Social Archives - ISP Myanmar China Desk

ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်နယ်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း
စာတမ်းခေါင်းစဉ် – ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း

ရေးသားသူ – ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးကွန်ရက်(KMIW)

ထုတ်ဝေသည့်အဖွဲ့ – ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးကွန်ရက်(KMIW)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ နိုဝင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း

ရှင်းလင်းချက် –  ယခုစာတမ်းပါ အချက်အလက်များသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အစောပိုင်းကာလများကိုသာ ထင်ဟပ်မည်ဖြစ်ပါသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရပ်ဝန်းလမ်းကြောင်း(BRI)စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရန် အတွက် သဘောတူညီမှုများရရှိထားပြီး ထိုမူဘောင်အောက်တွင် စီမံကိန်းများစွာကို ဆွေးနွေးအကောင်အထည် ဖော်နေကြသည်။ သို့သော် မည်သည့်စီမံကိန်းများသည် ရပ်ဝန်းလမ်းကြောင်း(BRI)အဆိုပြုချက်အောက်တွင် အကျုံးဝင်သော စီမံကိန်းများဖြစ်သည်၊ လက်ရှိ စီမံကိန်းပေါင်း မည်မျှကို ဆွေးနွေးအကောင်အထည်ဖော်နေသည် ဆိုသည့် တိကျသော စာရင်ဇယားထုတ်ပြန်ချက်များ မရှိသေးပေ။ သို့ဖြစ်ရာ ရပ်ဝန်းလမ်းကြောင်း(BRI)စီမံကိန်း အဆိုပြုချက်နှင့်အတူ တရုတ်နိုင်ငံ၏ နယ်ပယ်အသီးသီးမှ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများတွင် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး မှအစ မြို့သစ်တည်ဆောက်ရေး၊ နည်းပညာဆိုင်ရာကဏ္ဍများအထိ ပါဝင်ပြီး သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ၊ လူမှုစီးပွားဘ၀သက်ရောက်မှုများနှင့် ပဋိပက္ခသက်ရောက်မှုများအရ အငြင်းပွားဖွယ်စီမံကိန်းကြီးများလည်း ပါဝင်နေသည်ကိုတွေ့ရသည်။

နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပမာဏကြီးမားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေသော်လည်း ထိုစီမံကိန်းများသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးတည်ရှေးရှုသော စီမံကိန်းများဖြစ်ရန် လိုအပ်ပေသည်။ ထို့ပြင် နိုင်ငံအတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များသည် သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဒေသခံပြည်သူလူထု၏ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်လိုအပ်ပြီး ယင်းအတွက် အစိုးရအနေဖြင့် ထိန်းကျောင်းမှုများ၊ ထိရောက်သောစည်းကြပ်မှုများနှင့် ကြီးကြပ်စိစစ်ခြင်းများကို စီမံကိန်းခွင့်မပြုမီနှင့် စီမံကိန်းစတင် အကောင်အထည်ဖော်ချိန်မှစတင်၍ စီမံကိန်းပြီးဆုံးသည်အထိ ဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ရန်လိုအပ်ပေသည်။

အထက်ပါ အချက်များကို ထောက်ပြဝေဖန်ထားသော “ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်တွင် အကောင်အထည် ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း အစီရင်ခံစာ” ကို ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးကွန်ရက်က ရေးသားပြုစုခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ မြေ ၁၂၈၂၄ ဒသမ ၁၇ ဧကမှ သယံဇာတ သတ္တုများကို အကြီးစာတူးဖော်ခြင်းနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မြေ ၃၀၀ ဧကပေါ်တွင် သတ္တုအရည်ကျို/သန့်စင်စက်ရုံ တည်ဆောက်ခြင်း စသည့် ကြီးမားသော စက်မှုဥယျာဉ် စီမံကိန်း၏ နောက်ကွယ်မှ လျို့ဝှက်အစီအစဉ်များအကြောင်းကို ရေးသားထားသည့် အစီရင်ခံစာနှင့် မိတ်ဆက်လိုပါသည်။

