းကြောင်းကို ရှာဖွေရေးနည်းလမ်းများ၊ အခြေခံအဆောက်အအုံများ အဆင့်လိုက် အကောင်အထည်ဖော်ရေး စီမံချက်နှင့် မြို့ပြသစ်တခု ပေါ်ထွက်လာရေး လမ်းညွှန်ချက် အစီအစဉ်များ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးအတွက် မဟာဗျူဟာကျ အစီအမံရေးဆွဲရန် အစီအစဉ်များ၊ စီမံကိန်းရေရှည်တည်မြဲရေးအတွက် စီမံအုပ်ချုပ်ရေးမူနှင့် ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် အန္တရာယ်အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ထုံးလုပ်နည်းများကို အကြံပြုဖော်ပြထားသည်။
မြို့သစ်စီမံကိန်း  မဟာအစီအစဉ်အတွက် ပတ်ဝန်းကျင်နှင့် လူမူဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်ကို လန်ဒန်အခြေစိုက် Environmental Resources Management (ERM) က ရေးဆွဲပေးခဲ့သည်။ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (SEA) ကို လုပ်ဆောင်ခဲ့သည့် ကဏ္ဍများမှာ ဧရိယာ ငါးခုအတွင်း ပြန်လည်နေရာချထားမှု၊ စက်မှုဇုန်အသစ် တည်ဆောက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အသစ်ဆောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်မှု၊ လူဦးရေ တသန်းနှစ်သိန်းခန့်အတွက် Green space များ၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံနှင့် လူမှုရေးဝန်ဆောင်မှုများ ပံ့ပိုးပေးမှု၊ စီးပွားရေးဇုန်အသစ်များ၊ လူနေထိုင်ဇုန်အသစ်များ၊ ဆက်စပ်နေသော မြို့နယ်များနှင့် ချိတ်ဆက်ပေးမည့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် လေ့လာတွေ့ရှိချက် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိပေ။
မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေအရ စီမံကိန်းပထမအဆင့်၏ ပထမအပိုင်းဖြစ်သည့် တံတားများ၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုန်၊ ရေနှင့် ရေဆိုးတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရရှိရန် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ (EIA) ခြောက်စောင် ပြုလုပ်ဆောင်ရွက်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြထားသည်။
ပတ်ဝန်းကျင်သက်ရောက်မှု လေ့လာဆန်းစစ်ချက်များ ပြုလုပ်အပြီး ထွက်ပေါ်လာသော အချက်အလက်များနှင့် ရလာဒ်များတွင် လှိုင်သာယာ၊ ကြည့်မြင့်တိုင်၊ တွံတေးမြို့နယ်များတွင် လေထုညစ်ညမ်းမှုနှင့် ဆူညံသံများ ဖြစ်ပေါ်နေပြီး ရေထုညစ်ညမ်းမှုမှာ ပန်းလှိုင်မြစ်အတွင်း  Chemical Oxygen Demand ကျော်လွန်နေသည်ဟု သိရသည်။ ထို့အတွက်ကြောင့် ဖြစ်နိုင်ချေရှိသည့် အဆိုပါသက်ရောက်မှုများကို လျှော့ချနိုင်ရန်အတွက် အကြံပြုချက်များကို Environmental Resources Management (ERM) အဖွဲ့၏ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment – EIA) အစီရင်ခံစာတွင် ဖော်ပြထားသည်။
၆။ လူထုတုံ့ပြန်မှု
ရန်ကုန်မြို့သစ်စီမံကိန်း အဆင့် ၁ ပြီးစီးလည်ပတ်ခဲ့ပါက အလုပ်အကိုင်အခွင့်အလမ်း ခြောက်သိန်းမှ ကိုးသိန်းအကြားကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး မြို့သစ်ကြီးထွားလာသည်နှင့်အမျှ ထောက်ပံ့ရေးကွင်းဆက်( Supply chain) အလုပ်အကိုင် နှစ်သိန်းမှ သုံးသိန်းအထိ ဖော်ဆောင်နိုင်လိမ့်မည်ဟု NYDC က ဆိုသည်။ ရန်ကုန်မြို့သစ်စီမံကိန်း အဆင့် ၂ ပြီးစီးလည်ပတ်ခဲ့ပါက အလုပ်အကိုင်အခွင့်အလမ်း တသန်းမှ ၁ ဒသမ ၂ သန်းအထိ ဖော်ဆောင်နိုင်မည်ဖြစ်ပြီး စုစုပေါင်း နှစ်သန်းနီးပါး ဖော်ဆောင်နိုင်လိမ့်မည်ဟု ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ NYDC Town Hall ပထမအကြိမ်ကို ၂၀၁၈၊ ဇွန်တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ကို ကိုးလအကြာ ၂၀၁၉၊ မတ်တွင် ကျင်းပခဲ့သည်။ Town Hall နှစ်ကြိမ်စလုံးတွင် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးရာတွင် ပတ်ဝန်းကျင်၊ လူမှုစီးပွားနှင့်  အကောင်အထည်ဖော်လုပ်ကိုင်မည့် CCCC ကုမ္ပဏီ၏ နောက်ကြောင်းများကို ဝေဖန်ထောက်ပြမှု အများအပြားရှိခဲ့သည်။