အစီရင်ခံစာတွင် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း၏ စီမံကိန်းချဉ်းကပ်မှုနောက်ခံအကြောင်းအရာ၊ မြေအသုံးပြုမှုအစီအစဉ်တွင်ပါဝင်သော အကြောင်းအရာများနှင့် စီမံကိန်းနှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များ၊ ကယားပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာမှတဆင့် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်၏ တင်ပြချက်များ၊ ဖြေရှင်းချက်များကို အသေးစိတ်ဖော်ပြထားသည့်အပြင် ကရင်ပြည်နယ်ရှိ ရထိုက်မြို့သစ်(ရွှေကုက္ကိုမြို့သစ်)စီမံကိန်း၏ နောက်ကွယ်မှဖြစ်ရပ်များနှင့် နှိုင်းယှဉ်လေ့လာချက်များကို ရေးသားဖော်ပြထားသည်။

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံ Hunan Global South Industrial Company (HGSIC)က ၂၀၁၈ ခုနှစ် ဧပြီတွင် အဆိုပြုထားသော မြန်မာ-ကမ္ဘာ့တောင်ပိုင်း စက်မှုဥယျာဉ် စီမံကိန်း (Myanmar-Global South Industrial Park) သည် ရပ်ဝန်းလမ်းကြောင်း (BRI) စီမံကိန်းများထဲမှ တခုဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ အဆိုပါစီမံကိန်းကို အပိုင်း သုံးပိုင်းခွဲကာ စုစုပေါင်းမြေဧကပေါင်း ၃၀၀ ပေါ်တွင် အမေရိကန်ဒေါ်လာ ၂၅၅ သန်းခန့်ကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ ထိုကဲ့သို့ ကြီးမားလှသော စက်မှုဥယျာဉ်၏စီမံကိန်း အဆင့် ၁ အဖြစ် မြေ ၅ ဧကတွင် ရုံးနှင့် စီမံခန့်ခွဲမှုစင်တာ တည်ဆောက်ခြင်း၊ စီမံကိန်း အဆင့် ၂ အဖြစ် မြေ ဧက ၁၀၀ တွင် ခဲသတ္တုထုတ်ကုန် ထုတ်လုပ်ရေး အရည်ကျို/သန့်စင်စက်ရုံ၊ စီမံကိန်း အဆင့် ၃ အဖြစ် မြေ ၁၉၅ ဧကတွင် အဆင့်မြင့်ဟိုတယ်များ၊ ထောက်ပံ့ရေးစင်တာများ၊ အပန်းဖြေဧရိယာများ၊ နိုင်ငံတကာကျောင်းများ၊ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းစင်တာများနှင့် အခြားသောအဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။ ယခုအခါတွင် တရုတ်နိုင်ငံမှ HGSIC လုပ်ငန်းစုနှင့် မြန်မာနိင်ငံမှ ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတွင် Global South Industrial Company ဟူသော ဖက်စပ်ကုမ္ပဏီကို မှတ်ပုံတင်ပြီး စီမံကိန်း အဆင့် ၂ ဖြစ်သည့် ခဲသတ္တုထုတ်ကုန် ထုတ်လုပ်ရေး အရည်ကျို/သန့်စင်စက်ရုံကို တည်ဆောင်ပြီးစီး လည်ပတ်နေပြီဖြစ်သည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိသော သတ္တုစက်ရုံကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သက်တမ်း နှစ် ၅၀ ခွင့်ပြုထားသည်။

ယခုအစီရင်ခံစာ၏ အဆိုအရ ထွက်ရှိလာမည့် သတ္တုကုန်ချောများကို ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့မည်ဖြစ်ပြီး မြေ ၁၁၃ ဧက ကျယ်ဝန်းသော အဆိုပါစီမံကိန်းအတွက် နှစ်စဉ်မြေငှားရမ်းခမှာ တဧကလျှင် ကျပ် ၉၆၀၀၀ ကျော် ဖြင့် တနှစ်လျှင် မြန်မာကျပ်ငွေ ၁၀၈ သိန်းကျော်သာ ရရှိမည် ဖြစ်သည်။ ပမာဏနည်းပါးလှသော ထိုမြေငှားရမ်းခအား ပြည်နယ်အစိုးရက ပြန်လည်စိစစ်၍ မြေငှားခွန်ကို တနှစ်လျှင် ကျပ်သိန်း ၂၇၀ ကျော်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုကဲ့သို့ နှစ်စဉ်ကုန်ချော တန်ချိန် ၅,၀၀၀ ခန့် ထုတ်လုပ်မည့် စက်ရုံကို ပုံမှန်လည်ပတ်နိုင်ရန်အတွက် သတ္တုလုပ်ကွက်အများအပြား လိုအပ်မည်ဖြစ်သည်။ အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် တရုတ်နိုင်ငံမှ HGSIC လုပ်ငန်းစုသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတွင် Southern Non-ferrous Metal Company Limited နှင့် Myanmar Kayan Southern International Company Limited ဟူသော ကုမ္ပဏီခွဲနှစ်ခုတည်ထောင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စုစုပေါင်းမြေဧရိယာ ဧက ၁၂,၀၀၀ ကျော် အကျယ်အဝန်းရှိသည့် သတ္တုလုပ်ကွက် ၃ ကွက်မှ ကုန်ကြမ်းရယူသွားမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ကုမ္ပဏီခွဲများထဲမှ လုပ်ကွက် မြေ ၉၆၆၉ ဧက ရရှိထားသည့် Myanmar Kayan Southern International Company Limited ၏ ရင်းနှီးမြှုပ်နှံမှုပမာဏတွင် တရုတ်နိုင်ငံသားများမှ ၉၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကို ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းတခုမှ လူပုဂ္ဂိုလ်များက ပါဝင်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရင်းနှီးမြှုပ်နှံခွင့် ခွင့်ပြုမိန့်လက်မှတ်ဖြင့်သာ အခြေခံ၍လုပ်ဆောင်နေသော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းကို မတွေ့ရှိရဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုနိုင်သော စီမံကိန်းတခုသည် ခွင့်ပြုမိန့်ရရန်အတွက် လုပ်ငန်းစဉ်အရ ပုံမှန်အမြင့်ဆုံးကြာချိန် ရက်ပေါင်း ၇၀-၁၀၀ အထိ ရှည်ကြာနိုင်သော်လည်း ယခုကဲ့သို့ ရာစုနှစ်တဝက်ကျော် အချိန်ကြာမြင့်မည်ဖြစ်သော စီမံကိန်းကိုမူ ၁၇ ရက်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ခွင့်ပြုမိန့်ကို မြန်ဆန်တိုတောင်းစွာ ထုတ်ပေးရန်အတွက် မည်သို့သောတွန်းအားများ၊ ဖိအားပေးခြင်းများနှင့် ပူးပေါင်းကြံစည်ခြင်းများ ရှိနေမည်နည်းဆိုသည်ကိုလည်း ပွင့်လင်းမြင်သာစွာဖော်ထုတ်ရမည်ဟု အစီရင်ခံစာက ထောက်ပြဝေဖန်ထားသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ ခွင့်ပြုမိန့်ရရန် ကြာချိန်မှာ ရင်းနှီးမြှုပ်နှံသူကတင်ပြလာသော အဆိုပြုချက်ကို စိစစ်လက်ခံကာ ရက်ပေါင်း ၆၀ အတွင်း ခွင်ပြုမိန့် ထုတ်ပေးရသည်ဟု ဆိုသည်။

အစီရင်ခံစာ၏ အဆိုအရ စီမံကိန်း အဆင့် ၃ တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းများသည် လက်ရှိ ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုမြို့သစ် စီမံကိန်းများနှင့် ဆင်တူနေသောကြောင့် မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်မည်ဟူသော အဖြေကို ဖော်ထုတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အစိုးရအား တောင်းဆိုထားသည်။ ယခုအဆိုပြုစီမံကိန်းသည် ကယား(ကရင်နီ)ပြည်၏ အကြီးဆုံးနိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတခု ဖြစ်လာမည်ဟု အစီရင်ခံစာက ဆိုသည်။