အထူးသဖြင့်  ဒေသခံများ၏ သိမ်းဆည်းလယ်ယာမြေများ အရေးကို NYDC Town Hall များတွင်  တက်ရောက်လာသူများနှင့် ဒေသခံများက အကျေအလည် ဆွေးနွေးကြသည်။ စီးပွားရေးပညာရှင်များက မြို့သစ်စီမံကိန်း ပြီးဆုံးပါက အဆိုပါအဆင့်မြင့်အိမ်ရာများသည် လူတန်းစားတရပ်ကသာ ဝယ်ယူနေထိုင်နိုင်မည့် အခြေအနေဖြစ်ပြီး ဒေသခံမြန်မာအများစု လက်လှမ်းမီနိုင်သော ပမာဏနှင့် ဝယ်ယူနိုင်ပါ့မလားဟု မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
Reference:
https://www.irrawaddy.com/news/burma/multi-billion-dollar-rangoon-southwest-expansion-set-begin.html
https://frontiermyanmar.net/en/new-life-for-yangons-new-city
https://frontiermyanmar.net/en/news/yangon-government-committed-controversial-new-city
https://www.irrawaddy.com/news/burma/development-co-build-new-city-west-yangon-river.html
https://www.nydc.com.mm/nydc-signs-framework-agreement-with-leading-infrastructure-company-for-first-stage-of-nydc-challenge/
https://www.nydc.com.mm/new-yangon-city-to-be-built-on-land-west-of-the-yangon-river/
https://www.nydc.com.mm/wp-content/uploads/2019/07/Flood-Risk-Assessment-Executive-Summary-ENG.pdf
https://www.nydc.com.mm/wp-content/uploads/2019/05/Master-Plan-Summary.pdf
https://www.nydc.com.mm/nydc-signs-framework-agreement-with-leading-infrastructure-company-for-first-stage-of-nydc-challenge/
https://www.nydc.com.mm/environmental-impact-assessments-strategic-environmental-assessment-of-the-development-of-new-yangon-city-phase-1-masterplan/
https://www.nydc.com.mm/socio-economic-master-plan/
https://www.irrawaddy.com/opinion/analysis/chinese-firm-involved-new-yangon-city-long-list-controversies-abroad.html
https://www.nationthailand.com/business/30375610
https://www.business-standard.com/article/news-ani/india-firms-win-contract-to-supply-gas-to-new-yangon-city-project-119090200239_1.html
https://www.mmtimes.com/news/frontiir-selected-bring-internet-yangons-new-city-development.html
https://www.nydc.com.mm/frontiir-selected-as-preferred-applicant-for-cyber-connectivity-infrastructure/
https://www.irrawaddy.com/news/burma/yangon-govt-abused-power-investing-controversial-new-city-project-lawmaker.html
https://www.irrawaddy.com/news/burma/bosses-myanmars-controversial-new-yangon-city-project-see-major-shakeup.html
https://www.irrawaddy.com/news/burma/new-yangon-city-chief-grilled-chinese-contractors-reputation.html
https://www.myco.dica.gov.mm/Corp/EntityProfile.aspx?id=e3b6dbd7-610c-44f3-879b-5b36cd10b7bc
https://www.irrawaddy.com/news/burma/experts-raise-alarm-over-flood-prone-location-of-new-yangon-city-project.html
https://news-eleven.com/article/192225
https://news-eleven.com/article/190888
The post ရန်ကုန်မြို့သစ်စီမံကိန်း appeared first on ISP Myanmar China Desk.