အဆိုပါ စက်မှုဥယျာဉ်စီမံကိန်းအစီအစဉ်နှင့်ပတ်သက်သော အကြောင်းအရာများအား အများပြည်သူများ၊ လူထုအခြေပြု အရပ်ဘက်လူမှုအသင်းအဖွဲ့များနှင့် မူဝါဒဆိုင်ရာ ပြောင်းလဲမှု ပြုလုပ်နိုင်သောသူများ အကြားတွင်ပင် လက်လှမ်းမီသိရှိမှုသည် အလွန်ပင်အားနည်းလျက်ရှိနေသေးသည်ဟု စီမံကိန်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်ရပိုင်ခွင့်၊ ပွင့်လင်းမြင်သာမှုဆိုင်ရာ သတင်းအချက်အလက်ရရှိမှုတို့နှင့်ပက်သတ်၍ အစီရင်ခံစာက ထောက်ပြထားသည်။ အဆိုပါစီမံကိန်းလုပ်ငန်းများ၏ နောက်ခံအကြောင်းအရာများ၊ ပါဝင်ရင်းနှီးမြှုပ်နှံထားကြသောသူများနှင့် ၎င်းတို့၏ ဆက်နွှယ်မှုကွန်ရက်များ၊ ၎င်းတို့၏ နောက်ကွယ်မှ ရှိနေသော ပါဝင်ပတ်သက်သူများ၏ အကြောင်းအရာများကို သက်ဆိုင်ရာအစိုးရအဆင့်ဆင့်သည် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဖော်ထုတ်ရန်လိုအပ်ပြီး အလွန်ရှုပ်ထွေးလှသော ၎င်းတို့၏ပါဝင်ပတ်သက်မှုနှင့် ရည်ရွယ်ချက်များကို မဖော်ထုတ်နိုင်ပါက ဒေသခံပြည်သူများအတွက်သာမက နိုင်ငံအတွက်ပါ ဆိုးရွားသော ထိခိုက်သက်ရောက်မှုများကို ဖြစ်စေမည်ဟု အစီရင်ခံစာက ဝေဖန် သတိပေးထားသည်။

အစီရင်ခံစာထုတ်ဝေသည့် အဖွဲ့အစည်း၏ နောက်ခံသမိုင်းကြောင်း

Karenni Mega Investment Watch (KMIW) ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးကွန်ရက်သည်  ၂၀၁၇ ခုနှစ်၊ သြဂုတ်တွင် ဖွဲ့စည်းလိုက်သော ကွန်ရက်အဖွဲ့အစည်းတခုဖြစ်ပြီး ကွန်ရက်အတွင်းတွင် ကယား(ကရင်နီ)ပြည်နယ်တွင်အခြေပြုသော လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ မြေယာအခွင့်၊ တောင်သူလယ်သမား၊ ဌာနေတိုင်းရင်းသားနှင့် နိုင်ငံရေး စသည်တို့နှင့်ပတ်သက်၍ အခွင့်အရေးဆိုင်ရာအရေးများတွင် ပါဝင်လုပ်ဆောင်နေသည့် လူထုအခြေပြုအရပ်ဘက်လူမှုအသင်းအဖွဲ့ ငါးဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ကယား(ကရင်နီ)ပြည်အတွင်းရှိ အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ လူ့အခွင့်အရေးဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများ၊ ၎င်းတို့၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု၊ အကျင့်ပျက်ချစားမှုတို့နှင့်ပတ်သက်၍ သတင်းအချက်အလက်များမှတ်တမ်းတင်ခြင်း၊ ဒေသခံပြည်သူလူထုများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ဒေသခံပြည်သူများအနေနှင့် လူ့အခွင့်အရေးကို တိုးတက်ခံစားရရှိစေရေးတို့အတွက် စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်နေသည်။ ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးကွန်ရက်၏ ထုတ်ဝေခဲ့ပြီးသော အစီရင်ခံစာများနှင့် ဆောင်းပါးများကို https://keanearthrights.org/en/home/ တွင် လေ့လာနိုင်ပါသည်။

အစီရင်ခံစာအကျဉ်းချုပ်မူရင်း

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်ဒေသအသီးသီး၏ လုပ်ငန်းကဏ္ဍ နယ်ပယ်အသီးသီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ လာရောက်ရင်းနှီးမြှုပ်နှံမှုများသည် တိုးမြှင့်လာသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့်သဘာဝအရင်းအမြစ်အခြေပြုကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် သိသာထင်ရှားစွာများပြားလာသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။ သို့သော်လည်း ထိုသို့သော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများဆိုင်ရာ သတင်းအချက်အလက်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုနှင့် သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် လက်ခံရရှိနိုင်ခွင့်များသည် ယနေ့ထိတိုင် ကန့်သတ်ထားခံရနေဆဲဖြစ်သည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ပြည်နယ်အတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ချဉ်းကပ်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် ပိုမို၍များပြားလာသည်။ အချို့သော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည်အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့သော်လည်း အချို့သောစီမံကိန်းများသည် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို စတင်လုပ်ဆောင်နေပြီးဖြစ်သည်။ ထိုအထဲမှ ကယား(ကရင်နီ)ပြည်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံရန် ချဉ်းကပ်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတခုဖြစ်သည့် ‘Myanmar-Global South Industrial Park’ စီမံကိန်းနှင့်ပတ်သက်၍ ထိုစီမံကိန်း၏ နောက်ခံအကြောင်းအရာ၊ ချဉ်းကပ်သည့်ပုံစံနှင့် ရင်းနှီးမြှုပ်နှံမှုပုံစံတို့အပြင် ဤစီမံကိန်းတွင် ပါဝင်ပတ်သက်သောသူများ၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုတို့နှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။

ဤစီမံကိန်းကြီးသည် တရုတ်နိုင်ငံအခြေစိုက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတခုဖြစ်သော Hunan Global South Industrial Company Limited မှ စီမံကိန်း၏ရင်းနှီးမြှုပ်နှံမှုအများဆုံးကို ထည့်သွင်းရင်းနှီးမြှုပ်နှံ၍ နှစ်ရှည်အကောင်အထည်ဖော်သွားမည့် စီမံကိန်းတခုဖြစ်သည်။ ဤစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏများသော စီမံကိန်းတခုဖြစ်သည့်အပြင် ကယား(ကရင်နီ)ပြည်တွင် သာမက မြန်မာနိုင်ငံတခုလုံးတွင်အကြီးမားဆုံးသော စီမံကိန်းအမျိုးအစားတွင် အပါအဝင်ဖြစ်သည်။ ထို့အပြင် ဤစီမံကိန်း၏ အစိတ်အပိုင်းအချို့မှထွက်ရှိလာမည့် အဆင့်မြှင့်ထုတ်ကုန်များအားလုံးကို နိုင်ငံခြားသို့တင်ပို့သွားမည်ဖြစ်သည်။ သို့သော်လည်း ဤစီမံကိန်းကြီးတခုလုံးနှင့်သက်ဆိုင်သော သတင်းအချက်အလက်၊ စီမံကိန်းအမျိုးအစား၊ နောက်ဆက်တွဲဆိုင်ရာ စိန်ခေါ်မှုများနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်ဒေသရှိ ဒေသခံပြည်သူလူထုများ၏ အများစုသည် ဤစီမံကိန်းကြီးနှင့်ပတ်သက်သောအကြောင်းအရာများကို သိရှိနိုင်ရန်ပင်မဆိုထားနှင့်သိရှိနိုင်ခွင့်၏ အပြင်ဘက်တွင် ပစ်ပယ်ခြင်းခံနေရပါသည်။

နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာရန်ဟူသော စီးပွားရေးအကျိုးအမြတ်တခုတည်းကိုသာ မျှော်ကိုး၍ မှားယွင်းသောဆုံးဖြတ်ချက်များကို ပြုလုပ်ခြင်းကြောင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများ၊ အခြားသော လူမှုယဉ်ကျေးမှု၊တန်ဖိုးထားမှုများကို ပြန်လည်မရရှိနိုင်တော့သည့် ကမ္ဘာတဝန်းရှိ နိုင်ငံများ၏ အတွေ့အကြုံများမှ သင်ခန်းစာများ ရယူရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟူသော မက်လုံးများ၏နောက်ကွယ်မှ ကြောက်စရာအလွန်ကောင်းသည့် တိတ်တဆိတ်ရေးဆွဲထားသော အစီအစဉ်များနှင့်ပူးပေါင်းကြံစည်မှုများ၏ ထောင်ချောက်တွင်းသို့ မကျရောက်အောင် သတိပြုရမည်ဖြစ်သည်။ သို့မဟုတ်ပါက နိုင်ငံသားများနှင့် နိုင်ငံတခုလုံး၏ အချုပ်အခြာအာဏာသည် ထိုမက်လုံးများဖြင့် ထာဝစဉ်ထိန်းချုပ်ခြင်းခံသွားရစေနိုင်သောကြောင့် ဖြစ်သည်။

ဇေရှိုင်းဗိုလ်

The post ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်နယ်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း appeared first on ISP Myanmar China Desk.

On the Road to Kyauk Phyu
စာတမ်းအမည် – On the Road to Kyauk Phyu

ရေးသားသူ – Felix Sternagel

ထုတ်ဝေသည့်အဖွဲ့ – Heinrich Boll Stiftung

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ အောက်တိုဘာ

စာတမ်းအပြည့်အစုံ – On the Road to Kyauk Phyu

စာတမ်းအကျဉ်းချုပ်

ရပ်ဝန်းနှင့်
လမ်းကြောင်းအဆိုပြုချက်၏ တစိတ်တဒေသအဖြစ် တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကို
တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော ကျောက်ဖြူမြို့မှတဆင့်
အိန္ဒိယသုမုဒ္ဒရာအား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြီး တချိန်တည်းမှာပင် မလက္ကာရေလက်ကြားအား
မှီခိုမှုလျော့နည်းသွားစေရန် ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို
ချိတ်ဆက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်ထားပြီးလည်း ဖြစ်သည်။
ထိုပိုက်လိုင်းလမ်းကြောင်းအတိုင်း မီးရထားလမ်းဖောက်လုပ်ရန်ကိုလည်း စီစဉ်ထားသည်။

ကျောက်ဖြူတွင်
စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ပါဝင်သော အထူးစီးပွားရေးဇုန်ဆောက်လုပ်ရန် နှစ်နိုင်ငံအကြား
သဘောတူညီမှုရထားပြီးဖြစ်သည်။ ဤအစီရင်ခံစာသည် ထိုစီမံကိန်းများနှင့် စပ်လျဉ်းသော
အောက်ပါမေးခွန်းများကို အဖြေရှာနိုင်ရန်ဖြစ်သည်။

၁။
ဒေသအဆင့်တွင် ဒေသခံပြည်သူများက စီမံကိန်းများကို မည်သို့မြင်သနည်းနှင့် မည်သို့သော
လိုလားတောင်းဆိုချက်များရှိကြသနည်း။

၂။
နိုင်ငံအဆင့်တွင်  မြန်မာနိုင်ငံအတွက်
အကျိုးဖြစ်ထွန်းစေရန်နှင့် ကြွေးမြီ၀န်မပိစေရန် စီမံကိန်းများကို
မည်သို့အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသနည်း။

၃။
ပထဝီနိုင်ငံရေးအဆင့်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မည်သည့်အကျိုးစီးပွားများ
ရှိသနည်းနှင့် ထိုအကျိုးစီးပွားများသည် စီမံကိန်းကို မည်သို့ ပုံပေါ်လာစေသနည်း။

၁။
ဒေသအဆင့်

ကျောက်ဖြူသည်
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။ ယင်းဒေသရှိ လူငယ်များသည်
အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ရေကြည်ရာမြက်နုရာရှာဖွေရန်
မိမိတို့နေရပ်ကိုစွန့်ခွာလာကြသည်။ ဒေသခံပြည်သူများနှင့် ဆွေးနွေးရာတွင်
ကျောက်ဖြူမြို့နေလူတန်းစားများသည် ပိုမိုသော အလုပ်အကိုင်အခွင့်အလမ်းများကို
မျှော်လင့်ကာ အထူးစီးပွားရေးဇုန်စီမံကိန်းကို ကြိုဆိုကြသည်။

သို့သော်
ကျေးလက်နေလူတန်းစားများကမှု မိမိတို့၏မြေယာများသိမ်းဆည်းခံရမည့်အရေးနှင့်
အထူးစီပွားရေးဇုန်ကြောင့် ပေါ်ထွက်လာမည့် အလုပ်အကိုင်များတွင် ဝင်ရောက်ဆောင်ရွက်ရန်
မိမိတို့၌ လိုအပ်သောအရည်အချင်းများ ပြည့်မီခြင်းမရှိ ဖြစ်နေမည်ကို စိုးရိမ်ကြသည်။
သို့ဖြစ်ရာ မိမိတို့၏ မြေယာများအတွက် သင့်တင့်သော လျော်ကြေးငွေနှင့်
အလုပ်အကိုင်အခွင့်အလမ်းသစ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ပြင်ဆင်ပေးသည့်
သင်တန်းများကို လိုလားကြသည်။

ထိုတောင်းဆိုလိုလားချက်များသည်
ရန်ကုန်တွင်အကောင်အထည်ဖော်လျက်ရှိသော သီလဝါ အထူးစီးပွားရေးဇုန်မှရရှိသည့်
အတွေ့အကြုံများနှင့်လည်း ကိုက်ညီသည်။ မြေယာများအတွက် လျော်ကြေးငွေများထုတ်ပေးခဲ့သော်လည်း
ရွေ့ပြောင်းခံရသူများသည် အထူးစီးပွားရေးဇုန်အတွင်းသော်လည်းကောင်း၊
အခြားနေရာများတွင်သော်လည်းကောင်း ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိခြင်းကြောင့်
လူမှုဘဝပျက်စီးဆုံးရှုံးမှုများနှင့် ကြွေးမြီနွံနစ်ခြင်းများဖြစ်ခဲ့ရသည့် သာဓကများလည်းရှိသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများ စီစဉ်အကောင်အထည်ဖော်ရာတွင်
ပွင့်လင်းမြင်သာမှုနှင့် ဒေသခံများ၏ပါဝင်မှုများ ပိုမိုရှိလာစေရန် လိုအပ်သည်။

၂။
နိုင်ငံအဆင့်

ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန်များ ဆောက်လုပ်ရာတွင် မြန်မာအစိုးရသည် ငွေကြေးပမာဏအမြောက်အမြား ထည့်ဝင်ရန်လိုအပ်သည်ဖြစ်ရာ
ချေးငွေများကို ပြန်မဆပ်နိုင်ပါက သီရိလင်္ကာနိုင်ငံ၏ ဟန်ဘန်တိုတာဆိပ်ကမ်းကဲ့သို့ပင်
တရုတ်နိုင်ငံအား ၀ကွက်အပ်လိုက်ရမည်ကို စိုးရိမ်မှုများရှိကြသည်။

လက်ရှိအခြေအနေတွင်
မြန်မာနိုင်ငံမှထည့်၀င်ရမည့် ရင်းနှီးမြုပ်နှံမှုကုန်ကျစရိတ်ကို တစုံတရာ
လျော့ချနိုင်ခဲ့သော်လည်း ကမ္ဘာတဝန်းရှိ အထူးစီးပွားရေးဇုန်များအား လေ့လာဆန်းစစ်ချက်များအရ
အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်မှုစေရန် ထိုဇုန်များကို
နိုင်ငံ၏စီးပွားရေးနှင့် ချိတ်ဆက်ပေါင်းစည်းနိုင်ရန်လိုအပ်သည် ဟုထောက်ပြခဲ့ကြသည်။

ထိုသို့ပြုလုပ်နိုင်ရန်  မြန်မာနိုင်ငံအနေဖြင့် ပထမဦးစွာ သယ်ယူပို့ဆောင်ရေး
အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်နိုင်ရန်လိုအပ်သည်။ ထို့အပြင်
အထူးစီးပွားရေးဇုန်သည် အထည်ချုပ်စက်ရုံကဲ့သို့သော လုပ်ငန်းများကို ဆွဲဆောင်နိုင်မည်ဖြစ်သော်လည်း
ထိုလုပ်ငန်းများသည် လူမှုနှင့် သဘာ၀၀န်းကျင် ထိခိုက်မှုများရှိနေသလို
ထိုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အချိန်တခုလိုအပ်မည်ဖြစ်သည်။

၃။
ပထဝီဗျူဟာအဆင့်

ရခိုင်ပြည်နယ်အရေးခင်းကြောင့်
မြန်မာနှင့် အနောက်နိုင်ငံတို့အကြား ဆက်ဆံရေး ခွာပြဲနေချိန်တွင်  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနည်းစုသော
နိုင်ငံရေးမဟာမိတ်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

တရုတ်သည်
ယခုဆက်ဆံရေးအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရန်
ကြိုးပမ်းလာနိုင်သည်။ လက်ရှိအခြေအနေအရ တရုတ်နိုင်ငံသည် ကျောက်ဖြူစက်မှုဇုန်ကို အဆောတလျင်
တည်ဆောက်ရန် စီးပွားရေးစေ့ဆော်မှုများစွာ ရှိဟန်မတူသော်လည်း ရေနက်ဆိပ်ကမ်းနှင့်
ရထားလမ်းများဆောက်လုပ်ရန် တွန်းအားတခုဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း
ကျောက်ဖြူဒေသအား အာရုံစိုက်လာမှုများကိုအသုံးချပြီး
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ သို့သော် အားလုံးအကျုံးဝင်သော
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများဖြစ်စေရန် စီမံကိန်းများအား စီစဉ်ရေးဆွဲအကောင်အထည်ဖော်ရာတွင်
ဒေသခံပြည်သူလူထု၏ပါဝင်မှုသည် အရေးကြီးသည်။

The post On the Road to Kyauk Phyu appeared first on ISP Myanmar China Desk.

Gambling as Development: A Case Study of Myanmar’s Kokang Self-administered Zone
စာတမ်းအမည် – Gambling as Development: A Case Study of Myanmar’s
Kokang Self-administered Zone

စာတမ်းရေးသားသူ – Myint Myint Kyu

ထုတ်ဝေသည့်အဖွဲ့အစည်း – Regional Center for Social Science
and Sustainable Development (RCSD)

ထုတ်ဝေသည့်ရက်စွဲ – ၂၀၁၈၊ ဖေဖော်ဝါရီ

စာတမ်းအကျဉ်းချုပ်

ဤစာတမ်းသည် မြန်မာနိုင်ငံအရှေ့မြောက်ဘက်၊ နယ်စပ်ဒေသဖြစ်သော
ကိုးကန့်ဒေသတွင် လွှမ်းမိုးပျံ့နှံ့လျက်ရှိသည့် ကာစီနိုလောင်းကစားလုပ်ငန်းများကို လေ့လာဆန်းစစ်ထားခြင်း
ဖြစ်ပါသည်။

ကိုးကန့်သည် မြန်မာနိုင်ငံ၏ဗဟိုအစိုးရမှ
တရားဝင်အသိအမှတ်ပြုထားသော တရုတ်စကားပြောသည့် လူနည်းစုတိုင်းရင်းသားဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်
လူသိများသော ကိုးကန့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး တချိန်က
ဘိန်းထုတ်လုပ်မှုနှင့်ပတ်သက်၍ နာမည်ကြီးခဲ့သည်။

ကာစီနိုလုပ်ငန်းများသည် ၁၉၈၉
ခုနှစ်နောက်ပိုင်းတွင်  ပေါ်ပေါက်ခဲ့ပြီး ထိုလုပ်ငန်းများအနေနှင့်
ဒေသ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့တွင် မည်သို့သက်ရောက်နေသည်ကို လေ့လာရန်
ကာစီနိုရုံအလုပ်သမားများနှင့် ကိုးကန့်ဒေသခံများအား ဤစာတမ်းအတွက်တွေ့ဆုံမေးမြန်းထားသည်။

The post Gambling as Development: A Case Study of Myanmar’s Kokang Self-administered Zone appeared first on ISP Myanmar China Desk.